အခန်း (၃၆) တစ်စုံတစ်ယောက်က ငါ့ကို စောင့်ကြည့်နေတယ်
မွန်းလွဲပိုင်းတွင် လမ်းဘေး၌ နေ့လယ်စာစားပြီးနောက် ကူးယွမ်သည် အားနေသဖြင့် လျှောက်သွားရင်း တာအိုအမှတ်များ စုဆောင်းရန် ဆုံးဖြတ်လိုက်သည်။
သူသည် လမ်းမေးမြန်းပြီးနောက် စာအုပ်နှင့် ပန်းချီကားများ ရောင်းချသော စာအုပ်ဆိုင်တစ်ဆိုင်သို့ ရောက်ရှိလာသည်။
ဆိုင်အကူက ပြုံးရွှင်စွာ ကြိုဆိုသော်လည်း ကူးယွမ်ကမူ သူ့ဘာသာသာ ကြည့်ရှုမည်ဟု ပြောကာ ငြင်းပယ်လိုက်သည်။
ကူးယွမ်သည် စာအုပ်ဟောင်းများရှိရာ စင်သို့သွားကာ သူ၏လက်ဝါးဖြင့် စာအုပ်များကို တစ်အုပ်ချင်းစီ ပွတ်သပ်လိုက်သည်။
တာအိုအမှတ် +၃၊ +၅၊ +၁၊ +၉.....။
စာအုပ်ဆိုင်အတွင်းရှိ ပစ္စည်းများကို တစ်ပတ်ပတ်ပြီးနောက် သူသည် စာအုပ်ဟောင်းတစ်အုပ်ကို ဝယ်ယူကာ ဆိုင်အကူ၏ သံသယဝင်နေသော အကြည့်များအောက်မှ ထွက်ခွာလာခဲ့သည်။
ဟင်း စုစုပေါင်း တာအိုအမှတ် ၁၂၀ ကျော် ရတယ် မဆိုးပါဘူး။
ယခုဆိုလျှင် သူ၏လက်ထဲတွင် အမှတ်ပေါင်း ၄၅၀ ရှိနေပြီဖြစ်ရာ အဟွမ်ကို အဆင့်မြှင့်ရန် လိုအပ်သော အမှတ် ၈၀၀ ရောက်ဖို့ သိပ်မဝေးတော့ပေ။
အဟွမ်သာ အဆင့်တက်သွားပါက ရတနာရှာကြွက်လေးဖြစ်လာနိုင်သည်ဟု သူ တွေးမိသည်။ ထိုအခါ ယွမ်မုန့်တောင်တန်းထဲရှိ ဆေးပင်များနှင့် ရတနာများကို ရှာဖွေရန် အလွန်လွယ်ကူသွားပေလိမ့်မည်။
ဆက်လက်၍ သူသည် ပေါင်နှံသည့်ဆိုင်တစ်ခုသို့ ဝင်ရောက်ခဲ့ပြန်သည်။ ထိုနေရာမှလည်း အမှတ် ၁၃၀ ကျော် ထပ်မံရရှိခဲ့သဖြင့် သူ၏မျက်နှာမှာ ကျေနပ်မှုကြောင့် ပြုံးဖြီးနေတော့သည်။
"ဟင် တစ်ယောက်ယောက် ငါ့ကို စောင့်ကြည့်နေတယ်"
အခြားဆိုင်များကို လိုက်ရှာရန် ပြင်စဉ်မှာပင် ကူးယွမ်၏ စိတ်ထဲ၌ တစ်စုံတစ်ခုကို အာရုံရလိုက်သည်။ ယခုအခါ သူ၏ ကျင့်ကြံမှုမှာ ကျိုးကျုံးထက်ပင် သာလွန်နေပြီဖြစ်ရာ အာရုံခံစားမှုမှာ အလွန်စူးရှနေပြီဖြစ်သည်။
သူသည် သိသာခြင်းမရှိဘဲ နောက်သို့ လှည့်ကြည့်လိုက်ရာ ရုပ်ရည်ကြမ်းတမ်းသော လူသန်ကြီးတစ်ဦးကို တွေ့လိုက်ရသည်။
ကူးယွမ်သည် လမ်းကို နှစ်ပတ်ခန့် ပတ်လျှောက်ရင်း သူ၏နှာခေါင်းကို အသုံးချကာ ထိုလူ၏ အနံ့ကိုခံကြည့်လိုက်သည်။
"အား... ချွေးနံ့၊ ဆီးနံ့၊ ခြေဆောက်နံ့ ပြီးတော့ အရမ်းပြင်းတဲ့ သွေးနံ့ပဲ"
ထိုသွေးနံ့မှာ အလွန်ပင် ညှီစော်နံလှသဖြင့် ဤလူမှာ လူသတ်သမားတစ်ဦး ဖြစ်ရမည်ဟု ကူးယွမ် ချက်ချင်း ကောက်ချက်ချလိုက်သည်။
ဤသူသည် မနက်က သူခိုးလေးနှင့် မသက်ဆိုင်ဘဲ ယုတိန်ခန်းမ၏ လျှို့ဝှက်ချက်နှင့်သာ သက်ဆိုင်ပေလိမ့်မည်။ ဤကုန်လှည်းတန်း၏ ခရီးစဉ်မှာ ပုံမှန်မဟုတ်မှန်း သူ ပို၍ သေချာသွားသည်။
ကူးယွမ်သည် လျှောက်လည်ချင်စိတ် မရှိတော့ဘဲ တည်ခိုရာနေရာသို့ ပြန်လာခဲ့သည်။ သူထဲသို့ ဝင်လိုက်သည်နှင့် စောင့်ကြည့်ခံနေရသည့် ခံစားချက်မှာ ပျောက်ကွယ်သွားသည်။
ညစာစားချိန်တွင် သူ သတိထားမိသည်မှာ လှည်းမောင်းသမားများနှင့် အစောင့်အချို့သာ ကျန်ရှိတော့ပြီး ရန်ဟန် ၊ ရှမုန့်ရွှယ် နှင့် ရန်ကျန့်ဖေးတို့ ပျောက်ကွယ်နေခြင်းဖြစ်သည်။
ကိုယ်ခံပညာရှင်ဟု သံသယရှိရသော လျှို့ဝှက်အစောင့်မှာလည်း မရှိတော့ပေ။
ဒီလူတွေ ချင်းလူမြို့နယ်ကို လာတာ တခြားရည်ရွယ်ချက် ရှိနေတာပဲ။
သို့သော် ကူးယွမ်မှာ သိပ်ပြီး စိုးရိမ်မနေပေ။ သူ၏လက်ထဲတွင် ဝိညာဉ်သားရဲ ၃ ကောင် ရှိနေပြီဖြစ်သလို ဓားသိုင်းနှင့် ကျင့်ကြံမှုမှာလည်း တိုးတက်နေပြီ ဖြစ်သည်။
သူသည် အခန်းထဲသို့ ပြန်ဝင်ကာ ရွှေမြွေစွမ်းအင်မျိုကျင့်စဉ်ကို လေ့ကျင့်လိုက်သည်။
မြွေရစ်ပတ်ခြင်းစွမ်းရည်ကြောင့် သူ၏ လှုပ်ရှားမှုများမှာ ပို၍ ချောမွေ့လာပြီး အနှစ်သာရကို ပိုမိုဆုပ်ကိုင်နိုင်လာသည်။
လေ့ကျင့်ပြီးနောက် သူ၏ ကိုယ်တွင်းရှိ သွေးသားများ အရှိန်အဟုန်ဖြင့် စီးဆင်းသွားသော်လည်း ဗိုက်ကမူ အလွန်ဆာလောင်လာတော့သည်။ ညစာအဖြစ် သာမန်အစားအစာကိုသာ စားခဲ့ရသဖြင့် လေ့ကျင့်ခန်းလုပ်ပြီးချိန်တွင် အကုန်ခြေဖျက်သွားခြင်း ဖြစ်ပေသည်။