အခန်း (၆၇) အာဟွမ် ဓားလာစေ
လင်းကျိုးရဲ့ စကားတွေကို ကြားလိုက်ရတဲ့အခါ ကူးယွမ်က အံ့ဩသွားမိသည်။ ဒီရက်ပိုင်း သူက ကျင့်ကြံခြင်း ကလဲ့စားချေခြင်းနဲ့ သူ့ရဲ့ ဝိညာဉ်သားရဲလေး သုံးကောင်ကို အစာကျွေးခြင်းတွေနဲ့ပဲ အချိန်ကုန်နေခဲ့တာကြောင့် ဘေလျန်းခရိုင်ထဲမှာ ဒီလောက်အထိ အခြေအနေတွေ ရှုပ်ထွေးနေမယ်လို့ မထင်ထားခဲ့မိပါဘူး။
ကူးယွမ်က လင်းကျိုးကို သတိထားဖို့ မှာကြားပြီးနောက် အိမ်တော်ကနေ ထွက်ခွာလာခဲ့ပါတယ်။ လမ်းမပေါ်ရောက်တဲ့အခါ နေဝင်သွားပြီး ကောင်းကင်က မှောင်အတိ ကျနေပါပြီ။ လမ်းပေါ်မှာ လူသွားလူလာ နည်းပါးလှပြီး အိမ်တိုင်းက တံခါးတွေကို တင်းတင်းကျပ်ကျပ် ပိတ်ထားကြသည်။
ကူးယွမ်က မြို့ထဲက သူ့အိမ်ဆီကို ပြန်ဖို့ လျှောက်လာရင်း အနောက်ဘက်ကနေ ခြေသံသဲ့သဲ့ကို ကြားလိုက်ရသည်။ အစမှာတော့ သိပ်မသိသာပေမဲ့ တဖြည်းဖြည်းနဲ့ ခြေသံက ကျယ်လာပါတယ်။ ကူးယွမ် ရပ်ကြည့်လိုက်တဲ့အခါ အနောက်ကနေ လိုက်လာတဲ့သူဟာ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ဖြစ်နေတာကို တွေ့လိုက်သည်။
ဒါပေမဲ့ အဲဒီလူက အရမ်းကို ထူးဆန်းနေသည် သူ့ရဲ့ မျက်နှာအမူအရာက သစ်သားတုံးလို တောင့်တင်းနေပြီး အရေပြားကလည်း လူသေတစ်ယောက်လို ဖြူဖျော့နေသည်။ သူက ကူးယွမ်ကို စိုက်ကြည့်နေတဲ့ အကြည့်တွေဟာ နွေးထွေးမှုလုံးဝမရှိဘဲ ရက်စက်မှု လောဘနဲ့ တဏှာတွေ ပြည့်နှက်နေပါတယ်။ ကူးယွမ်က သူ့ကိုယ်သူ အသားဟင်းတစ်တုံး ဖြစ်နေပြီး တစ်ဖက်လူကတော့ သူ့ကို ဝါးမျိုချင်နေတဲ့ တောခွေးတစ်ကောင်လို ခံစားလိုက်မိသည်။
ကူးယွမ်က "ရပ်လိုက်စမ်း မင်း ဘယ်သူလဲ" လို့ အော်မေးပေမဲ့ တစ်ဖက်လူက ဂရုမစိုက်ဘဲ ဆက်လျှောက်လာသည်။ အဲဒီလူနားကနေ ထွက်ပေါ်လာတဲ့ အေးစိမ့်တဲ့ အရှိန်အဝါကြောင့် ကူးယွမ်ရဲ့ အရေပြားပေါ်မှာ ကြက်သီးတွေ ထသွားပြီး သူဟာ အန္တရာယ်ရှိမှန်း သိတာကြောင့် မြို့ပြင်က လူသူကင်းဝေးတဲ့ နေရာဆီကို "မြွေခြေလှမ်း" သုံးပြီး ပြေးထွက်ခဲ့လိုက်သည်။
မြို့ပြင်ရောက်တဲ့အခါ ကူးယွမ်က ဓားကိုဆွဲထုတ်ပြီး တစ်ဖက်လူရဲ့ ရင်ဘတ်ကို ထိုးစိုက်လိုက်သည်။ ဒါပေမဲ့ ဓားသွားက မာကျောတဲ့ သံတုံးကို ထိလိုက်သလို ခံစားလိုက်ရပြီး တစ်လက်မလောက်ပဲ ဝင်သွားပါတယ် သို့သော် ဒဏ်ရာကနေ ထွက်လာတဲ့ သွေးတွေကလည်း မည်းနက်ပြီး ပုပ်စော်နံနေသည်။
"ဒါက လူအစစ် မဟုတ်ဘူးပဲ"
ကူးယွမ်က ထပ်မံ တိုက်ခိုက်ပေမဲ့ တစ်ဖက်လူကတော့ ဘာဒဏ်ရာကိုမှ ဂရုမစိုက်ဘဲ သူ့ကို ပြန်လည် အတင်းအဓမ္မ ဖမ်းဆုပ်ဖို့ပဲ ကြိုးစားနေသည်။ ကူးယွမ်ရဲ့ သံမဏိဓားဟာ တစ်ဖက်လူရဲ့ ကိုက်ခဲမှုနဲ့ လည်ပင်းလှည့်လိုက်တဲ့ အရှိန်ကြောင့် နှစ်ပိုင်းကျိုးသွားခဲ့သည်။ ကူးယွမ်က ကျိုးသွားတဲ့ ဓားအပိုင်းအစနဲ့ တစ်ဖက်လူရဲ့ မျက်လုံးထဲကို ထိုးစိုက်ပြီး ဦးနှောက်ထဲအထိ ရောက်သွားစေပေမဲ့ အဲဒီ "လူ" ကတော့ သေမသွားဘဲ သူ့ကို ဆက်လက် တိုက်ခိုက်နေဆဲပါ။
"ဦးနှောက် ပျက်စီးသွားတာတောင် မသေဘူးလား"
ကူးယွမ်က တစ်ဖက်လူကို ကန်ထုတ်လိုက်ပြီး အမြန် နောက်ဆုတ်ရင်း အော်ဟစ်လိုက်ပါတယ်။
"အာဟွမ် ဓားလာစေ"
"ကျိကျိ ကျိကျိ"
ရုတ်တရက် အာဟွမ် (ကြွက်လေး) က ဘေးနားကနေ ပေါ်လာကာ သူ့ရဲ့ လည်ပင်းမှာ အိတ်တစ်အိတ် ချိတ်ထားပြီး အထဲမှာတော့ ကူးယွမ် မကြာခင်ကမှ ရရှိထားတဲ့ "ဆောင်းဦးရေစင်ဓား" ရှိနေပါတယ်။ အာဟွမ်ဟာ အခုဆိုရင် ကင်းထောက်တင်မကဘဲ ဓားသယ်ဆောင်ပေးရတဲ့ အလုပ်ကိုပါ တာဝန်ယူနေရပါပြီ။
ရန်သူက သာမန်မဟုတ်တာကြောင့် ကူးယွမ်ကလည်း သူ့ရဲ့ ဝိညာဉ်သားရဲ အပေါင်းအဖော်တွေကို ခေါ်ယူပြီး အပြတ်ရှင်းဖို့ ပြင်ဆင်လိုက်သည်။