အခန်း (၁၄၃) အားလုံးက လူသားချင်းအတူတူပဲ ဘာလို့ ဒီလောက်တောင် ကွာခြားရတာလဲ
"စီနီယာဟယ်လင်... မင်း တကယ်ပဲ ပြန်စဉ်းစားသင့်တယ်နော်" စီနီယာပေါင်ချန်း က ဆက်ပြီး ဆွဲဆောင်နေပြန်သည်။ သူက ခြောက်ပါးရန်ဓာတ် ရွှေစစ် ကို ပေးပြီး ကူးယွမ်နဲ့ လဲဖို့ ကြိုးစားနေတာပါ။
ဒါပေမဲ့ စီနီယာဟယ်လင် ကတော့ မလှုပ်မယှက်ပါပဲ "စဉ်းစားနေစရာ မလိုဘူး ဒါလုံးဝ မဖြစ်နိုင်ဘူး။ ပေါင်ချန်း... မင်း အခုချက်ချင်း ထွက်သွားတော့" ပြတ်ပြတ်သားသား ငြင်းပယ်လိုက်သည်။
သူ့အတွက်တော့ ရတနာက နောက်မှ ရှာလို့ရပေမဲ့ ကူးယွမ်လို ပါရမီနှစ်မျိုးပိုင်ရှင် ရှားပါးပါရမီရှင်မျိုးကတော့ တစ်သက်မှာ တစ်ခါ ဆုံဖို့တောင် မလွယ်ပါဘူး။ အထူးသဖြင့် ဂိုဏ်းအတွင်း အာဏာလုပွဲတွေ ဖြစ်နေချိန်မှာ ဒီလို တပည့်မျိုးက ဂိုဏ်းရဲ့ အနာဂတ်အတွက် အလွန်အရေးကြီးသည်။
နောက်ဆုံးမှာတော့ စီနီယာပေါင်ချန်းဟာ သက်ပြင်းချပြီး လက်လျှော့လိုက်ရသည်။ ဒါပေမဲ့ သူတို့မှာ တခြားဆွေးနွေးစရာ ကိစ္စကြီးတွေ ရှိသေးတာကြောင့် လောလောဆယ်တော့ အတူရှိနေကြဦးမှာပါ။
ဒီမြင်ကွင်းကို ကြည့်နေရတဲ့ တခြားလူတွေကတော့ မနာလိုဖြစ်လွန်းလို့ ရင်ကွဲမတတ်ပါပဲ "အားလုံးက လူသားချင်းအတူတူပဲ ငါတို့ကိုကျတော့ အဖတ်တောင်မလုပ်ဘဲ ကူးယွမ်ကိုကျတော့ ရွှေအမြုတေအဆင့် ပညာရှင်တွေက ဝိုင်းလုနေကြတယ်" လို့ တွေးမိကြသည်။
အထူးသဖြင့် မိမိကိုယ်ကိုယ် ပါရမီရှင်လို့ သတ်မှတ်ထားတဲ့ လီချန်းချင်းကတော့ အရှက်ရနေသည်။ သူက လူအင်အားအလုံးအရင်းနဲ့ လာခဲ့ပေမဲ့ အခုတော့ ကူးယွမ်ရဲ့ အရိပ်အောက်မှာ မှေးမှိန်သွားရပါပြီ။
စစ်ဆေးမှုတွေ ပြီးဆုံးသွားတဲ့အခါ စီနီယာဟယ်လင်က တခြားတပည့်သစ်တွေကို တောင်ပေါ်တက်ဖို့ လွှတ်လိုက်ပေမဲ့ ကူးယွမ်နဲ့ နွားယုတယ် ကိုတော့ သူ့ဘေးမှာပဲ ထားလိုက်သည်။ ဒါဟာ သူတို့ကို အထူးတန်ဖိုးထားကြောင်း ပြသလိုက်တာဖြစ်သလို သူတို့ကို ရန်ပြုမယ့်သူတွေရန်ကနေ ကာကွယ်ပေးလိုက်တာလည်း ဖြစ်ပါတယ်။
လီချန်းချင်းကတော့ သူ့ရဲ့ အစေခံအိုကြီးနဲ့အတူ စားသောက်ဆိုင်ကို ပြန်လာခဲ့လိုက်သည်။ သူ့မျက်နှာကတော့ ဒေါသကြောင့် မည်းမှောင်နေပါပြီ။
အစေခံအိုကြီးက "သခင်လေး... စိတ်မပူပါနဲ့ ဒီကောင်က ပါရမီရှိပေမဲ့ အခြေခံမရှိပါဘူး။ ကျွန်တော်မျိုး သူ့ကို..." လို့ ပြောပြီး သတ်ဖြတ်လိုတဲ့ အမူအရာ ပြလိုက်သည်။
ဒါပေမဲ့ လီချန်းချင်းက တားလိုက်ပြီး "ဦးလေးဖု... စီနီယာဟယ်လင်ရဲ့ ဝိညာဉ်အာရုံက မိုင် ၁၀၀ အတွင်း အကုန်သိနေတာ မဆင်မခြင် မပြောနဲ့။ မျက်နှာသေလူသတ်သမား ရဲ့ ဓားအောက်မှာ သေချင်လို့လား"
လီချန်းချင်းက အေးစက်စွာ ပြုံးပြီး ဆက်ပြောလိုက်သည် "ကူးယွမ်က ပါရမီရှိတာမှန်ပေမဲ့ အနောက်ခံ မရှိဘူး။ အခု သူပေါ်လာတာက ဂိုဏ်းထဲက တပည့်ရင်းနေရာကို မျှော်လင့်နေတဲ့ တခြားလူတွေအတွက် ဆူးငြောင့်ခလုတ် ဖြစ်သွားပြီ။ ငါတို့ လက်မလှုပ်ရင်တောင် တခြားလူတွေက သူ့ကို ရန်ရှာကြလိမ့်မယ်။ ငါတို့ကတော့ ကျားနှစ်ကောင် သတ်တာကို ဘေးကနေ ထိုင်ကြည့် ရုံပါပဲ"
တစ်ဖက်မှာတော့ စီနီယာဟယ်လင်က ကူးယွမ်နဲ့ နွားယုတယ်ကို မေးခွန်းတစ်ခု မေးလိုက်သည်။
"ငါ ဘာလို့ ရှရှို့ရွှယ်အပါအဝင် တခြားလူတွေကို လွှတ်လိုက်ပြီး မင်းတို့နှစ်ယောက်ကိုပဲ ချန်ထားခဲ့လဲ သိလား"
နွားယုတယ်ကတော့ ခေါင်းကုတ်ပြီး မသိကြောင်း ပြောပါတယ်။ ကူးယွမ်ကတော့ စီနီယာကို ကြည့်ပြီး ခပ်တိုးတိုး ခန့်မှန်းလိုက်သည် "ကျွန်တော်တို့ရဲ့ နောက်ကြောင်းနဲ့ အခြေအနေတွေကြောင့်လား "