အခန်း (၁၆၀) ဆရာဟယ်လင် မိုးကြိုးပစ်ခံရပြီ
"မင်းရဲ့ ကျင့်ကြံမှုက အားနည်းနေသေးတယ် အဆင့်မြင့်လေလေ ငါ့ကို ပိုကူညီနိုင်လေပဲ။ အားစိုက်ပြီး ကျင့်ကြံပါ"
ချင်းဟုန်ရှို့ ဟာ ကူးယွမ်ကို မှာကြားပြီးနောက်မှာတော့ သူမရဲ့ ပုံရိပ်ဟာ လေ့ကျင့်ရေးအခန်းထဲကနေ တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားသည်။ အခန်းထဲမှာတော့ သင်းပျံ့တဲ့ ရနံ့လေးတွေ ကျန်ရစ်ခဲ့တာပေါ့။
ဂျလင်... ဂျလင်
အဲဒီအချိန်မှာပဲ တံခါးဝက လူခေါ်ခေါင်းလောင်းသံ ထွက်ပေါ်လာပါတယ်။ ကူးယွမ်တံခါးသွားဖွင့်လိုက်တော့ ဆရာဖြစ်သူ စီနီယာဟယ်လင်ကို တွေ့လိုက်ရပါတယ်။
"ဆရာ... ကြွပါခင်ဗျာ"
ကူးယွမ်က ဆရာ့ကို အထဲဖိတ်ပြီး လက်ဖက်ရည် တည်ခင်းဖို့ ပြင်လိုက်သည်။ ဒါပေမဲ့ စီနီယာဟယ်လင်က လက်ကာပြရင်း တစ်ခုခုပြောဖို့ ပြင်လိုက်ပေမဲ့ အခန်းထဲက ကျန်နေသေးတဲ့ သင်းပျံ့တဲ့ ရနံ့ကို ရသွားတဲ့အခါ သူ့မျက်နှာရိပ်မျက်နှာကဲက ချက်ချင်းဆိုသလို ပြောင်းလဲသွားသည်။
စီနီယာဟယ်လင်က သက်ပြင်းချရင်း "အာယွမ်... မင်းက ငါ့ရဲ့ တစ်ဦးတည်းသော တပည့်ပဲ။ ငါ မင်းကို အများကြီး မျှော်လင့်ထားတယ်။ ငါ့ရဲ့ ဓားပညာမှာ လူပျိုစင်ဖြစ်ဖို့ မကန့်သတ်ထားဘူးဆိုပေမဲ့ မိန်းမတွေနဲ့ ပျော်ပါးတာက မင်းရဲ့ စိတ်ဓာတ်ကို အားနည်းစေလိမ့်မယ်။ အခု မင်းရဲ့ ဓားသိုင်းက မပြီးပြည့်စုံသေးဘူး။ ဒီလိုအချိန်မှာ မိန်းမကိစ္စတွေနဲ့ အချိန်ဖြုန်းနေရင် မင်းရဲ့ ကျင့်ကြံမှုတွေ နှောင့်နှေးကုန်လိမ့်မယ်" လို့ အလေးအနက် ဆုံးမလိုက်သည်။
"ဆရာ... အထင်လွဲနေပါပြီ။ ကျွန်တော် အပျော်အပါး လိုက်စားနေတာ မဟုတ်ပါဘူး။ အခုနက..."
"တော်စမ်း" စီနီယာဟယ်လင်က စကားဖြတ်ပြောလေသည်။ "ငါလည်း ငယ်ရွယ်တဲ့အချိန်ကို ဖြတ်သန်းခဲ့ဖူးတာပဲ။ မင်းတို့ လူငယ်တွေရဲ့ စိတ်ကို ငါနားလည်ပါတယ်။ ချစ်သူရှိတာကို ငါမတားပါဘူး ဒါပေမဲ့ ဒီလို လေ့ကျင့်ရေးအခန်းထဲအထိ မိန်းမတစ်ယောက်ကို ခိုးသွင်းပြီး ပွေရှုပ်နေတာကတော့ လွန်လွန်းတယ်"
"ဆရာ စကားကို ဆင်ခြင်ပေးပါ"
ကူးယွမ် ချွေးစေးတွေ ပြန်လာပါတယ် "အဲဒီလို မဟုတ်ပါဘူး။ အခုနက အမျိုးသမီးက ကျွန်တော့်လူ မဟုတ်ပါဘူး သူက နတ်သမီးတစ်ပါးပါ ကျွန်တော်က အရေးကြီးကိစ္စ ဆွေးနွေးဖို့..."
ကူးယွမ် စကားမဆုံးခင်မှာပဲ အပြာရောင် လျှပ်စီးကြောင်းလေးတစ်ခုဟာ လေထုထဲမှာ ပေါ်လာပြီး စီနီယာဟယ်လင်ကို လျှပ်တစ်ပြက်အတွင်း ပစ်ခတ်လိုက်သည်။ စီနီယာဟယ်လင်ဟာ သူ့ရဲ့ ဓားစွမ်းအင် အကာအကွယ်တွေကို သုံးပြီး ခုခံပေမဲ့ အဲဒီ လျှပ်စီးကြောင်းလေးက အကာအကွယ်တွေကို အလွယ်တကူ ထိုးဖောက်သွားပြီး သူ့ကိုယ်ပေါ် ကျရောက်သွားသည်။
စီနီယာဟယ်လင် တစ်ကိုယ်လုံး တုန်တက်သွားပြီး အတက်ရောဂါရသလိုမျိုး ဆတ်ဆတ်ခါအောင် လှုပ်ခါနေပါတော့သည်။ သူ့ကိုယ်ပေါ်ကနေ မီးခိုးငွေ့တွေ ထွက်လာပြီး အသားနံ့လိုလို အနံ့တစ်မျိုးတောင် ထွက်လာသည်။ သူ့ရဲ့ မြင့်မားတဲ့ တန်ခိုးတွေက ဒီလျှပ်စီးကြောင်းလေးရှေ့မှာ ဘာမှအသုံးမကျ ဖြစ်နေခဲ့သည်။
ကူးယွမ်ခမျာ ဆရာ့ကို ကြည့်ပြီး အားနာလွန်းလို့ ခေါင်းငုံ့ထားရသည်။ မက်မွန်ပွင့်နတ်သမီး က လက်ညှိုးနဲ့ တစ်ချက်တောက်လိုက်ရုံပဲ ရှိပါသေးတယ်။ သူမသာ တကယ်သတ်ချင်ရင် စီနီယာဟယ်လင်ဟာ ပြာတောင် ဖြစ်သွားနိုင်သည်။
ခဏအကြာမှာတော့ စီနီယာဟယ်လင်ဟာ ယိမ်းယိုင်နေတာကြောင့် ကူးယွမ်က အမြန်သွားတွဲပေးလိုက်သည် "ဆရာ... ဘာဖြစ်သွားသေးလဲ"
စီနီယာဟယ်လင်က ဒေါသတကြီးနဲ့ "ပြောစမ်း... အခုနက ဘာဖြစ်တာလဲ" သူလည်း အခုမှ ဒါဟာ ရိုးရိုးကိစ္စမဟုတ်မှန်း ရိပ်မိသွားတာပါ။
ကူးယွမ်က ရယ်ကျဲကျဲနဲ့ ရှင်းပြလိုက်သည်"ဆရာ... အခုနက အမျိုးသမီးက လော့ထန်းတောင် က မက်မွန်ပွင့်နတ်သမီး ချင်းဟုန်ရှို့ပါ။ ကျွန်တော် ဓားသိုင်းအတွက် ထိုက်ယင်း ဝိညာဉ်အမြုတေ တောင်းဖို့ ဖိတ်ထားတာပါ"
"လော့ထန်းတောင်" နဲ့ "ချင်းဟုန်ရှို့" ဆိုတဲ့ အမည်တွေကို ကြားလိုက်ရတဲ့အခါ စီနီယာဟယ်လင်ရဲ့ မျက်လုံးတွေ ပြူးသွားပြီး ကူးယွမ်ကို ကြည့်တဲ့ အကြည့်တွေပါ ပြောင်းလဲသွားသည်။ "ဟေ... မင်း... မင်းက ဒီနတ်သမီးနဲ့တောင် သိတာလား..."
ချင်းဟုန်ရှို့ဆိုတာ တောင်ပိုင်းပြည်နယ် ၆ ခုလုံးမှာ နာမည်ကြီးတဲ့ ယန်နတ်ဘုရားအဆင့် အစွမ်းထက် ပညာရှင်ကြီးပါ။ ဆေးဘုရင်တောင်ရဲ့ အကြီးအကဲတွေတောင် သူမကို လေးစားကြရတာပါ။
စီနီယာဟယ်လင်ဟာ သူ့ရဲ့ စကားမှားမှုကြောင့် အခုလို အပြစ်ပေးခံရတာကို နားလည်သွားပြီး ဒေါသတွေလည်း ငြိမ်ကျသွားတော့သည်။ "ငါ့အမှား ငါ့အပြစ်ပါပဲ... နတ်သမီးကို စော်ကားမိလို့ မိုးကြိုးပစ်ခံရတာ တန်ပါတယ်လေ" လို့ သူကိုယ်တိုင်လည်း ဝန်ခံလိုက်ရသည်။