အခန်း (၁၂၃) နက်မှောင်သံချပ်ကာဝိညာဉ်လိပ်
"အတာ... လာ ဒါလေးစားလိုက်"
ကူးယွမ်ဟာ တန်ဖိုးကြီးလှတဲ့ ဝတ်ရုံနီမှိုနီကို ဘာမှမစဉ်းစားဘဲ ပစ်ပေးလိုက်ရာ အတာက တစ်လုပ်တည်း ဖမ်းဟပ်လိုက်သည်။ အတာက ကူးယွမ်ကို ကျေးဇူးတင်တဲ့အကြည့်နဲ့ တစ်ချက်ကြည့်ပြီးနောက် အသာအယာဝါးပြီး မြိုချလိုက်သည်။ အဲဒီနောက် သူ့ခေါင်းကို အခွံထဲကျုံ့ဝင်လိုက်ပြီး ဆေးစွမ်းအားတွေကို စတင်စုပ်ယူပါတော့သည်။
နာရီဝက်လောက်ကြာတဲ့အခါ အတာရဲ့ ကိုယ်ပေါ်မှာ အမည်းရောင်အလင်းတန်းတွေ ထွက်ပေါ်လာပြီး ခန္ဓာကိုယ်တစ်ခုလုံး သိသိသာသာ ပြောင်းလဲလာသည်။ အရိုးတွေ ပွတ်တိုက်သံတွေ တဂျောက်ဂျောက် ထွက်ပေါ်လာပြီး သူ့ရဲ့ သံချပ်ကာအခွံက ပိုထူလာသလို အသားအရောင်ကလည်း ပိုနက်လာခဲ့သည်။ သူ့ကျောပေါ်က ထူးဆန်းတဲ့ အဆင်အယင်တွေကလည်း ပိုပြီး နက်နဲလာရာ ကြည့်လိုက်ရုံနဲ့တင် ခေါင်းမူးနောက်သွားစေနိုင်သည်။
အပြောင်းအလဲတွေ ပြီးဆုံးသွားတဲ့အခါ ကူးယွမ်ဟာ သူ့ရှေ့က လိပ်ကြီးကို ကြည့်ပြီး မှင်သက်သွားသည်။ အခု အတာဟာ အိမ်တစ်လုံးစာနီးပါး ကြီးမားသွားပြီး ဆင်ကြီးတစ်ကောင်ထက်တောင် ပိုကြီးနေပါပြီ။ သူ့ခေါင်းပေါ်မှာ လှံစွပ်တစ်ခုလို စူးရှတဲ့ အရိုးချိုလေးတစ်ခု ပေါက်လာပြီး ပိုပြီး ကြောက်စရာကောင်းတဲ့ ပုံစံဖြစ်လာခဲ့သည်။
[နက်မှောင်သံချပ်ကာလိပ် (အပြာရောင်အဆင့်)]
[မိတ်ဆက်: နတ်ဘုရားလိပ်သွေးပါဝင်ပြီး အသက်ရှည်ကာ ရှင်သန်မှုအား ကောင်းသည်။ အခွံမှာ သံနက်ကဲ့သို့ မာကျောပြီး ခံစစ်အလွန်ကောင်းသည်။ ဉာဏ်ပညာ မြင့်မားသည်။]
[ဆင့်ကဲပြောင်းလဲမှု: နက်မှောင်သံချပ်ကာဝိညာဉ်လိပ်ဖြစ်ရန် တာအိုအမှတ် ၁၂၀၀ ကုန်ကျမည်။]
" ဒီလောက်တောင် ကွာခြားတာလား" ကူးယွမ် အံ့ဩသွားပါတယ်။ အဟွမ် (ကြွက်) နဲ့ ပါးစပ်ကြီး (မြွေ) တို့ အမြင့်ဆုံးအဆင့်ကို ရောက်တုန်းက ဒီလောက်အထိ ကြီးမားမလာခဲ့ပါဘူး။ ဒါဟာ အတာမှာပါတဲ့ နတ်ဘုရားလိပ် သွေးမျိုးဆက်ကြောင့် ဖြစ်နိုင်သည်။
ကူးယွမ်ဟာ တုံ့ဆိုင်းမနေဘဲ စနစ်ကို အမိန့်ပေးလိုက်ပါတယ် "ဆင့်ကဲပြောင်းလဲမှုကို အတည်ပြုတယ်"
ချက်ချင်းဆိုသလို တာအိုအမှတ် ၁၂၀၀ နုတ်ယူသွားပြီး အတာရဲ့ ခန္ဓာကိုယ်ကြီးတစ်ခုလုံး ဖြူစင်တဲ့ အလင်းတန်းတွေနဲ့ ဖုံးလွှမ်းသွားပြီ အလင်းတန်းဟာ အတာရဲ့ သွေးမျိုးဆက်ကန့်သတ်ချက်ကို ချိုးဖျက်ပေးပြီး ထူးခြားတဲ့ အသွင်ပြောင်းမှုကို ဖြစ်ပေါ်စေခဲ့သည်။
နောက်ထပ် တစ်နာရီကျော်ကြာတဲ့အခါ အသွင်ပြောင်းမှု ပြီးဆုံးသွားပြီး အတာဟာ အရင်ကထက် ပိုကြီးလာပြီး ခြံဝင်းတစ်ခုလုံးရဲ့ တစ်ဝက်နီးပါး နေရာယူထားလိုက်သည်။ သူ့ရဲ့ အရှိန်အဝါကလည်း ပိုပြီး ခန့်ညားနက်နဲလာပြီး အခွံဟာ အရင်လိုမီးခိုးရောင် မဟုတ်တော့ဘဲ နက်မှောင်တဲ့ ကျောက်စိမ်းလို ပြောင်လက်နေသည်။
[ဆင့်ကဲပြောင်းလဲမှု အောင်မြင်သည် ဝိညာဉ်သားရဲ နက်မှောင်သံချပ်ကာ ဝိညာဉ်လိပ်ကို ရရှိသည်]
[နက်မှောင်သံချပ်ကာ ဝိညာဉ်လိပ် (အနီရောင်အဆင့်)]
[မိတ်ဆက်: နတ်ဘုရားလိပ် သွေးမျိုးဆက် ပါဝင်သည်။ အခွံမာကျောပြီး ခံစစ်အလွန်မြင့်မားသလို ဉာဏ်ပညာလည်း အလွန်ကြီးမားသည်။]
အထူးစွမ်းရည်: နတ်ဘုရားလိပ်မျိုးနွယ်ရဲ့ မွေးရာပါပါရမီ "ဝိညာဉ်လိပ် ချောက်နက်ထဲ ငုပ်လျှိုးခြင်း" ကို နိုးထစေသည်။ ဤပါရမီသည် ရေဓာတ်နှင့် ကိုက်ညီပြီး နှစ်ပေါင်းထောင်ချီ ငြိမ်သက်စွာ ကျင့်ကြံရင်း ကောင်းကင်နှင့် မြေကြီး၏ သဘောတရားကို နားလည်နိုင်စွမ်း ရှိစေသည်။
ဆင့်ကဲပြောင်းလဲမှု: "နက်နဲသော နဂါးလိပ်" ဖြစ်ရန် တာအိုအမှတ် ၁၂,၀၀၀ ကုန်ကျမည်။
အဆင့်: ကြီးထွားဆဲအဆင့် (၁%)
ကူးယွမ်ဟာ အတာရဲ့ အစွမ်းသတ္တိအသစ်ကို ကြည့်ပြီး အလွန်ကျေနပ်သွားသည်။