အခန်း (၆၁) ညအချိန် ချန်အိမ်တော်သို့ သွားရောက်ခြင်း
"မင်းကို ကြိုပေးရမယ် ဟုတ်လား"
အဘိုးကြီးချန်ရဲ့ မျက်မှောင်တွေ တွန့်သွားပြီး ပြုံးစစနဲ့ ပြောပါတယ်။
"မင်းက တော်တော်လေး အကွက်စေ့တာပဲ ကောင်လေး။ ဒါပေမဲ့ ဒါက အပေးအယူဆိုတော့ အပေးအယူနဲ့ တူရမှာပေါ့"
ကူးယွမ်စိတ်ပျက်သွားတဲ့ ပုံစံကို မြင်တော့ သူက စကားလမ်းကြောင်း လွှဲလိုက်ပါတယ်။
"ဒါပေမဲ့ ကြိုပေးလို့မရတာတော့ မဟုတ်ပါဘူး။ ငါမင်းကို ပထမတစ်ဝက်ပဲ ပေးနိုင်မယ်။ အဲဒါက သိုင်းဆရာအဆင့်အတွက် လျှို့ဝှက်လိပ်ခွံသိုင်းပဲ။ နောက်ထပ် အင်းနိတ်အဆင့်အတွက် ဒုတိယတစ်ဝက်ကိုတော့ ဒီကိစ္စပြီးမှ ပေးမယ်"
ကူးယွမ်က ခေါင်းညိတ်ပြီး သဘောတူလိုက်ပါတယ်။ အဘိုးကြီးချန် က သူ့အိတ်ထဲကနေ ဟောင်းနွမ်းနေတဲ့ စာအုပ်တစ်အုပ်ကို ထုတ်ပြီး နှစ်ပိုင်း ဖြဲလိုက်ပါတယ်။ ပြီးနောက် အပေါ်ပိုင်းကို ကူးယွမ် ဆီ ပေးလိုက်ပါတယ်။
အဘိုးကြီးချန်က ကူးယွမ် ကို သတိပေးပါတယ်။ ကူးယွမ်ရဲ့ ခန္ဓာကိုယ်ပေါ်မှာ ရှိနေတဲ့ မိစ္ဆာအငွေ့အသက်တွေဟာ အင်းနိတ်အဆင့်ကို လှည့်စားနိုင်ပေမဲ့ နတ်လူသားနယ်ပယ်က ပညာရှင်တွေကိုတော့ မလှည့်စားနိုင်ဘူးလို့ ဆိုပါတယ်။
ဒါကြောင့် သျှားပင်နဲ့ ဝါးရွက်တွေကို ရေနွေးဖျောပြီး ရေချိုးဖို့ နည်းလမ်းပေးခဲ့ပါတယ်။ ပြီးနောက် ဝိညာဉ်ရှာကြေးပြား အသုံးပြုပုံကို သင်ပေးပြီး လေထဲမှာ ပျောက်ကွယ်သွားပါတော့တယ်။
ကူးယွမ်က သူ့ရဲ့ ကြွက်အနံခံတဲ့ စွမ်းရည်နဲ့ အဘိုးကြီးချန်နောက်ကို လိုက်ဖို့ ကြိုးစားပေမဲ့ အဘိုးကြီးက ဘာရနံ့မှ ချန်မထားခဲ့တာကြောင့် ကျရှုံးသွားပါတယ်။ ကူးယွမ်က တွေးနေပါတယ် "ဒီအဘိုးကြီးက အတော်လေး လျှို့ဝှက်ချက် များတာပဲ။ အဲဒီ မိစ္ဆာအဘိုးကြီးအကြောင်း ငါ့ကို တစ်ခုခု ဖုံးကွယ်ထားပုံရတယ်"
ဒါပေမဲ့ ကူးယွမ်မှာလည်း ကိုယ်ပိုင် အစီအစဉ် ရှိပါတယ်။ သူဟာ အဘိုးကြီးချန် မသိတဲ့ တခြား ဝိညာဉ်သားရဲ နှစ်ကောင်လည်း ရှိနေသလို သူတို့တွေဟာလည်း မိစ္ဆာအဆင့်ကို ရောက်ဖို့ နီးစပ်နေပါပြီ။
ကူးယွမ်က အချိန်မဆွဲတော့ဘဲ ချန်မိသားစုကို အရင်လက်ဦးမှုယူဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အခုဆိုရင် ဘတ်တလာဝူး သေသွားတာကို ချန်မိသားစုက သတိထားမိလောက်ပါပြီ။
ညဉ့်နက်သန်းခေါင်အချိန်မှာ ကူးယွမ်ဟာ ချန်အိမ်တော်ရဲ့ တံခါးဝကို ရောက်လာပါတယ်။ အိမ်တော်ကြီးဟာ အိပ်ပျော်နေတဲ့ သားရဲကြီးတစ်ကောင်လို ထည်ဝါခန့်ညားနေပေမဲ့ ကူးယွမ်ကတော့ မကြောက်ပါဘူး။ သူဟာ တံတိုင်းကို ကျော်ဖြတ်ပြီး အတွင်းထဲကို ခုန်ဝင်လိုက်ပါတယ်။
သူ ဆင်းသက်လိုက်တာနဲ့ အစောင့်ခွေးကြီး တစ်ကောင်က ဟောင်ဖို့ ပြင်ပါတယ်။ ဒါပေမဲ့ အမှောင်ထဲကနေ အာဝူး (ကင်းခြေများ) က ထွက်လာပြီး ခွေးရဲ့ လည်ပင်းကို ကိုက်လိုက်ပါတယ်။ အာဝူး ရဲ့ အဆိပ်က ပြင်းလွန်းတာကြောင့် ခွေးကြီးဟာ အသံတောင် မထွက်နိုင်ဘဲ လဲကျသေဆုံးသွားပါတယ်။
ကူးယွမ်ဟာ အစောင့်တွေရဲ့ ကင်းလှည့်မှုကို ရှောင်ကွင်းပြီး မြွေတစ်ကောင်လို လျင်မြန်စွာနဲ့ အနောက်ဘက်ခြံဝင်းဆီကို ဦးတည်သွားပါတယ်။ အဲဒီနေရာမှာ ချန်မိသားစုရဲ့ ဆဋ္ဌမသခင်လေး ချန်ယွမ်ကျေ နေထိုင်တာ ဖြစ်ပါတယ်။