အခန်း (၂၉) ကျားသစ်သန္ဓေ သွေးကြောသန့်စင်ဆေးလုံး
ကူးယွမ်၏ မိခင်သည် အမြဲတမ်း သူတပါးအပေါ် ကြင်နာတတ်သူ ဖြစ်သည်။ သူတို့မိသားစု ဆင်းရဲစဉ်ကပင် အိမ်နီးချင်းများကို တတ်နိုင်သမျှ ကူညီခဲ့ဖူးသည်။
သို့သော် ကူးယွမ် ခွေးကိုက်ခံရ၍ ဒဏ်ရာပြင်းထန်စွာရကာ အိပ်ရာထဲလဲနေစဉ် မိဘများမှာရှိသမျှငွေလေးဖြင့် ကုသပေးခဲ့ရပြီး စားစရာဆန်မရှိတော့သဖြင့် အိမ်နီးချင်းများထံ ဆန်သွားချေးခဲ့ကြသည်။
ရလဒ်မှာမူ ထိုသူအများစုမှာ တံခါးပိတ်၍ လျစ်လျူရှုခဲ့ကြရုံသာမက ကဲ့ရဲ့ရှုံ့ချစကားများပင် ဆိုခဲ့ကြသည်။ ဤအဖြစ်အပျက်က သူတို့မိသားစုအတွက် အလွန်ပင် စိတ်ပျက်အားငယ်စရာဖြစ်ခဲ့ရသည်။
အရင်က သူတို့မိသားစု ဒုက္ခရောက်စဉ်က ဝေးဝေးရှောင်ခဲ့ကြသူများသည် ယခု သူတို့ထံတွင် ငွေရှိလာသောအခါမှ တစ်ယောက်ပြီးတစ်ယောက် မျက်နှာချိုသွေးကာ အခွင့်အရေးလာနှိုက်ချင်ကြသည်။
ဤလောကတွင် ထိုမျှလွယ်ကူသော အရာမျိုး ဘယ်မှာရှိပါ့မည်နည်း။
ပေလျန်ခရိုင် ယုတိန်ခန်းမ။
"ညီလေးကူး မတွေ့တာကြာပြီနော်။"
ကူးယွမ် ခန်းမထဲသို့ လှမ်းဝင်လိုက်သည်နှင့် လူသန်ကြီးတစ်ဦးက သူ့ကို လှမ်းနှုတ်ဆက်လိုက်သည်။ ထိုလူမှာ ပုခုံးကျယ်ကျယ် ခါးတွင် ပုဆိန်တစ်လက်ကို ချိတ်ထားပြီး မုတ်ဆိတ်ဗရပွနှင့် တောပုန်းတစ်ဦးနှင့်ပင် တူလှသည်။
"ဟင်" ထိုလူက ကူးယွမ်ကို သေချာကြည့်ပြီး အံ့ဩသွားသည်။ ကြည့်ရတာ ညီလေးရဲ့ ကျင့်ကြံမှုအဆင့်က အတော်လေး တိုးတက်လာပုံပဲ။
အမှန်အတိုင်း ပြောရရင် အနည်းငယ်တော့ တိုးတက်လာပါတယ် အစ်ကိုကြီး ကူးယွမ်က ခေါင်းညိတ်ပြလိုက်ပြီး သက်ပြင်းချကာ ဆက်ပြောသည် ဒါပေမဲ့ ဒီအတောအတွင်းမှာ စုဆောင်းထားတဲ့ ငွေလေးတွေ အကုန်ကုန်သွားလို့ အခုတော့ ငါးပါးမှောက်နေပါပြီ။
ထိုလူ၏အမည်မှာ ကျိုးကျုံးဖြစ်သည်။ သူသည် မုဆိုးတစ်ဦးဖြစ်ပြီး တောင်ပေါ်တွင် ဝိညာဉ်ဆေးပင် တစ်မျိုးကို အမှတ်မထင် တွေ့ရှိရာမှ ယုတိန်ခန်းမသို့ လာရောက်ရောင်းချရင်း ကူးယွမ်ကဲ့သို့ပင် "ဆေးပင်ရှာဖွေသူ" ဖြစ်လာခဲ့သူဖြစ်သည်။
ကျိုးကျုံးမှာ ဤအလုပ်တွင် အတွေ့အကြုံရှိပြီးသား ဖြစ်သဖြင့် ကူးယွမ်၏ လုပ်ဖော်ကိုင်ဖက်ဟု ဆိုနိုင်သည်။
ဟားဟား ငါတို့ ကိုယ်ခံပညာရှင်တွေက ကိုယ့်အစွမ်းနဲ့ကိုယ် အသက်မွေးရတာပဲ အစွမ်းတိုးလာရင် ငွေရှာဖို့က မခက်ပါဘူး။
ကျိုးကျုံးက ကူးယွမ်၏ ပုခုံးကို ပုတ်ရင်း သက်ပြင်းချလိုက်ပြန်သည် ညီလေးက အခုမှ စကျင့်တာဆိုတော့ တိုးတက်တာ မြန်တာက သဘာဝပဲ။ ငါဆိုရင် သွေးကြောသန့်စင်ခြင်းအဆင့်မှာ တစ်နှစ်ကျော်ကြာတဲ့အထိ တစ်ဆို့နေတုန်းပဲ။
ငါ့မှာသာ ကျားသစ်သန္ဓေ သွေးကြောသန့်စင်ဆေးလုံးရှိရင် သွေးကြောသန့်စင်ခြင်းအဆင့်ကို အောင်မြင်ပြီး ဒီခရိုင်ထဲမှာ နာမည်တစ်လုံးနဲ့ နေနိုင်မှာပဲ။
ထိုဆေးလုံးအကြောင်း ပြောသောအခါ ကျိုးကျုံး၏ မျက်နှာမှာ အားကျလိုလားမှုများဖြင့် ပြည့်နှက်နေသည်။
ဒါပေမဲ့ နှမြောစရာကောင်းတာက အဲဒီဆေးတစ်လုံးကို ငွေ ၅၀၀ ကျော် ပေးရတဲ့အပြင် ပံ့ပိုးမှုအမှတ် ၂၀၀ လည်း လိုသေးတယ်။ ငါ့ကို အပိုင်းပိုင်းခုတ်ရောင်းရင်တောင် အဲဒီလောက် မရနိုင်ဘူး။
ကူးယွမ်၏ မျက်လုံးများ လှုပ်ခတ်သွားသည်။ ယုတိန်ခန်းမတွင် ရောင်းချသော ဆေးဝါးများမှာ အလွန်ဈေးကြီးလှသည်။
အရင်က သူဝယ်သောက်ခဲ့သော ခိုစွပ်ပြုတ်အတွက် ခိုတစ်ကောင်လျှင်ပင် ငွေ ၁ တုံး ပေးခဲ့ရသည်။ တစ်လမပြည့်မီမှာပင် သူသည် ငွေ ၂၀၀ နီးပါး အသုံးပြုခဲ့ရပြီး ဖြစ်သည်။
ကျိုးကျုံးပြောသော ဆေးလုံးမှာ တောကျားသစ်မျိုးစိတ်တစ်ခု၏ အချင်းကို အခြေခံ၍ ဝိညာဉ်ဆေးပင်များစွာဖြင့် ဖော်စပ်ထားခြင်း ဖြစ်ပြီး ခန္ဓာကိုယ်၏ သွေးကြောများကို သန်မာကျစ်လျစ်စေသည်။
သို့သော် ထိုကဲ့သို့သော ဆေးဝါးများကို ဝယ်ယူရန် ငွေအပြင် ပံ့ပိုးမှုအမှတ်လည်း လိုအပ်ပေသည်။
ဒါဆိုရင် အစ်ကိုကြီးကျိုး အမြန်ဆုံး အောင်မြင်ကျော်ဖြတ်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ် ကူးယွမ်က ပြုံး၍ ပြောလိုက်သည်။
ဟားဟား ညီလေးက စကားပြောတတ်သားပဲ။ ကျိုးကျုံးက ရယ်မောရင်း အသံကို နှိမ့်လိုက်ကာ "ဒါနဲ့ ညီလေး မင်း ငွေလိုနေတယ် မဟုတ်လား အခု အခွင့်အရေးကောင်းတစ်ခု ရှိတယ်ဟေ့"
"ဗျာ ဘာအခွင့်အရေးလဲ အစ်ကိုကြီး" ကူးယွမ်က စိတ်ဝင်စားဟန် ပြလိုက်သော်လည်း စိတ်ထဲတွင်မူ သတိထားလိုက်သည်။
အကြောင်းမဲ့ သတင်းကောင်းဆိုသည်မှာ မရှိနိုင်မှန်း သူသိထားသည်။
"မင်း ဆေးပင်ရှာဖွေသူ ဖြစ်လာတာ တစ်လနီးပါး ရှိပြီမလား တာဝန်တွေ ဘာတွေ မယူရသေးဘူးလား" ကျိုးကျုံးက လျှို့ဝှက်စွာ ပြောလိုက်သည် ငါပြောတဲ့ အခွင့်အရေးဆိုတာ အဲဒီတာဝန်ပဲ။
ယုတိန်ခန်းမ၏ စည်းကမ်းအရ ဆေးပင်ရှာဖွေသူများသည် တစ်လလျှင် အနည်းဆုံး တာဝန်တစ်ခုကို မဖြစ်မနေ ထမ်းဆောင်ရမည် ဖြစ်သည်။
၎င်းမှာ မလုပ်မနေရတာဝန်ဖြစ်ပြီး ငြင်းပယ်ပါက အဆင့်အတန်း အပယ်ခံရမည် ဖြစ်သည်။ တာဝန်အောင်မြင်ပါက ပံ့ပိုးမှုအမှတ်များနှင့် ဆုလာဘ်များ ရရှိမည် ဖြစ်သည်။
ကူးယွမ်သည် ကျင့်စဉ်ကိုသာ အာရုံစိုက်နေသဖြင့် ဆေးပင်ပင် မရှာရသေးပေ။ ယခုလည်း တာဝန်တစ်ခု ယူရန် ရည်ရွယ်ပြီးသား ဖြစ်သည်။
သို့သော် သူက သံသယဖြင့် မေးလိုက်သည်ဒါပေမဲ့ ကျွန်တော်က လူသစ်ပဲလေ ပြီးတော့ အစွမ်းကလည်း နိမ့်သေးတယ်။
တကယ့်တာဝန်ကောင်းတွေဆိုရင်လူသစ်ဖြစ်တဲ့ကျွန်တော့်အလှည့်ရောက်ပါ့မလားပြီးတော့အစ်ကိုကြီးကဒါတွေကိုဘယ်လိုလုပ်သိနေတာလဲ။