အခန်း (၄၀) ဆေးဘုရင်တောင်နှင့် ဂူနတ်ဘုရားဂိုဏ်း
ဟားဟားဟား ငါနဲ့ အဲဒီရှောင်ဆိုတဲ့ကောင်ရဲ့ ရန်ငြိုးက ဖြေဖျောက်လို့မရဘူး။ ငါက သူ့မိသားစုတစ်စုလုံးကို သတ်ချင်တာမှန်ပေမဲ့ သူကရော ငါ့ကိုအရေခွံခွာပြီး အရိုးချိုးဖို့ မကြိုးစားခဲ့ဘူးလား။
ဝေချွမ်းက ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သူ၏ အေးစက်သော အပြာရောင်မျက်လုံးများမှာ ရေခဲပြင်ကဲ့သို့ တည်ငြိမ်နေပြီး အဘိုးကြီးမို မင်းကတော့ အမြဲတမ်း ဟန်ဆောင်ကောင်းတုန်းပဲဟု ပြောလိုက်သည်။
ငါ ဒီကိုလာတာ မင်းရဲ့ အပိုစကားတွေကို နားထောင်ဖို့ မဟုတ်ဘူး။
ရှမင်းယန်က မကြာခင်ကပဲ သတ္တမအဆင့် ဝိညာဉ်ဆေးပင်ဖြစ်တဲ့ နဂါးသွေးနွယ်ပင်ကို ရထားတာ ငါသိတယ်။
သူက မင်းလို ဆေးဖော်စပ်သူကို အထူးပင့်ဖိတ်ပြီး နဂါးသွေးဆေးလုံးကို ဖော်စပ်ခိုင်းဖို့ ကြံနေတာမလား အဲဒီဆေးလုံးက သူ့ကို သွေးလဲလှယ်ခြင်းအဆင့်ရဲ့ အမြင့်ဆုံးကို ရောက်စေပြီး နောင်တစ်ချိန်မှာ ကောင်းကင်လူသားနယ်ပယ်ကို လှမ်းကြည့်နိုင်ဖို့ အခြေခံကောင်းတွေ ရစေမှာပဲ။ ဒါပေမဲ့ ငါကတော့ သူ့ကို အလိုရှိတိုင်း ဖြစ်ခွင့်မပေးနိုင်ဘူး။
ဝေချွမ်း၏ လေသံမှာ ပို၍ ရက်စက်လာပြီး "အဘိုးကြီးမို မင်းတို့ ဘိုင်ချောင်းကျောင်းတော်က ဆေးဘုရင်တောင်ရဲ့ လက်အောက်ခံဆိုတာ ငါသိပါတယ်။
ဒါပေမဲ့ ဒီကိစ္စထဲကို ဝင်မပါဖို့ ငါအကြံပေးပါရစေ မင်း အခုပဲ လှည့်ပြန်သွားရင် ငါ မနှောင့်ယှက်ဘူး ဒါပေမဲ့ မင်းက ခေါင်းမာနေဦးမယ်ဆိုရင်တော့ ငါမင်းကို သတ်ရလိမ့်မယ်"
"ကောင်းကင်လူသားနယ်ပယ် ဆေးဘုရင်တောင်" လူအုပ်ထဲရှိ ကူးယွမ်မှာ ထိုစကားများကို ကြားပြီး ထိတ်လန့်သွားရသည်။
ရှမင်းယန်မှာ ယုတိန်ခန်းမ၏ အရှင်ဖြစ်သလို ရှမုန့်ရွှယ်၏ ဖခင်ဖြစ်သည်။ ဝေချွမ်း၏ စကားအရ ရှမင်းယန်မှာ ဆေးဘုရင်တောင်၏ တပည့်တစ်ဦး ဖြစ်နေပြန်သည်။
ကူးယွမ်၏ မျက်လုံးထဲတွင် အလွန်ဩဇာကြီးသော ရှမင်းယန်မှာ ဆေးဘုရင်တောင်တွင်မူ အရေးမပါသော တပည့်တစ်ဦးသာ ဖြစ်နေပုံရသည်။
"ဒါဆိုရင် ဆေးဘုရင်တောင်ဆိုတာ ဒဏ္ဍာရီထဲက မသေမျိုးလမ်းစဉ် ဂိုဏ်းကြီးတစ်ခုလား" ဟု ကူးယွမ် တွေးမိသည်။ ယုတိန်ခန်းမ၏ နောက်ကွယ်မှ အင်အားစုမှာလည်း ထိုဂိုဏ်းကြီး ဖြစ်ပေလိမ့်မည်။
"ငါ့ကို သတ်မလို့လား" အဘိုးကြီးမိုက မကြောက်မရွံ့ဘဲ ပြုံးလိုက်သည်။
"ဝေချွမ်း မင်းက ဂူနတ်ဘုရားဂိုဏ်းရဲ့ တပည့်တစ်ယောက်ဖြစ်ပြီး ဒီလောက်တုံးအလိမ့်မယ်လို့ ငါမထင်ထားဘူး"
ဂူနတ်ဘုရားဂိုဏ်း နောက်ထပ်အင်အားကြီး အဖွဲ့အစည်းတစ်ခုပဲ ကူးယွမ် စိတ်ထဲမှ မှတ်သားလိုက်သည်။
အဘိုးကြီးမိုက သူ၏လက်စွပ်ကို ဝှေ့ယမ်းလိုက်ရာ သူ၏ခန္ဓာကိုယ်ပတ်လည်တွင် အဖြူရောင် မြူခိုးများ ထွက်ပေါ်လာပြီး အလင်းဒိုင်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
"ဒါက အင်းနိတ်ချီလား ဒါမှမဟုတ်" ကူးယွမ် သံသယဝင်သွားသည်။ ပုံမှန်အားဖြင့် အင်းနိတ်ကိုယ်ခံပညာရှင်တစ်ဦးသည် ခန္ဓာကိုယ်အတွင်းရှိ သွေးသားစွမ်းအင်ကို အသုံးပြု၍ ကိုယ်ရံအလင်းဒိုင်းကို ဖန်တီးနိုင်သော်လည်း အဘိုးကြီးမို၏ အလင်းဒိုင်းမှာမူ စာအုပ်ထဲတွင် ဖတ်ဖူးသည်နှင့် မတူပေ။
"တိမ်တိုက်အကာအကွယ် မှော်လက်နက်" ဝေချွမ်းက မျက်မှောင်ကြုတ်လိုက်သည်။ "မင်းမှာ ဒီလိုရတနာမျိုးရှိနေတာပဲ"
မှော်လက်နက်ဆိုသည်မှာ ကောင်းကင်လူသားနယ်ပယ်မှ ကျင့်ကြံသူများကသာ ဖန်တီးနိုင်သော အလွန်အစွမ်းထက်သည့် ပစ္စည်းများဖြစ်သည် ဝေချွမ်းပင်လျှင် ထိုကဲ့သို့သော ရတနာမျိုး မရှိပေ။
သို့သော် ဝေချွမ်းက မလျော့သောဇွဲဖြင့် ရယ်မောလိုက်ပြီး မှော်လက်နက်ရှိတာနဲ့ပဲ ငါ့ရဲ့ အလောင်းစားယင်ကောင်ဂူကို တားနိုင်မယ် ထင်နေလား။
ဝေချွမ်းက လက်ဝှေ့ယမ်းလိုက်ရာ သူ၏ လက်စွပ်ထဲမှ နီရဲသော တိမ်တိုက်တစ်ခုကဲ့သို့ အကောင်များ ထွက်ပေါ်လာသည်။ သေချာကြည့်လိုက်မှ ၎င်းတို့မှာ ပဲစေ့ခန့်ရှိသော နီနက်ရောင် ယင်ကောင်များ ဖြစ်နေသည်။ ၎င်းတို့သည် အလွန်လျင်မြန်ပြီး လူများကို လိုက်လံကိုက်ခဲကြသည်။
အကြောက်ရဆုံးအချက်မှာ ထိုယင်ကောင်များကို ရိုက်သတ်လိုက်လျှင် ထွက်ပေါ်လာသော နီနက်ရောင် အရည်များသည် လူ၏ အရေပြားကို ထိတွေ့သည်နှင့် အသားများကို အရည်ပျော်စေပြီး အရိုးများ ပေါ်လာသည်အထိ စားပစ်ခြင်း ဖြစ်သည်။ ၎င်းသည် မည်သည့်အဆိပ်ထက်မဆို ပို၍ ပြင်းထန်လှသည်။
ကုန်လှည်းတန်းမှ လူအချို့မှာ ထိုအရည်များ ထိတွေ့မိသဖြင့် အော်ဟစ်ကာ နေရာတင် သေဆုံးကုန်ကြသည်။
ကူးယွမ်သည်လည်း နောက်သို့ ဆုတ်ခွာရင်း သူ၏ ဓားဖြင့် ယင်ကောင်အချို့ကို ပုတ်ထုတ်လိုက်သည်။
ဓားပေါ်သို့ စင်သွားသော အရည်များက သံမဏိဓားကိုပင် အငွေ့ပျံသွားစေသည်။
ယင်ကောင် ၆ ကောင် ၇ ကောင်ခန့်မှာ ကူးယွမ်ထံသို့ ထပ်မံ ပျံသန်းလာသည်။ ကူးယွမ်သည် အင်းနိတ်ပညာရှင် မဟုတ်သဖြင့် အကုန်လုံးကို မကာကွယ်နိုင်ဘဲ အရည်အချို့မှာ သူ၏လက်မောင်းပေါ်သို့ စင်သွားတော့သည်။
ကူးယွမ်၏ နှလုံးသားမှာ ထိတ်ခန့်သွားပြီး အသားကို လှီးထုတ်ရန် ပြင်လိုက်သော်လည်း ထူးခြားမှုတစ်ခု ဖြစ်ပေါ်လာသည်။ ထိုအဆိပ်ရည်များမှာ သူ၏ အရေပြားပေါ်တွင် မည်သည့် တုံ့ပြန်မှုမှ မရှိဘဲ ပုံမှန်အတိုင်းပင် ဖြစ်နေသည်။
"ဒါက ငါ့ဆီမှာ အဆိပ်တစ်ရာဒဏ်ခံနိုင်တဲ့စွမ်းရည် ရှိနေလို့ပဲ"
ကူးယွမ်သက်ပြင်းချကာဝမ်းသာသွားမိသည်။ထိုစဉ်ကကျောသံကင်းခြေများကိုယဉ်ပါးခဲ့ခြင်းမှာအမှန်တကယ်မှန်ကန်သောဆုံးဖြတ်ချက်ပင်ဖြစ်ပေတော့သည်။