အခန်း (၁၄၁) ပရိသတ်တစ်ရပ်လုံးကို တုန်လှုပ်စေသည့် ပါရမီနှစ်မျိုး
"ဟင် ဒီလိုခန္ဓာကိုယ်မျိုး... ငါလို လူအိုကြီးတောင် တစ်ခါမှ မကြားဖူးဘူး"
အမြဲတမ်း တိတ်ဆိတ်နေတဲ့ ရှင်းယွမ်ကျီ တောင် အံ့အားသင့်သွားပြီး "ဒါဟာ ထူးခြားတဲ့ ရေဓာတ်ပြောင်းလဲခြင်း ဝိညာဉ်ခန္ဓာများလား" လို့ ရေရွတ်လိုက်သည်။ စီနီယာဟယ်လင်ကလည်း ဒါဟာ အရင်က တစ်ခါမှ မပေါ်ဖူးသေးတဲ့ ရေဓာတ်ဝိညာဉ်ခန္ဓာ ဖြစ်နိုင်တယ်လို့ ထောက်ခံလိုက်ကြသည်။
ဘေးက စီနီယာပေါင်ချန်းကတော့ မျက်နှာပျက်နေပါပြီ။ သူက စီနီယာဟယ်လင်ကို လာလှောင်တာပါ အခုတော့ သူကိုယ်တိုင်ပဲ အလှောင်ခံနေရသလို ဖြစ်နေလို့ပါ။
ကူးယွမ်က ဗန်းပေါ်ကနေ လက်ကို ပြန်ရုပ်ဖို့ လုပ်တုန်းမှာပဲ...
ချွင်
နဂါးဟိန်းသံလို ကျယ်လောင်တဲ့ ဓားမြည်သံတစ်ခု ထွက်ပေါ်လာပြီး ဗန်းပေါ်မှာ ဓားအလင်းတန်းတစ်ခု ထပ်မံ ပေါ်ပေါက်လာပြန်သည်။ အဲဒီအလင်းဟာ နဂါးတစ်ကောင်လို ပတ်ခွေပျံသန်းနေပြီး စူးရှလွန်းတဲ့အတွက် ဘေးကလူတွေတောင် မျက်နှာကို အပ်နဲ့ထိုးသလို ခံစားလိုက်ရသည်။
ကူးယွမ်ကိုယ်တိုင်တောင် သူ့ရဲ့ ဓားနှလုံးသားပါရမီပါ အစစ်ခံလိုက်ရတာကြောင့် အံ့ဩသွားသည်။
ကွင်းပြင်တစ်ခုလုံး သေမတတ် တိတ်ဆိတ်သွားပါတယ်။ ပြီးတော့မှ ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြသည်။
"ဘယ်လို ရေဓာတ်ဝိညာဉ်ခန္ဓာတင်မကဘဲ ဓားသိုင်းပါရမီပါ ရှိနေတာလား"
"လူတစ်ယောက်ထဲမှာ ဝိညာဉ်အဆင့် ပါရမီနှစ်မျိုးရှိတာ မဖြစ်နိုင်ဘူးလေ"
"ဒါပေမဲ့ အခု ငါတို့ မျက်စိရှေ့မှာပဲ ဖြစ်နေတာပဲ"
လူတွေက လီချန်းချင်းကို လှောင်ပြုံးနဲ့ ကြည့်လိုက်ကြပါတယ် လီချန်းချင်းကတော့ မျက်နှာတစ်ခုလုံး ပုပ်သိုးနေပြီး ကူးယွမ်ကို သူ့ရဲ့ အကြီးမားဆုံးရန်သူအဖြစ် သတ်မှတ်လိုက်တော့သည်။ အထူးသဖြင့် ကူးယွမ်ရဲ့ "ရေ" က သူ့ရဲ့ "မီး" ကို နှိမ်နင်းနိုင်တာကြောင့် ပိုပြီး စိုးရိမ်နေတာပါ။
စီနီယာဟယ်လင်ကတော့ ဝမ်းသာလွန်းလို့ လက်ခုပ်တီးပြီး ရယ်မောနေသည်။ သူကိုယ်တိုင်က ဓားကျင့်စဉ်ကျွမ်းကျင်သူဖြစ်တာကြောင့် ကူးယွမ်ရဲ့ ဓားပါရမီကို ပိုပြီး တန်ဖိုးထားတာပါ။
"မင်းနာမည်က ကူးယွမ် မဟုတ်လား ငါမှတ်မိပြီ" လို့ စီနီယာဟယ်လင်က အရင်ကနဲ့မတူဘဲ အလွန်နွေးထွေးတဲ့ အသံနဲ့ ပြောလိုက်ပါတယ်။
ရှမင်ယန်ကတော့ မျက်လုံးကိုတောင် မယုံနိုင်ပါဘူး။ ဂိုဏ်းမှာ "မျက်နှာသေလူသတ်သမား" လို့ နာမည်ကြီးတဲ့ စီနီယာဟယ်လင်က အခု ကူးယွမ်ရှေ့မှာတော့ ပန်းတစ်ပွင့်လို ပြုံးဖြီးနေလို့ပါ။
ရှမင်ယန် စိတ်ထဲမှာ နောင်တတွေ အကြီးအကျယ် ရနေသည် "ငါသာ စောစောက သိရင် ကူးယွမ်ကို ငါ့သမီးနဲ့တောင် ပေးစားလိုက်မှာ... အခုတော့ နောက်ကျသွားပြီ" လို့ သူ တွေးမိပါတယ်။ အခုအချိန်မှာ ကူးယွမ်ရဲ့ အဆင့်အတန်းက သူ့ထက်တောင် မြင့်သွားနိုင်တာကြောင့် အရင်လို ရိုးရိုးသားသား မိတ်ဖွဲ့ဖို့ မဖြစ်နိုင်တော့ပါဘူး။
စီနီယာဟယ်လင်က ကူးယွမ်ရဲ့ နောက်ကြောင်းကို စစ်ဆေးပြီးနောက် အလွန်ကျေနပ်သွားသည်။
"ကူးယွမ်... မင်းရဲ့ ပါရမီအရ တပည့်ရင်းဖြစ်ဖို့ ထိုက်တန်ပေမဲ့ ဂိုဏ်းရဲ့ စည်းမျဉ်းအရ အကြီးအကဲနှစ်ယောက်ရဲ့ ခွင့်ပြုချက်လိုတယ် ဒါမှမဟုတ် ကောင်းကင်ဘုံအဆင့်ရောက်မှ ပြိုင်ပွဲဝင်ပြီး အရွေးခံရမယ်။ ဒါကြောင့် အခုလောလောဆယ် မင်းကို အတွင်းစည်းတပည့်အဖြစ် လက်ခံလိုက်မယ် နားလည်လား"
"နားလည်ပါတယ် ခင်ဗျာ" လို့ ကူးယွမ်က တည်တည်ငြိမ်ငြိမ်ပဲ ပြန်ထူးလိုက်သည်။