ENBack to Ancient Times: Chaos in the Imperial Harem Begins with the Eunuchs
ဇာတ်လမ်းအကျဉ်း :
လင်းဟောက် တစ်ယောက် ခေတ်ဟောင်းအချိန်အခါဆီသို့ ဝိညာဉ်ကူးပြောင်းရောက်ရှိသွားခဲ့သည်။ သို့သော် ကံကြမ္မာ၏ အလှည့်အပြောင်းကြောင့် မိန်းမစိုးတစ်ဦးအဖြစ် စတင်ကျရောက်ခဲ့ရ၏။
ကံကောင်းသည်မှာ ထိုနေရာတွင် သူ့အမျိုးသားအင်္ဂါ ပျက်စီးဆုံးရှုံးမသွားခဲ့ဘဲ မိန်းမစိုးအတု စစ်စစ် ဖြစ်နေခြင်းပင်။
လင်းဟောက် တစ်ယောက် ထိုဝမ်းသာစရာ အခြေအနေကို စိတ်ကြိုက် မခံစားရသေးမီမှာပင် နောက်ထပ် တုန်လှုပ်ဖွယ် အမှန်တရားတစ်ခုကို ထပ်မံသိရှိလိုက်ရသည်။ ထိုအရာကတော့ လက်ရှိ ထီးနန်းစိုးစံနေသော ဧကရာဇ်မင်းမြတ်သည် အမျိုးသားအဖြစ် ရုပ်ဖျက်ထားသည့် အမျိုးသမီးတစ်ဦး ဖြစ်နေခြင်းပင်။
ဧကရာဇ်မင်းမြတ်သည် တိုင်းပြည်ကို အုပ်ချုပ်ရာတွင် မိမိ၏ အမျိုးသမီးအဖြစ်မှန် ပေါ်ထွက်မသွားစေရန်အတွက် မိန်းမစိုးအတုဖြစ်သော လင်းဟောက်ကို မိဖုရားခေါင်ကြီးအား ပြုစုစောင့်ရှောက်ရန် တာဝန်ပေးအပ်လိုက်လေတော့သည်။
မိန်းမစိုးအတု လင်းဟောက်တစ်ယောက် နန်းတွင်းဆောင်များကြားတွင် မည်သို့မည်ပုံ စိတ်တိုင်းကျ ရွှင်မြူးပျော်ပါးပြီး သောင်းကျန်းမလဲဆိုသည်ကို ဆက်လက်ကြည့်ရှုရပေမည်။