အခန်း (၁၁၇) သတ်လိုက်တာထက် ပိုနာကျင်ရတယ်
"နဂါးနီအဆောင်"
ကောင်းကင်ပေါ်က နီရဲတဲ့ နဂါးပုံသဏ္ဌာန် ဝိညာဉ်အလင်းတန်းကို မြင်လိုက်ရတဲ့အခါ ဝေချွမ်းရဲ့ မျက်လုံးတွေ ပြူးကျသွားပြီး တုန်ရီနေတဲ့ အသံနဲ့ ရေရွတ်လိုက်သည်။ သူဟာ ဒီအလင်းတန်းရဲ့ အရင်းအမြစ်ကို မှတ်မိသွားတာပါ။
သူ့ရဲ့မျက်လုံးတွေက ဒေါသနဲ့ မနာလိုမှုကြောင့် နီရဲလာပြီး သွားကြိတ်ကာ ပြောလိုက်သည် "ရှမုန့်ယန်... ဒီကောင်က တကယ်ပဲ နဂါးနီအဆောင်ကို ရသွားတာလား"
ဘာလို့ ရှမုန့်ယန်တစ်ယောက် သူ့လူတွေ အသတ်ခံနေရတာတောင် ထွက်မလာခဲ့တာလဲဆိုတာ အခုမှ ရှင်းသွားပါပြီ။ ရှမုန့်ယန်ဟာ အထဲမှာ ဒီအဆောင်ကို အပိုင်ရအောင် စွမ်းအားနဲ့ ပေါင်းစည်းနေတာကြောင့် ထွက်လာလို့ မရခဲ့တာပါ။
နဂါးနီအဆောင်ဟာ မကြာခင် ပေါ်လာတော့မယ့် နဂါးနီနတ်နန်းတော် ထဲကို ဝင်ရောက်နိုင်မယ့် တစ်ခုတည်းသော သော့ချက်ဖြစ်ပါတယ်။ ဒီအဆောင်မရှိရင် နတ်နန်းတော်ထဲက ရတနာတွေကို ဘယ်လိုမှ မရနိုင်ပါဘူး။ ပိုဆိုးတာက ဒီအဆောင်ကို ပိုင်ဆိုင်ဖို့ဆိုရင် အင်းနိတ်အဆင့်နဲ့ မလောက်ဘဲ ကောင်းကင်ဘုံအဆင့်ရှိမှသာ ပေါင်းစည်းနိုင်တာပါ။
ဒါဟာ ရှမုန့်ယန် တစ်ယောက် ကောင်းကင်ဘုံအဆင့်ကိုပါ သူ့ထက်အရင် ရောက်သွားပြီဆိုတာကို သက်သေပြနေတာမို့ ဝေချွမ်းအတွက်တော့ သတ်လိုက်တာထက် ပိုနာကျင်ရတဲ့ အဖြစ်အပျက်ပါပဲ။
အခြေအနေက ရုတ်တရက် ပိုပြီး တင်းမာလာခဲ့သည်။ အနားက အိမ်ခေါင်မိုးပေါ်မှာ လူတစ်ယောက် ပေါ်လာပြန်သည်။ သူကတော့ အရင်က လမ်းပေါ်မှာ ကူးယွမ် တွေ့ခဲ့ဖူးတဲ့ မျောက်ထိန်းအဘိုးကြီး မုန့်ဟုန်ပါပဲ။ သူ့ဘေးမှာတော့ ၃ မီတာလောက် မြင့်တဲ့ နှင်းဖြူရောင် မျောက်ကြီးတစ်ကောင် ပါလာပါတယ်။ အဘိုးကြီးရော မျောက်ကြီးပါ ကောင်းကင်ဘုံအဆင့်တွေပါ။
"ရှမိတ်ဆွေ... မင်းရဲ့ နဂါးနီအဆောင်ကို ငါ့ကို ပေးပါလား။ ငါတန်ဖိုးကြီးရတနာတစ်ခုနဲ့ လဲပေးပါ့မယ်" လို့ မုန့်ဟုန်က ပြုံးပြုံးလေး ပြောပေမဲ့ သူ့ရဲ့ အရှိန်အဝါကတော့ ဖိအားအပြည့်ပါပဲ။
တစ်ဖက်လမ်းမှာလည်း အရမ်းလှပပြီး ဆွဲဆောင်မှုရှိတဲ့ အမျိုးသမီးတစ်ယောက် ပေါ်လာခဲ့ပြန်သည်။ သူမနာမည်က စုရှောင်ယွဲ့ပါ ။ ကူးယွမ်ကတော့ သူမကို မြင်မြင်ချင်း "မြေခွေးဝိညာဉ်" လို့ စိတ်ထဲက ထင်လိုက်သည်။ ဘာလို့လဲဆိုတော့ သူမဆီကနေ လူသားအနံ့အပြင် မိစ္ဆာအရှိန်အဝါတွေပါ ရနေလို့ပါ။ သူမဟာလည်း ကောင်းကင်ဘုံအဆင့် ကျင့်ကြံသူတစ်ယောက်ပါပဲ။
အခြေအနေက မကောင်းတော့ပါဘူး။ နောက်ထပ် လူတစ်ယောက် ထပ်ပေါ်လာပြန်သည်။ သူကတော့ အသက်ကြီးပြီး ခါးကုန်းကုန်းနဲ့ လူအိုကြီးတစ်ယောက်ပါ။ သူ့ကို ကြည့်ရတာ ခုနက ကူးယွမ်သတ်လိုက်တဲ့ ဂိုဏ်းချုပ်ဝူရွှင် နဲ့ တော်တော်တူနေသည်။
"ရှမုန့်ယန်... မင်း အသက်ရှင်ချင်ရင် အဆောင်ကို ပေးရမယ် ပြီးတော့... ငါ့သားကို သတ်လိုက်တဲ့ ဒီကောင်လေးကိုလည်း ငါ့လက်ထဲ အပ်ရမယ် မဟုတ်ရင် ယွီတိန်ဂိုဏ်းကို ငါမြေလှန်ပစ်မယ်" အဘိုးကြီးက ကူးယွမ်ကို ကြည့်ပြီး ရက်စက်စွာ ပြောလိုက်သည်။
အဲဒီအခါ ကူးယွမ်က သူ့ရဲ့ဓားကို အေးအေးဆေးဆေးပဲ လှည့်လိုက်ပြီး လှောင်ပြောင်လိုက်သည်။
"အိုကြီးအိုမကလည်း စကားကြီးစကားကျယ်နဲ့ မင်းသားက သေထိုက်လို့ သေတာပဲ။ လက်စားချေချင်ရင်လည်း မြန်မြန်လုပ်ပါ အပိုတွေ ပြောမနေနဲ့ ပြီးတော့... သားတစ်ယောက် ဆုံးရှုံးတာ ဘာဖြစ်လဲ ကောင်းကင်ဘုံအဆင့် ကျင့်ကြံသူက အသက် ၃၀၀ တောင် ရှည်တာပဲ။ နောက်ထပ် အများကြီး ပြန်မွေးလို့ ရတာကို... မဟုတ်ဘူးလား"
ကူးယွမ်ရဲ့ ပြတ်သားတဲ့ စကားတွေကြောင့် တစ်ဖက်က အဘိုးကြီး ဒေါသအိုး ပေါက်ကွဲတော့မယ့် အခြေအနေကို ရောက်သွားလေသည်။