အခန်း ၇၃ လင်းယွမ် ကျွန်မ ရှင့်ကို ချစ်မိသွားပြီ
ယွမ်ယွမ် သည် လင်းယွမ် ၏ ပုံရိပ်ကို သူမ၏ မှတ်ဉာဏ်ထဲ၌ စွဲထင်ကျန်ရစ်စေရန် ကြိုးစားနေသကဲ့သို့ နောက်ဆုံးအကြိမ်အဖြစ် ရှုပ်ထွေးလှသော အကြည့်ဖြင့် ကြည့်လိုက်သည်။
ထို့နောက်တွင်မူ သူမသည် ပြတ်သားစွာပင် လှည့်ထွက်သွားပြီး ပြင်းထန်သော ဒဏ်ရာများ ရရှိထားသည့် ယွမ်ရှန်း ကို တွဲကူကာ ထွက်ခွာသွားတော့သည်။
ဖာမား နှင့် အခြားသူများသည်လည်း လင်းယွမ်ကို ရိုသေစွာ လက်အုပ်ချီ နှုတ်ဆက်ကြပြီးနောက် သူတို့၏ ပုံရိပ်များမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားကြသည်။
ဝေးကွာရာသို့ တဖြည်းဖြည်း ပျောက်ကွယ်သွားသော ယွမ်ယွမ်၏ ပုံရိပ်ကို တိတ်ဆိတ်စွာ ကြည့်နေရင်း လင်းယွမ်သည် ရုတ်တရက် ပြုံးလိုက်သည်။
ယွမ်ယွမ်၏ နောက်ဆုံးအကြည့်ကို ကြည့်ခြင်းအားဖြင့် ထိုအလှပဂေးလေး၏ စိတ်ထဲမှ အတွေးကို သူ နားလည်လိုက်ပုံရသည်။
"ဒီဇနီးလေးကတော့ ငါ့လက်ထဲက လွတ်မယ့်ပုံမပေါ်ဘူးပဲ"
ထိုသို့ တွေးလိုက်ပြီးနောက် လင်းယွမ်သည် မနီးမဝေးရှိ ခရမ်းရောင်သလင်း တောင်ပံခြင်္သေ့ဘုရင်ကို လက်ယပ်ခေါ်လိုက်သည်။ သူ၏ အရှင်သခင် ခေါ်လိုက်သည်ကို ကြားသောအခါ ခြင်္သေ့ဘုရင်နှင့် ၎င်း၏ သားငယ်လေးများသည် စိတ်လှုပ်ရှားစွာဖြင့် အပြေးအလွှား ရောက်ရှိလာကြသည်။
"အရှင်သခင်... ဘာများ အမိန့်ရှိပါသလဲ"
လက်ရှိ ခရမ်းရောင်သလင်း တောင်ပံခြင်္သေ့ဘုရင်သည် လင်းယွမ်ကို အကြွင်းမဲ့ ကြောက်ရွံ့ရိုသေသော အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။အထူးသဖြင့် အရှင်သခင်က ယွမ်ရှန်းကို အနိုင်ယူလိုက်သည့် အခိုက်အတန့်မှာ တကယ်ကို အလန်းစားပင်။
အကယ်၍ နောက်ဆုံးတွင် ထိုလူသားအမျိုးသမီးက တောင်းပန်ခဲ့ခြင်း မရှိပါက ယွမ်ရှန်းမှာ ယခုအချိန်တွင် အသက်ပျောက်နေလောက်ပြီ ဖြစ်သည်။
တိုက်ပွဲဝင်ဘိုးဘေး တစ်ယောက်ကို သတ်ဖြတ်ရသည်မှာ ခွေးတစ်ကောင်ကို သတ်ရသကဲ့သို့ လွယ်ကူနေသူမျိုး ဂါမာအင်ပါယာတစ်ခုလုံးတွင် မည်သူ ရှိနိုင်ပါမည်နည်း သူ့တွင် ဤကဲ့သို့သော အရှင်သခင်တစ်ဦးတည်းသာ ရှိသည်။
"ဇီပင်.. ဒီဆေးလုံးကို မင်း ယူထားလိုက်"
စကားပြောရင်းနှင့် လင်းယွမ်၏ လက်ထဲတွင် လုံးဝန်းလှပသော ဆေးလုံးတစ်လုံး ပေါ်လာသည်။ ဤဆေးလုံးမှာ မြွေလူမျိုးစုတွင် ရှိနေစဉ် လင်းယွမ် ဖော်စပ်ခဲ့သည့် လူသားအသွင်ပြောင်း ဆေးလုံး ပင် ဖြစ်သည်။
ထိုစဉ်က ဆေးဖက်ဝင် အပင်နှစ်စု ရှိခဲ့သဖြင့် လင်းယွမ်သည် အသွင်ပြောင်းဆေးလုံး နှစ်လုံး ဖော်စပ်နိုင်ခဲ့ခြင်း ဖြစ်သည်။
တစ်လုံးကို မေဒူဆာ က စားသုံးခဲ့ပြီး ကျန်ရှိနေသော တစ်လုံးကိုမူ လင်းယွမ်က သိမ်းဆည်းထားခဲ့ခြင်း ဖြစ်သည်။ ယခုအခါ ခရမ်းရောင်သလင်း တောင်ပံခြင်္သေ့ဘုရင်၏ သစ္စာရှိမှုကို မေးခွန်းထုတ်စရာ မလိုတော့ချေ။
ထို့ကြောင့် လင်းယွမ်သည် တွန့်တိုခြင်းမရှိဘဲ ၎င်းကို ကောင်းချီးတစ်ခု ပေးသနားရန် ဆုံးဖြတ်လိုက်သည်။ "အရှင်သခင်... ဒါက..."
အသွင်ပြောင်းဆေးလုံးကို မြင်လိုက်ရသည့် ခဏမှာပင် ခြင်္သေ့ဘုရင်၏ မျက်လုံးများမှာ အံ့အားသင့်မှုများဖြ့ ပြည့်နှက်သွားသည်။
၎င်း၏ သွေးမျိုးဆက်နှင့်ပင် ဆက်နွှယ်နေသကဲ့သို့ ခံစားချက်ကြောင့် ၎င်း၏ အသက်ရှူသံများမှာပင် မြန်ဆန်လာရသည်။ "ဟဲဟဲ... ဟုတ်တယ် ဒါက အသွင်ပြောင်းဆေးလုံးပဲ။ မင်း ဒါကို သုံးနိုင်ပါတယ်" ခြင်္သေ့ဘုရင်၏ နုံအပြီး လောကဝတ်မသိသော အမူအရာကို မြင်သောအခါ လင်းယွမ်သည် မရယ်ဘဲ မနေနိုင်တော့ချေ။
ဒါက အသွင်ပြောင်းဆေးလုံး တစ်လုံးပဲဟာကို ဘာလို့ ဒီလောက်တောင် စိတ်လှုပ်ရှားနေရတာလဲ အကယ်၍ လင်းယွမ်၏ အတွေးကို အပြင်လူများ သိရှိသွားပါက တကယ်ပင် အပြင်းအထန် ဝေဖန်ခံရပေလိမ့်မည်။
အသွင်ပြောင်းဆေးလုံးက ဒါပဲလား
ဒါက ဘာမှမဟုတ်ဘူးလား
၎င်းမှာ အဆင့် ၇ ဆေးလုံးဖြစ်သည် တိုက်ကြီးလုံးတွင် ၎င်းကို ဖော်စပ်နိုင်သူ မည်မျှ ရှိပါမည်နည်း အဆင့် ၇ ဆေးလုံး တစ်လုံးတည်းနှင့်ပင်တိုက်ပွဲဝင်လေးစားအပ်သူ အဆင့် ကျွမ်းကျင်သူများကြား၌ စစ်ပွဲကြီးတစ်ခု ဖြစ်ပွားရန် လုံလောက်သည်။
ဒါကို "ဒါပဲလား" ဟု ပြောနေသည်လော
"ဗိုက်ဝနေတဲ့သူက ငတ်မွတ်နေသူရဲ့ ဒုက္ခကို မသိဘူး" ဟု ပြောကြသည်မှာ တကယ်ပင် မှန်လှသည်။ လင်းယွမ်ကဲ့သို့ ချမ်းသာကြွယ်ဝသော အဆင့် ၇ ဆေးဆရာ တစ်ဦးသာလျှင် ဤမျှ တန်ဖိုးကြီးသော ဆေးလုံးကို ပဲပေါက်စီလေး တစ်လုံးကဲ့သို့ သဘောထားနိုင်ခြင်း ဖြစ်ပေလိမ့်မည်။
"အသွင်ပြောင်းဆေးလုံး... ဒါက တကယ်ပဲ အသွင်ပြောင်းဆေးလုံးပဲ"
လင်းယွမ်ထံမှ အတည်ပြုချက် ရရှိပြီးနောက် ခြင်္သေ့ဘုရင်၏ မျက်သူငယ်အိမ်များမှာ ရုတ်တရက် ကျုံ့သွားရသည်။
ထိုအခိုက်အတန့်တွင် ၎င်း၏ နှလုံးခုန်သံမှာ မည်မျှအထိ မြန်ဆန်နေသည်ကို ၎င်းကိုယ်တိုင်ပင် အထင်အရှား ခံစားနေရသည်။
အသွင်ပြောင်းဆေးလုံး
၎င်းမှာ မိစ္ဆာသားရဲတိုင်း အိပ်မက်မက်ကြရသော ရတနာပင် ဖြစ်သည်။
အသွင်ပြောင်းဆေးလုံးကို စားသုံးပြီးပါက သားရဲအသွင်သဏ္ဌာန်ကို ချက်ချင်း စွန့်ပယ်နိုင်ပြီး လူသားအဖြစ် ပြောင်းလဲနိုင်သည်။ထိုအခါ ၎င်း၏ ခွန်အားမှာ သိသာထင်ရှားသော အဟုန်ဖြင့် တိုးတက်လာပေလိမ့်မည်။ ထို့အပြင် ၎င်းတို့၏ နောင်အနာဂတ် အောင်မြင်မှုများမှာလည်း အကန့်အသတ်မရှိ ဖြစ်လာပေလိမ့်မည်။
ဤသည်ကို တွေးလိုက်မိသောအခါ ခရမ်းရောင်သလင်း တောင်ပံခြင်္သေ့ဘုရင်သည် ၎င်း၏ ကြီးမားလှသော ဦးခေါင်းကို မြေကြီးနှင့် ဆောင့်၍ လင်းယွမ်ကို ဦးချကာ "ကျေးဇူးတင်ပါတယ် အရှင်သခင် ကျေးဇူးတင်ပါတယ် အရှင်သခင်"
ဤနည်းမှလွဲ၍ ၎င်းအနေဖြင့် ထိုအခိုက်အတန့်မှ စိတ်လှုပ်ရှားမှုကို ဖော်ပြရန် အခြားနည်းလမ်း မရှိတော့ချေ။
ဤသည်ကို မြင်သောအခါ လင်းယွမ်သည် မျက်မှောင် အနည်းငယ် ကြုတ်လိုက်ပြီး မကျေမနပ်ဖြင့် "မင်း ငါ့ကို အရှင်သခင်အဖြစ် အသိအမှတ်ပြုပြီးပြီဆိုမှတော့ ငါတို့က ညီအစ်ကိုတွေပဲ။ ညီအစ်ကိုတွေကြားမှာ ဘာလို့ ဒီလောက်တောင် အားနာနေရတာလဲ"
ပြောရင်းနှင့် လင်းယွမ်သည် သူ၏လက်မောင်းကို ညင်သာစွာ ဝေ့ယမ်းလိုက်သည်။
မမြင်နိုင်သော စွမ်းအားတစ်ခုက ခရမ်းရောင်သလင်း တောင်ပံခြင်္သေ့ဘုရင်ကို မြေပြင်မှ မလိုက်သည်။ချက်ချင်းပင် လင်းယွမ်က ဆက်လက်၍ "အချိန်မရှိတော့ဘူး မင်း ဂူထဲကို မြန်မြန်ပြန်ပြီး အဆင့်ချိုးဖျက်ဖို့ ပြင်တော့ ငါ လုပ်စရာ အချို့ရှိလို့ အခု သွားရတော့မယ်"
ရှောင်ယီရှန်း မှာ အပြင်ဘက် ဂူထဲ၌ ကျန်ရစ်နေဆဲ ဖြစ်သည်။ အချိန်အတော်ကြာ သွားပြီဖြစ်ရာ လင်းယွမ်သည် တကယ်ပင် အနည်းငယ် စိုးရိမ်နေမိသည်။
"ဟင် အရှင်သခင်... ထွက်သွားတော့မလို့လား"
ခြင်္သေ့ဘုရင်မှာ မှင်တက်သွားပြီး ၎င်း၏ မျက်နှာပေါ်တွင် တွန့်တိုနေသည့် အရိပ်အယောင်များ ပေါ်လာသည်။
"ဟဲဟဲ... စိတ်မပူပါနဲ့ မင်း လူသားအသွင် ပြောင်းလဲပြီးသွားရင် ဒီ ကျောက်စိမ်းအဆောင်ကို ခွဲလိုက် ပြီးရင် ငါ့ဆီကို လာခဲ့ပေါ့"
လင်းယွမ်သည် ခြင်္သေ့ဘုရင်၏ အတွေးကို သဘာဝအတိုင်း သိရှိနေပြီး သူ၏ လက်ချောင်းကို တစ်ချက် ခတ်လိုက်ရာ ကျောက်စိမ်းအဆောင်တစ်ခုမှာ ခြင်္သေ့ဘုရင်ရှိရာသို့ လွင့်ပျံသွားသည်။
လင်းယွမ်ထံမှ ကျောက်စိမ်းအဆောင်ကို လက်ခံရယူပြီးနောက် ခြင်္သေ့ဘုရင်က "စိတ်ချပါ အရှင်သခင် ဇီပင် အဆင့်ချိုးဖျက်ပြီးတာနဲ့ အရှင့်ဆီကို ချက်ချင်း လာခဲ့ပါ့မယ်"
"အင်း"
လင်းယွမ်က ခေါင်းငြိမ့်ပြလိုက်ပြီးနောက် ခြင်္သေ့ဘုရင်ကို လက်ပြ နှုတ်ဆက်လိုက်သည်။
နောက်တစ်စက္ကန့်တွင် သူ၏ ခန္ဓာကိုယ်မှာ ဟင်းလင်းပြင်သို့ မြောက်တက်သွားပြီး မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားတော့သည်။
"ကျွန်တော့်ကို စောင့်နေပါ အရှင်သခင်"
လင်းယွမ် ပျောက်ကွယ်သွားသည့် အရပ်ကို ငေးကြည့်ရင်း ခြင်္သေ့ဘုရင်၏ မျက်ဝန်းများထဲတွင် ပြတ်သားမှုများ ပြည့်နှက်နေသည်။
ထို့နောက် ၎င်းသည် သားငယ်လေးများနှင့်အတူ ဂူထဲသို့ ပြန်ဝင်သွားတော့သည်။
၎င်းအနေဖြင့် အမြန်ဆုံး အဆင့်ချိုးဖျက်ရန် လိုအပ်သည်။ ထိုမှသာ ၎င်း၏ အရှင်သခင်၏ ခြေရာကို ဆက်လက် လိုက်နိုင်ပေလိမ့်မည်။
၎င်း၏ အရှင်သခင်၏ နောင်အနာဂတ် အောင်မြင်မှုများမှာ လုံးဝ အကန့်အသတ်မရှိ ဖြစ်လာမည်ကို ခြင်္သေ့ဘုရင် သိရှိထားသည်။ အကယ်၍ ၎င်းသာ ကိုယ်ပိုင်ခွန်အားကို မြှင့်တင်ရန် အခွင့်အရေးကို အမိအရ မဆုပ်ကိုင်နိုင်ခဲ့လျှင် နောင်တစ်ချိန်တွင် ၎င်းအနေဖြင့် အရှင်သခင်၏ နောက်သို့ လိုက်ပါခွင့် ရတော့မည် မဟုတ်ချေ။
ခြင်္သေ့ဘုရင်နှင့် လမ်းခွဲခဲ့ပြီးနောက် လင်းယွမ်သည် ရှောင်ယီရှန်းနှင့် အတူရှိခဲ့သည့် ဂူသို့ ပြန်လာခဲ့သည်။ သို့သော် သူ ပြန်ရောက်ချိန်တွင် ရှောင်ယီရှန်းကို မတွေ့ရတော့ချေ။
အစောပိုင်းက ရှောင်ယီရှန်း ပျောက်ဆုံးနေသည်ကို သိလိုက်ရချိန်တွင် လင်းယွမ်မှာ အနည်းငယ် စိုးရိမ်သွားပြီး သူမ တစ်ခုခု ဖြစ်သွားလေမလားဟု တွေးမိသည်။
သို့သော် မကြာမီမှာပင် သူသည် ဂူ၏ နောက်ဘက်အကျဆုံး နေရာ၌ ရှောင်ယီရှန်း ချန်ထားရစ်ခဲ့သည့် လက်ရေးစာတစ်စောင်ကို တွေ့ရှိခဲ့သည်။
လင်းယွမ်သည် စာအိတ်ကို ဖွင့်လိုက်ပြီး လက်ရေးစာကို ဖြည်းဖြည်းချင်း ဖြန့်လိုက်သည်။
"စိတ်မကောင်းပါဘူး လင်းယွမ်။ ရှင် ဒီစာကို ဖတ်ရတဲ့ အချိန်မှာ ကျွန်မ ထွက်သွားပြီး ဖြစ်ပါလိမ့်မယ်။ ကျွန်မကို လိုက်မရှာပါနဲ့ ဘာလို့လဲဆိုတော့ ကျွန်မက တကယ်ကို ဝေးလွန်းတဲ့ နေရာတစ်ခုကို သွားနေလို့ပါ"
"ကျေးဇူးတင်ပါတယ် ဒီအချိန်အတောအတွင်းမှာ ကျွန်မအနားမှာ ရှိပေးခဲ့တဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်။ ကျွန်မတို့ သိခဲ့တာ ခဏလေးပဲ ရှိသေးပေမယ့် ရှင့်ကို တွေ့ပြီးနောက်ပိုင်း ကုန်ဆုံးခဲ့ရတဲ့ ရက်အနည်းငယ်က ကျွန်မဘဝမှာ အပျော်ဆုံး အချိန်တွေပါပဲ"
"လင်းယွမ်... ရှင် သိလား ဘယ်အချိန်က စမှန်း မသိပေမယ့် ရှင်က ကျွန်မရဲ့ နှလုံးသားထဲကို ဖြည်းဖြည်းချင်း ဝင်လာခဲ့တယ်။ ကျွန်မ ရှင့်ကို ချစ်မိသွားပြီ"
ကျွန်မ ရှင့်ကို ချစ်မိသွားပြီ
လင်းယွမ် ဤစကားလုံးများကို မြင်လိုက်ရချိန်တွင် သူ၏ နှလုံးသားမှာ တစ်ချက် တုန်လှုပ်သွားရသည်။
သူမနှင့် သိကျွမ်းခဲ့သည့် ရက်အနည်းငယ်အတွင်းမှာပင် ထိုမိန်းကလေး၏ နှလုံးသားကို သူ သိမ်းပိုက်နိုင်ခဲ့လိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့ပေ။
"သိပ်ပြီး ဆွဲဆောင်မှု ရှိလွန်းတာကလည်း အမြဲတမ်းတော့ ကောင်းတာ မဟုတ်ဘူးပဲ"
မိမိကိုယ်ကို အနည်းငယ် သာယာနေပြီးနောက် လင်းယွမ်သည် စာကို ဆက်လက် ဖတ်ရှုလိုက်သည်။
"လင်းယွမ်... ကျွန်မ ရှင့်အနားမှာပဲ နေချင်တယ်။ ရေခပ် ထင်းခွေပေးရတဲ့ အစေခံမလေး အဖြစ်နဲ့ပဲ ဖြစ်ဖြစ် ရှင့်အနားမှာ နေခွင့်ရရင် ကျွန်မ ကျေနပ်ပါတယ်။"
"ဒါပေမဲ့ ကံကြမ္မာက ကျွန်မကို ရက်ရက်စက်စက် ကျီစားခဲ့ပုံရတယ်။"
"ရှင် သိလား ကျွန်မက လူတိုင်း ရွံရှာကြတဲ့ ဒဏ္ဍာရီလာ အဆိပ်သင့် ခန္ဓာကိုယ်ပိုင်ရှင် ဖြစ်နေလို့ပါ။"
"ဟက်... အဆိပ်သင့် ခန္ဓာကိုယ်တဲ့လား ကျွန်မကတော့ လူတိုင်း မုန်းတီးကြတဲ့ အဆိပ်သတ္တဝါကြီး တစ်ကောင် မဖြစ်ချင်ပါဘူး"
"ရှင့်ရဲ့ အနာဂတ်မှာ ကျွန်မကို တစ္ဆေတစ်ကောင် ဒါမှမဟုတ် မိစ္ဆာတစ်ကောင်လိုမျိုး မမြင်စေချင်ဘူး။ ကျွန်မကို ကတိပေးပါ ရှင့်ရဲ့ နှလုံးသားထဲမှာ ရှောင်ယီရှန်းရဲ့ ပုံရိပ်လေးကိုပဲ ထာဝရ သိမ်းထားပေးပါလို့။"
"နှုတ်ဆက်ပါတယ် လင်းယွမ် ရှောင်ယီရှန်းရဲ့ နှလုံးသားကတော့ တစ်ဘဝလုံး ရှင့်အတွက်ပဲ ဖြစ်ပါလိမ့်မယ်"
စာ၏ အဆုံးသတ်တွင် ခြောက်သွေ့နေပြီဖြစ်သော မျက်ရည်စက်အချို့ ကျန်ရစ်နေခဲ့သည်။
လင်းယွမ်သည် ၎င်းတို့မှာ ရှောင်ယီရှန်း မထွက်ခွာမီက တိတ်တဆိတ် ငိုကြွေးခဲ့သည့် မျက်ရည်များမှန်း သိရှိလိုက်သည်။