အခန်း (၅၉) နတ်လူသားနယ်ပယ်
ညဉ့်နက်ပိုင်း ဘေလျန်းမြို့ရှိ ဂေါင်လျူလမ်းကြား။
လူသူကင်းရှင်းပြီး အေးစက်သော လေပြင်းများ တိုက်ခတ်နေသည့် လမ်းမပေါ်တွင် ကူးယွမ်တစ်ယောက်တည်း ဓားကိုကိုင်ကာ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေသည်။
ခဏအကြာတွင် သူက မှောင်ရိပ်ခိုရာ ထောင့်တစ်ခုသို့ ကြည့်ကာ လှမ်းပြောလိုက်သည်။
အဘိုးကြီးချန်ရောက်လာပြီဆိုမှတော့ ထွက်လာပြီး စကားပြောရအောင်လေ။
မှောင်ရိပ်ထဲမှ ခါးကိုင်းကိုင်း၊ လူကောင်ပိန်ပိန်နှင့် ဆံပင်ဖြူဖွေးနေသော အဘိုးအိုတစ်ဦး ထွက်လာသည်။
သူကား ယုတိန်ခန်းမ၏သိုလှောင်ရုံစောင့် အဘိုးကြီးချန်ပင်ဖြစ်သည်။ သို့သော် သူ၏ မျက်လုံးများက ကူးယွမ်ကို စိုက်ကြည့်လိုက်သောအခါ ကူးယွမ်မှာ တစ်ကိုယ်လုံး အေးစိမ့်သွားပြီး လူရေခွံခြုံထားသော သရဲတစ်ကောင်နှင့် ရင်ဆိုင်နေရသကဲ့သို့ ခံစားလိုက်ရသည်။
"သတိဝီရိယရှိတာ ကောင်းပါတယ် ငါ လူမှန်ရွေးမိတယ်ဆိုတာ ပိုသေချာသွားပြီ" ဟု အဘိုးကြီးချန်က ဆိုသည်။
သူက ကူးယွမ်ကို လျှို့ဝှက်လိပ်ခွံသိုင်းပေးမည့်အစား အပေးအယူတစ်ခု လုပ်ရန် ကမ်းလှမ်းလာသည်။
ကူးယွမ်က သံသယဖြင့် မေးမြန်းရာ အဘိုးကြီးချန်က သူ၏ နောက်ခံကို ထုတ်ပြောပြခဲ့သည်။ သူသည် ယခင်က ဆေးဘုရင်တောင်၏ အတွင်းစည်းတပည့်တစ်ဦး ဖြစ်ခဲ့ပြီး နတ်လူသားနယ်ပယ်သို့ပင် တက်လှမ်းနိုင်ခဲ့သူ ဖြစ်သည်။
သို့သော် တိုက်ပွဲတစ်ခုတွင် အခြေခံပျက်စီးသွားခဲ့သဖြင့် ယခုကဲ့သို့ သိုလှောင်ရုံစောင့်ဘဝသို့ ရောက်ရှိနေခြင်းဖြစ်သည်။
" ဆရာကြီးက ကျွန်တော့်ကို ဘာလုပ်ပေးစေချင်တာလဲ" ဟု ကူးယွမ်က လေးလေးစားစား မေးလိုက်သည်။
အဘိုးကြီးချန်၏ မျက်လုံးများတွင် အမုန်းတရားများ အရိပ်ထင်လာသည်။ ငါ့ကို ဒီလိုဖြစ်အောင် လုပ်ခဲ့တဲ့သူ ရွှမ်ယုံမိစ္ဆာအိုကြီးကို မင်း သတ်ပေးရမယ် သူက နတ်လူသားနယ်ပယ်ကမိစ္ဆာကျင့်ကြံသူတစ်ယောက်ပဲ။
ကူးယွမ် ဆွံ့အသွားသည်။ "ဆရာကြီးရယ် ကျွန်တော်က သိုင်းဆရာအဆင့်လေးတင် ရှိတာပါ နတ်လူသားနယ်ပယ်က လူကို သတ်ခိုင်းတာက ကျွန်တော့်ကို ကိုယ့်လည်ပင်းကိုယ် ပြန်လှီးခိုင်းတာနဲ့ အတူတူပါပဲ။"
သို့သော် အဘိုးကြီးချန်က စိတ်အေးအေးထားရန်ပြောပြီး ကူးယွမ်၏ လျှို့ဝှက်ချက်ကို ထောက်ပြလိုက်သည်။
မင်းမှာ မိစ္ဆာသားရဲတွေကို မွေးထားတာ ငါသိတယ် တခြားလူကို ဖုံးကွယ်လို့ရပေမဲ့ ငါ့ကိုတော့ ဖုံးကွယ်လို့မရဘူး။
ကူးယွမ်က အစပိုင်းတွင် ငြင်းဆိုနေသော်လည်း အဘိုးကြီးချန်က သူ၏ကိုယ်တွင် ကပ်ပါနေသော မိစ္ဆာချီအကြောင်း ပြောလိုက်သဖြင့် ကူးယွမ်မှာ ဆက်မငြင်းတော့ဘဲ သတိထားလိုက်ရသည်။
အဘိုးကြီးချန်က ကူးယွမ်ကို ကြေးပြားတစ်ခု ကမ်းပေးလိုက်သည်။ ဒါက ဝိညာဉ်ရှာကြေးပြားပဲ အဲဒီမိစ္ဆာအိုကြီးရဲ့ အနှစ်သာရသွေး အငွေ့အသက် ပါဝင်တယ်။
သူသာ မိုင် ၁၀ ပတ်လည်အတွင်း ရှိနေရင် ဒီကြေးပြားက တုံ့ပြန်လိမ့်မယ် လွန်ခဲ့တဲ့ ရက်ပိုင်းက ဒီကြေးပြားက ထူးခြားမှုပြနေတယ် ဆိုလိုတာက အဲဒီမိစ္ဆာအိုကြီး အခု ဘေလျန်းခရိုင်ထဲမှာ ရှိနေတယ်။