အခန်း (၁၂၆) ခရမ်းပြာကျောက်စိမ်းဘူးသီး
"ဒီကျောက်စိမ်းဘူးသီးက တကယ်တော့ ဘာလဲ"
ကူးယွမ် စိတ်ထဲမှာ သံသယတွေ ပြည့်နေသည်။ အရင်က ဒါကို ရရချင်းမှာ တာအိုအမှတ်၅၀၀ ကျော် ဖုံးလွှမ်းနေတာကြောင့် သာမန်ပစ္စည်းမဟုတ်ဘူးလို့ သူ ထင်ခဲ့ပေမဲ့ ရတနာရှာဖွေတဲ့ စွမ်းရည်နဲ့ စစ်ဆေးတုန်းက ဘာမှထူးခြားမနေခဲ့ပါဘူး။ ဒါပေမဲ့ အခု သူကိုယ်တိုင် အသွင်ပြောင်းလဲပြီး ပါရမီတွေ မြင့်တက်လာချိန်မှာတော့ ဒီဘူးသီးလေးက ထူးထူးခြားခြား တုံ့ပြန်လာတာပါ။
ကျောက်စိမ်းဘူးသီးလေးက လမ်းညွှန်ပြသတဲ့ ဘက်ကို ကူးယွမ် လိုက်သွားမိရာ သူ ရောက်သွားတဲ့နေရာကတော့ သူ့မိတ်ဆွေ စာဆိုတော် လင်ကျိုးရဲ့ အိမ်ရှေ့ပဲ ဖြစ်နေသည်။
အဲဒီမှာ လင်ကျိုးရဲ့ ချစ်သူ ဟူရှို့ညန်းနဲ့ တွေ့ဆုံပြီးနောက် သူမဆီမှာလည်း သူမအမေဆီက အမွေရထားတဲ့ ခရမ်းရောင်ကျောက်စိမ်းဘူးသီးလေး တစ်ခုရှိနေတာကို သိလိုက်ရသည်။ ကူးယွမ်က အကျိုးအကြောင်းပြောပြီး အဲဒီခရမ်းရောင်ဘူးသီးလေးကို ဝယ်ယူခဲ့လိုက်သည်။
အိမ်ပြန်ရောက်တဲ့အခါ အစိမ်းရောင်ဘူးသီးနဲ့ ခရမ်းရောင်ဘူးသီး နှစ်ခုလုံးကို ထုတ်လိုက်တဲ့အခါမှာတော့ ထူးဆန်းတဲ့ အဖြစ်အပျက်တစ်ခု ဖြစ်ပွားလေသည်။ ဘူးသီးနှစ်ခုဟာ သံလိုက်လို ဆွဲငင်သွားပြီး တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားတော့သည်။ အဲဒီနောက်မှာတော့ ခရမ်းပြာရောင် အလင်းတန်းတွေ ထွက်ပေါ်လာပြီး လက်ဝါးခန့်သာရှိတဲ့ ဘူးသီးတစ်လုံး ဖြစ်သွားသည်။
"ဟင်"
ဘူးသီးထဲကနေ အံ့ဩတုန်လှုပ်နေတဲ့ အသံတစ်သံ ထွက်ပေါ်လာပြီးနောက် မီးခိုးငွေ့တွေ ထွက်လာကာ လူရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။ သူကတော့ ခရမ်းရွှေရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး ခါးမှာ ဝါဂွမ်းရောင် ဘူးသီးတစ်လုံး ချိတ်ထားတဲ့ ဗိုက်ရွှဲရွှဲနဲ့လူတစ်ဦးပါ။
သူက ကူးယွမ်ကို သေချာစိုက်ကြည့်ပြီး ပြောလိုက်ပါတယ် "ကောင်လေး... မင်းရဲ့ ခန္ဓာကိုယ်က တော်တော်ထူးဆန်းတာပဲ"
"ရေဝိညာဉ်ခန္ဓာနဲ့ ၇၀ ရာခိုင်နှုန်းလောက် ဆင်ပေမဲ့ အဲဒါထက် ပိုတောင် အစွမ်းထက်နေသေးတယ်။ ငါ တစ်ခါမှ မမြင်ဖူးတဲ့ ရေဓာတ်ဝိညာဉ်ခန္ဓာပဲ ဒါတင်မကဘူး... မင်းမှာ ဓားနှလုံးသားပါရမီလည်း ပါသေးတာပဲ တော်တော်ရှားပါးတဲ့ အခွင့်အရေးပဲ"
အဲဒီလူက ကူးယွမ်ကို ပတ်ပတ်လည်လျှောက်ကြည့်ပြီး တစ်ကိုယ်လုံးကို ထိုးဖောက်မြင်နေသလို စိုက်ကြည့်နေတာကြောင့် ကူးယွမ် ကျောထဲ စိမ့်သွားသည်။ ဒီလူဟာ ကူးယွမ်ရဲ့ လျှို့ဝှက်ချက်တွေကို တစ်ချက်ကြည့်ရုံနဲ့ သိနေတာကြောင့် သူ့ရဲ့ နောက်ခံဟာ မသေးဘူးဆိုတာ သေချာလေသည်။
ကူးယွမ်က ရိုရိုသေသေပဲ နှုတ်ဆက်လိုက်သည် "ကျွန်တော့်နာမည်က ကူးယွမ်ပါ စီနီယာရဲ့ ဘွဲ့နာမကို သိခွင့်ရှိမလား"
ကျောက်စိမ်းဘူးသီး နှစ်ခုပေါင်းစည်းရာကနေ ပေါ်လာတဲ့ ဒီလျှို့ဝှက်ဆန်းပြားတဲ့လူဟာ ဘယ်သူဖြစ်မလဲဆိုတာ ကူးယွမ် စိတ်ဝင်တစား စောင့်ကြည့်နေတော့သည်။