အခန်း (၆၃) လူသတ်မှု နှင့် လျှို့ဝှက်အခန်း
ဝုန်း
ကူးယွမ်က ဆီမီးခွက်ကို ပေါ့ပေါ့ပါးပါးပဲ ရိုက်ခွဲလိုက်ပြီး ဘေးနားက လိုက်ကာကို မီးရှို့လိုက်ပါတယ်။ အဲဒီနောက် သူဟာ အခန်းထဲက ထွက်ပြီး စာကြည့်ခန်းဆီကို တန်းတန်းမတ်မတ် ဦးတည်သွားလိုက်သည်။
ချန်ယွမ်ကျေကို သတ်လိုက်တာက ဘာမှမဟုတ်ပါဘူး အဓိကကတော့ ချန်မိသားစုရဲ့ အာဏာအရှိဆုံးသူ အိမ်တော်သခင် ချန်ချန်းပါပဲ။ လူဦးရေ တစ်ထောင်ကျော်ရှိတဲ့ ချန်မိသားစုဟာ တကယ့်ကို အင်အားကြီးတဲ့ အဖွဲ့အစည်းတစ်ခုပါ။
ကူးယွမ်ရဲ့ စုံစမ်းချက်အရ ချန်ချန်းဟာ အကြွင်းမဲ့ အာဏာရှိတဲ့ မျိုးနွယ်စုခေါင်းဆောင် ဖြစ်ပေမဲ့ ကျန်တဲ့ အကိုင်းအခက် မိသားစုတွေနဲ့တော့ အဆင်မပြေကြပါဘူး။
ချန်ချန်းသာ သေသွားရင် ချန်မိသားစုဟာ အာဏာလုပွဲတွေကြားမှာ ဗရုတ်ဗရက် ဖြစ်သွားမှာဖြစ်ပြီး သူ့ကို လာနှောင့်ယှက်ဖို့ အချိန်ရှိတော့မှာ မဟုတ်ပါဘူး။ ဒါ့အပြင် ချန်မိသားစုဆီက ကောင်းပစ္စည်းတွေကိုလည်း သူ လက်လွတ်မခံချင်ပါဘူး။
မကြာခင်မှာပဲ သူဟာ အခန်းတစ်ခုရဲ့ အပြင်ဘက်ကို ရောက်လာပါတယ်။ ထိုအချိန်မှာပဲ အနောက်ဘက်ဆီကနေ "ကယ်ကြပါဦး မီးလောင်နေပြီ" ဆိုတဲ့ အော်ဟစ်သံတွေ ထွက်ပေါ်လာပြီး အိမ်တော်တစ်ခုလုံး နိုးကြားသွားကြသည်။
စာကြည့်ခန်းထဲကနေ တည်ငြိမ်တဲ့ အသံတစ်သံ ထွက်ပေါ်လာပြီ "ဖုန်းဖင်... အပြင်မှာ ဘာဖြစ်နေတာလဲ သွားကြည့်စမ်း"
ခဏအကြာမှာတော့ တံခါးပွင့်လာပြီး အနက်ရောင်ဝတ်စုံနဲ့ လူလတ်ပိုင်းတစ်ယောက် ထွက်လာသည်။ သူဟာ လက်ဆစ်တွေတောင့်တင်းသန်မာတဲ့ သိုင်းဆရာ ချန်ဖုန်းဖင်ပါ ကျောက်တုံးခွဲလက်ဝါးသိုင်းနဲ့ နာမည်ကြီးသူလည်း ဖြစ်ပါတယ်။
ကူးယွမ်က အချိန်မဆွဲဘဲ ဓားနဲ့ လျှပ်စီးလို မြန်ဆန်စွာ ထိုးစိုက်လိုက်ပါတယ်။ ချန်ဖုန်းဖင်ဟာ အရိုးသန့်စင်ခြင်းအဆင့်ကို ရောက်နေပေမဲ့ ကူးယွမ်ရဲ့ ရုတ်တရက် တိုက်ခိုက်မှုကို မရှောင်နိုင်ဘဲ လက်ဖဝါးကို ဓားချင်းဖောက်ကာ ရင်ဘတ်ထဲအထိ အထိုးခံလိုက်ရပါသည်။
အဲဒီနောက် ကူးယွမ် ရဲ့ ပြင်းထန်တဲ့ လက်သီးချက်ကြောင့် သူဟာ တံခါးကို ရိုက်မိပြီး အသက်ပျောက်သွားပါတော့သည်။
ကူးယွမ်စာကြည့်ခန်းထဲ ဝင်လိုက်တဲ့အခါ ထူးခြားတဲ့ အငွေ့အသက်ရှိတဲ့ အိမ်တော်သခင် ချန်ချန်း ကို တွေ့လိုက်ရပါတယ်။ ချန်ချန်း က အံ့ဩတုန်လှုပ်စွာနဲ့ "ရပ်လိုက်စမ်း မင်း ဘယ်သူလဲ" လို့ အော်ဟစ်လိုက်သည်။
ကူးယွမ်က စကားပြန်မပြောဘဲ ကြမ်းပြင်တွေ ကွဲအက်သွားတဲ့အထိ ခုန်ဝင်ပြီး ဓားနဲ့ အားကုန် ထိုးလိုက်ပါတယ်။ ချန်ချန်း ရဲ့ ရင်ဘတ်ကို ဓားချင်းဖောက်ပြီး နံရံမှာ ကပ်သွားတဲ့အထိ ထိုးစိုက်လိုက်တာပါ။
ဒါပေမဲ့ ချန်ချန်းဟာ သေခါနီးမှာ သူ့ရဲ့ လက်မောင်းကို မြှောက်လိုက်ပါတယ်။ အဲဒီထဲကနေ စက်ခလုတ်သံ ထွက်လာပြီး မြှားတိုတွေ လျှပ်စီးလို ပြေးထွက်လာပါတယ်။ ကူးယွမ် က အမြန်ရှောင်လိုက်လို့သာ တော်တော့သည် အဲဒီမြှားတွေဟာ မာကျောတဲ့ ကျောက်ကြမ်းပြင်ကိုတောင် ဖောက်ဝင်သွားတာကို ကြည့်ပြီး ကူးယွမ် ရင်ထိတ်သွားပါတယ်။
ကူးယွမ်က ချန်ချန်း ရဲ့ နဖူးကို လက်ဝါးနဲ့ ရိုက်ချလိုက်ပြီး သူ့ရဲ့ ကိုယ်တွင်းအင်္ဂါတွေကို ကြေမွသွားစေပါတယ်။ "မင်း သားကို သေလမ်းပို့ပြီးပြီ အခု မင်းလည်း လိုက်သွားတော့"
ထိုအချိန်မှာ အာဟွမ် (ကြွက်) က စာအုပ်စင်ပေါ်က ပန်းအိုးတစ်လုံးကို ကုတ်ခြစ်ပြီး အချက်ပေးပါတယ်။ ကူးယွမ်က ပန်းအိုးကို လှည့်လိုက်တဲ့အခါ နံရံမှာ တံခါးတစ်ခု ပေါ်လာပါတယ်။ အဲဒါကတော့ လျှို့ဝှက်အခန်းပါပဲ။
အတွင်းထဲမှာ သံသေတ္တာ အကြီးတစ်လုံးနဲ့ အသေးတစ်လုံး ရှိပါတယ်။
သေတ္တာအကြီးထဲမှာတော့ ဓား လက်နက်တွေနဲ့ ရွှေငွေ ရတနာတွေ ရှိပါတယ်။
သေတ္တာအသေးထဲမှာတော့ သိုင်းကျမ်းအချို့နဲ့ ငွေစက္ကူ အထပ်လိုက် ရှိပါတယ်။
ကူးယွမ်က အသေးစိတ် မကြည့်တော့ဘဲ သေတ္တာအသေးထဲက ပစ္စည်းတွေကို အိတ်ထဲထည့်ကာ အကြီးကိုတော့ အပြင်ထုတ်လိုက်ပါတယ် ပြီးနောက် စာအုပ်စင်ဆီကို မျက်လုံးကစားလိုက်ပါတော့တယ်။