အခန်း ၁၁ ဘုရင်မ၏ ရည်ရွယ်ချက်
နာရီဝက်ခန့် ကြာပြီးနောက်တွင် ဘုရင်မ မဒူဆာသည် ခမ်းနားထည်ဝါသော နန်းတော်တစ်ခု၏ အထက်တွင် ရပ်တန့်လိုက်သည်။
အောက်ဘက်ရှိ မြေပြင်ကို စိုက်ကြည့်နေသော ဘုရင်မ မဒူဆာ၏ မျက်ခုံးတန်းလေးများမှာ တစ်စုံတစ်ခုကို အလေးအနက် စဉ်းစားနေသည့်အလား အနည်းငယ် တွန့်ချိုးနေသည်။
လင်းယွမ်သည်လည်း ထိုအခိုက်အတန့်တွင် ရပ်တန့်လိုက်ပြီး နှစ်ဦးသား ဘေးချင်းယှဉ်လျက် ရပ်နေကြသည်။
"ဘာလို့ အောက်ကို ဆင်းမသွားတာလဲ" လင်းယွမ်က နားမလည်နိုင်သဖြင့် မေးလိုက်သည်။
ဘုရင်မ မဒူဆာ၏ ယခင်က အပြုအမူများကို ကြည့်ခြင်းအားဖြင့် သူမသည် အဆင့်တက်လှမ်းနိုင်ရန် အချိန်အတော်ကြာကတည်းက စိတ်အားထက်သန်နေခဲ့ခြင်း ဖြစ်သည်။
မဟုတ်ပါက ရုပ်ပြောင်းလဲခြင်းဆေးလုံး အကြောင်း ကြားပြီးနောက် မြွေလူသားမျိုးနွယ်စုထံသို့ ဤမျှ အလောတကြီး ပြန်လာလိမ့်မည် မဟုတ်ပေ။
သို့သော် ယခုအခါ သူမသည် မြွေလူသားမျိုးနွယ်စု၏ နယ်မြေထဲသို့ ရောက်နေပြီ ဖြစ်သော်လည်း ဤနေရာ၌ ရပ်တန့်နေခြင်းမှာ အတော်လေး ထူးဆန်းနေသည်။
ဘုရင်မ မဒူဆာသည် လင်းယွမ်ကို ရှုပ်ထွေးသော အမူအရာဖြင့် ကြည့်လိုက်ပြီးနောက် အောက်ဘက်သို့ ညွှန်ပြကာ "ရုပ်ပြောင်းလဲခြင်းဆေးလုံး အတွက် ဆေးဖက်ဝင်ပစ္စည်းတွေကို အကြီးအကဲများခန်းမထဲမှာ သိုလှောင်ထားတယ် ဒါပေမဲ့..."
ဤနေရာအရောက်တွင် ဘုရင်မ မဒူဆာသည် လင်းယွမ်ကို တစ်ခုခု ပြောချင်သော်လည်း ပြန်ထိန်းထားသည့်ပုံစံဖြင့် ကြည့်နေသည်။
လင်းယွမ်သည် သူမ၏ အမူအရာ အပြောင်းအလဲအားလုံးကို ရိပ်မိလိုက်သည်။
ထို့နောက် သူသည် ဘုရင်မ မဒူဆာ၏ နုနယ်လှသော လက်ကလေးကို ဆုပ်ကိုင်လိုက်ပြီး "ဒါပေမဲ့ ဘာဖြစ်လို့လဲ" ဟု မေးလိုက်သည်။
သူမ၏ ပုလဲကဲ့သို့ ဖြူစင်သော သွားလေးများဖြင့် နီမြန်းသော နှုတ်ခမ်းလွှာကို အသာအယာ ကိုက်ထားရင်း ဘုရင်မ မဒူဆာ၏ မျက်ဝန်းများတွင် တောင်းဆိုမှု အရိပ်အယောင်များ ရှိနေသည် "လင်းယွမ်... ငါ့ကို တစ်ခုလောက် ကတိပေးနိုင်မလား"
"ဘာကိစ္စလဲ"
ဘုရင်မ၏အမူအရာကို မြင်လိုက်ရသောအခါ လင်းယွမ်၏ စိတ်ထဲတွင် သနားဂရုဏာစိတ်များ ဖြစ်ပေါ်လာသည်။
သူကိုယ်တိုင်ပင် သတိမထားမိဘဲ ထိုအလှပဂေးလေး၏ လက်ကို ပိုမိုတင်းကြပ်စွာ ဆုပ်ကိုင်ထားမိသည်။
"ဟူး"
ဘုရင်မ မဒူဆာသည် သူမ၏ အတွေးများကို စုစည်းနေသည့်အလား သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်သည်။
ခဏအကြာတွင် သူမ၏ နီရဲသော နှုတ်ခမ်းများ အနည်းငယ် လှုပ်ရှားသွားပြီး "ခဏနေရင် ငါ နင့်ကို ရုပ်လုံးပြောင်းလဲခြင်းဆေးလုံး ဖော်စပ်ဖို့ ပစ္စည်းတွေ သွားယူဖို့ အကြီးအကဲများ(သက်ကြီးဝါကြီး)ခန်းမဆီ ခေါ်သွားမယ်" ဟု ပြောလိုက်သည်။
ဤနေရာတွင် ဘုရင်မ မဒူဆာက လင်းယွမ်ကို တစ်ချက်ကြည့်ကာ ဆက်ပြောသည်- "ဒါပေမဲ့... အကြီးအကဲတွေရဲ့ ရှေ့မှာ နင်က ငါ့ရဲ့ စေ့စပ်ထားသူဆိုတဲ့အကြောင်း ထည့်မပြောဖို့ ငါ မျှော်လင့်တယ်"
"ဘာကြောင့်လဲ"
ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးပြီးနောက် ဘုရင်မ မေဒူဆာသည် သူ့ကို တဖြည်းဖြန်း လက်ခံလာပြီဟု သူ ယူဆခဲ့သည်။
သို့သော် ယခုအခါ လင်းယွမ်သည် မိမိကိုယ်မိမိ အားမလိုအားမရ ဖြစ်သွားသည်။
ငါကပဲ အထင်မှားနေတာ ထင်တယ် မြင့်မြတ်တဲ့ ဘုရင်မတစ်ပါးက ငါ့ကို တကယ် ချစ်လာနိုင်ပါ့မလား။
လင်းယွမ်သည် ဘုရင်မ မဒူဆာ၏ လက်ကို မသိစိတ်ဖြင့် လွှတ်လိုက်မိပြီး သူ၏ အမူအရာမှာ ခဏမျှ အားငယ်သွားသည့်ပုံ ပေါ်သွားသည်။
လင်းယွမ်၏ အပြောင်းအလဲကို သတိပြုမိလိုက်သောအခါ ဘုရင်မ မဒူဆာမှာ အစပိုင်းတွင် အံ့သြသွားရသည်။
သို့သော် နောက်တစ်စက္ကန့်တွင် လင်းယွမ် ဘာကြောင့် ဤကဲ့သို့ ပြုမူရသည်ကို သူမ နားလည်သွားသည်။
ယခုတစ်ကြိမ်တွင် ဘုရင်မ မဒူဆာက လင်းယွမ်၏ လက်ကို ပြန်လည်ဆုပ်ကိုင်လိုက်ပြီး စိုးရိမ်တကြီး ပြောလိုက်သည် "လင်းယွမ်... နင်ထင်သလို မဟုတ်ပါဘူး"
"ဟင်"
ဘုရင်မ မဒူဆာ၏ ရုတ်တရက် အပြုအမူကြောင့် လင်းယွမ် အနည်းငယ် မှင်သက်သွားရသည်။
သူမက သူ့ကို မုန်းနေတာ မဟုတ်ဘူးလား။
အခု ဒီအပြုအမူက ဘာကို ဆိုလိုတာလဲ စနောက်နေတာလား။
"နေဦး တစ်ခုခုတော့ မှားနေပြီ"
ချက်ချင်းဆိုသလိုပင် လင်းယွမ် ဘာဖြစ်နေသည်ကို ရိပ်မိသွားသည်။
မူရင်းဇာတ်လမ်းထဲမှာ ဘုရင်မ မေဒူဆာက ဘယ်လောက်တောင် အေးစက်တည်ငြိမ်ခဲ့သလဲ
အကယ်၍ သူမ အားနည်းနေချိန်မှာ ထိုတိရစ္ဆာန် ရှောင်ယန်က အခွင့်ကောင်း မယူခဲ့ဘူးဆိုရင် ဘယ်အမျိုးသားကမှ သူမရဲ့ နှလုံးသားထဲကို ဝင်နိုင်မှာ မဟုတ်ဘူး။
ကောင်းကင်ဘုံသို့စစ်ပြိုင်ခြင်းဇာတ်လမ်းရဲ့ နောက်ပိုင်းအဆင့်တွေမှာ သူမနဲ့ ရှောင်ယန်တို့ ပတ်သက်မှု ရှိလာချိန်မှာတောင် ဘုရင်မ မဒူဆာဟာ ဘယ်တုန်းကမှ သူ့အပေါ် ရင်းနှီးတဲ့ အပြုအမူတွေကို အစပြုခဲ့တာ မဟုတ်ဘူး။ အဲဒီလို အမျိုးသမီးမျိုးက ဘယ်လိုလုပ် ဒီလောက် အလိုက်သင့် ပြုမူမှာလဲ
ထို့ကြောင့် လင်းယွမ်သည် ဘုရင်မ မဒူဆာတွင် မလွှဲမရှောင်သာသော အခက်အခဲ တစ်စုံတစ်ရာ ရှိနေရမည်ဟု အသေအချာ ယုံကြည်လိုက်သည်။
"ဟုတ်သားပဲ"
မြွေလူသားမျိုးနွယ်စု၏ ဘုရင်မသည် တစ်သက်လုံး လက်ထပ်ခွင့် မရှိဟု မူရင်းဇာတ်လမ်းထဲတွင် ခဏမျှ ဖော်ပြခဲ့ဖူးသည်ကို သူ ရုတ်တရက် သတိရသွားသည်။
သေချာသည် လင်းယွမ် အချိန်အတော်ကြာ တိတ်ဆိတ်နေသည်ကို မြင်သောအခါ ဘုရင်မ မဒူဆာ၏ အသံမှာ ထပ်မံ ထွက်ပေါ်လာသည်။
"ငါတို့ မြွေလူသားတွေရဲ့ ဘိုးဘွားအစဉ်အလာ ဥပဒေသအရ မြွေလူသားတွေရဲ့ ဘုရင်ဟာ ဘယ်တော့မှ လက်မထပ်ရဘူး အထူးသဖြင့် လူသားတွေနဲ့ဆို ပိုလို့တောင် မရဘူး" ဘုရင်မ မဒူဆာ၏ လေသံမှာ မတတ်သာမှုများ ပြည့်နှက်နေသည်။
လင်းယွမ်၏ အမူအရာ ပြေလျော့သွားသည်ကို မြင်မှ သူမ နောက်ဆုံးတွင် စိတ်သက်သာရာ ရသွားပြီး ဆက်ပြောသည် "အကယ်၍ နင်က အကြီးအကဲတွေကို နင်က ငါ့ရဲ့ စေ့စပ်ထားသူလို့ ပြောလိုက်ရင် သူတို့ သေချာပေါက် သဘောတူမှာ မဟုတ်ဘူး"
နောက်တစ်စက္ကန့်တွင် ဘုရင်မ မဒူဆာသည် လင်းယွမ်ကို ရုတ်တရက် ဖက်လိုက်သည် "ငါ နင့်ကို အကြီးအကဲတွေနဲ့ ထိပ်တိုက် မတွေ့စေချင်ဘူး ဘာပဲဖြစ်ဖြစ် ဒါက ငါ မွေးဖွားကြီးပြင်းခဲ့တဲ့ နေရာလေ"
ဤဖက်လိုက်မှုတစ်ခုတည်းနှင့်ပင် ဘုရင်မ မဒူဆာသည် လင်းယွမ်အပေါ် ထားရှိသည့် ခံစားချက်ကို သက်သေပြရန် လုံလောက်နေပြီ ဖြစ်သည်
အပိုစကားများ မပြောတော့ဘဲ လင်းယွမ်သည် လက်လှမ်းလိုက်ပြီး ဘုရင်မ မဒူဆာ၏ နုနယ်သော ကိုယ်လေးကို တင်းကြပ်စွာ ပြန်လည်ပွေ့ဖက်လိုက်သည်။
သူသည် လက်တစ်ဖက်ဖြင့် ဘုရင်မ မေဒူဆာ၏ ဆံနွယ်လေးများကို အသာအယာ ပွတ်သပ်ပေးရင်း ခပ်တိုးတိုး ပြောလိုက်သည် "စိတ်မပူပါနဲ့ ချစ်လေးရာ ကိုယ် မင်းကို အခက်တွေ့အောင် မလုပ်ပါဘူး"
သူ ဤသို့ပြောလိုက်ချိန်တွင် လင်းယွမ်၏ မျက်ဝန်းများထဲ၌ အေးစက်သော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။
တကယ့် မြွေလူသားတွေပဲ တကယ့် ဘိုးဘွားအစဉ်အလာ ဥပဒေသတွေပဲ အကယ်၍ သူ၏ ရင်ခွင်ထဲတွင် ဤအလှပဂေးလေးသာ မရှိခဲ့ပါက လင်းယွမ်သည် တွန့်ဆုတ်မနေဘဲ အထဲသို့ ဝင်ရောက်ကာ ထိုအဘိုးကြီးအားလုံးကို သတ်ဖြတ်ပစ်လိုက်မိမည် ဖြစ်သည်။
သို့သော် ယခုအချိန်တွင်မူ သူ၏ ဘုရင်မထက် အရေးကြီးသည့်အရာ ဘာမျှ မရှိပေ။ လင်းယွမ်၏ အာမခံချက်ကြောင့် ဘုရင်မ မဒူဆာမှာ နောက်ဆုံးတွင် စိတ်သက်သာရာ ရသွားပြီး သူမ၏ ခေါင်းလေးကို မော့ကာ လင်းယွမ်ကို ကြည့်လိုက်သည် "ကျေးဇူးပဲ"
"အူတူတူလေး"
လင်းယွမ်သည် ချစ်စနိုးဖြင့် လက်ချောင်းလေးဖြင့် ဘုရင်မ မဒူဆာ၏ နှာခေါင်းလေးကို အသာအယာ တို့လိုက်သည်။
"အခု အကြီးအကဲဆီ သွားပြီး ဆေးလုံးအတွက် ပစ္စည်းတွေ သွားယူကြမလား" သေချာသည်မှာ အမျိုးသမီးတစ်ဦးသည် မည်မျှပင် အေးစက်တည်ငြိမ်ပါစေ သူမ ချစ်ရသူ၏ ရှေ့မှောက်တွင်မူ ကလေးတစ်ယောက်ကဲ့သို့ ဖြစ်သွားတတ်စမြဲပင်။
ဤအခိုက်အတန့်တွင် ဘုရင်မ မဒူဆာသည် လင်းယွမ်၏ ရှေ့၌ ကလေးတစ်ယောက်ကဲ့သို့ ဖြစ်နေသည်။
"ကောင်းပြီ... သွားကြစို့"
စကားပြောပြီးသည်နှင့် သူတို့နှစ်ဦးမှာ မြေပြင်ပေါ်သို့ ဆင်းသက်လိုက်ကြသည်။
ဘုရင်မ မဒူဆာ ဦးဆောင်မှုဖြင့် သူတို့နှစ်ဦးမှာ အကြီးအကဲများခန်းမအတွင်းသို့ တစ်ဦးပြီးတစ်ဦး ဝင်ရောက်သွားကြတော့သည်။