အခန်း (၁၆) ဝိညာဉ်ဆေးပင်များ၏ အနှစ်ချုပ်မြင်ကွင်း
"ဟုတ်ကဲ့ပါ"
ဆိုင်အကူသည် သက်ပြင်းချကာ သူ၏ ရက်စက်လှသော ဆိုင်ရှင်ကို ကြည့်ပြီး ကျောချမ်းသွားမိသည်။
သူသည် ဆိုင်ရှင်ခိုင်းသည့်အတိုင်း ဂိုဏ်းခေါင်းဆောင် ဝူရွှန်းထံသို့ သတင်းပို့ရန် ခွေးပြေးဝက်ပြေး ပြေးထွက်သွားတော့သည်။
ဆိုင်ရှင်ရှုးသည် ဘေးဘီကို အကဲခတ်ပြီး မည်သူမျှမရှိသည်ကို သေချာမှ ဆိုင်တံခါးကို ပိတ်လိုက်သည်။
ထို့နောက် ဒုတိယထပ်ရှိ အခန်းတစ်ခုအတွင်း ကုတင်အောက်မှ သံသော့ခတ်ထားသော သေတ္တာတစ်လုံးကို ထုတ်ယူလိုက်သည်။
သေတ္တာထဲတွင် သူတစ်သက်လုံး စုဆောင်းထားသော ငွေစများနှင့် ငွေစက္ကူများ ရှိနေသည်။
သူသည် ငွေစက္ကူများကို ထုတ်ယူကာ ရေတွက်ကြည့်ရာ အတိအကျ ငွေ (၃၀၀) တုံး ရှိနေသည်။ ဤငွေများမှာ သူ့ဘဝတစ်ဝက်စာ စုဆောင်းထားသမျှ ဖြစ်ရာ တစ်ပါးသူလက်ထဲ ထည့်ပေးရမည်ကို တွေးမိတိုင်း ရင်ဘတ်ထဲတွင် ဆစ်ခနဲ နာကျင်နေမိသည်။
"ဒါ ငါ့ပိုက်ဆံကို တောင်းတာမဟုတ်ဘူး ငါ့အသက်ကို တောင်းနေတာ"
ဆိုင်ရှင်ရှုးသည် ငွေစက္ကူများကို ရင်ဘတ်ထဲ ထည့်ကာ သေတ္တာကို ပြန်သော့ခတ်ပြီး လှေကားရင်းသို့ ရောက်လာသည်။
ထိုစဉ် သူ့နောက်ဘက် အလွန်နီးကပ်သော နေရာမှ ခြေသံသဲ့သဲ့ကို ကြားလိုက်ရသည်။ ဆိုင်ထဲတွင် သူတစ်ယောက်တည်း ရှိရမည် မဟုတ်ပါလား။
"ဘယ်သူလဲ"
သူ့နဖူးမှ ချွေးစေးများ ထွက်လာပြီး နောက်သို့ လှည့်ကြည့်ရန် ပြင်စဉ်မှာပင် တစ်စုံတစ်ယောက်က သူ့ကို အားကုန် တွန်းချလိုက်သည်။
"အားးးးး"
ဆိုင်ရှင်ရှုးသည် လှေကားအတိုင်း လိမ့်ဆင်းသွားပြီး ပထမထပ်တွင် လှုပ်ရှားမှုမရှိဘဲ ငြိမ်သက်သွားတော့သည်။ ကူးယွမ်သည် လှေကားအတိုင်း အေးအေးဆေးဆေး ဆင်းလာပြီး အောက်မှ လူကို စစ်ဆေးလိုက်သည်။
"ဒီအဖိုးကြီးက ကံဆိုးလိုက်တာ လိမ့်ကျတာနဲ့တင် သေသွားတာပဲလား သေတာပဲ ကောင်းပါတယ် ငါကိုယ်တိုင် သတ်ရမယ့် အလုပ် သက်သာသွားတာပေါ့"
ကူးယွမ်သည် ဆိုင်ရှင်ရှုး၏ အလောင်းကို ရှာဖွေရာ ငွေစက္ကူ (၃၀၀) နှင့် သံသော့တစ်ချောင်းကို တွေ့လိုက်ရသည်။ ငွေ ၃၀၀ ဆိုသည်မှာ ယခင်ဘဝမှ တန်ဖိုးနှင့် တွက်လျှင်ပင် အလွန်များပြားသော ပမာဏဖြစ်သည်။
ဤငွေများသည် ဂိုဏ်းခေါင်းဆောင် ဝူရွှန်းကို ပေးရန် ပြင်ဆင်ထားခြင်း ဖြစ်သော်လည်း ယခုတော့ ကူးယွမ်၏ လက်ထဲသို့ အခမဲ့ ရောက်ရှိလာချေပြီ။
"ငါတော့ ချမ်းသာပြီဟေ့"
ဤငွေများသည် နောင်တွင် ကိုယ်ခံပညာ လေ့ကျင့်ရာ၌ အလွန်အသုံးဝင်မည် ဖြစ်ကြောင်း သူသိသည်။ သို့သော် ကူးယွမ်သည် ထိုမျှနှင့် မကျေနပ်သေးဘဲ လက်ထဲမှ သော့ဖြင့် အပေါ်ထပ်ရှိ သေတ္တာကို သွားရောက်ဖွင့်လှစ်ခဲ့သည်။
သေတ္တာထဲတွင် နောက်ထပ် ငွေ (၇၀-၈၀) ခန့်ကို တွေ့ရသလို အဖိုးတန် ဆေးကျမ်းနှစ်အုပ်ကိုလည်း တွေ့လိုက်ရသည်။
တာအိုအမှတ် + ၇ ရရှိသည်။
တာအိုအမှတ် + ၆၉ ရရှိသည်
ပထမစာအုပ်မှာ သာမန်ဆေးကျမ်းဖြစ်သော်လည်း ဒုတိယစာအုပ်ဖြစ်သော ဝိညာဉ်ဆေးပင်များ၏အနှစ်ချုပ်မှာမူ ထူးခြားလှသည်။ ၎င်းကို တိရစ္ဆာန်သားရေဖြင့် ပြုလုပ်ထားပြီး အတွင်း၌ ဝိညာဉ်ဆေးပင်များနှင့် ရှားပါးပန်းမန်များ၏ ပုံများနှင့် အသေးစိတ် အချက်အလက်များ ပါဝင်သည်။
ဥပမာအားဖြင့်
နေတောက်ပန်း : (၈) ဆင့် ဝိညာဉ်ဆေးပင်။ နှစ်ပေါင်း (၅၀၀) ကြာမှ ပွင့်ပြီး ရန်ဓာတ် ပြင်းထန်သော ဆေးလုံးများ ဖော်စပ်ရာတွင် သုံးသည်။
သရဲမျက်နှာမှို : (၉) ဆင့် ဝိညာဉ်ဆေးပင်။ လူတစ်ထောင်ကျော် သေဆုံးဖူးသော သင်္ချိုင်းများတွင်သာ ပေါက်တတ်ပြီး အဆိပ်ပြင်းသော်လည်း စနစ်တကျ ဖော်စပ်ပါက ဝိညာဉ်ကို အားကောင်းစေသည်။
ကျောက်စိမ်းဝါး: (၇) ဆင့် ဝိညာဉ်အမြစ်။ လက်နက်များ ပြုလုပ်ရာတွင် သုံးသော်လည်း ဗုဒ္ဓဘာသာ ကျင့်ကြံသူများ အကြိုက်တွေ့သော ဆေးရည် ထွက်ရှိသည်။
ကူးယွမ်သည် ဤစာအုပ်ကို ကြည့်ရင်း မိမိအတွက် ရတနာသိုက်ကြီး တစ်ခု ရလိုက်သကဲ့သို့ ခံစားနေရတော့သည်။