အခန်း (၄၄) မနာလိုဝန်တိုမှု
ဤခြုံခိုတိုက်ခိုက်မှုကို အနိုင်ရရှိခဲ့သော်လည်း ယုတိန်ခန်းမဘက်မှ အထိအခိုက် အကျဆုံးများပြားလှသဖြင့် မည်သူမျှ စိတ်မရွှင်လန်းနိုင်ကြပေ။
"ညီအစ်ကိုလော် ကျန်တာတွေကို မင်းပဲ ကိုင်တွယ်လိုက်တော့ ငါတော့ မပါတော့ဘူး" အဘိုးကြီးမိုက ခေါင်းခါယမ်းကာ သူ၏ ရထားလုံးထဲသို့ ပြန်ဝင်သွားသည်။
အထွေထွေမန်နေဂျာ လော်ရှန့် က အားနည်းနေသော ရန်ဟန်ကို တစ်ချက်ကြည့်ပြီးနောက် ကူးယွမ်ဘက်သို့ လှည့်လာသည်။
မင်းက ကူးယွမ် မဟုတ်လား တော်လိုက်တာ။ မင်းက ငါတို့ ယုတိန်ခန်းမအတွက် အမှုထမ်းခဲ့ရုံတင်မကဘဲ တတိယသခင်မလေးကိုပါ ကယ်တင်ခဲ့တယ် ပြန်ရောက်ရင် ခန်းမအရှင်ကို ငါအစီရင်ခံပေးမယ် သူက မင်းကို ထိုက်ထိုက်တန်တန် ဆုချမှာ သေချာတယ်။
"ငါထင်တဲ့အတိုင်းပဲ" ဟု ကူးယွမ်က စိတ်ထဲမှ ရေရွတ်လိုက်သော်လည်း အပြင်ပန်းတွင်မူ အလွန်ဝမ်းသာသွားဟန်ဖြင့် "ကျေးဇူးတင်ပါတယ် မန်နေဂျာကြီး" ဟု ပြန်ပြောလိုက်သည်။
"အင်း အဲဒါက နောက်မှပေါ့ အခုတော့ ကူးယွမ်နဲ့ တတိယသခင်မလေး မင်းတို့နှစ်ယောက်လုံး ဒဏ်ရာ သိပ်မပြင်းထန်ဘူးဆိုတော့ ငါနဲ့ လိုက်ခဲ့ကြ။ ဟေးဖုန်းခံတပ်က ဓားပြအများစုကို ရှင်းပြီးပြီဆိုပေမဲ့ ကျန်နေတဲ့သူတွေက အန္တရာယ်ရှိနိုင်သေးတယ်။ မြက်ပင်ဖြတ်ရင် အမြစ်ပါ ထုတ်ရမယ်" လော်ရှန့်က တည်ကြည်စွာ ပြောလိုက်သည်။
"ပြီးတော့ ငါတို့ ဒီတစ်ခေါက် အရှုံးကြီးခဲ့တာဆိုတော့ ဓားပြတွေ စုဆောင်းထားတဲ့ စည်းစိမ်တွေကို သိမ်းယူပြီး အဖတ်ဆယ်ရမယ်"
နောက်ဆုံးအချက်က မင်းရဲ့ တကယ့်ရည်ရွယ်ချက် ဖြစ်မှာပါဟု ကူးယွမ်က တိတ်တဆိတ် တွေးလိုက်သည်။
သို့သော် ဟေးဖုန်းခံတပ်သို့ သွားရခြင်းမှာ သူ့အတွက်လည်း အကျိုးအမြတ် ရှိနိုင်သဖြင့် ကူးယွမ်က သဘောတူလိုက်သည်။
အနီးအနားတွင် သူ၏ပြတ်တောက်သွားသော လက်မောင်းကို ကုသနေသည့် ရန်ကျန့်ဖေးမှာ လော်ရှန့်၏ စကားကို ကြားသောအခါ မျက်လုံးများ ပြူးကျသွားသည်။
ကူးယွမ်ကို ကြည့်နေသော သူ၏ အကြည့်များတွင် မနာလိုဝန်တိုမှုနှင့် သွားကြိတ်ခံပြင်းမှုများ ပြည့်နှက်နေတော့သည်။
သူကဲ့သို့ နောက်ခံကောင်း ပါရမီကောင်းသည့် ပါရမီရှင်တစ်ဦးက လက်တစ်ဖက် ဆုံးရှုံးသွားချိန်တွင် သူဘယ်တုန်းကမှ အထင်မကြီးခဲ့သော ဆေးပင်ရှာဖွေသူ ကောင်လေးက ကံထူးနေသည်ကို သူ မခံမရပ်နိုင် ဖြစ်နေခြင်းပင်။
အထူးသဖြင့် ရှမုန့်ရွှယ်ကို ကူးယွမ် ကယ်တင်ခဲ့ခြင်းက သူ့ကို ပို၍ ဒေါသထွက်စေသည်။
သူသည် အံကြိတ်ကာ လက်တစ်ဖက်တည်းဖြင့် ဂါရဝပြုရင်း "မန်နေဂျာကြီး ကျွန်တော့်ကိုလည်း ဟေးဖုန်းခံတပ်ကို လိုက်ခွင့်ပြုပါ။ ကျွန်တော့်ရဲ့ အင်အားအနည်းငယ်နဲ့ ကူညီပါရစေ" ဟု တောင်းဆိုလိုက်သည်။ လော်ရှန့်က ခဏစဉ်းစားပြီးနောက် ခေါင်းညိတ်ပြလိုက်သည်။
သွားရာလမ်းတွင် ရှမုန့်ရွှယ်မှာ ကူးယွမ်ကို ခဏခဏ ခိုးကြည့်နေပြီး တစ်ခုခု ပြောချင်နေပုံရသည်။ ဤမြင်ကွင်းကို မြင်သော ရန်ကျန့်ဖေးမှာ ပို၍ပင် အသည်းယားလာပြီး ကူးယွမ်ကို သတ်ချင်စိတ်များ ပေါက်လာတော့သည်။
ငါက မင်းရဲ့ဘိုးဘွားသင်္ချိုင်းကို တူးမိလို့လား မင်းမိန်းမကိုခိုးပြေးလို့လား ဘာလို့ ဒီလောက် စိုက်ကြည့်နေရတာလဲ ဟု ကူးယွမ်က စိတ်ပျက်စွာ တွေးလိုက်သည်။
နောက်ဆုံးတွင် ရှမုန့်ရွှယ်က မနေနိုင်ဘဲ မေးလိုက်သည်။ "ကူးယွမ် မင်း ကိုယ်ခံပညာ သင်တာ တစ်လပဲ ရှိသေးတာကို ဘယ်လိုလုပ် ဓားသိုင်းက ဒီလောက် ပြောင်မြောက်နေရတာလဲ"
ကူးယွမ်က ခေါင်းကုတ်ကာ ဝေခွဲမရဟန်ဖြင့် ဖြေလိုက်သည်။ ဒါက ကျွန်တော့်ရဲ့ နားလည်နိုင်စွမ်းကြောင့် ထင်ပါတယ် ဝိညာဉ်မြွေသန်လျက်သိုင်းကို စသင်တုန်းက အနှစ်သာရကို မသိခဲ့ဘူး။ ဒါပေမဲ့ နောက်ပိုင်းမှာ မြွေတစ်ကောင်ကိုဖမ်းပြီး နေ့ညမပြတ် စောင့်ကြည့်လေ့လာခဲ့တော့မှ ပိုပြီး နားလည်လာတာပါ"
"မြွေကို ဖမ်းပြီး လေ့လာတယ် ဟုတ်လား" ရှမုန့်ရွှယ်မှာ အံ့ဩသွားပြီး မယုံကြည်နိုင်ဟန်ဖြင့် ကြည့်နေသည်။
လော်ရှန့်နှင့် ရန်ကျန့်ဖေးတို့မှာလည်း ထူးဆန်းသော အမူအရာများ ဖြစ်သွားကြသည်။
ရှေးလူကြီးများမှာ သဘာဝတရားနှင့် သားရဲများကို ကြည့်၍ သိုင်းပညာ ဖန်တီးခဲ့ကြသည်မှာ မှန်သော်လည်း ကူးယွမ်ကဲ့သို့ တစ်လအတွင်း သိသိသာသာ တိုးတက်လာခြင်းမှာမူ ထူးခြားလှသည်။
အကယ်၍ ကူးယွမ် ပြောသည်မှာ အမှန်ဆိုလျှင် သူ၏ နားလည်နိုင်စွမ်းမှာ အံ့မခန်း ဖြစ်ရပေမည်။
မကြာမီမှာပင် ၎င်းတို့သည် တောင်စောင်းရှိ ဟေးဖုန်းခံတပ် သို့ ရောက်ရှိလာကြသည်။ ခံတပ်မှာ သစ်သားနှင့် ကျောက်တုံးများဖြင့် ရိုးရှင်းစွာ တည်ဆောက်ထားသည်။ ခံတပ်ရှေ့တွင် အစောင့်မရှိဘဲ ခေါင်းပြတ်နေသော အလောင်းနှစ်လောင်းကိုသာ တွေ့ရသည်။
"သံကျားရဲ့ လက်ချက်ပဲ သူက တန်ဖိုးရှိတာတွေ ပြန်ယူပြီး သတင်းမပေါက်အောင် လူသတ်ပြီး နှုတ်ပိတ်သွားတာနေမှာ" ဟု လော်ရှန့်က ခန့်မှန်းလိုက်သည်။
၎င်းတို့သည် သတိဝီရိယဖြင့် ခံတပ်အတွင်းသို့ လှမ်းဝင်လိုက်ကြတော့သည်။