အခန်း (၁) - ရဲမျိုးနွယ်၏ မျိုးဆက်သစ်
ဒိုချီကုန်းမြေကြီး၊ အလယ်ပိုင်းလွင်ပြင်၊ ဆေးနယ်မြေ၊ ရဲမြို့တော်...
ဒါဟာ ကျယ်ပြောလှသည့် လွင်ပြင်ကြီးပေါ်တွင် တည်ရှိပြီး ထည်ဝါနေသော မြို့ကြီးတစ်မြို့ ဖြစ်သည်။ မြို့တော်ကို စိမ်းလန်းစိုပြည်သည့် သစ်တောကြီးက ဝန်းရံထားပြီး ထိုသစ်တောကြီးထဲမှ ကျယ်ပြန့်သော လမ်းမကြီးများဟာ မိုးကုတ်စက်ဝိုင်းအထိ လှပစွာ သွယ်တန်းနေကြသည်။
မြို့တော်၏ ဗဟို တည့်တည့်တွင် ကျယ်ဝန်းသည့် အိမ်တော်ကြီး တစ်ခု ရှိသည်။ သာမန်လူများအနေဖြင့် အိမ်တော်၏ အပြင်ဘက် ပတ်ဝန်းကျင်သို့ပင် ဝင်ရောက်ခွင့် မရှိဘဲ လုံခြုံရေးကလည်း အလွန်ပဲ တင်းကြပ်လှသည်။
အိမ်တော်ဟာ မြို့တော်၏ သခင်များဖြစ်ကြပြီး တစ်ချိန်က ဆေးနယ်မြေတစ်ခုလုံးတွင် ထင်ရှားကျော်ကြားခဲ့သည့် ကြီးမြတ်သော မျိုးနွယ်စု ငါးခုအနက် တစ်ခုအပါအဝင် ဖြစ်ခဲ့သော ရဲမျိုးနွယ်တို့ နေထိုင်ရာ အိမ်တော်ပင် ဖြစ်သည်။
ရဲမျိုးနွယ်ဟာ အတန်ငယ် ဆုတ်ယုတ်ကျဆင်းလာခဲ့ပြီ ဆိုသော်လည်း ရဲမျိုးနွယ်၏ ဘိုးဘေးကြီး မကွယ်လွန်မီအချိန်အထိ ဆေးနယ်မြေတစ်ခုလုံးတွင် မည်သူမျှ ရဲမျိုးနွယ်အပေါ် မကောင်းသည့် စိတ်ကူးများကို မမွေးမြူရဲကြပါ...
ဒီအချိန်မှာတော့ ရဲမျိုးနွယ် အိမ်တော်အတွင်းရှိ စံအိမ်ငယ်လေးတစ်ခုထဲတွင် အစေခံများ သွားလာလှုပ်ရှားရင်း အလုပ်ရှုပ်နေကြသည်။ စံအိမ်၏ ပင်မခန်းမထဲတွင် အသက်နှစ်ဆယ်ကျော် လူငယ်တစ်ဦးဟာ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေပြီး ခေါင်းကိုမော့ကာ နောက်ဖေးခြံဝင်းဘက်သို့ ခဏခဏ လှမ်းကြည့်နေခဲ့သည်။
အသက်အရွယ်မျိုးစုံ၊ ကျားမ မရွေး လူပေါင်းများစွာဟာ ခန်းမအတွင်း၌ အသီးသီး ရှိနေကြပြီး အားလုံး၏ မျက်နှာပေါ်တွင် တည်ငြိမ် လေးနက်သည့် အမူအရာများ ရှိနေကြကာ တစ်ယောက်နှင့်တစ်ယောက် တိုးတိုးတိတ်တိတ် စကားဆိုနေကြသည်။
ခဏအကြာတွင် အသက် ၁၈၊၁၉ နှစ်ခန့်သာ ရှိမည့် မိန်းမလှလေးတစ်ဦးဟာ အပြင်ဘက်မှ ခုန်ပေါက် ဝင်ရောက်လာခဲ့သည်။ ထိုလူငယ်ဟာ သူမကို မြင်တာနှင့် ချက်ချင်း ရှေ့သို့ အပြေးအလွှား သွားရောက်ကာ စိုးရိမ်တကြီး မေးမြန်းလိုက်သည်။
“ညီမလေး... ဘယ်လိုလဲ၊ မွေးပြီလား...”
“ကိုကိုသုံးကလည်း... သင့်တော်ရဲ့လား၊ ညီမမှ မင်္ဂလာ မဆောင်ရသေးတာ... ဘယ်လိုလုပ် မွေးနိုင်မှာလဲ...” ညီမလေးဖြစ်သူက သူ့အား တမင် စနောက်နေခြင်းဖြစ်ကြောင်း သိရှိသွားပြီး သူမ၏ နဖူးကို တောက်လိုက်ပြီး ဒေါသထွက်ဟန်နှင့် ပြောလိုက်သည်။
“ငါက မင်းရဲ့ မမလေးအကြောင်း ပြောနေတာပါ... အခု နောက်ဖေးခြံဝင်းထဲမှာ ဘယ်လိုအခြေအနေ ရှိနေပြီလဲ...”
မိန်းမလှလေးဟာ သူမ၏ နဖူးလေးကို လက်နှင့်အုပ်ကာ လျှာထုတ်ပြပြီး အစ်ကိုဖြစ်သူအား ပြောင်စပ်စပ် အမူအရာ လုပ်ပြလိုက်သည်။ ထို့နောက် တဟိဟိ ရယ်မောရင်း ပြောလိုက်သည်။
“မပူပါနဲ့၊ မေမေက စောပါသေးတယ်တဲ့... အစ်ကို အားမလိုအားမရ ဖြစ်နေမှာစိုးလို့ ညီမက ခိုးထွက်ပြီး သတင်းလာပို့တာ...”
“သူ အဆင်ပြေရင် ပြီးတာပါပဲ၊ သူ အဆင်ပြေရင် ပြီးတာပါပဲ...” လူငယ်က တိုးတိုးလေး ရေရွတ်လိုက်သော်လည်း ခဏအကြာတွင် တစ်ဖန် ပြန်လည် စိုးရိမ်လာခဲ့သည်။ “ဒါပေမဲ့ အချိန်တော်တော်ကြာနေပြီလေ... ဘာလို့ အခုထိ မမွေးသေးတာလဲ၊ တစ်ခုခု ပြဿနာရှိနေတာများလား...”
ဒါကို မြင်တော့ မိန်းမလှလေးဟာ သူမ၏ အစ်ကိုဖြစ်သူကို ဆက်မပြောချင်တော့ပါ။
သူမဟာ ပတ်ဝန်းကျင်ကို စုစိုက်ကြည့်ရှုလိုက်ပြီး မေးမြန်းလိုက်သည်။
“ဖေဖေရော... ဘာလို့ မမြင်တာလဲ...”
ထိုစဉ် ပိုမို တည်ငြိမ်ရင့်ကျက်ပုံရသည့် အမျိုးသားတစ်ဦးဟာ ပြုံးရွှင်စွာနှင့် ပြောလိုက်သည်။
“စောစောက ဘိုးဘေးကြီး ခေါ်လို့ သွားတယ်... ဘာလဲ၊ သမီးတဆယ့်သုံး... တွေ့ချင်လို့လား...”
သူမထက် အသက် ၁၀ နှစ်ကျော်ကြီးသည့် အစ်ကိုကြီးအား ရင်ဆိုင်ရသည့်အခါ မိန်းမလှလေးဟာ ရိုသေစွာ ပြန်ဖြေလိုက်သည်။
“ဘာမှမဟုတ်ပါဘူး၊ မေးကြည့်တာပါ... ဒါဆို အစ်ကိုကြီးတို့ ဒီမှာပဲ စောင့်နေကြနော်၊ ညီမ နောက်ဘက်ကို အရင်သွားကြည့်လိုက်ဦးမယ်...”
စကားအဆုံးတွင် သူမဟာ ယုန်ဖြူလေးတစ်ကောင်ကဲ့သို့ တံခါးပြင်ပသို့ တက်ကြွစွာ ပြန်လည် ခုန်ပေါက် ထွက်ခွာသွားခဲ့သည်။ သူဟာ ဒီညီငယ် ညီမငယ်များထက် အသက်များစွာ ပိုမို ကြီးရင့်သူ ဖြစ်သည်။ သူတို့လေးတွေ အပြေးအလွှား ဆော့ကစားနေကြချိန်တွင် အမျိုးနွယ်၏ ကိစ္စရပ်များကို စတင် စီမံခန့်ခွဲနေပြီ ဖြစ်သည်။
ဒီလို အခြေအနေမျိုးဟာ ကြီးမားသည့် အမျိုးနွယ်စုတိုင်းတွင် ဖြစ်လေ့ဖြစ်ထရှိသည့် ကိစ္စဖြစ်သော်လည်း ကံကောင်းစွာပင် ရဲမျိုးနွယ်၏ မျိုးဆက်အသီးသီးမှ ညီအစ်ကို မောင်နှမများအကြား ဆက်ဆံရေးဟာ ကောင်းမွန်ကြပြီး အာဏာလုပွဲများနှင့် အတွင်းစည်း ပဋိပက္ခများ မရှိကြပါ...
စံအိမ် မီတာတစ်ရာ ပတ်လည်တွင် အခြားမည်သည့် အဆောက်အအုံမျှ မရှိဘဲ ပုံမှန်အားဖြင့် မျိုးနွယ်စုခေါင်းဆောင်နှင့် အကြီးအကဲ အနည်းငယ်မှလွဲပြီး မည်သူမျှ ချဉ်းကပ်ခွင့် မရှိပါ...
အကြောင်းမှာ ဒီနေရာမှာနေထိုင်သူဟာ ရဲမျိုးနွယ်၏ လက်ရှိ ဘိုးဘေးကြီး ရဲရွှန်း ပင် ဖြစ်သည်။
ရဲမျိုးနွယ် မျိုးနွယ်စုခေါင်းဆောင် ရဲကျုံးဟာ ဘေးဘက်တွင် ရိုသေစွာ မတ်တပ်ရပ်နေခဲ့သည်။ သူ၏ ရှေ့တွင် အိုမင်းမစွမ်း ဖြစ်နေသည့် အဘိုးအိုတစ်ဦး ရှိနေသည်။ သူဟာ ရဲမျိုးနွယ်၏ ဘိုးဘေးကြီး ရဲရွှန်း ဖြစ်သည်။
“လန်အာရဲ့ ပထမဆုံး ရင်သွေးလေး မွေးတော့မယ်လို့ ငါ ကြားတယ်...”
“ဟုတ်ပါတယ် ဘိုးဘေးကြီး... ဒီနေ့ပါပဲ၊ ရဲမျိုးနွယ်တစ်ခုလုံး ပြင်ဆင်ထားပြီးပါပြီ၊ ချင်းမိုကလည်း ကြီးကြပ်ပေးနေပါတယ်...”
ရဲကျုံးဟာ အသက် ၅၀ ကျော်မျှသာ ရှိသေးသဖြင့် သူ၏ အကောင်းဆုံး အရွယ်ဖြစ်သည်ဟု ဆိုနိုင်သည်။ သူ၏ စွမ်းအားကလည်း အဆင့်တစ် ဒိုဇုန်း အဆင့်သို့ ရောက်ရှိထားပြီး သူ၏ အမြင့်ဆုံး ကာလလည်း ဖြစ်သည်။
သို့သော်လည်း ရဲကျုံး တစ်ယောက်တည်းနှင့် ရဲမျိုးနွယ်၏ ဆက်တိုက် ဆုတ်ယုတ်ကျဆင်းမှုကို တားဆီးနိုင်မည် မဟုတ်ကြောင်း စိတ်ထဲမှ အသီးသီး နားလည်ထားကြသည်...
“ကောင်းတယ်... ကောင်းတယ်၊ ဒါဟာ ငါတို့ ရဲမျိုးနွယ် နောက်မျိုးဆက်ရဲ့ တိုက်ရိုက် မျိုးဆက်သစ်ပဲ... ငါ့ဘဝ မကုန်ဆုံးမီ သူ့ရဲ့ မွေးဖွားခြင်းကို မြင်တွေ့ခွင့်ရတာနဲ့တင် လုံလောက်ပါပြီ...”
“ဘိုးဘေးကြီး...” ဒီစကားများကို ကြားလိုက်ရသည့်အခါ ရဲကျုံး၏ နှာခေါင်းမှာ စိမ့်ခနဲ ဖြစ်သွားပြီး မျက်ရည်များပင် ဝိုင်းလာခဲ့ရသည်။
ရဲမျိုးနွယ် ဘိုးဘေးကြီး ရဲရွှန်း ဟာ ထိပ်တန်း ဒိုဇုန်း တစ်ဦးဖြစ်သလို အဆင့်ခုနစ် ထိပ်တန်း ဆေးလုံးဆရာ တစ်ဦး ဖြစ်သော်လည်း ငယ်ဘဝက ပြင်းထန်သည့် ဒဏ်ရာများကို ရရှိခဲ့ဖူးတာကြောင့် သူ၏ အခြေခံအုတ်မြစ်မှာ ပျက်စီးခဲ့ရသည်။ သူ၏ အသက်ဟာ နှစ်ရာပင် မပြည့်သေးသော်လည်း ဘဝ၏ နောက်ဆုံးအချိန်သို့ ဆိုက်ရောက်နေပြီ ဖြစ်သည်။
“ဟဲဟဲ... မိုက်မဲတဲ့ ကလေး”
ရဲကျုံး၏ တုံ့ပြန်မှုကို ကြည့်ရင်း ဘိုးဘေးကြီး ရဲရွှန်း ပြုံးလိုက်သည်။
“လူဆိုတာ မသေဘဲ နေလို့ရမလား... မွေးဖွားခြင်း၊ သေဆုံးခြင်းနဲ့ သံသရာဆိုတာ ကောင်းကင်ဘုံရဲ့ အလိုတော်ပဲ၊ ငါ့မှာ ရှိတဲ့ တစ်ခုတည်းသော နောင်တကတော့ ရဲမျိုးနွယ်ရဲ့ ယခင် ဂုဏ်ရောင်ပြောင်မှုများကို ပြန်လည် မမြင်တွေ့နိုင်တော့တာပါပဲ... ဒီကြီးမားတဲ့ တာဝန်ဟာ အမျိုးနွယ်စုခေါင်းဆောင် ဖြစ်တဲ့ မင်းရဲ့ ပခုံးပေါ် ကျရောက်သွားခဲ့ပြီ...”
ရဲကျုံး စိတ်လှုပ်ရှားနေစဉ်မှာပင် ရုတ်တရက် တံခါးပြင်ပရှိ သန့်ရှင်းကြည်လင်နေသည့် ကောင်းကင်ကြီးဟာ မှောင်မိုက်သွားခဲ့သည်။
ဒီပြောင်းလဲမှုဟာ ရဲမြို့တော်အတွင်းရှိ လူတိုင်းကို အံ့အားသင့်သွားစေခဲ့သည်။ လူတိုင်း ကောင်းကင်သို့ မော့ကြည့်လိုက်ချိန်မှာပင် ကြယ်တာရာပေါင်းများစွာဟာ ရုတ်တရက် လင်းလက်တောက်ပလာခဲ့ပြီး မြို့တော်၏ ဗဟို တည့်တည့်ဆီသို့ ဆင်းသက်လာသည့် အဖြူရောင် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
တစ်ချိန်တည်းမှာပင် ရဲမျိုးနွယ် အိမ်တော်၏ နောက်ဖေးခြံဝင်းအတွင်း၌...
“ဝါး... ဝါး... ဝါး...” ဆိုသည့် စူးရှသည့် ငိုသံလေးတစ်ခုဟာ အခန်းအတွင်းမှ ထွက်ပေါ်လာခဲ့သည်။
“မွေးပြီ... မွေးပြီ! မျိုးနွယ်စုခေါင်းဆောင်ဆီ မြန်မြန်သွား အစီရင်ခံပါ... သခင်မလေးက သခင်လေးတစ်ပါး မွေးဖွားလိုက်ပြီ!”
စကားပင် မဆုံးသေးမီ တံခါးပြင်ပရှိ အကူအမျိုးသမီးများဟာ ရုတ်ရုတ်သဲသဲ ဖြစ်သွားကြပြီး တစ်ယောက်ပြီးတစ်ယောက် စံအိမ်တံခါးပြင်ပသို့ အလျင်အမြန် ပြေးထွက်ကာ ရှေ့ခန်းမဆီသို့ ဦးတည်သွားကြတော့သည်။
တစ်ချိန်တည်းမှာပင် အသက် ၄၀ ကျော်အရွယ် အမျိုးသမီးလှတစ်ဦးဟာ အစေခံများနှင့်အတူ အခန်းအတွင်းသို့ အလျင်အမြန် ဝင်ရောက်လာခဲ့သည်။
“သခင်မကြီး ရောက်လာပြီ!”
အခန်းအတွင်းရှိ အစေခံများနှင့် အကူအမျိုးသမီးများဟာ ချက်ချင်း ဒူးထောက်လိုက်ကြ၏။
သို့သော်လည်း ထိုအမျိုးသမီးဟာ သူတို့ကို ဂရုမစိုက်ဘဲ ခုတင်ဘေးသို့ တိုက်ရိုက် ပြေးသွားခဲ့သည်။ သူမဟာ ပထမဦးစွာ ဘေးနားတွင် အိပ်မောကျနေသည့် ကလေးငယ်ကို ကြည့်လိုက်ပြီး ထိုင်ရန် ကြိုးစားနေသည့် ချွေးမဖြစ်သူ ဆုန်းချွန်းအာ ပခုံးများကို အလျင်အမြန် ပွတ်သပ်ပေးရင်း ပြုံးရွှင်စွာ ပြောလိုက်သည်။
“ချွန်းအာ... မြန်မြန် လဲလျောင်းနေပါ၊ မင်းက ရဲမျိုးနွယ်အတွက် တိုက်ရိုက်မျိုးဆက် သားကောင်းတစ်ယောက်ကို မွေးဖွားပေးခဲ့တာပဲ...