အခန်း (၁၂၇) "ထိုက်ယွမ်ကျန့်ရွှေကျင့်စဉ်"
ဒီလူဟာ တကယ့်ကို မောက်မာလှသည်။ သူဟာ ဝိညာဉ်ခန္ဓာတွေ တာအိုခန္ဓာကိုယ်တွေအကြောင်းကိုပဲ တဖွဖွပြောနေပြီး ကူးယွမ်ရဲ့ အခုလက်ရှိ ခန္ဓာကိုယ်ကိုတောင် အထင်မကြီးသလို လုပ်နေတာပါ။ ကူးယွမ်အနေနဲ့ ဒီလို လောကပြင်ပကလူလို ခန့်ညားတဲ့ အရှိန်အဝါမျိုးကို ချင်းဟုန်ရှို့ဆီမှာပဲ ခံစားဖူးတာပါ။
"ဒီတပည့်ဟောင်းက ရွှမ်ယွမ်ဒေါ့ရန်ပါ"
သူက ကူးယွမ်ရဲ့ သံသယတွေကို ရိပ်မိပုံရပြီး တိုက်ရိုက်ပဲ ပြောလိုက်သည် "ကောင်လေး စိတ်မပူပါနဲ့။ ငါက မင်းအပေါ် မကောင်းတဲ့ စိတ်မရှိဘူး မင်းအတွက် အကျိုးအမြတ်ကြီးတစ်ခုတောင် ပေးဦးမှာ"
"ဘယ်လို အကျိုးအမြတ်မျိုးလဲ စီနီယာ" ကူးယွမ်က သတိထားပြီး မေးလိုက်သည်။
"မင်းရဲ့ ကျင့်ကြံခြင်းနဲ့ ကိုက်ညီမယ့် တာအိုကျမ်းစာတစ်စောင်ပေါ့"
စီနီယာရွှမ်ယွမ်က ဆက်ရှင်းပြသည်။ သူဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက သေဆုံးသွားခဲ့တာဖြစ်ပြီး အခု မြင်နေရတာဟာ သူ့ရဲ့ ဝိညာဉ်အကြွင်းအကျန်သာ ဖြစ်ပြီး ခရမ်းပြာကျောက်စိမ်းဘူးသီး နှစ်ခုပေါင်းစည်းသွားမှသာ သူ နိုးထလာနိုင်တာပါ။ သူ့ရဲ့ ဂိုဏ်းမျိုးဆက် ပြတ်တောက်တော့မယ့် အခြေအနေမို့ ဆက်ခံမယ့် တပည့်တစ်ယောက်ကို ရှာနေတာပဲ ဖြစ်သည်။
ကူးယွမ် ဝမ်းသာသွားသည်။ သူ ဆေးဘုရင်တောင်ထဲ ဝင်ဖို့ ကြိုးစားနေတာကလည်း တာအိုကျမ်းစာတွေကို လေ့လာချင်လို့ မဟုတ်လား။ အခုတော့ ကျမ်းစာက အိမ်ပေါက်ဝအထိ လာပို့သလို ဖြစ်နေပါပြီ။
ရွှမ်ယွမ်ဒေါ့ရန်က ကူးယွမ်ရဲ့ နဖူးကို လက်ညှိုးနဲ့ အသာတို့လိုက်ရာ ရွှေရောင်အလင်းတန်းတစ်ခု ကူးယွမ်ရဲ့ အသိစိတ်ထဲ စီးဝင်သွားပါတယ်။ အဲဒီမှာ ငွေရောင် တိမ်တိုက်သဏ္ဌာန် စာလုံးတွေနဲ့ ရေးထိုးထားတဲ့ ကျမ်းစာတစ်စောင်ပေါ်လာခဲ့သည်။
"ထိုက်ယွမ်ကျန့်ရွှေကျင့်စဉ်"
ဒါဟာ မြေကမ္ဘာအဆင့်ရှိတဲ့ ထိပ်တန်း တာအိုကျမ်းစာဖြစ်ပြီး ရေဓာတ်ကို အခြေခံကာ ရွှေအမြုတေ အဆင့်အထိ ကျင့်ကြံနိုင်တဲ့ နည်းလမ်းကောင်းတစ်ခုပါ။
"ဒါဟာ ငါတို့ဂိုဏ်းရဲ့ အခြေခံ အကျဆုံး ကျမ်းစာပဲ မင်းရဲ့ပါရမီနဲ့ ကွက်တိပဲ မင်းသာ အဆင့်မြင့် ရွှေအမြုတေကို ဖော်စပ်နိုင်ရင် နောက်ထပ်အဆင့်တွေဖြစ်တဲ့ ဝိညာဉ်သဏ္ဌာန်နဂါးတံခါး နဲ့ မူလဝိညာဉ်အဆင့်တွေအတွက် ကျမ်းစာတွေကို ငါဆက်ပေးမယ်"
ရွှေအမြုတေအဆင့်မှာ အဆင့် ၉ ဆင့် ရှိပါသည်။
အောက်သုံးဆင့် (၇ ၈ ၉)က သာမန် ပညာရှင်တွေဖြစ်ပြီး သက်တမ်း ၄၀၀၅၀၀ ခန့်ပဲ ရှိတတ်သည်။
အလယ်သုံးဆင့် (၄ ၅ ၆)က ထူးခြားတဲ့ စွမ်းအားတွေ ရှိလာပြီး သက်တမ်း ၅၀၀၈၀၀ ခန့် ရှိသည်။ ၎င်းကို "ကျန့်ရန်"လို့ ခေါ်ဝေါ်ခံရပါတယ်။
အထက်သုံးဆင့် (၁ ၂ ၃)က ထိပ်တန်း ပါရမီရှင်တွေသာ ရောက်ရှိနိုင်ပြီး ထာဝရအသက်ရှင်ဖို့ အခွင့်အရေး ရှိနေသည်။
စီနီယာရွှမ်ယွမ်က ကူးယွမ်ကို အဆင့် (၁) ဒါမှမဟုတ် အဆင့် (၂) ရှိတဲ့ အမြုတေကို ရောက်မှသာ တပည့်အဖြစ် လက်ခံမယ်လို့ ကန့်သတ်ချက် ထားလိုက်တာပါ။ အဆင့် (၃) ရရင်တောင် တပည့်အဖြစ် လက်မခံဘဲ ကျမ်းစာတစ်စောင်ပေးပြီး လွှတ်လိုက်မှာဖြစ်သည်။
ဒီလို မြင့်မားတဲ့ သတ်မှတ်ချက်တွေကို ကြားလိုက်ရတဲ့အခါ ကူးယွမ်ဟာ ဒီစီနီယာရွှမ်ယွမ်က ဘယ်လောက်တောင် အစွမ်းထက်တဲ့သူလဲဆိုတာကို တွေးပြီး အံ့ဩနေသည်။