အခန်း ၈ ဝါးမြိုခြင်း အောင်မြင်ပြီ
မတူညီသော မီးလျှံနှစ်ခုကို ပေါင်းစပ်ခြင်းမှာ အလွန်နှေးကွေးသော ဖြစ်စဉ်တစ်ခုဖြစ်ပြီး တစ်မွန်းလွဲခင်းလုံးမှာ တိတ်ဆိတ်စွာ ကုန်ဆုံးသွားခဲ့သည်။
နောက်ဆုံးတွင် နေဝင်ရိုးရီ၏ နောက်ဆုံးရောင်ခြည်များ တဖြည်းဖြည်း မှေးမှိန်သွားချိန်တွင် တောက်ပသော လရောင်သည် မြေပြင်ပေါ်သို့ ဖြာကျလာပြီး အပြာနုရောင်နှင့် အစိမ်းနုရောင် မီးလျှံတို့မှာ တစ်ခုနှင့်တစ်ခု ရစ်ပတ်နှောင်ဖွဲ့နေကြသည်။
နောက်တစ်စက္ကန့်တွင် ပင်လယ်နှလုံးသား မီးလျှံ နှင့် အပြာရောင်ကြာပန်း ကမ္ဘာမြေအမြုတေမီးလျှံတို့သည် နောက်ဆုံးတွင် လုံးဝဥဿုံ ပေါင်းစပ်သွားတော့သည်။ ထို့နောက်တွင် မတူညီသော မီးလျှံနှစ်ခု လုံးဝပေါင်းစပ်သွားသည်နှင့်အမျှ အပြာရောင်မီးတောက်အစုအဝေးတစ်ခု ချက်ချင်း ထွက်ပေါ်လာသည်။
"ဝါးမြိုစမ်း"
လင်းယွမ်သည် စိတ်ထဲမှ ဟိန်းဟောက်လိုက်ပြီး နောက်ဆုံးစုပ်ယူမှုကို အပြီးသတ်ရန် မီးလောင်မြိုက်ခြင်းကျင့်စဥ်ကို ရုတ်တရက် အသက်သွင်းလိုက်သည် ထိုအခါ အပြာရောင်မီးတောက်များသည် ပုံစံအရ အနည်းငယ် တုန်ခါသွားပြီးနောက် ကျင့်စဉ်၏ လွှမ်းခြုံခြင်းကို ခံလိုက်ရသည်။
ဆယ်မိနစ်ကျော် ကြာပြီးနောက်တွင် ထူးဆန်းသောမီးလျှံကို ဝါးမြိုခြင်းမှာ နောက်ဆုံးတွင် အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။
ဝုန်း
စွမ်းအင်အတားအဆီးမှာ ချက်ချင်း ကျိုးပျက်သွားပြီး လင်းယွမ်၏ ခွန်အားအဆင့်မှာလည်း မျက်စိတစ်မှိတ်အတွင်း တိုက်ပွဲဝင်ဘိုးဘေး အဆင့်သို့ တက်လှမ်းသွားတော့သည်။
အစွမ်းထက်သော အရှိန်အဝါတစ်ခုသည် အရပ်မျက်နှာအနှံ့သို့ ချက်ချင်း ပျံ့နှံ့သွားသည် ၎င်းမှာ တိုက်ပွဲဝင်ဘိုးဘေး ကျွမ်းကျင်သူတစ်ဦး၏ သီးသန့်ဖိအားပင် ဖြစ်သည်။
ကြီးမားလှသော ဖိအားအောက်တွင် ဘုရင်မ မဒူဆာသည် ရုတ်တရက် နောက်သို့ ဆုတ်လိုက်ရသည်။
"ဒါ တိုက်ပွဲဝင်ဘိုးဘေး အဆင့် ကျွမ်းကျင်သူတစ်ယောက်ရဲ့ အစွမ်းလား တကယ်ကို ကြောက်စရာကောင်းလိုက်တာ"
မဒူဆာသည် လင်းယွမ်ကို အနည်းငယ် မနာလိုသော အကြည့်ဖြင့် ကြည့်လိုက်မိသည်။ ခြေတစ်လှမ်းဖြင့် တိုက်ပွဲဝင်ဘိုးဘေး ဖြစ်သွားခြင်းမှာ မည်မျှ ကြောက်စရာကောင်းလိုက်သနည်း လင်းယွမ် ဤနယ်ပယ်သို့ ရောက်ရှိသွားပြီးနောက်တွင် ဂါမာအင်ပါယာ တစ်ခုလုံးတွင် သူ့ကို ယှဉ်နိုင်သူ ရှိတော့မည်မဟုတ်ပေ။
လင်းယွမ်သည် သူ၏ မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်သည်။ ထိုနက်မှောင်သော သူငယ်အိမ်များထဲတွင် အပြာရောင်မီးတောက်နှစ်ခု အဆက်မပြတ် လောင်မြိုက်နေသကဲ့သို့ပင်။
မီးလောင်မြိုက်ခြင်းကျင့်စဥ်၏ အဆင့်တက်သွားမှုကို ခံစားကြည့်ပြီးနောက် လင်းယွမ်သည် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
"မြေကမ္ဘာအဆင့် မဆိုးပါဘူး"
အရင်က ငါ့ခန္ဓာကိုယ်ထဲမှာ သိုလှောင်ထားတဲ့ တိုက်ပွဲဝင်စွမ်းအင်က ကြည်လင်တဲ့ စမ်းရေတွင်းတစ်ခုဆိုရင် အခု ကျင့်စဉ်ဆင့်ကဲပြောင်းလဲသွားပြီးနောက် ငါ့အကြောတွေထဲမှာ သိုလှောင်နိုင်တဲ့ တိုက်ပွဲဝင်စွမ်းအင်ကတော့ ကျယ်ပြောလှတဲ့ သမုဒ္ဒရာကြီးတစ်ခု ဖြစ်နေပြီ။
တိုက်ပွဲဝင်ဘိုးဘေး အဆင့်သို့ တက်လှမ်းပြီးနောက် "ကြယ်တစ်ပွင့် တောင်တစ်လုံး"ဟူသော ဆိုရိုးစကားမှာ အမှန်တကယ် ဖြစ်တည်လာခဲ့သည်။ သာမန်လူများအတွက် မိမိထက် အဆင့်မြင့်သူကို စိန်ခေါ်ရန်မှာ ကောင်းကင်ပေါ်သို့ တက်လှမ်းရန် ကြိုးစားသကဲ့သို့ ခက်ခဲလှသည်။
သို့သော် ယခု ကြယ်တစ်ပွင့် တိုက်ပွဲဝင်ဘိုးဘေး အဖြစ်ရှိနေသော လင်းယွမ်အတွက်မူ ကြယ်သုံးပွင့် ကျွမ်းကျင်သူကိုပင် ချက်ချင်း သတ်ဖြတ်ပစ်နိုင်သည်။
လင်းယွမ်သည် ပေါင်းစပ်မီးလျှံ၏ စွမ်းအားကို စမ်းသပ်ကြည့်ပြီးနောက် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ လက်ရှိ သူပိုင်ဆိုင်ထားသော ထူးဆန်းသောမီးလျှံသည် ထူးဆန်းသောမီးလျှံစာရင်းတွင် အဆင့် ၁၃ အတွင်း၌ သေချာပေါက် ရပ်တည်နိုင်သည်။
"နင့်ကို လောင်မြိုက်သမုဒ္ဒရာကမ္ဘာမြေအမြုတေမီးလျှံလို့ပဲ ခေါ်တော့မယ်"
လင်းယွမ် စကားပြောပြီးကာစမှာပင် စနစ်၏ အသံမှာ ရုတ်တရက် ထွက်ပေါ်လာသည်။
[စနစ်အကြောင်းကြားချက်]
ဂုဏ်ယူပါသည် အပြာရောင်ကြာပန်း ကမ္ဘာမြေအမြုတေမီးလျှံကို အောင်မြင်စွာ ဝါးမြိုနိုင်ခဲ့သည့်အတွက် ကံကောင်းခြင်းမှတ် ၁၀၀၀ရရှိပါသည်။
အောက်ပါ ဆုလာဘ်သုံးခုအနက်မှ တစ်ခုကို ရွေးချယ်ပါ-
1. ကောင်းကင်အဆင့် ကျင့်စဉ်တစ်ခု
2. ခွန်အားအဆင့်ကို ကြယ်တစ်ပွင့် မြှင့်တင်ခြင်း
3. အနှိုင်းမဲ့ နတ်ဘုရားစွမ်းအား - ထွက်သက်တစ်ချက်ဖြင့် သန့်စင်သောကိုယ်ပွားသုံးခုအဖြစ် ပြောင်းလဲခြင်း
"ဟာ... ကိုယ်ပွားသုံးခုအဖြစ် ပြောင်းလဲခြင်း ဟုတ်လား"
၎င်းသည် မဟာလောကဓာတ်ကြီးရှိ အနှိုင်းမဲ့ နတ်ဘုရားစွမ်းအား ၃၆ မျိုးထဲမှ တစ်ခုဖြစ်သည်။ ၎င်းကို တတ်မြောက်သွားပါက ကိုယ်ပွားနှစ်ခု ဖန်တီးနိုင်ပြီး ကိုယ်ပွားတစ်ခုချင်းစီမှာ မူလခန္ဓာကိုယ်အတိုင်း ခွန်အားနှင့် ပါရမီတို့ကို ပိုင်ဆိုင်ထားသည့်အပြင် အဆက်မပြတ် ကျင့်ကြံကာ ပိုမိုသန်မာလာနိုင်သည်။
"နံပါတ် ၃ ကိုပဲ ရွေးမယ်"
လင်းယွမ်သည် တွန့်ဆုတ်မနေဘဲ ရွေးချယ်လိုက်သည်။ ဆုလာဘ်ရရှိပြီးနောက် ထိုကျင့်စဉ်နည်းလမ်းမှာ သူ၏ အသိစိတ်ထဲသို့ နက်ရှိုင်းစွာ စွဲထင်သွားတော့သည်။ ဤမျှ ထူးခြားပြီး ကောင်းကင်ဘုံကို အန်တုနိုင်သော နတ်ဘုရားစွမ်းအားမှာ မည်သည့်နေရာမှ ဆင်းသက်လာမှန်း မသိနိုင်ပေ။
မဒူဆာသည် လင်းယွမ်၏ လက်ထဲမှ မီးလျှံကို ကြည့်ကာ သံသယဝင်နေသည်။
"သူက ထူးဆန်းတဲ့မီးလျှံ နှစ်မျိုးကို ပေါင်းစပ်လိုက်တာလား" ထိုအတွေး ဝင်လာသည်နှင့် မေဒူဆာသည် ချွေးအေးများ ထွက်လာခဲ့သည်။ တိုက်ပွဲဝင်စွမ်းအင်တိုက်ကြီးပေါ်တွင် ထူးဆန်းသောမီးလျှံ တစ်မျိုးတည်းကို နှိမ်နင်းနိုင်ခြင်းမှာပင် အလွန်ခက်ခဲလှသည်။ ယခုမူ လင်းယွမ်သည် နှစ်မျိုးကို ပေါင်းစပ်၍ အသစ်တစ်ခု ဖန်တီးထားခြင်း ဖြစ်သည်။
"မိုက်မဲတဲ့ မိန်းမ ဘာတွေ တွေးနေတာလဲ"
မေဒူဆာ၏ အမူအရာကို ကြည့်ပြီး လင်းယွမ် မရယ်ဘဲ မနေနိုင်တော့ပေ။
"ငါ့ကို မိုက်မဲတဲ့ မိန်းမလို့ မခေါ်နဲ့" ဟု မဒူဆာက မကျေမနပ် ပြောသည်။
"အင်း... ဒါဆိုရင် ချစ်လေးလို့ ခေါ်ရမလား"
လင်းယွမ်သည် ဘုရင်မ၏ မကျေနပ်မှုကို လျစ်လျူရှုကာ အရေးကြီးသည့်အကြောင်းအရာသို့ ကူးပြောင်းလိုက်သည်။
"ဒါနဲ့ ချစ်လေး နင်တို့ မြွေလူသားမျိုးနွယ်မှာ အသွင်ပြောင်းဆေးလုံးဖော်စပ်ဖို့ ဆေးဖက်ဝင်ပစ္စည်းတွေ ရှိတယ် မဟုတ်လား"
"ရှိတယ် ရှိတယ် ငါတို့ဆီမှာ အခု ဆေးလုံးနှစ်လုံးစာအတွက် လုံလောက်တဲ့ ပစ္စည်းတွေ ရှိတယ်" မဒူဆာက စိတ်လှုပ်ရှားစွာ ဖြေသည်။
"ကောင်းပြီ ဒါဆို ငါ့ကို အခုပဲ ပြန်ခေါ်သွားတော့။ မြွေလူသားမျိုးနွယ်ဆီ ရောက်တာနဲ့ နင့်အတွက် ဆေးလုံးကို ချက်ချင်း စတင်ဖော်စပ်ပေးမယ်"
မဒူဆာသည် သူမ၏ တိုက်ပွဲဝင်စွမ်းအင်တောင်ပံများဖြင့် ရှေ့မှ ပျံသန်းသွားပြီး လင်းယွမ်သည်လည်း လေဟာနယ်ကို နင်းလျှက် သူမ၏ နောက်မှ လိုက်ပါသွားလေတော့သည်။