အခန်း (၄၃) အခွင့်ကောင်းယူ တိုက်ခိုက်ခြင်း
ရန်ဟန်၏ ခန္ဓာကိုယ်ပေါ်တွင် သွေးစုပ်မျှော့များ တရွရွနှင့် သွေးစုပ်နေသည်ကို မြင်ရသောအခါ ရှမုန့်ရွှယ်နှင့် ရန်ကျန့်ဖေးတို့မှာ ကြက်သီးမွေးညင်းများ ထသွားကြသည်။
ရန်ကျန့်ဖေးမှာ လက်တစ်ဖက် ကျိုးနေသော်လည်း ကျန်လက်တစ်ဖက်ဖြင့် သူ၏ကိုယ်ပေါ်ရှိ မျှော့များကို အမြန်ဆွဲခွာလိုက်သည်။
ကံကောင်းသည်မှာ ဝေချွမ်းက သူ့ကို အရေးမစိုက်ခဲ့သဖြင့် မျှော့အနည်းငယ်သာ ကပ်နေခြင်းဖြစ်သည်။
သို့သော် ရှမုန့်ရွှယ်မှာမူ ဂိုကျင်း၏ ဖမ်းချုပ်မှုကို ခံထားရသဖြင့် မလှုပ်နိုင်ပေ။ သူမ၏ လက်နှစ်ဖက်စလုံး အဆစ်ဖြုတ်ခံထားရသဖြင့် ကျောပြင်ပေါ်တွင် စေးကပ်ကပ်နှင့် တစ်ခုခု ရွေ့လျားနေသည်ကို ခံစားရုံမှတစ်ပါး ဘာမှမလုပ်နိုင်ဘဲ ထိတ်လန့်တုန်လှုပ်နေတော့သည်။
ဂိုကျင်းမှာမူ ကြောင်တောင်တောင် ဖြစ်နေသည်။ ဝေချွမ်းက ထွက်ပြေးသွားသလို သံကျားကလည်း သူ့ကို ပစ်ထားခဲ့ပြီ သူလျှိုအဖြစ် ပေါ်သွားပြီဖြစ်သော သူ့အတွက် ဘေလျန်းခရိုင်တွင် နေစရာမရှိတော့ပေ။
"ယုတိန်ခန်းမကိုလည်း အပြတ်ရန်စပြီးပြီဆိုတော့ ဒီတတိယသခင်မလေးကိုပါ သတ်ခဲ့တာ ပိုကောင်းမယ်" ဟု ဂိုကျင်းက တွေးကာ သူ၏ သံပိုက်လုံးကို မြှောက်လိုက်စဉ်မှာပင်။
ရှူး
နောက်ကျောဘက်မှ အေးစိမ့်သော ဓားအလင်းတန်းတစ်ခု ရောက်ရှိလာသည်။ ဂိုကျင်းမှာ အရိုးသန့်စင်ခြင်းအဆင့်ကို ရောက်နေသော်လည်း အသက်ကြီးပြီး အားအင်ကုန်ခမ်းနေချိန်ဖြစ်သဖြင့် အချိန်မီ မရှောင်နိုင်ခဲ့ပေ။
ဓားချက်က သူ၏ ပုခုံးကို အပိုင်းပိုင်းပြတ်အောင် ပိုင်းဖြတ်သွားသည်။
တိုက်ခိုက်သူမှာ ကူးယွမ်ပင် ဖြစ်သည်။
"မင်းပဲ" ဂိုကျင်းမှာ ဒေါသထွက်သွားသည်။
"ဂိုကျင်း မင်းလို သစ္စာဖောက်က တတိယသခင်မလေးကိုတောင် စော်ကားရဲတယ်ပေါ့ သေပေတော့" ကူးယွမ်က တရားမျှတဟန်ဖြင့် အော်ဟစ်ကာ ထပ်မံတိုက်ခိုက်လိုက်သည်။
ကူးယွမ်သည် လက်ရှိအခြေအနေကို ကောင်းကောင်းနားလည်သည်။ ဝေချွမ်းတို့ ထွက်ပြေးသွားပြီဖြစ်၍ ယုတိန်ခန်းမဘက်က အနိုင်ရရှိသွားပြီဖြစ်သည်။
ထို့ကြောင့် ယခုကဲ့သို့ အခြေအနေတွင် အခွင့်ကောင်းယူကာ အမှတ်ယူခြင်းမှာ အကောင်းဆုံး နည်းလမ်းပင်။
"ဒီကောင်လေး ဝေချွမ်းတို့ ရှိတုန်းကတော့ ထွက်မလာဘဲနဲ့ အခုမှ လာအော်နေတယ်" ဂိုကျင်းမှာ သွေးအန်မတတ် ခံပြင်းသွားရသည်။
သူသည် ပြန်လည်ခုခံသော်လည်း ကူးယွမ်၏ ဓားချက်မှာ အလွန်ပြင်းထန်သဖြင့် လက်ထဲမှ သံပိုက်လုံးမှာ လွင့်ထွက်သွားပြီး ဓားဦးက သူ၏လည်ပင်းကို ဖောက်ထွက်သွားတော့သည်။
ဂိုကျင်းမှာ ဘာမှမပြောနိုင်တော့ဘဲ မြေပြင်ပေါ်သို့ လဲကျကာ အသက်ပျောက်သွားတော့သည်။
"တတိယသခင်မလေး အဆင်ပြေရဲ့လား" ကူးယွမ်က စိုးရိမ်ဟန်ဖြင့် မေးလိုက်သည်။
ရှမုန့်ရွှယ်မှာ အိပ်မက်မှ နိုးလာသကဲ့သို့ ဖြစ်သွားပြီး "မြန်မြန် ငါ့ကျောပေါ်မှာ မျှော့တွေ ရှိနေတယ် ကူညီပါဦး" ဟု အော်လိုက်သည်။
ကူးယွမ်က မျက်မှောင်ကြုတ်ကာ တွန့်ဆုတ်ဟန်ဖြင့် "ဒါက ယောကျာ်းနဲ့ မိန်းမ မထိတွေ့သင့်ဘူး မဟုတ်လား သိပ်မသင့်တော်ဘူး ထင်တယ်" ဟု ပြောလိုက်သည်။
ဒီသူခိုးလေးက ငါ့ကိုတောင် နှာခေါင်းရှုံ့နေတာလား... ရှမုန့်ရွှယ်မှာ အံ့ဩသွားပြီး အံကြိတ်ကာ ပြန်ပြောလိုက်သည်။
ငါပြောတာက ငါ့လက်အဆစ်တွေ ပြုတ်နေလို့ မင်း အဆစ်ဆက်တတ်ရင် မြန်မြန်ဆက်ပေး ကျန်တာ ငါ့ဘာသာလုပ်မယ်။
"ဩော် အဲဒါလား" ကူးယွမ်က နားလည်သွားဟန်ဖြင့် ရှေ့တိုးကာ သူမ၏ လက်မောင်းနှစ်ဖက်ကို ဂျွတ် ဂျွတ် နှင့် အမြန်ပြန်ဆက်ပေးလိုက်သည်။
ရှမုန့်ရွှယ်မှာ ကူးယွမ်ကို တစ်ချက်စိုက်ကြည့်ကာ ရထားလုံးနောက်သို့ ပြေးသွားပြီး မျှော့များကို ကိုယ်တိုင် ကိုင်တွယ်လိုက်တော့သည်။
ကူးယွမ်သည် ဤကယ်တင်မှုကြောင့် ရရှိလာမည့် အကျိုးကျေးဇူးများကို တွေးတောနေသည်။ ထို့နောက် သူ၏ဓားပေါ်ရှိ သွေးများကို ခါထုတ်လိုက်ပြီး ကျန်ရှိနေသော ဓားပြအနည်းငယ်ကိုပါ လိုက်လံရှင်းလင်းလိုက်သည်။
မကြာမီမှာပင် အဆိပ်ထုတ်ပြီးစ လော်ရှန့် နှင့် အဘိုးကြီးမိုတို့လည်း ပါဝင်လာပြီး ဓားပြအားလုံးကို အပြတ်ရှင်းလိုက်ကြတော့သည်။
မြေပြင်ပေါ်ရှိ အလောင်းများကို ကြည့်ရင်း အသက်ရှင်ကျန်ရစ်သူ အားလုံးမှာ ဝမ်းနည်းကြေကွဲမှုများနှင့်အတူ ဆွံ့အငြိမ်သက်နေကြပေတော့သည်။