အခန်း (၁၂၂) ရေခဲပိုးအလောင်း
ကူးယွမ်က ရိုးရိုးသားသားပဲ ပြန်ဖြေလိုက်သည် "ကိုးဦးမြောက်အကြီးအကဲကို တင်ပြပါတယ် ကျွန်တော်က ယွီတိန်က ဆေးမြစ်ရှာဖွေသူ ကူးယွမ်ဖြစ်ပါတယ်"
ဘေးမှာရပ်နေတဲ့ ရှမုန့်ယန်ကလည်း အချိန်ကိုက်ပဲ ဝင်ပြောပေးလိုက်သည် "အကြီးအကဲ... ကူးယွမ်က တပည့် အကြံပြုလိုတဲ့ ပါရမီရှင် နှစ်ယောက်ထဲက တစ်ယောက်ပါပဲ"
"အင်း..." ဟယ်လင်ကျန့်ရန်က ခေါင်းတစ်ချက် ငြိမ့်ပြပြီး အေးစက်စက်ပဲ ပြောလိုက်သည် "ငါ စိန့်ယန်၊ ရုံယွမ်၊ ချင်းယွမ်နဲ့ မင်ချွမ်း စတဲ့ နယ်လေးခုမှာရှိတဲ့ ယွီတိန်ဂိုဏ်းခွဲ ခေါင်းဆောင်တွေကို အကြောင်းကြားထားပြီးပြီ။ သူတို့ အကြံပြုမယ့် ပါရမီရှင်တွေ ရောက်လာရင် မင်းလည်း သူတို့နဲ့အတူ စစ်ဆေးမှုခံယူရမယ်"
"ဟုတ်ကဲ့... တပည့် နာခံပါ့မယ်" ကူးယွမ်က ရိုသေစွာ ဦးညွှတ်လိုက်သည်။
အဲဒီနောက် ဟယ်လင်ကျန့်ရန်ဟာ သူ့ရဲ့ ကြိုးကြာဖြူကြီးပေါ် တက်စီးပြီး ကောင်းကင်ယံထဲကို တစ်ခဏချင်း ပျောက်ကွယ်သွားသည်။ ကူးယွမ်ကတော့ အဲဒီမြင်ကွင်းကို ကြည့်ပြီး "ငါလည်း တစ်နေ့ကျရင် ဒီလိုပဲ ကောင်းကင်ယံမှာ လွတ်လွတ်လပ်လပ် ပျံသန်းနိုင်ပါ့မလား" လို့ အားကျစိတ်နဲ့ တွေးနေမိသည်။
ရှမုန့်ယန်နဲ့ စကားအနည်းငယ် ပြောပြီးနောက် ကူးယွမ်ဟာ သူ့ရဲ့ နေအိမ်ကို ပြန်လာခဲ့လိုက်သည်။ လမ်းမှာတော့ ဝေချွမ်းရဲ့ အလောင်းပုံကြီးနား ရောက်တဲ့အခါ သူ ခဏ ရပ်လိုက်သည်။
ရှုး...
ကူးယွမ်က ဓားကို ဆွဲထုတ်ပြီး အလောင်းပုံထဲကနေ ဖန်သားလို ကြည်လင်နေတဲ့ ပိုးကောင်လေးတစ်ကောင်ကို ထိုးထုတ်လိုက်ပါတယ်။ ဒါဟာ ဝေချွမ်းရဲ့ အသက်သွေးကြော ဝိညာဉ်ပိုး "ရေခဲပိုးကောင်" ပါပဲ အလောင်းဖြစ်နေပေမဲ့ အေးစက်စက် အရှိန်အဝါတွေ ထွက်နေတုန်းပါ။ ကူးယွမ်က ဒါကို အဝတ်စနဲ့ ထုပ်ပြီး အိမ်ကိုယူလာခဲ့လိုက်သည်။
အိမ်ရောက်တာနဲ့ သူ့ရဲ့ ဝိညာဉ်လိပ်ပြာလေးရှောင်ချင်းက အရမ်း စိတ်လှုပ်ရှားပြီး ပျံထွက်လာသည်။ ကူးယွမ်က တားဖို့ ကြိုးစားပေမဲ့ ရှောင်ချင်းကတော့ အဲဒီရေခဲပိုးအလောင်းကို တစ်လုပ်တည်း မြိုချလိုက်သည်။
"အင်းလေ... မင်းက ချင်းယင်းဓားလိပ်ပြာပဲဟာ အဆိပ်ရှိလည်း မင်းအတွက်တော့ အဟာရပဲပေါ့" လို့ ကူးယွမ်က ရယ်ပြီး ပြောလိုက်သည်။ ရှောင်ချင်းကတော့ ပိုးကောင်ကို စားပြီးတာနဲ့ သေတ္တာထဲဝင်ပြီး အိပ်ပျော်သွားပါတော့သည်။
နောက်ရက်တွေမှာတော့ ကူးယွမ်ဟာ အလုပ်နှစ်ခုပဲလုပ်လိုက်သည်။ တစ်ခုက ကိုယ့်ကိုယ်ကိုယ် ကျင့်ကြံပြီး အရိုးသန့်စင်တာဖြစ်ပြီး နောက်တစ်ခုကတော့ သူ့ရဲ့ ဝိညာဉ်လိပ်ကြီး အတာကို အဟာရရှိတာတွေ ကျွေးတာပါ။ အတာသာ အဆင့်တက်သွားရင် ကူးယွမ်လည်း ပါရမီသစ်တွေ ရဦးမှာပါ။
အဲဒီနေ့မှာပဲ သူ့ရဲ့ ပထမဆုံး ဝိညာဉ်သားရဲလေး အဟွမ် (ကြွက်ကလေး) က တံတိုင်းပေါ်ကနေ ခုန်ဆင်းလာပြီး သူ့ပါးစပ်မှာ ကြိုးတစ်ချောင်းကို ကိုက်ထားပြီး သစ်သားသေတ္တာလေး တစ်လုံးကို ဆွဲလာတာပါ။
သေတ္တာထဲမှာတော့ လက်ဝါးခန့်ရှိတဲ့ နီရဲနေတဲ့ "ဝတ်ရုံနီ မှိုနီ" တစ်ပွင့် ရှိနေပါတယ် ဒါဟာ အဆင့် (၈) ရှိတဲ့ ဝိညာဉ်ဆေးဖက်ဝင် အပင်တစ်မျိုးပါ။
"အဟွမ်... မင်း တကယ်တော်တာပဲ" ကူးယွမ်က ချီးကျူးလိုက်ပြီး အဟွမ် အကြိုက်ဆုံးဖြစ်တဲ့ ယန်မုန့်ဆေးလုံးတစ်လုံးကို ဆုအဖြစ် ကျွေးလိုက်သည်။
အဟွမ်ကို လွှတ်လိုက်ပြီးနောက် ကူးယွမ်ဟာ အဲဒီမှိုနီကြီးကို ယူပြီး ရေကန်နားကို သွားလိုက်သည်။
ဗွမ်း
ရေကန်ထဲကနေ ကြီးမားပြီး မီးခိုးရောင်သန်းနေတဲ့ ခေါင်းကြီးတစ်လုံး ပေါ်ထွက်ခဲ့သည်။