အခန်း (၁၃၄) ထိုက်ယင်းဝိညာဉ်
ကူးယွမ်ဟာ ရှောင်ချင်းရဲ့ အချက်အလက်တွေ ပြောင်းလဲလာတာကို သတိထားမိလိုက်သည်။
[မြကမ္ဘာဓားလိပ်ပြာ (ရွှေအဆင့်)]
[မိတ်ဆက်: ရှေးဟောင်း ကျောက်စိမ်းဓားလိပ်ပြာရဲ့ မျိုးဆက်ဖြစ်ပြီး လောကမှာ ရှားပါးတဲ့ ဝိညာဉ်လိပ်ပြာမျိုး ဖြစ်သည်။ မွေးရာပါ ထက်မြက်တဲ့ ဓားသိုင်းပညာပါရှိပြီး အတောင်ပံခါယမ်းရုံနဲ့ ကျောက်စိမ်းဓားအလင်းတန်းတွေကို ထုတ်လွှတ်နိုင်ကာ အရာအားလုံးကို ဖြတ်တောက်နိုင်စွမ်း ရှိပါတယ်]
အဆင့်: ကြီးထွားမှုအဆင့် (၉%)
"တောင်စောင့်နတ်ပုတီး" (မြေခဲ) ကို စားပြီးနောက် ရှောင်ချင်းရဲ့ ကြီးထွားမှုက ၉% အထိ ခုန်တက်သွားခဲ့သည်။ သူမ ဗိုက်ဝလွန်းလို့ ငြိမ်နေတာကြောင့် ကူးယွမ်က သေတ္တာလေးထဲထည့်ပြီး အစာကြေအောင် စောင့်ခိုင်းထားလိုက်သည်။ ရှောင်ချင်းသာ လိပ်ပြာအဖြစ် ကူးပြောင်းသွားရင် အနည်းဆုံး ကောင်းကင်ဘုံပညာရှင်တစ်ယောက်ရဲ့ အစွမ်းမျိုး ရှိလာမှာပါ။
ကူးယွမ်က သူ့ရဲ့ တခြားသားရဲလေးတွေကိုတော့ တောထဲကို ခဏလွှတ်ထားလိုက်သည်။ အကြောင်းကတော့ စီနီယာဟယ်လင် ရောက်လာတဲ့အခါ သူတို့ရှိနေရင် သတိထားမိသွားမှာ စိုးလို့ပါ။ ရှောင်ချင်းကတော့ သေးငယ်တာကြောင့် ကိုယ်ပေါ်မှာ ဖုံးကွယ်ထားလို့ ရပါတယ်။
ကူးယွမ်ဟာလည်း ကိုယ်တိုင်ကျင့်ကြံမှုကို အားစိုက်လိုက်သည်။ သူဟာ "ထိုက်ရွှီယင်းယွဲ့ဓားသိုင်း" ဆိုတဲ့ ထိပ်တန်းစွမ်းရည်ကို လေ့လာနေခဲ့သည်။ ဒီဓားသိုင်းဟာ နူးညံ့တဲ့ ယင်းဓာတ်ကို အခြေခံပြီး ပြတ်သားထက်မြက်တဲ့ ဓားချက်တွေကို ပေါင်းစပ်ထားတာပါ။
ဒီဓားသိုင်းကို ကျင့်ကြံဖို့ဆိုရင် လမင်းရဲ့ အနှစ်သာရကို စုပ်ယူနိုင်ဖို့ "ထိုက်ယင်းဝိညာဉ်"ဆိုတဲ့ ရှားပါးရတနာကို ရှာဖွေပြီး မှန်ချပ်တစ်ခုအဖြစ် သွန်းလုပ်ရမှာပါ ဒါဟာ အဆင့်မြင့်အမြုတေအဆင့်ရောက်ဖို့အတွက် အဓိကသော့ချက်လည်း ဖြစ်ပါတယ်။ ကူးယွမ်မှာ ဓားနှလုံးသား နဲ့ ရေဓာတ်ခန္ဓာရှိတာကြောင့် ဒီနက်နဲတဲ့ ကျမ်းစာကို နားလည်ဖို့ သိပ်မခက်ခဲလှပါဘူး။
ရက်အနည်းငယ် ကြာပြီးနောက်...
ပေလျန်မြို့ထဲကို မြင်းခြောက်ကောင်ဆွဲတဲ့ ခရမ်းနီရောင် ရထားလုံးကြီးတစ်စီး ဝင်ရောက်လာခဲ့သည်။ အဲဒီမြင်းတွေဟာ သာမန်မြင်းတွေမဟုတ်ဘဲ နဂါးသွေးပါတဲ့ "မီးနဂါးမြင်း"တွေ ဖြစ်နေတာပါ။ ကိုယ်ပေါ်မှာ မီးတောက်လိုနီတဲ့ အကြေးခွံတွေရှိပြီး အလွန်ရဲတင်းကြမ်းတမ်းလေသည်။
ဒီလို မြင်းမျိုးတစ်ကောင်တည်းတောင် ရတနာတမျှ တန်ဖိုးရှိတာကို အခု ခြောက်ကောင်တောင် အသုံးပြုထားတာက ပိုင်ရှင်ရဲ့ အရှိန်အဝါကို ပြသနေပါတယ်။ ရထားလုံးဘေးမှာ လိုက်ပါလာတဲ့ အစောင့်တွေ ကိုင်ဆောင်ထားတဲ့ အလံမှာတော့ ရွှေချည်ထိုးထားတဲ့ "လီ"ဆိုတဲ့ စာလုံးပါရှိနေသည်။
ကူးယွမ်ဟာ ယွီတိန်အဆောက်အဦးရဲ့ တတိယထပ်ကနေ ငုံ့ကြည့်ရင်း ရေရွတ်လိုက်သည် "လီမိသားစုဝင်တွေ တကယ်ပဲ ရောက်လာကြပြီကိုး"