ENAt the beginning, I blind tianjiao junior sister, and I am invincible
“အပျင်းထူရင်း တာအိုလမ်းကို လျှောက်ကာလှမ်း…
အရက်က တစ်ခွက်.. အိပ်စက်ခြင်းကတစ်လှည့်…
ကြာပန်းစိမ်းဓားက ကောင်းကင်ကိုပင် နှစ်ခြမ်းခွဲလိမ့်မည်”
…
…..
…….
ဟန်ယွီသည် ဒီကမ္ဘာမှ လူတစ်ယောက် မဟုတ်ပေ။
သူသည် ကမ္ဘာမြေမှ ကူးပြောင်းရောက်ရှိလာသူတစ်ဦးဖြစ်သည်။
သူ၏ကံက အလွန်ဆိုးရွားခဲ့သည်။
ကူးပြောင်းရောက်ရှိလာသည်နှင့် တစ်ပြိုင်နက် သူတောင်းစားလေး တစ်ယောက် ဖြစ်သွားခဲ့ရသည်။
သို့သော် သူ၏ကံကလည်း အလွန်ကောင်းခဲ့ပြန်သည်။
တောင်ပေါ်မှ ဆင်းလာပြီး တပည့်ရှာနေသော မုပင်းယောင်နှင့် တိုက်တိုက်ဆိုင်ဆိုင် တွေ့ဆုံခဲ့ရသည်။
မုပင်းယောင်သည် ဟန်ယွီကို ဘာတစ်ခုမှ မမေးမြန်းဘဲ တိုက်ရိုက်ခေါ်ဆောင်လာခဲ့ပြီး ယွီရှန်းအင်မော်တယ် ဂိုဏ်း၏ ဂိုဏ်းချုပ် လျိုရူယန်ကို ပြောခဲ့သည်။
“ဒီနေ့ကစပြီး သူက ကျွန်မရဲ့ တိုက်ရိုက်တပည့် ဖြစ်သွားပြီ... အခု ကျေနပ်ပြီလား"
ထို့နောက် သူမသည် ရှစ်နှစ်အရွယ် ဟန်ယွီကို ကောင်းကင်ဓားတောင်ထွတ်သို့ ခေါ်သွားပြီး လုံးဝ လွတ်လပ်စွာ ကြီးပြင်းခွင့်ပေးထားခဲ့သည်။
တောင်ပေါ်ရောက်လာပြီးနောက် ဆယ်နှစ်တိုင်တိုင် ဟန်ယွီသည် အရက်သောက်ခြင်း... အပျင်းထူခြင်းတို့ဖြင့်သာ အချိန်ကုန်ဆုံးခဲ့သည်။
ထို့ကြောင့် ပတ်ဝန်းကျင်ရှိလူတိုင်းက သူ့ကို မိမိကိုယ်ကို အရှုံးပေးထားပြီး ရှေ့ဆက်တိုးတက်ရန် မရှိတော့သည့် အသုံးမကျသူတစ်ဦးဟုသာ သတ်မှတ်ထားကြသည်။
တစ်နေ့တွင် ဟန်ယွီ၏ စနစ် နိုးထလာခဲ့ပြီး လူသစ်ဆုလာဘ် အဖြစ် အရက်မူးဓား အင်မော်တယ်ခန္ဓာကိုယ်... ကြာပန်းစိမ်းအင်မော်တယ်ဓားနှင့် စကြ၀ဠာဘူးသီး တို့ကို ရရှိခဲ့လေသည်။
ထို့အပြင် ပါရမီရှင်ကျင့်ကြံသူများထံ ရင်းနှီးမြှုပ်နှံပေးနိုင်ပါက သူတို့၏တိုးတက်မှုအပေါ် မူတည်၍ မိမိအတွက် အဆတစ်သောင်းအထိ ပြန်လည်ရရှိနိုင်သည့် အံ့ဖွယ်စနစ်တစ်ခုကိုလည်း ပိုင်ဆိုင်သွားခဲ့သည်။
ယခုတော့ အရက်သောက်ရင်း အပျင်းထူနေခြင်းကပင် သူ့အတွက် ကျင့်ကြံခြင်းတစ်မျိုး ဖြစ်လာခဲ့ပြီ။
သူတစ်ပါးကို ရင်းနှီးမြှုပ်နှံပေးရင်း အဆတစ်သောင်းအထိ ပြန်လည်ရရှိနိုင်သည့်အတွက် ဟန်ယွီအနေဖြင့် အပြင်းအထန်ကျင့်ကြံနေစရာပင် မလိုတော့ပေ။
သူ၏ ပထမဆုံး ရင်းနှီးမြှုပ်နှံမှုမှာ သူ၏ ဂျူနီယာညီမ ဖြစ်လာမဲ့ ပြန်လည်ဝင်စားလာသော ဧကရီမ တစ်ဦးပင်ဖြစ်သည်။
ထို့နောက် အရည်အချင်းရှိပါလျက် အသုံးမကျသူတစ်ဦးအဖြစ် ကျဆင်းသွားခဲ့သော ဒုတိယဂျူနီယာညီမလေးထံ ရင်းနှီးမြှုပ်နှံပေးခဲ့သည်။
ထို့အပြင် အကြိမ်ကြိမ် ပြန်လည်ဝင်စားခဲ့သော်လည်း ကံကြမ္မာ၏ချုပ်နှောင်မှုကို မချိုးဖျက်နိုင်ခဲ့သော ဆရာမ မုပင်းယောင်ထံလည်း ဟန်ယွီက ရင်းနှီးမြှုပ်နှံပေးခဲ့ပြန်သည်။
အရက်သောက်ရင်း အပျင်းထူနေသည့် ဟန်ယွီ၏ နောက်ကွယ်တွင်တော့ မည်သူမျှ စိတ်ကူးမယဉ်နိုင်သော အံ့ဖွယ်ခရီးစဉ်တစ်ခု စတင်နေခဲ့ပြီဖြစ်သည်။