အခန်း (၇၃) မနာလိုခြင်းနှင့် အောက်တန်းကျသော အပြုအမူ
"အင်း"
ရှယို့ရွှယ်က စိတ်ကို ပြန်ထိန်းလိုက်ပြီး "ဒါနဲ့... ဒီကို ဘာလာလုပ်တာလဲ"ဟု မေးလိုက်သည်။
"ဪ... အဘိုးကြီးချန်ကို မေးစရာလေးရှိလို့ပါ" လို့ ကူးယွမ်က ခပ်နောက်နောက် ပြန်ပြောလိုက်သည်။
ရှယို့ရွှယ်က အံ့ဩသွားပြီး ကူးယွမ်ကို ကြည့်တဲ့ အကြည့်တွေ ပြောင်းလဲသွားပါတယ်။ အဘိုးကြီးချန်ရဲ့ နောက်ခံက မသေးလှဘူးဆိုတာ သူမသိထားပြီး သူမကိုယ်တိုင်တောင် ရင်းနှီးအောင် ကြိုးစားခဲ့ပေမဲ့ အဘိုးကြီးက ဘယ်သူ့ကိုမှ ဂရုမစိုက်ခဲ့ပါဘူး။ ဒါပေမဲ့ ကူးယွမ်ကတော့ အဘိုးကြီးနဲ့ အချိန်အတော်ကြာ စကားပြောနိုင်ရုံတင်မကဘဲ မောင်းထုတ်မခံရတာကြောင့် ကူးယွမ်ရဲ့ အဆင့်အတန်းဟာ သူမစိတ်ထဲမှာ မြင့်တက်သွားပါတယ်။
သူမက ကူးယွမ်ကို ပြုံးပြပြီး "အဘိုးကြီးချန်က အနှောင့်အယှက်ပေးတာ သိပ်မကြိုက်ဘူး နောက်ဆို မင်းမှာ ပြဿနာရှိရင် ငါ့ကို လာမေးလို့ရတယ်" လို့ ရင်းနှီးစွာပြောလိုက်သည်။
ဒါကို ဘေးကနေ ကြည့်နေတဲ့ ယန်ကျန့်ဖေး ကတော့ ဒေါသနဲ့ မနာလိုမှုတွေ ပေါက်ကွဲနေပါတော့တယ်။ သူ အမြဲတမ်း ပိုးပန်းနေရတဲ့ ရှယို့ရွှယ်က ဒီတောသား ကူးယွမ်ကို အခုလို ရင်းရင်းနှီးနှီး ဆက်ဆံတာကို သူ လုံးဝ လက်မခံနိုင်ပါဘူး။
"ရွှေရွှယ်... မင်း ဘာလို့ ဒီတောသားကို ဂရုစိုက်နေတာလဲ သူက မင်းနဲ့ ထိုက်တန်လို့လား" သူက မနာလိုတကြီး ပြောလိုက်သည်။ ဒါတင်မကဘဲ ရှယို့ရွှယ်ကို သူနဲ့ နီးစပ်အောင် သိုင်းကျမ်းအပိုင်းအစတွေနဲ့ လာမြှူဆွယ်နေပါသေးတယ်။
ရှယို့ရွှယ်ကတော့ ယန်ကျန့်ဖေးရဲ့ အောက်တန်းကျတဲ့ စကားတွေကြောင့် လုံးဝ စိတ်ပျက်သွားသည်။ "ယန်ကျန့်ဖေး... မင်း နားလည်မှု လွဲနေပြီ။ ငါနဲ့ ကူးယွမ်ကြားမှာ ဘာမှမရှိဘူး ရှိခဲ့ရင်တောင် ဒါက မင်းကိစ္စ မဟုတ်ဘူး။ ပြီးတော့ နောက်ဆို ငါ့ကို သခင်မလေးလို့ပဲ ခေါ်ပါ" လို့ ပြတ်ပြတ်သားသား ပြောပြီး ထွက်ခွာသွားတော့သည်။
ကျန်ခဲ့တဲ့ ကူးယွမ်ကတော့ ယန်ကျန့်ဖေးကို ကြည့်ပြီး ခပ်ပြုံးပြုံးနဲ့ ရွဲ့လိုက်ပါတယ်။ "သခင်လေးယန် တောသားဖြစ်တဲ့ ငါ့ရဲ့ ပါရမီက မင်းထက်သာနေပြီး သခင်မလေးကလည်း ငါ့ကို ပိုမျက်နှာသာပေးနေတော့ မင်း တော်တော် စိတ်မကောင်း ဖြစ်နေမှာပဲနော်"
ယန်ကျန့်ဖေးက မျက်လုံးတွေ နီမြန်းလာပြီး "ကောင်လေး... မင်း သိပ်မကြွားနဲ့ဦး မကြာခင်မှာ ငါတို့ကြားက ကွာဟချက်ကို မင်းသိစေရမယ်" လို့ ခြိမ်းခြောက်လိုက်သည်။ သူ့စိတ်ထဲမှာတော့ ကူးယွမ်ကို သတ်ပစ်ဖို့အထိ ကြံစည်နေပါပြီ။
ကူးယွမ်ကတော့ ဒီလိုလူမျိုးနဲ့ စကားအရှည်မပြောတော့ဘဲ လှည့်ထွက်ခဲ့လိုက်သည် ဒါပေမဲ့ သူ့စိတ်ထဲမှာတော့ ရန်သူကို ဘယ်လို တန်ပြန်ရမလဲဆိုတဲ့ အစီအစဉ်တစ်ခု ရှိနေပြီးသားပါ။
နောက်ရက်အနည်းငယ်မှာတော့ ကူးယွမ်ဟာ ကျင့်ကြံခြင်းမှာပဲ အာရုံစိုက်နေခဲ့သည်။ သူ့မှာ "မြွေရစ်ပတ်ခြင်း" နဲ့ "လိပ်အသက်ရှူခြင်း" ပါရမီတွေ ရှိနေတာကြောင့် သိုင်းပညာ အမြောက်အမြားကို တစ်ပြိုင်နက်တည်း ကျင့်ကြံပေမဲ့လည်း တိုးတက်မှုက အလွန်မြန်ဆန်နေပါတယ်။
ထိုနေ့ ညနေခင်းမှာတော့ ကောင်းကင်က မှောင်မှောင်မှိုင်းမှိုင်း ဖြစ်နေပြီး နှင်းကျတော့မယ့်ပုံ ပေါ်နေလေသည်။ ကူးယွမ်ဟာ ဓားရှည်တစ်လက် အဝတ်အစားတွေနဲ့ ဆေးပုလင်းတချို့ ပါတဲ့ အထုပ်တစ်ထုပ်ကို ယူပြီး အပြင်ကို ထွက်ခွာလာခဲ့သည်။