အခန်း (၁၂၄) ဝိညာဉ်လိပ်ချောက်နက်ထဲငုပ်လျှိုးခြင်းပါရမီများ
[သင်သည် နက်မှောင်သံချပ်ကာဝိညာဉ်လိပ်၏ ပါရမီ "ဝိညာဉ်လိပ် ချောက်နက်ထဲ ငုပ်လျှိုးခြင်း" ကို ရရှိသည်]
...
"ဝိညာဉ်လိပ်က ချောက်နက်ထဲမှာ ပုန်းအောင်းတာလား"
ကူးယွမ်ဟာ သူဖတ်ဖူးတဲ့ မှတ်တမ်းအချို့ကို ပြန်စဉ်းစားမိလိုက်သည်။ ဝိညာဉ်လိပ်မျိုးနွယ်တွေဟာ တိုက်ခိုက်ရေးမှာ နဂါးတွေ ကျားသစ်တွေလောက် မထက်မြက်ပေမဲ့ သူတို့ရဲ့ သက်တမ်းကတော့ လူသားတွေထက် အဆပေါင်း ရာနဲ့ချီ ရှည်လျားပြီး သူတို့ဟာ နက်ရှိုင်းတဲ့ ပင်လယ်ချောက်ကြီးတွေထဲမှာ နှစ်ပေါင်းထောင်ချီ ငြိမ်သက်စွာ အိပ်စက်ရင်း ကောင်းကင်နဲ့ မြေကြီးရဲ့ သဘောတရားကို နားလည်နိုင်စွမ်း ရှိကြသည်။ သူတို့အတွက်တော့ ကျင့်ကြံခြင်းဆိုတာ အိပ်ပျော်နေရင်းနဲ့တင် အဆင့်တက်နိုင်တဲ့ အရာမျိုးပါ။
ကူးယွမ်ဟာ ဒီပါရမီကို ရရှိလိုက်တာနဲ့ သူ့ခန္ဓာကိုယ်ထဲမှာ ထူးဆန်းတဲ့ ပြောင်းလဲမှုတွေ စတင်လာတာကို ခံစားလိုက်ရစာ်။ သူ့ရဲ့ အရေပြား၊ ကြွက်သား၊ အရိုးအဆစ်တွေနဲ့ အတွင်းအင်္ဂါတွေအားလုံးဟာ တစ်ပြိုင်နက်တည်း ပြန်လည်ညှိနှိုင်းပြီး သွန်းလောင်းခြင်း ခံနေရသလိုပါပဲ။
အရင်က သူရထားတဲ့ ပါရမီတွေဖြစ်တဲ့ ကြွက်နှာခေါင်း၊ သံမဏိသွား၊ အဆိပ်မတိုးခြင်း၊ မြွေရစ်ပတ်ခြင်း နဲ့ လိပ်အသက်ရှူခြင်းစတာတွေဟာ သီးခြားစီ ဖြစ်နေခဲ့တာပါ။ ဒါပေမဲ့ အခု ဒီ "ဝိညာဉ်လိပ်ချောက်နက်ထဲငုပ်လျှိုးခြင်း" ပါရမီကြောင့် အဲဒီစွမ်းရည်တွေအားလုံးဟာ တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားတော့သည်။
ဒါတင်မကသေးပါဘူး သူကျင့်ကြံခဲ့တဲ့ ဝိညာဉ်မြွေဓားသိုင်း၊ မိုးမခဓားသိုင်း၊ ရွှေမြွေစွမ်းအင် နဲ့ လိပ်နက်သံချပ်ကာကျင့်စဉ် စတဲ့ ပညာရပ်တွေရဲ့ အကြွင်းအကျန် အာရုံတွေအားလုံးဟာလည်း သူ့ခန္ဓာကိုယ်ထဲမှာ အချိုးကျ ပေါင်းစပ်သွားခဲ့သည်။
အဲဒီနောက် ကူးယွမ်ရဲ့ စိတ်အာရုံဟာ ပင်လယ်နက်ကြီးထဲမှာ ကျောက်ဆောင်တစ်ခုပေါ် ငြိမ်သက်စွာ လဲလျောင်းနေတဲ့ တောင်တစ်တောင်စာ ကြီးမားတဲ့ လိပ်ကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားသလို ခံစားလိုက်ရသည်။ ပတ်ဝန်းကျင်က ရေဖိအားတွေ ဘယ်လောက်ကြီးပါစေ သူကတော့ အလွန်ပဲ သဘာဝကျကျနဲ့ သက်သောင့်သက်သာ ရှိနေလေသည်။
"ရေ" ဆိုတာ ဘာလဲ ရေဟာ အရာအားလုံးကို အဟာရပေးတယ် ပုံသဏ္ဌာန်အမျိုးမျိုး ပြောင်းလဲနိုင်တယ် အေးခဲရင် မာကျောသလို အငွေ့ပျံရင်လည်း ဖမ်းဆုပ်လို့မရနိုင်ဘူး။
ကူးယွမ်ဟာ ရေဓာတ်ရဲ့ သဘောတရားကို အနက်ရှိုင်းဆုံး နားလည်သွားချိန်မှာတော့ သူ့ရဲ့ အသိစိတ်က လက်တွေ့လောကထဲကို ပြန်ရောက်လာခဲ့သည်။
သူ နိုးလာတာနဲ့ တစ်ခုခု ထူးခြားနေတာကို ချက်ချင်းသတိထားမိလိုက်သည်။ သူက လက်ညှိုးနဲ့ အသာလေး ညွှန်ပြလိုက်ရုံတင် ရှိသေး။
ရှုး... ဗွမ်း
ထက်မြက်တဲ့ လေဟုန်စီးအားတစ်ခုက လေထုကို ဖောက်ထွက်သွားပြီး ပေ ၃၀ လောက်ဝေးတဲ့ ကျောက်နံရံကို အပေါက်ကြီးဖြစ်အောင် ဖောက်ထွက်သွားတော့သည်။ အရင်ကဆိုရင် ဒါဟာ သူ့ရဲ့ အတွင်းအားအားလုံးကို အစွမ်းကုန် သုံးမှ ဖြစ်နိုင်မယ့် အရာပါ။
အခုတော့ သူ့ရဲ့ အတွင်းအားတွေက ပိုပြီးသန့်စင်လာသလို ခန္ဓာကိုယ်ကလည်း ပြီးပြည့်စုံတဲ့ အခြေအနေကို ရောက်သွားပါပြီ။ သူ့ရဲ့ အရိုးတွေက ကျောက်စိမ်းလိုဖြူစင်လာပြီး ကြွက်သားတွေက သံမဏိကြိုးတွေလို ကျစ်လျစ်လာပါတယ်။ အရေပြားကလည်း နုနယ်ချောမွေ့နေပေမဲ့ အရင်ကထက် အဆပေါင်းများစွာ ပိုပြီး ခံနိုင်ရည်ရှိလာသည်။
အရင်က ရခဲ့တဲ့ ပါရမီတွေအားလုံးဟာ ပျောက်ကွယ်မသွားဘဲ ကူးယွမ်ရဲ့ ခန္ဓာကိုယ်ထဲမှာ သဘာဝအတိုင်း ပေါင်းစည်းပြီး ပိုမိုအစွမ်းထက်တဲ့ "ပြီးပြည့်စုံသော ခန္ဓာကိုယ်" အဖြစ် ပြောင်းလဲသွားတော့သည်။