အခန်း (၁၀၁) တာအိုအနှစ်သာရမှတ်များကို ရှာဖွေခြင်း
ကူးယွမ်ဟာ လက်ရှိရထားတဲ့ "ရက်ခရှာကျမ်းစာ" ကိုတော့ အရန်အနေနဲ့ပဲ ထားလိုက်ပါတယ်။ တကယ်လို့ သူ့အတွက် ပိုကိုက်ညီတဲ့ ကျင့်စဉ်ကိုသာ ရှာမတွေ့ခဲ့ရင် ဒါကို ကျင့်ဖို့ စဉ်းစားမှာပါ။
မြောက်လင်းမြို့လို နေရာလေးမှာ သတင်းစီးဆင်းမှုက နှေးပေမဲ့ လူငယ်လေးတစ်ယောက်က ဝံပုလွေမိစ္ဆာကို သတ်လိုက်တယ်ဆိုတဲ့ သတင်းကတော့ တောမီးလိုပြန့်သွားပြီး လူကုံထံတွေကို လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားစေပါတယ်။
ယုတိန်ခန်းမက ရှရှို့ရွှယ်ဆိုရင် ဒီသတင်းကို ကြားတော့ မှင်တက်သွားတာပဲ။ "ကူးယွမ်က ဝံပုလွေမိစ္ဆာကို သတ်လိုက်တယ် သူကအင်းနိတ်သိုင်းဆရာဖြစ်သွားပြီလား မဖြစ်နိုင်တာ” သူမ မယုံကြည်နိုင် ဖြစ်နေတုန်းမှာပဲ သူ့အဖေဖြစ်သူ ရှမင်ယန်က တည်တည်ငြိမ်ငြိမ်နဲ့ပဲ "ဒီလောကကြီးက ကျယ်ပြောတယ် သမီး ထူးဆန်းတာတွေ အများကြီး ရှိနိုင်တာပဲ" လို့ ပြောလိုက်သည်။
ရှမင်ယန်က ကူးယွမ်ရဲ့ အလားအလာကို မြင်တာကြောင့် ရှရှို့ရွှယ်ကို အဖိုးတန်ဆေးလုံးတွေ ပေးပြီး ကူးယွမ်ဆီ ဂုဏ်ပြုလက်ဆောင် သွားပို့ခိုင်းလိုက်သည်။ ဒါပေမဲ့ ရှရှို့ရွှယ် ကူးယွမ်ရဲ့ အိမ်ကို ရောက်တဲ့အခါမှာတော့ ကူးယွမ်က အိမ်မှာမရှိဘဲ အပြင်ထွက်သွားကြောင်း မိဘတွေဆီက သိလိုက်ရလို့ စိတ်ပျက်သွားခဲ့ရသည်။
တကယ်တော့ ကူးယွမ်ဟာ သူ့ရဲ့ ရုပ်ရည်ကို ယန်ရှီစန်းအဖြစ် ပြောင်းလဲပြီး မြို့ထဲက စာအုပ်ဆိုင်တွေ အပေါင်ဆိုင်တွေနဲ့ ရှေးဟောင်းပစ္စည်းဆိုင်တွေကို လှည့်ပတ်ပြီး တာအိုအမှတ်တွေကို စုဆောင်းနေတာပါ။
"ဒီအမှတ်တွေ စုရတာ မလွယ်လိုက်တာ မြောက်လင်းမြို့ထဲမှာ နှံ့နေပြီ အခုမှ ကိုးထောင်ကျော်ပဲ ရသေးတယ်" လို့ ကူးယွမ်က စိတ်ပျက်လက်ပျက်နဲ့ တွေးနေမိသည်။ ဓားလိပ်ပြာဥကို အကောင်ဖောက်ဖို့နဲ့ သူ့ရဲ့ လိပ်ကြီးကို အဆင့်မြှင့်ဖို့ဆိုရင် ဒီအမှတ်တွေက မလုံလောက်သေးပါဘူး။ ဒါကြောင့် ကူးယွမ် မြို့ပြင်က တခြားခရိုင်တွေဘက်ကို ထွက်လာခဲ့လိုက်သည်။
မိုးဦးကျကာလ မိုးသက်လေပြင်းတွေကျနေတဲ့ ညနေခင်းတစ်ခုမှာ ကူးယွမ်တစ်ယောက် လမ်းဘေးက ပျက်စီးနေတဲ့ တာအိုဘုရားကျောင်းဟောင်းတစ်ခုထဲမှာ ခိုလှုံနေလိုက်သည်။ သူက အကျင့်အတိုင်း ဘုရားကျောင်းထဲက ပစ္စည်းတွေကို လိုက်စမ်းကြည့်တဲ့အခါ အမှတ်တွေ တစ်ဖွဲဖွဲ တက်လာသည်။
ထူးထူးခြားခြားပဲ... ခေါင်းမပါတဲ့ နတ်ရုပ်ကြီးကို ထိလိုက်တဲ့အချိန်မှာတော့
[တာအိုအမှတ် +၁၅၉၂ ရရှိပါသည်]
"ဟား... အမှတ်တွေ အများကြီးပဲ ဒီနေရာမှာ တကယ်ပဲ လူစွမ်းကောင်းတစ်ယောက် ကျင့်ကြံခဲ့တာ ထင်တယ်" လို့ သူ ဝမ်းသာအားရ ရေရွတ်လိုက်သည်။ ဆယ်ရက်ကျော် လှည့်လည်ပြီးတဲ့နောက်မှာ အခုဆိုရင် သူ့မှာ အမှတ်ပေါင်း လေးသောင်းကျော် ရှိနေပြီဖြစ်လို့ အတော်လေး စိတ်အေးသွားရသည်။
အပြင်မှာ မိုးတွေ သည်းထန်စွာ ရွာနေတုန်း ကူးယွမ်ဟာ မိစ္ဆာသားရဲအသားကို ကင်ပြီး စားဖို့ ပြင်ဆင်နေတဲ့အချိန်မှာပဲ ဘုရားကျောင်း တံခါးဝဆီကနေ ခြေသံတွေနဲ့ စကားပြောသံတွေကို ကြားလိုက်ရသည်။
မမျှော်လင့်ထားတဲ့ ဧည့်သည်တွေ ရောက်လာတာကြောင့် ကူးယွမ်က မျက်မှောင်ကြုတ်ပြီး တံခါးဝဆီကို လှည့်ကြည့်လိုက်သည်။