အခန်း (၁၃၀) ကောလာဟလများ
"ဟုတ်ပါတယ် သခင်လေး သခင်လေးအပြင် တခြားဧည့်သည်တွေလည်း ရှိပါသေးတယ်" အစေခံဖြစ်သူက ရိုးရိုးသားသားပဲ ဖြေသဖြင့်
"ကောင်းပြီ လမ်းပြပါဦး”ဟုဆိုကာ ကူးယွမ်က ခေါင်းညိတ်လိုက်သည်။
ချွင်းလိုင်စားသောက်ဆိုင်...
ကူးယွမ်ဟာ သူ့ရှေ့က ခုနစ်ထပ်အမြင့်ရှိတဲ့ အဆောက်အဦးကြီးကို မော့ကြည့်လိုက်သည်။ ဒါဟာ ပေလျန်(မြောင်လင်း)မြို့ရဲ့ အမြင့်ဆုံးနဲ့ အကျော်ကြားဆုံး စားသောက်ဆိုင်ကြီးဖြစ်ပြီး အစားအသောက်တွေကလည်း အလွန်ဈေးကြီးပါတယ်။ လာသမျှလူတွေကလည်း သူဌေးတွေနဲ့ အာဏာရှိသူတွေချည်းပါပဲ။
ကူးယွမ်ဟာ စားပွဲထိုးနောက်ကို လိုက်သွားပြီး ငါးထပ်မြောက်က သီးသန့်ခန်းထဲကိုဝင်ရောက်လာခဲ့သည်။ အဲဒီမှာ လူရှစ်ယောက်ရှိနေပြီး ရှရှို့ရွှယ်ကတော့ အလယ်ဗဟိုမှာ ထိုင်နေပြီး သူမရဲ့ ဘေးတစ်ဖက်တစ်ချက်မှာတော့ ကြည့်ရုံနဲ့တင် သူဌေးသား သူဌေးသမီးမှန်း သိသာတဲ့ လူငယ်တွေ ရှိနေကြသည်။
"အစ်ကိုကူး" ကူးယွမ်ကို မြင်တာနဲ့ ရှရှို့ရွှယ်က ထရပ်ပြီး နှုတ်ဆက်ပါတယ်။ အဲဒီနောက် သူမက တခြားသူတွေကို မိတ်ဆက်ပေးလိုက်သည် "အားလုံးပဲ ဒါကကျွန်မရဲ့ သူငယ်ချင်း ကူးယွမ်ပါ။ ကျွန်မအဖေက စစ်ဆေးမှုအတွက် ထောက်ခံပေးထားတဲ့ နောက်ထပ် ကိုယ်စားလှယ်တစ်ယောက်ပေါ့"
ကူးယွမ်ကလည်း ယဉ်ကျေးစွာ နှုတ်ဆက်လိုက်သည်။ ရှရှို့ရွှယ်က တခြားသူတွေကို တစ်ယောက်ချင်း မိတ်ဆက်ပေးရာမှာ ရုံယွမ်နယ်မြေက လူကုံထံမိသားစုက လုမင်နဲ့ ကျန့်ချန်ရှင်း ပြီးတော့ မင်ချွမ်း နယ်မြေက မမလေးယဲ့တို့ ဖြစ်ကြသည်။
ကူးယွမ်ကတော့ လူမသိတဲ့ ထောင့်တစ်နေရာမှာ ထိုင်ပြီး လက်ဖက်ရည်သောက်ရင်း သူတို့စကားပြောတာကို ငြိမ်ပြီး နားထောင်နေလိုက်သည်။ အခု သူကျင့်ကြံထားတဲ့ ထိုက်ယွမ်ကျန့်ချီက ခန္ဓာကိုယ်ကို သန့်စင်ပေးနိုင်တာကြောင့် သာမန်အစားအသောက်တွေ စားတာက သူ့ကျင့်ကြံမှုကို မထိခိုက်စေပါဘူး။
သူ ထင်ထားတဲ့အတိုင်းပါပဲ ဒီလူတွေဟာ နယ်မြေအသီးသီးကနန်းတော် ခေါင်းဆောင်တွေ ထောက်ခံပေးလိုက်တဲ့ ပါရမီရှင်တွေပါ။ သူတို့ထဲက အများစုဟာ အရိုးသန့်စင်ခြင်း အဆင့်ကို ရောက်နေကြပြီး လုမင် အပါအဝင် နှစ်ယောက်ကတော့ အင်းနိတ်အဆင့် ပညာရှင်တွေ ဖြစ်နေကြပါပြီ။
"ဒီတစ်ခါ စီနီယာဟယ်လင်က တပည့်သစ်တွေ ခေါ်ယူတာမှာ နယ်မြေလေးခုက ပါရမီရှင် ရာနဲ့ချီ လာကြလိမ့်မယ် ပြိုင်ဆိုင်မှုက ပြင်းထန်မှာမို့ ငါတို့ အချင်းချင်း ကူညီကြရအောင်" လို့ လုမင်က ပြောလိုက်သည်။
တခြားသူတွေက ဝိုင်းပြီး ထောက်ခံကြပေမဲ့ ကူးယွမ်ကိုတော့ အထင်သေးတဲ့ အကြည့်တွေနဲ့ ခိုးကြည့်နေကြသည်။ ကူးယွမ်က သာမန်အရပ်သား နောက်ခံရှိတာကြောင့် သူတို့နဲ့ အဆင့်မတူဘူးလို့ ယူဆနေကြတာပါ။ ဒါပေမဲ့ ကူးယွမ်က ငယ်ငယ်ရွယ်ရွယ်နဲ့ အင်းနိတ်အဆင့်ကို ရောက်နေတယ်လို့ ရှရှို့ရွှယ်က ပြောပြထားတာကြောင့်သာ သူတို့က အတူထိုင်ခွင့် ပေးထားတာဖြစ်ပါတယ်။
စကားဝိုင်းထဲမှာ ဆေးဘုရင်တောင်ရဲ့ တပည့်ခေါ်ယူတဲ့ စံနှုန်းတွေကို ဆွေးနွေးကြသည်။ ပုံမှန်ဆိုရင် အသက် ၁၈ နှစ်အောက်နဲ့ ပါရမီ အလယ်အလတ်အဆင့် ရှိရမှာ ဖြစ်ပေမဲ့ ဒီတစ်ခါကတော့ စီနီယာဟယ်လင်က တိုက်ရိုက်ခေါ်တာမို့ စံနှုန်းတွေ ပြောင်းလဲနိုင်ပါတယ်။
"မင်းတို့ မသိသေးတဲ့ သတင်းတစ်ခု ရှိသေးတယ်" လို့ ယုကျန့်မောင်က အလေးအနက် ပြောလိုက်သည် "ဒီတစ်ခါစစ်ဆေးမှုမှာ လီမိသားစုဝင်တွေတောင် လာဖြေကြမယ်တဲ့"
"လီမိသားစု ဟုတ်လား" အေးဆေးတည်ငြိမ်နေတဲ့ လုမင်တောင် မျက်နှာပျက်သွားသည်။