အခန်း (၅၆) အားနည်းချက်
ကူးယွမ်က သူ၏ဓားကို ဘုန်းတော်ကြီးဝူ၏ လည်ပင်းတွင် တေ့ထားလိုက်သည်။ "အဘိုးကြီး အခုရော ဘာပြောစရာ ရှိသေးလဲ"
"ဟားဟား... ကောင်းတယ်... အရမ်းကောင်းတာပဲ"
မြေပြင်ပေါ်တွင် အသည်းအသန် ရုန်းကန်နေရသော ဘုန်းတော်ကြီးဝူ၏ စိတ်နှလုံးမှာ မျှော်လင့်ချက် ကင်းမဲ့သွားတော့သည်။ သူသည် ကူးယွမ်ကို စိုက်ကြည့်ရင်း သွားကြိတ်ကာ ပြောလိုက်သည်။
"ငါမင်းကို တကယ်ပဲ အထင်သေးခဲ့မိတာပဲ အဲဒီတုန်းက ငါလုပ်ခဲ့တဲ့ အမှားသေးသေးလေးတစ်ခုက ငါ့အတွက် ဒီလောက်ကြီးမားတဲ့ ဘေးဒုက္ခ ဖြစ်လာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး"
လွန်ခဲ့သော နှစ်လက ကူးယွမ်မှာ ခွေးကိုက်ခံရရုံနှင့် အသက်လုခဲ့ရသူ ဖြစ်သည်။ ယခု နှစ်လအတွင်းမှာပင် ဤမျှ အစွမ်းထက်လာပြီး မိစ္ဆာများကိုပင် စေခိုင်းနိုင်နေခြင်းမှာ တစ်စုံတစ်ရာသော ကံကောင်းမှုကို ရရှိခဲ့ခြင်းကြောင့်သာ ဖြစ်ရမည်ဟု သူ တွေးမိလိုက်သည်။
အစကတည်းက ဤကောင်လေးကို အမြစ်ဖြတ်ခဲ့ရမည်ဟု သူ နောင်တရနေသော်လည်း အချိန်နှောင်းသွားပြီ ဖြစ်သည်။
ကူးယွမ်က တည့်တည့်ပင် ပြောလိုက်သည်။ ခင်ဗျားရဲ့ အခြေအနေကို သိမှာပါ ကျွန်တော် မေးတာတွေကို ဖြေရင်တော့ ခင်ဗျားကို ဝေဒနာမခံစားရဘဲ အမြန်သေခွင့်ပေးမယ်။
ဘုန်းတော်ကြီးဝူက အစပိုင်းတွင် ချန်အိမ်တော်အပေါ် သစ္စာရှိဟန်ပြသော်လည်း ကူးယွမ်က သူ၏သားနှင့် မြေးများ၏ အသက်ဖြင့် ခြိမ်းခြောက်လိုက်သောအခါတွင်မူ တိတ်ဆိတ်သွားတော့သည်။ ထိုသူတို့မှာ သူ၏ တစ်ဦးတည်းသော အားနည်းချက်များ ဖြစ်သည်။
"ကောင်းပြီလေ" ဘုန်းတော်ကြီးဝူက အသံဩဩဖြင့် ပြောလိုက်သည်။
ငါအကုန်ပြောပြမယ် ဒါပေမဲ့ ငါ့မိသားစုကို ဘာမှမလုပ်ဘူးလို့ မင်း ကတိပေးရမယ် သူတို့က ဘာမှမသိတဲ့ အပြစ်မဲ့သူတွေပါ။
အပြစ်မဲ့သူတွေဟုတ်လား ကူးယွမ် စိတ်ထဲမှ နှာခေါင်းရှုံ့လိုက်သည်။ ဘုန်းတော်ကြီးဝူ လုပ်ခဲ့သော မကောင်းမှုများမှ ရရှိသော အကျိုးကျေးဇူးများကို ခံစားနေသူများ ဖြစ်သဖြင့် သူတို့မှာ အပြစ်မကင်းပေ။ သို့သော် ကူးယွမ်က သူတို့ဘက်မှ ရန်မစလျှင် ဘာမှမလုပ်ဟု ကတိပေးလိုက်သည်။
ကူးယွမ်က ပထမဆုံးမေးခွန်းအဖြစ် သေဆုံးနေသော လူသန်ကြီးအကြောင်း မေးမြန်းရာ သူသည် စိမ်းလန်းသောဝါးဂိုဏ်း၏ ဒုတိယခေါင်းဆောင် ကျန်းမုန့်ဖြစ်ကြောင်း သိလိုက်ရသည်။
ဤဂိုဏ်းမှ ခေါင်းဆောင်နှစ်ဦးမှာ ကူးယွမ်လက်ချက်ဖြင့်ပင် တစ်ယောက်ပြီးတစ်ယောက် သေဆုံးခဲ့ရချေပြီ။
ဒုတိယမေးခွန်းအဖြစ် ချန်အိမ်တော်ရှိ အင်အားကြီးသူများအကြောင်း မေးရာ ဘုန်းတော်ကြီးဝူက အောက်ပါအတိုင်း ရှင်းပြသည်။
သိုင်းဆရာများ : အယောက် တစ်ဆယ်ကျော်ခန့်ရှိပြီးလုပ်ငန်းအသီးသီးတွင် တာဝန်ယူထားကြသည်။
ချန်ဖုန်းဖင်: ချန်မိသားစုဝင်ဖြစ်ပြီး ကျောက်စာတိုင်ဖျက်လက်ဝါးသိုင်းကို တတ်ကျွမ်းသည်။ အရိုးသန့်စင်ခြင်းအဆင့်သို့ ရောက်ရှိနေသူဖြစ်သည်။
ချင်းဖင်: နာမည်ကျော် ဓားပြဟောင်းတစ်ဦးဖြစ်ပြီး အဆိပ်လူးထားသော သံလက်သည်းများကို သုံးသည်။ သွေးနှင့်ထိသည်နှင့် ချက်ချင်းသေစေနိုင်သောကြောင့် အလွန်အန္တရာယ်များသည်။
ထို့နောက် သူက အရေးကြီးသော အချက်တစ်ခုကို ထပ်ပြောသည်။ ဆဌမသခင်လေး ချန်ယွန်ကျဲမှာ အိမ်တော်တွင် အရေးမပါသော်လည်း တတိယသခင်လေး ချန်ယွန်ဖုန်းမှာမူ ထူးခြားသည်။
သူသည် ငယ်စဉ်ကတည်းက တောရပုန်း ပညာရှင်ကြီးတစ်ဦး၏တပည့်အဖြစ် ခေါ်ဆောင်ခြင်း ခံခဲ့ရသူ ဖြစ်သည်။ ထိုဆရာမှာ နတ်ဘုရားအတတ်ပညာများကို တတ်ကျွမ်းပြီး အလွန်လျှို့ဝှက်ဆန်းပြားသူ ဖြစ်ကြောင်း သိရသည်။
ကူးယွမ်သည် ဤအမည်ကို စိတ်ထဲတွင် မှတ်သားထားလိုက်သည်။
နတ်ဘုရားအတတ်ပညာကို သုံးနိုင်သူဆိုလျှင် အနည်းဆုံး အင်းနိတ်အဆင့် သို့မဟုတ် ထိုထက်မက မြင့်မားသော နတ်လူသားနယ်ပယ်မှ ပုဂ္ဂိုလ်ပင် ဖြစ်နိုင်ပေသည်။
ဘုန်းတော်ကြီးဝူ၏ မျက်နှာမှာ သွေးထွက်လွန်မှုကြောင့် ပို၍ ဖြူဖျော့လာပေတော့သည်။