အခန်း (၁၃) လက်စားချေခြင်း
သို့သော် မျှော်လင့်မထားသည်မှာ ကူးယွမ်သည် ထိတ်လန့်သွားခြင်းမရှိဘဲ လှောင်ပြုံးပြုံးကာ ဆိုသည်။ချန်သခင်လေးကို လက်စားချေမယ်ဟုတ်လား ကျွန်တော် မဝံ့ရဲပါဘူး။
"မကောင်းတာတွေ လုပ်နေတယ်ဆိုတာကရော ကျွန်တော်က တစ်နေကုန် တောင်ထဲမှာ ထင်းခုတ် အမဲလိုက်တာကလွဲရင် ဘာလုပ်နိုင်မှာလဲ"
"တကယ်တော့ ခင်ဗျားတို့ ခွေးသူတောင်းစားနှစ်ကောင်ကသာ ချန်အိမ်တော်ရဲ့ အရှိန်အဝါကို အလွဲသုံးစားလုပ်ပြီး အပြင်မှာ ရမ်းကားနေတာ။ ချန်အိမ်တော်ရဲ့ သိက္ခာကို ညှိုးနွမ်းအောင် လုပ်နေပြီးတော့ အခု ငါ့ကိုလာစွပ်စွဲနေတာပေါ့လေ တကယ်ကို တော်ကြတာပဲ"
"တကယ်လို့ ချန်အိမ်တော်ကသာ ခင်ဗျားတို့ အပြင်မှာ လုပ်ချင်ရာလုပ်နေတာကို သိသွားရင် အရင်ဆုံး အသတ်ခံရမှာက ငါမဟုတ်ဘဲ ခင်ဗျားတို့ ဖြစ်သွားမလား"
ခွေးသူတောင်းစားဟူသော အခေါ်အဝေါ်ကြောင့် နှစ်ယောက်လုံး ဒေါသဖြင့် မျက်နှာများ ပြာနှမ်းသွားသည်။
ဆွန်အာက ကူးယွမ်ကို ပညာပေးရန် ထရပ်လိုက်သော်လည်း ကူးယွမ်၏ စကားကို ကြားလိုက်ရသောအခါ ကြောက်လန့်တုန်ရင်သွားပြီး အရက်ရှိန်များပင် ပြယ်သွားတော့သည်။
တုန်းဂွီ၏ မျက်နှာမှာလည်း မကောင်းလှပေ။ သူက ကောင်လေးကို ခြိမ်းခြောက်ရန် ကြံစည်ခဲ့သော်လည်း ကောင်လေးက စကားတတ်လွန်းသဖြင့် သူတို့ပင် ပြန်လည် အကျပ်ရိုက်သွားသည်။
တကယ်လို့ အုပ်ချုပ်ရေးမှူးဝူသာ သူတို့ ချန်အိမ်တော်အမည်ကို သုံးပြီး ရမ်းကားနေတာ သိသွားလျှင် သူတို့ အသက်ရှင်ရန် လမ်းမရှိတော့ပေ။
"တော်စမ်း" တုန်းဂွီက စားပွဲကိုခေါက်ကာ ကူးယွမ်၏ စကားလမ်းကြောင်းထဲ မပါအောင် ကြိုးစားလိုက်သည်။
"ဟေ့ကောင်... မင်း ဒီကို ဘာလာလုပ်တာလဲ ပြောစမ်း"
"ဘာလာလုပ်တာလဲ ဟုတ်လား" ကူးယွမ်က သူ့ကို လူအတစ်ယောက်လို ကြည့်လိုက်သည်။
ခင်ဗျားတို့ ဒီနေ့ ငါ့အိမ်မှာ ဘာတွေလုပ်ခဲ့လဲဆိုတာ ခင်ဗျားတို့ အသိဆုံးပဲ ဟုတ်တာပေါ့ ငါ လက်စားလာချေတာလေ။
အခု ခင်ဗျားတို့နှစ်ယောက်လုံး ကိုယ့်လက်တစ်ဖက်စီကို ကိုယ်တိုင်ချိုးလိုက်ရင် ငါ လွှတ်ပေးမယ်။
"သေလိုက်စမ်း" တုန်းဂွီက ဒေါသတကြီးဖြင့် စားပွဲပေါ်ရှိ ထိုင်ခုံကို ကိုင်ကာ ရိုက်ရန် ပြင်လိုက်သည်။
သို့သော် သူ မလှုပ်ရှားနိုင်ခင်မှာပင် ကူးယွမ်၏ ကန်ချက်က သူ၏ ရင်ဘတ်တည့်တည့်သို့ ရောက်လာသည်။
ဗုန်း
တုန်းဂွီသည် နောက်သို့ လွင့်ထွက်သွားပြီး နံရံနှင့် ဆောင့်ကာ ခေါင်းကွဲသွားသည်။ ကူးယွမ်က ဆက်လက်ပြီး ပြေးဝင်လာသော ဆွန်အာ၏ မျက်နှာကို လက်သီးဖြင့် အားရပါးရ ထိုးနှက်လိုက်ရာ ဆွန်အာ၏ နှာခေါင်းရိုး ကျိုးသွားပြီး မေ့လဲသွားတော့သည်။
ကူးယွမ်က သွားဖြူဖြူလေးများ ပေါ်အောင် ပြုံးပြလိုက်သည်။ ခင်ဗျားတို့ သဘောမတူမှာကို ငါသိပြီးသားပါ ဒါကြောင့် ငါကိုယ်တိုင်ပဲ ကူညီပေးပါ့မယ်။
"ကူညီပေးမယ်" တုန်းဂွီသည် ကြောက်လန့်တကြားဖြင့် ခါးကြားမှ မြှောင်ဦးဓားကို ထုတ်ရန် ကြိုးစားသော်လည်း ကူးယွမ်က သိနှင့်ပြီးသား ဖြစ်သဖြင့် ပါးကို အားရပါးရ ရိုက်ချလိုက်သည်။
ဖြောင်း
"ဒီပါးရိုက်ချက်က ငါ့အဖေကို ရိုက်ခဲ့တဲ့အတွက် ပြန်ပေးတာ"
တုန်းဂွီက ဆွန်အာလုပ်တာပါဟု ဆင်ခြေပေးရန် ကြိုးစားသော်လည်း ကူးယွမ်က နောက်ထပ် ပါးတစ်ချက် ထပ်ရိုက်လိုက်ပြန်သည်။
ဒါကတော့ အတိုးပဲ ဘယ်သူလုပ်လုပ် ငါ့အတွက်တော့ အတူတူပဲ။
ထို့နောက် ကူးယွမ်သည် ကျိုးနေသော စားပွဲခြေထောက်တစ်ချောင်းကို ကောက်ကိုင်လိုက်သည်။
ငါ့မှာခင်ဗျားတို့နဲ့ ရန်ငြိုးမရှိဘဲ ခင်ဗျားတို့က ငါ့နောက်ကို တောက်လျှောက်လိုက်နေတယ်။ ငါ့အိမ်ကို လာမွှေနှောက်ပြီး ငါ့မိသားစုကို သေတွင်းထဲအထိ တွန်းပို့နေတာ။ ဒါ လူကောင်းတွေကို အနိုင်ကျင့်တာ မဟုတ်ဘူးလား။
ဒါကြောင့် ခင်ဗျားတို့ရဲ့ လက်တစ်ဖက်နဲ့ ခြေတစ်ဖက်ကို ငါချိုးလိုက်တာက များလွန်းတယ်လို့ မထင်ဘူးမလား။
"ဟင့်အင်း... မလုပ်ပါနဲ့... တောင်းပန်ပါတယ်" တုန်းဂွီက ထွက်ပြေးရန် ကြိုးစားသော်လည်း အားအင်ကုန်ခမ်းနေသဖြင့် မလှုပ်နိုင်တော့ပေ။
ဂျွတ်
အရိုးကျိုးသံနှင့်အတူ တုန်းဂွီ၏ ခြေထောက်မှာ ပုံပျက်ပန်းပျက် ဖြစ်သွားသည်။ တုန်းဂွီ၏ အော်သံမှာ ရွာတစ်ဝက်လောက်အထိ ကြားရလောက်အောင် ကျယ်လောင်လှသည်။ ကူးယွမ်သည် မရပ်တန့်ဘဲ တုန်းဂွီ၏ လက်မောင်းကိုပါ ထပ်မံ ချိုးလိုက်ပြန်သည်။
ထို့နောက် မေ့လဲနေသော ဆွန်အာကိုပါ အလားတူပင် လက်တစ်ဖက် ခြေတစ်ဖက် ချိုးလိုက်ရာ ဆွန်အာမှာ နာကျင်လွန်းသဖြင့် ပြန်လည်နိုးလာပြီး မြေပြင်ပေါ်တွင် လူးလိမ့်အော်ဟစ်နေတော့သည်။
"ခင်ဗျားတို့ ငါ့ကိုအသေအလဲ မုန်းနေမယ်ဆိုတာ ငါသိတယ်" ကူးယွမ်က သွေးစွန်းနေသော တုတ်ကို ပစ်ချလိုက်ပြီး အေးစက်စွာ ဆိုသည်။
ဒါပေမဲ့ ငါဂရုမစိုက်ဘူး ခင်ဗျားတို့ လက်စားချေဖို့ ကြိုးစားမယ်ဆိုရင် မဟုတ်ဘူး လက်စားချေချင်တဲ့ စိတ်ရှိနေတာကို ငါသိလိုက်တာနဲ့ နောက်တစ်ခါကျရင် ငါ တိုက်ရိုက်သတ်ပစ်မယ် မယုံရင် စမ်းကြည့်လို့ရတယ်။
ကူးယွမ်၏ တည်ငြိမ်ပြီး ရက်စက်သော အမူအရာကြောင့် တုန်းဂွီနှင့် ဆွန်အာတို့၏ ရင်ထဲတွင် ကြောက်စိတ်များ အမြစ်တွယ်သွားသည်။ ဤကောင်လေးမှာ တကယ်သတ်ရဲကြောင်း သူတို့ ကောင်းကောင်းကြီး သိသွားကြပြီ ဖြစ်သည်။
တုန်းဂွီသည် နောင်တကြီးစွာ ရနေသော်လည်း အချိန်နှောင်းသွားခဲ့ပြီ ဖြစ်သည်။ သူသည် အနိုင်ကျင့်ရန် လူမှားသွားခဲ့လေပြီ။