အခန်း (၁၀၆) သေခြင်းနဲ့ ရှင်ခြင်းကြားက ကြောက်မက်ဖွယ်ရာနဲ့အခွင့်အရေးကြီး
ဝိညာဉ်ငိုကြွေးကလေးစကားပြောပြီးတာနဲ့ မြူနှင်းတွေထဲက ဝိညာဉ်တွေဟာ ပိုပြီး သောင်းကျန်းလာလေသည် လူအတော်များများ မြူထဲဆွဲခေါ်ခံရပြီး အော်ဟစ်သေဆုံးကုန်ကြသလို တချို့လည်း ဝိညာဉ်ခြောက်လှန့်ခံရလို့ ရုပ်အလောင်းလို အေးစက်တောင့်တင်းပြီး လဲကျကုန်ကြသည်။
ဒါပေမဲ့ ကူးယွမ်ရဲ့ မျက်လုံးတွေကတော့ အရောင်တောက်သွားပြီး သူက ဆောင်းဦးရေစင်ဓား ကို လျှပ်စီးလို ပစ်လွှတ်လိုက်ရာ ဓားသွားက အနားမှာရှိတဲ့ လူတစ်ယောက်ရဲ့ "အရိပ်" ထဲကို တန်းတန်းမတ်မတ် ထိုးစိုက်မိသွားသည်။
ခရွမ်း
အရိပ်ထဲကနေ မည်းနက်ခြောက်ကပ်နေတဲ့ လက်သည်းကြီးတစ်ဖက် ထွက်လာပြီး ဓားကို ခုခံလိုက်သည်။ အဲဒီလက်သည်းဟာ သံမဏိလို မာကျောနေပေမဲ့ ကူးယွမ်ရဲ့ ဓားက ပိုထက်တာကြောင့် လက်ချောင်းအချို့ ပြတ်ထွက်သွားပြီး သွေးမည်းတွေ ပန်းထွက်လာသည်။
"ဝိညာဉ်ငိုကြွေးကလေး... သူတပါးရဲ့ အရိပ်ထဲမှာ ပုန်းနေတာ တော်တော်ဉာဏ်ကောင်းတာပဲ ဒါပေမဲ့ ငါမသိဘူးလို့ ထင်နေတာလား"
ကူးယွမ်ရဲ့ အော်ဟစ်သံအဆုံးမှာတော့ အရိပ်ထဲကနေ ပုပုသေးသေး အရုပ်ဆိုးအကျည်းတန်တဲ့ အဘိုးကြီးတစ်ယောက် ထွက်ပေါ်လာသည်။
သူက ဒေါသတကြီးနဲ့ မြူနှင်းတွေကို စုစည်းပြီး မီးစိမ်းတွေ တောက်လောင်နေတဲ့ ဝိညာဉ်လက်သည်းကြီးအဖြစ် ပြောင်းလဲကာ ကူးယွမ်ကို ရိုက်ချလိုက်သည်။ အဲဒီလက်သည်းရဲ့ အရှိန်ကြောင့် ဘုရားကျောင်းရဲ့ အမိုးနဲ့ နံရံတွေပါ ပြိုကျပျက်စီးကုန်သည်။
ကူးယွမ်ကတော့ မတုန်လှုပ်ပါဘူး သူက ဓားကိုလေထဲမှာ ထူးထူးခြားခြား ဝေ့ယမ်းလိုက်သည် သူ့ရဲ့ ဓားချက်က သိပ်ပြီး တောက်ပမနေပေမဲ့ ရန်သူ့ရဲ့ အားနည်းချက်ကိုပဲ ကွက်တိထိမှန်တာကြောင့် ဝိညာဉ်လက်သည်းကြီးဟာ တစ်လက်မချင်းစီ အက်ကွဲပျက်စီးသွားသည်။
"ဒီလက်သည်းက အစွမ်းမဆိုးပါဘူး ဒါပေမဲ့ မင်း ဒါကို အဆုံးစွန်ထိ မတတ်မြောက်သေးတာ နှမြောဖို့ကောင်းတယ်"
ကူးယွမ်ဟာ ရန်သူ့ရဲ့ မန္တန်ကို ဖျက်ဆီးပြီးတာနဲ့ ဓားအလင်းက ရန်သူ့လည်ပင်းဆီကို ရောက်သွားသည်။ မိစ္ဆာအဘိုးကြီးကလည်း အရှုံးမပေးဘဲ သူ့ရဲ့ ခန္ဓာကိုယ်ကို လေမှုတ်ထားတဲ့ ဘောလုံးလို ဖောင်းကားလာစေပြီး ကျန်တဲ့လက်တစ်ဖက်နဲ့ ကူးယွမ်ကို ပြန်လည် တိုက်ခိုက်လိုက်သည်။
ခရွမ်း
ဓားနဲ့ လက်သည်း ထိတွေ့မိတဲ့အခါ မိစ္ဆာအဘိုးကြီး မျက်နှာပျက်သွားသည် ကူးယွမ်ရဲ့ ဓားချက်ထဲမှာပါတဲ့ ကြောက်မက်ဖွယ် လူသတ်ငွေ့တွေက သူ့ကိုယ်ထဲ စိမ့်ဝင်လာပြီး အသားတွေကို ဓားထောင်ပေါင်းများစွာနဲ့ မွှန်းနေသလို ခံစားလိုက်ရလို့ပါ။
ကူးယွမ်က အခွင့်အရေးကို လက်မလွှတ်ဘဲ ဒုတိယဓားချက်ကို ထပ်မံ ထုတ်ဖော်လိုက်ပြန်သည်။ ဒီတစ်ခါမှာတော့ ဓားသွားက စိမ်းဖန့်ဖန့် အရောင်တွေ တောက်လာပြီး နဂါးစိမ်းတစ်ကောင်လို ဟိန်းဟောက်ကာ ရန်သူ့ဆီ တိုးဝင်သွားလေသည်။
ရွှပ်
မိစ္ဆာအဘိုးကြီး တောင့်ခဲသွားပြီး သူ့မျက်လုံးတွေထဲမှာ အံ့ဩခြင်း ဒေါသထွက်ခြင်းနဲ့ မယုံကြည်နိုင်ခြင်းတွေ ပြည့်နှက်နေရင်း
"မင်း... မင်း တကယ်ပဲ ငါ့ကို သတ်လိုက်တာလား"
သူ့စကားအဆုံးမှာပဲ လည်ပင်းကနေ သွေးကြောကြောင်းလေး ပေါ်လာပြီး ခေါင်းက မြေပေါ်ကို လိမ့်ကျသွားပါတော့သည်။ အင်းနိတ်သိုင်းဆရာတွေဟာ ခေါင်းပြတ်ရင်တောင် ချက်ချင်းမသေတတ်ပေမဲ့ ကူးယွမ်ရဲ့ ဓားချက်က ခန္ဓာကိုယ်ထဲက သွေးသားစွမ်းအင်တွေနဲ့ ဝိညာဉ်ကိုပါ တစ်ခါတည်း ဖျက်စီးပစ်လိုက်တာကြောင့် ချက်ချင်းပဲ အသက်ပျောက်သွားရသည်။
ကူးယွမ်က ဓားကို အိမ်ထဲ ပြန်ထည့်လိုက်ရင်း သက်ပြင်းချလိုက်သည်။
"သေခြင်းနဲ့ ရှင်ခြင်းကြားမှာ တကယ့်ကို ကြောက်စရာကောင်းသလို အခွင့်အရေးကြီးလည်း ရှိတာပဲ။ အခုမှပဲ ငါ့ရဲ့ ဓားသိုင်းက အဆင့်တစ်ခုကို ရောက်သွားတော့တယ်"
ဘုရားကျောင်းထဲက လူတွေကတော့ အသက်ဘေးက လွတ်မြောက်သွားလို့ ဝမ်းသာနေကြပေမဲ့ ပေါင်သတုံ နဲ့ အဘိုးအိုရွှီ တို့ကတော့ ကြောင်ကြည့်နေကြသည်။ သူတို့ သိထားသလောက် ကူးယွမ်က အရိုးသန့်စင်ခြင်းအဆင့်ပဲ ရှိသေးပြီး မိစ္ဆာအဘိုးကြီးက သွေးလဲလှယ်ခြင်းအဆင့်မှာ ရှိတာပါ။ အဆင့်နှစ်ဆင့်လောက် ကွာခြားနေတာတောင် ကူးယွမ်က ပြတ်ပြတ်သားသား သတ်ပစ်လိုက်နိုင်တာကြောင့် သူတို့နှစ်ယောက်ဟာ ကူးယွမ်ရဲ့ အစွမ်းကို ကြည့်ပြီး တုန်လှုပ်နေကြသည်။