အခန်း (၁၃၆) မြူဆွယ်ခြင်း စမ်းသပ်ချက်
လူအများအပြားဟာ ကောင်းကင်ကနေ ဆင်းသက်လာတဲ့ လှပတဲ့ ကြိုးကြာဖြူကြီးနဲ့ ကျောပေါ်မှာပါလာတဲ့ လူတွေကို ကြည့်ပြီး အံ့ဩမှင်သက်နေကြသည်။ အားလုံးဟာ လူစုစုပြီး အရိုအသေပေးလိုက်သည်။
"နှုတ်ဆက်ပါတယ် စီနီယာဟယ်လင်"
"ဒီလို အခမ်းအနားတွေ မလိုပါဘူး" စီနီယာဟယ်လင်က အေးစက်စွာ ပြောလိုက်ပြီး သူ့ရဲ့ အကြည့်တွေက လူအုပ်ကို ဝှေ့ကြည့်သွားပြီး လီချန်းချင်းကို မြင်တဲ့အခါမှာတော့ ပိုလို့တောင် အေးစက်သွားသလိုပါပဲ။ လီချန်းချင်းကလည်း ရှေ့ထွက်ပြီး အရိုအသေပေးပေမဲ့ စီနီယာကတော့ သူ့ကို အဖတ်တောင်မလုပ်ဘဲ စစ်ဆေးမှုကို ချက်ချင်းစတင်ဖို့ ညွှန်ကြားလိုက်သည်။
စီနီယာဟယ်လင်က မှန်ချပ်တစ်ခုကို ထုတ်လိုက်သည်။ အဲဒီမှန်ဟာ အပြာရင့်ရောင်ဖြစ်ပြီး နောက်ကျောမှာ ထူးဆန်းတဲ့ အမှတ်အသားတွေ ပါရှိပါတယ်။ မှန်မျက်နှာပြင်ကတော့ ဝေဝါးနေပြီး ကူးယွမ်တစ်ချက်ကြည့်လိုက်ရုံနဲ့တင် ခေါင်းနည်းနည်း မူးသွားသလို ခံစားလိုက်ရသည်။ မှန်ကနေ တောက်ပတဲ့ အလင်းတန်းတွေ ထွက်ပေါ်လာပြီး ကူးယွမ်ရဲ့ ဝိညာဉ်ကို ဆွဲယူသွားသလိုပါပဲ။
ကူးယွမ် မျက်လုံးပြန်ဖွင့်လိုက်တဲ့အခါ သူဟာ အိမ်တစ်အိမ်ထဲ ရောက်နေပါတယ် အဲဒီမှာ အလွန်လှပပြီး ဆွဲဆောင်မှုရှိတဲ့ အမျိုးသမီးတစ်ယောက်က သူ့ဆီကို တသိမ့်သိမ့် တုန်ခါနေတဲ့ ခါးလေးကို လှုပ်ယမ်းပြီး လျှောက်လာနေသည်။
"မင်းက ဘယ်သူလဲ" ကူးယွမ်က မျက်မှောင်ကြုတ်ပြီး မေးလိုက်သည်။ သူမကို ကြည့်ရတာ တစ်နေရာရာမှာ မြင်ဖူးသလိုလိုနဲ့ ရင်းနှီးနေပါတယ်။
အမျိုးသမီးက ကူးယွမ်ရဲ့ နားနားကို ကပ်ပြီး သင်းပျံ့တဲ့ ရနံ့တွေနဲ့အတူ ချိုချိုသာသာ ပြောလိုက်သည်"အရှင်... ကျွန်မကို မေ့သွားပြီလား ကျွန်မက အရှင်ရဲ့ ဇနီးလေ"
ကူးယွမ်ရဲ့ စိတ်ထဲမှာ သူမဟာ သူ့ဇနီးဖြစ်ကြောင်း မှတ်ဉာဏ်တွေ ပေါ်လာပြီး သံသယတွေ ပျောက်ဆုံးသွားသလိုပါပဲ ဒါပေမဲ့ ခဏအကြာမှာတော့ သူ့ရဲ့ မသိစိတ်က ပြန်နိုးထလာပြီး "မဖြစ်နိုင်ဘူး ဒီမိန်းမက အပေါ်ယံတွေ အရမ်းများလွန်းတယ် ငါသာ မိန်းမယူရင် ဒီလိုပုံစံမျိုးကို ရွေးမှာမဟုတ်ဘူး။ ပြီးတော့ မိန်းမထက်စာရင် ကျင့်ကြံတာက ပိုပြီး စိတ်လှုပ်ရှားဖို့ ကောင်းတယ်"
အမျိုးသမီးက သူ့ရင်ဘတ်ပေါ်ကို လက်ချောင်းလေးတွေနဲ့ ပွတ်သပ်ပြီး မြူဆွယ်နေတုန်းမှာပဲ ကူးယွမ်က အေးအေးဆေးဆေး ပြန်ပြောလိုက်သည် "ငါ ဒီနေ့ည ဘာစားရမလဲဆိုတာကို စဉ်းစားနေတာ"
အမျိုးသမီးက ပြုံးလိုက်ပေမဲ့ သူမရဲ့ နောက်ထပ်လက်တစ်ဖက်ကတော့ ဓားတိုတစ်စင်းလို ရှည်ထွက်လာပြီး ကူးယွမ်ကို သတ်ဖို့ ပြင်လိုက်သည် ဒါပေမဲ့ ကူးယွမ်က ပိုမြန်ပါတယ်။ သူက လက်ညှိုးကို ဓားလိုသုံးပြီး တစ်ချက်တည်းနဲ့ သူမရဲ့ ခေါင်းကို ဖရဲသီးတစ်လုံးလို ခွဲပစ်လိုက်သည်။
"ဒီလောက်လေးနဲ့ ငါ့ကို မြူဆွယ်ချင်တာလား ငါ့အရင်ဘဝက ဖုန်းထဲမှာ ကြည့်ခဲ့တဲ့ ဗီဒီယိုတွေကတောင် မင်းထက် ပိုပြီး အသားအရေပြသေးတယ်" သူက ခပ်ပြတ်ပြတ် ပြောလိုက်သည်။
ပတ်ဝန်းကျင်ဟာ ချက်ချင်း ပြောင်းလဲသွားပါတယ် အခု သူရောက်နေတာကတော့ သချိုင်းကုန်းဟောင်းတစ်ခုပါ။ အေးစက်တဲ့ လေတွေ တိုက်ခတ်နေပြီး မြေပြင်မှာ လူဦးခေါင်းခွံတွေနဲ့ ပုပ်ပွနေတဲ့ အလောင်းတွေ ပြည့်နေလေသည်။
မြေကျင်းတွေထဲကနေ ပုပ်ပွနေတဲ့ အလောင်းတွေနဲ့ သရဲတွေ ထွက်ပေါ်လာပြီး သူ့ဆီကို ဦးတည်လာနေကြသည်။ ကူးယွမ်ကတော့ မကြောက်တဲ့အပြင် နည်းနည်းတောင် ပျို့အန်ချင်သလို ဖြစ်သွားပါတယ်။ သူဟာ မြေပြင်က သစ်ကိုင်းတစ်ခက်ကို ကောက်ကိုင်ပြီး ဓားအဖြစ် အသုံးပြုလိုက်သည်။
"တကယ်ပဲဖြစ်ဖြစ် အတုပဲဖြစ်ဖြစ် လူပဲဖြစ်ဖြစ် သရဲပဲဖြစ်ဖြစ်... ငါ့ဓားအောက်မှာတော့ အားလုံး ပြတ်တောက်သွားရမယ်"
ကူးယွမ်ဟာ သစ်ကိုင်းလေးနဲ့တင် အစွမ်းထက်တဲ့ ဓားအလင်းတန်းတွေကို ထုတ်လွှတ်ပြီး သူ့ဆီလာသမျှ အလောင်းကောင်တွေနဲ့ နာနာဘာဝတွေကို အပိုင်းပိုင်း အပြတ်ပြတ် ပိုင်းပစ်လိုက်သည်။ အချိန်အတော်ကြာ တိုက်ခိုက်ပြီးနောက် နောက်ဆုံးတစ်ကောင်ကို သတ်လိုက်တဲ့အခါမှာတော့ သချိုင်းကုန်း မြင်ကွင်းဟာ ပျောက်ကွယ်သွားပြီး သူဟာ တကယ့်လက်တွေ့ ကမ္ဘာကို ပြန်ရောက်လာတော့သည်။