အခန်း (၃၉) ပြင်းထန်သောတိုက်ပွဲ
"ဟင်"
ကူးယွမ်၏ ရှေ့တွင်ရှိနေသူမှာ စောစောက တွေ့ခဲ့သော ရုပ်ဆိုးပိန်လှီသည့် လူသန်ကြီးပင် ဖြစ်သည်။
သူ၏မျက်နှာမှ အမာရွတ်များက ရက်စက်ကြမ်းကြုတ်မှုကို ဖော်ပြနေပြီး ယခုအခါ သူသည် အံ့ဩသွားပုံရသည်။
သူသည် မြင်းတစ်ကောင်ကိုပင် နှစ်ပိုင်းပြတ်စေနိုင်သည့် ပြင်းထန်သော အားမာန်ဖြင့် ဓားကို ဝှေ့ယမ်းလိုက်သော်လည်း ရှေ့မှ လူငယ်လေးက ထိပ်တိုက်ပွဲတွင် ခုခံနိုင်လိမ့်မည်ဟု မထင်ထားပေ။
ကူးယွမ်သည် ချက်ချင်းပင် ဝိညာဉ်မြွေကဲ့သို့ လျင်မြန်သော ခြေလှမ်းများဖြင့် တိုက်စစ်ဆင်လိုက်သည်။
သူ၏ ဓားချက်မှာ မာကျောရာမှ နူးညံ့ပျော့ပျောင်းသော အသွင်သို့ ရုတ်တရက် ပြောင်းလဲသွားပြီး ထိုသူ၏ ပုခုံးကို ထိုးဖောက်သွားတော့သည်။
ဖတ် သွေးများ ပန်းထွက်လာသည်။
"မင်း သေချင်နေတာပဲ" ထိုလူသည် ဒဏ်ရာရသော်လည်း နောက်မဆုတ်ဘဲ သူ၏ ကွေးညွတ်သော ဓားဖြင့် ကူးယွမ်ကို ပြန်လည် ပိုင်းချလိုက်သည်။
"ဒါဆိုရင် ဘယ်သူ အရင်သေမလဲ ကြည့်ကြတာပေါ့" ကူးယွမ်၏ မျက်လုံးများမှာလည်း ရက်စက်သော အရိပ်အယောင်များဖြင့် ပြည့်နှက်သွားသည်။
သူသည် ရှောင်တိမ်းမည့်အစား ရှေ့သို့ တိုးဝင်လိုက်ပြီး တစ်ဖက်လူ၏ ခန္ဓာကိုယ်ထဲ၌ စိုက်ဝင်နေသော ဓားကို အရှိန်ဖြင့် ဖိချလိုက်ရာ ပုခုံးမှ ဝမ်းဗိုက်အထိ နှစ်ပိုင်းပြတ်လုနီးပါး အနာကြီး ဖြစ်သွားတော့သည်။
"အား" ထိုလူသည် အော်ဟစ်ကာ လဲကျသွားပြီး နေရာတင် အသက်ပျောက်သွားသည်။
"ဒုတိယခေါင်းဆောင် သေပြီ" ဓားပြများမှာ ထိတ်လန့်တုန်လှုပ်သွားကြပြီး ကူးယွမ်ကို ကြောက်လန့်တကြား ကြည့်ကာ နောက်ဆုတ်သွားကြတော့သည်။
"တော်တော် အန္တရာယ်များတာပဲ" ကူးယွမ်သည် သူ၏ ကျောဘက်ကို စမ်းကြည့်လိုက်ရာ သွေးများ စိမ့်ထွက်နေသော ဒဏ်ရာတစ်ခုကို တွေ့လိုက်ရသည်။
အကယ်၍ သူသာ တုံ့ဆိုင်းနေခဲ့ပါက ထိုဓားချက်ကြောင့် သူကိုယ်တိုင် နှစ်ပိုင်းပြတ်သွားနိုင်ပေသည်။
"ညီလေး" ဓားပြခေါင်းဆောင် သံကျားသည် ဒုတိယခေါင်းဆောင် သေဆုံးသွားသည်ကို မြင်သောအခါ ဒေါသတကြီး အော်ဟစ်လိုက်သည်။
သူသည် ရန်ဟန်ကို ဓားဖြင့် ပြန်လည် တွန်းထုတ်လိုက်ပြီး အကုန်လုံး တိုက်ကြ ဒီကောင့်ကို သတ်ပစ်ကြစမ်းဟု အမိန့်ပေးလိုက်သည်။
"တော်တော့"
ထိုစဉ် တောအုပ်ထဲမှ လူတစ်ဦး အေးအေးဆေးဆေး ထွက်လာသည်။ သူ၏ အသံမှာ မကျယ်သော်လည်း အားလုံး၏ နားထဲသို့ ရှင်းလင်းစွာ ရောက်ရှိသွားသည်။
သူ၏ ခြေလှမ်းများမှာ နှေးကွေးနေပုံရသော်လည်း တစ္ဆေတစ်ကောင်ကဲ့သို့ လျင်မြန်စွာပင် တိုက်ပွဲအလယ်သို့ ရောက်ရှိလာသည်။
"အင်းနိတ်ပညာရှင်လား" ကူးယွမ်၏ နှလုံးသားထဲတွင် အန္တရာယ်အချက်ပေးသံများ မြည်ဟည်းသွားသည်။ ထိုသူမှာ အေးစက်သော အပြာရောင် မျက်လုံးများ ရှိသည့် လူလတ်ပိုင်း အမျိုးသားတစ်ဦး ဖြစ်သည်။
ရန်ဟန်ပင်လျှင် တုန်လှုပ်သွားပြီး ခုခံရန် ပြင်လိုက်သည်။ သံကျားသည် ထိုလူသစ်ကို ဝေ သခင်ဟု ခေါ်ကာ အလွန်ရိုသေစွာ နှုတ်ဆက်လိုက်သည်။
"အသုံးမကျတဲ့ အကောင်တွေ" ဝေဟု ခေါ်သော လူက နှာခေါင်းရှုံ့လိုက်သည်။
"သံကျား မင်းက ဒီလိုအောက်တန်းစားတွေကိုတောင် မနိုင်ဘဲ ငါ့ရဲ့ တပည့်ဖြစ်ချင်သေးတာလား"
သံကျားက အမြန်တောင်းပန်ရင်း "ကျွန်တော် စီစဉ်ထားတာလေးတွေ ရှိပါသေးတယ်" ဟု ပြောလိုက်သည်။
ထိုစကားအဆုံးတွင် ဓားပြများနှင့် တိုက်ခိုက်နေဟန်ဆောင်နေသော ဆေးဖက်ဝင်အပင်ရှာဖွေသူ ဂိုကျင်းမှာ ရုတ်တရက် အသွင်ပြောင်းသွားပြီး သတိလက်လွတ်ဖြစ်နေသော ရှမုန့်ရွှယ်ကို ဖမ်းချုပ်လိုက်သည်။
သူသည် ရှမုန့်ရွှယ်၏ လက်နှစ်ဖက်ကို ချက်ချင်းပင် အဆစ်ဖြုတ်လိုက်ရာ ရှမုန့်ရွှယ်မှာ ဘာမှ မလုပ်နိုင်တော့ပေ။
"တတိယသခင်မလေး" ရန်ကျန့်ဖေးက ကယ်တင်ရန် ကြိုးစားသော်လည်း ဂိုကျင်းက ရှမုန့်ရွှယ်ကို အကာအကွယ်အဖြစ် အသုံးပြုကာ ရန်ကျန့်ဖေး၏ လက်မောင်းကို သံပိုက်လုံးဖြင့် ရိုက်ချလိုက်သဖြင့် ရန်ကျန့်ဖေးမှာ အရိုးကျိုးကာ လဲကျသွားတော့သည်။
"ဂိုကျင်း မင်းက သူလျှိုပဲ မင်းရဲ့သားက ငါတို့ဆီမှာ အလုပ်လုပ်နေတာကို မေ့နေတာလား" ရန်ဟန်က ဒေါသတကြီး ခြိမ်းခြောက်လိုက်သည်။
အဘိုးကြီး ဂိုကျင်းကမူ အမူအရာ ကင်းမဲ့စွာဖြင့်ပင် "အဲဒီကလေးက ငါ့မိန်းမဖောက်ပြန်ပြီးရခဲ့တဲ့ကလေးပဲ ငါနဲ့ ဘာမှမဆိုင်ဘူး။ သတ်ချင်ရင်လည်း သတ်လိုက်ပါ" ဟု အေးအေးဆေးဆေး ပြန်ပြောလိုက်သည်။
"ဒီအဘိုးကြီးက တကယ့်ကို ရက်စက်တာပဲ" ကူးယွမ်မှာလည်း ကြည့်ရင်းနှင့် ဆွံ့အသွားရသည်။
"ဟားဟား ကောင်းတယ်" သံကျားက သဘောကျစွာ ရယ်မောလိုက်သည်။
"ရှမုန့်ရွှယ်ကို ဖမ်းထားတာဆိုတော့ သူ့အဖေ ရှမင်းယန်ငြိမ်နေနိုင်မလား ကြည့်ကြတာပေါ့"
အင်းနိတ်ပညာရှင် ဝေကလည်း ခေါင်းညိတ်ပြပြီးနောက် ငြိမ်သက်နေသော ရထားလုံးကို စိုက်ကြည့်လိုက်သည်။
"အဘိုးကြီးမို အခုထိ ထွက်မလာသေးဘူးလား"
ရန်ငြိုးတွေကိုဖွဲ့မယ့်အစားဖြေဖျောက်တာကပိုကောင်းပါတယ်ဝေချွမ်းရယ်အဖြူရောင်ဝတ်စုံနှင့်အဘိုးကြီးမိုမှာရထားလုံးပေါ်မှသက်ပြင်းချရင်းဆင်းလာတော့သည်။