အခန်း (၁၀၅) မိစ္ဆာကို သုတ်သင်ခြင်း
တကယ်လို့ တစ်ဖက်လူကသာ ကောင်းကင်ဘုံအဆင့်ကျင့်ကြံသူဆိုရင်တော့ ကူးယွမ်အနေနဲ့ ရင်ဆိုင်ဖို့ ယုံကြည်ချက်ရှိမှာမဟုတ်ပါဘူး။ အဆင့်အတန်းချင်းက အများကြီး ကွာခြားလွန်းလို့လေ။ ဒါပေမဲ့ တစ်ဖက်လူက အင်းနိတ်သိုင်းဆရာအဆင့်ပဲဆိုရင်တော့ သူဘာကိုမှ ကြောက်မနေတော့ပါဘူး။
"မောင်ရင်တို့... ငါကတော့ အသက်ကြီးပြီဆိုပေမဲ့ ဒီအရိုးအိုကို ရင်းပြီး အစွမ်းကုန် တိုက်ပွဲဝင်သွားမှာပါ"
အခြားတစ်ဖက်မှာတော့ အဘိုးအိုရွှီကလည်း သူ့မြေးလေးကို နောက်မှာထားပြီး အားမာန်အပြည့်နဲ့ ရှေ့ကို ထွက်လာသည်။ အခြေအနေက တစ်ကိုယ်ကောင်းဆန်နေလို့ မရတော့ဘဲ ရှိသမျှ အင်းနိတ်သိုင်းဆရာတွေ အားလုံး စုပေါင်းတိုက်ခိုက်မှသာ အသက်ရှင်ဖို့ လမ်းစရှိမှာပါ။
"ဟားဟား... မင်းတို့က ခုခံချင်သေးတာလား ကောင်းပြီလေ... သေချင်မှတော့ ငါက ဖြည့်ဆည်းပေးရတာပေါ့"
မိစ္ဆာ ဝိညာဉ်ငိုကြွေးကလေးရဲ့ အော်ဟစ်သံနဲ့အတူ မြူနှင်းတွေထဲကနေ ဝိညာဉ်သရဲတွေ တရကြမ်း ပြေးဝင်လာတော့သည်။ တချို့လူတွေက ဓားနဲ့ ခုတ်ပိုင်းပေမဲ့ အဲဒီဝိညာဉ်တွေက ချက်ချင်း ပြန်ဆက်သွားပြီး လူတွေကို ပြန်လည် ဝါးမြိုပစ်ကြသည်။
ဒါပေမဲ့ ကူးယွမ်ရဲ့ ဓားအလင်းကတော့ မတူပါဘူး။ သူရဲ့ဓားသိုင်းဟာ စိတ်ဝိညာဉ်ကိုပါ ဖျက်စီးနိုင်တဲ့ လူသတ်ငွေ့တွေ ပါဝင်နေတာကြောင့် သူခုတ်လိုက်တဲ့ ဝိညာဉ်တွေဟာ ပြန်မဆက်နိုင်တော့ဘဲ အငွေ့ပျံ ပျောက်ကွယ်ကုန်ကြသည်။
ပေါင်သတုံကလည်း သူ့ရဲ့ ဓားမှာ မန္တန်စက္ကူကပ်ပြီး တိုက်ခိုက်နေသလို အဘိုးအိုရွှီကလည်း သူ့ရဲ့ သစ်သားတုတ်ကောက်ကြီးနဲ့ ဝိညာဉ်တွေကို တဖုန်းဖုန်း ရိုက်ချနေသည်။
"ကောင်းတယ် တော်တော်ကောင်းကြတာပဲ"
မိစ္ဆာက ဒေါသတကြီး အော်ဟစ်လိုက်ပြီး နောက်ထပ် တိုက်ကွက်တစ်ခုကို သုံးလိုက်ပြန်သည်။ အဲဒါကတော့ ကလေးငယ်တစ်ယောက် ငိုသံလိုမျိုး စူးရှတဲ့ အသံနက်ကြီးပါပဲ ဝါး... ဝါး... ဆိုတဲ့ အသံက နားထဲကို သံပူနဲ့ အထိုးခံရသလိုမျိုး လူတွေရဲ့ စိတ်ဝိညာဉ်ကို တိုက်ရိုက် တိုက်ခိုက်တာပါ။ လူအတော်များများ နားကိုပိတ်ပြီး မြေပြင်ပေါ်မှာ လူးလိမ့်နေကြကုန်သည်။
ဒါပေမဲ့ ကူးယွမ်ကတော့ သူ့ရဲ့ "လိပ်အသက်ရှူခြင်း"ပါရမီကြောင့် စိတ်ဓာတ်ကြံ့ခိုင်မှုက တခြားသူတွေထက် သာလွန်နေပါတယ်။ သူက အခွင့်အရေးကို စောင့်ပြီး ဆောင်းဦးရေစင်ဓား ကို လျှပ်စီးလို အမြန်နှုန်းနဲ့ ပစ်လွှတ်လိုက်သည်။
ဖုန်း
ဓားသွားက မြူနှင်းတွေကို ဖြတ်ပြီး တစ်ခုခုကို ထိုးစိုက်မိသွားသည်။ အဲဒါကတော့ ခေါင်းက အင်တုံလောက်ကြီးပြီး မျောက်ကလေးလို ကိုယ်လုံးရှိတဲ့ "ဝိညာဉ်ကလေးငယ်"ပါပဲ။ ကူးယွမ်က ဓားကို တစ်ချက်ခါလိုက်တာနဲ့ အဲဒီဝိညာဉ်ကလေးဟာ နှစ်ပိုင်းပြတ်ပြီး သေဆုံးသွားပါတော့သည်။
"ဟာ... အစ်ကိုယန်ရဲ့ ဓားသိုင်းက တကယ့်ကို ကြောက်စရာပဲ" ပေါင်သတုံက အံ့ဩတကြီး ရေရွတ်လိုက်လေသည်။ အဘိုးအိုရွှီကလည်း ကူးယွမ်ကို ဂိုဏ်းကြီးတစ်ခုခုက ဆင်းသက်လာတဲ့ ပါရမီရှင်တစ်ယောက်လို့ ထင်မှတ်သွားသည်။
ကူးယွမ်က ဓားပေါ်က သွေးတွေကို ခါထုတ်လိုက်ပြီး အပြင်က မိစ္ဆာကို လှမ်းအော်လိုက်သည်။
"ဝိညာဉ်ငိုကြွေးကလေး မင်းမှာဒီလောက်ပဲ ပညာရှိတာဆိုရင်တော့ အမြန်ထွက်ပြေးတော့တာ အကောင်းဆုံးပဲ မဟုတ်ရင် ငါ့ဓားချက်အောက်မှာ မင်းရဲ့ ကျင့်စဉ်တွေ အကုန်ပျက်ဆီးသွားလိမ့်မယ်"
"ပါးစပ်သန်တဲ့ ကောင်လေး ငါနှစ်ပေါင်းများစွာ မွေးထားတဲ့ ကလေးလေးကို မင်းသတ်ရဲတယ်ပေါ့ မင်း ဘယ်သူပဲဖြစ်ဖြစ် ငါမင်းကို အရေခွံခွာမယ် အကြောတွေ ဆွဲထုတ်မယ် သေချင်ဇော ပေါက်အောင် ငါလုပ်ပြမယ်"
အပြင်ဘက်က မိစ္ဆာရဲ့ အသံက အမုန်းတရားတွေ ပြည့်နှက်နေပြီး မြူနှင်းတွေကလည်း ပိုမို ထူထပ်လာပြန်သည်။