အခန်း (၅) - ဆေးဖော်စပ်ခြင်း
လီဖုန်းသည် သူ့ရှေ့တွင် လွင့်မျောနေသော တောက်ပသည့် မျက်နှာပြင်ကို စိုက်ကြည့်နေမိ၏။
[အခမဲ့ အဆင့်သစ် တာအိုပါရမီတစ်ခုကို ရွေးချယ်ပါ]
သူသည် အချိန်အကြာကြီး တုံ့ဆိုင်းမနေခဲ့ပေ။ အဆောင်လက်ဖွဲ့ ရေးဆွဲခြင်း၊ အစီအရင် ဖန်တီးခြင်း၊ ရတနာပစ္စည်း သွန်းလုပ်ခြင်း စသည်တို့မှာ ၎င်းတို့ဘာသာ တန်ဖိုးရှိလှသော်လည်း သူ့အတွက် လိုအပ်နေသောအရာများ မဟုတ်ချေ။
သူက ရွေးချယ်လိုက်၏။
[ဆေးဖော်စပ်ခြင်း ပါရမီ - အဆင့် (၁)]
သူ့ရင်ဘတ်ထဲတွင် နွေးထွေးမှုတစ်ခု လှိုင်းထသွားလေသည်။ ထိုခဏ၌ပင် အသိပညာ ဗဟုသုတများက သူ့စိတ်ထဲတွင် ပွင့်လန်းလာခဲ့၏။ ဆေးဖက်ဝင်အပင်များ၏ အမည်နာမများ၊ ဝိညာဉ်မြစ်များ၏ ရနံ့များ၊ ဆေးဖိုများ၏ တည်ဆောက်ပုံနှင့် မီးတောက်သန့်စင်ခြင်း အစီအစဉ်များ စသည်တို့ပင်။ သူသည် ဤအရာများကို လေ့လာသင်ယူခဲ့ခြင်း မဟုတ်ဘဲ ဝိညာဉ်ထဲသို့ တိုက်ရိုက် ရိုက်နှိပ်ခံလိုက်ရခြင်း ဖြစ်ပေသည်။
သူသည် သက်ပြင်းကို ဖြည်းညှင်းစွာ ချလိုက်ရင်း ရေရွတ်လိုက်၏။
“ဆေးလုံးတွေနဲ့ ဝိညာဉ်ကျောက်တုံးတွေ... အဲဒီနှစ်ခုလုံးသာ လုံလောက်အောင် ရှိမယ်ဆိုရင် နာဆန့်ဆိုးလ် ကျင့်ကြံသူတွေတောင် ကျုပ်ကို အလေးထားပြီး ကြည့်ရလိမ့်မယ်...”
စနစ်၏ မီနူးကို သူ အမြန်တစ်ချက် ကြည့်လိုက်ရာ ဖော်ပြနေသည်ကို တွေ့ရ၏။
[ဆေးဖော်စပ်ခြင်း ပါရမီ - အဆင့် (၁)]
ချီစုဆောင်းခြင်းအဆင့် ကျင့်ကြံသူများနှင့် သင့်တော်သော အဆင့် (၁) ဆေးလုံးများကို ဖော်စပ်နိုင်သည်။
အဆင့် (၂) သို့ မြှင့်တင်ရန် - မျက်နှာသာပေးမှု အမှတ် (၁၀၀)
တစ်ရာလုံးလုံးလား။
“ဒါက အထက်ကို တက်လှမ်းဖို့ ပေးရမယ့် တန်ဖိုးပေါ့...”
ဆေးဖော်စပ်ခြင်း ပါရမီကို အဆင့် (၁) မှ အဆင့် (၄) အထိ အဆင့်လေးဆင့် ခွဲခြားထား၏။ အဆင့် (၁) က သူ့ကို ချီစုစည်းခြင်း ဆေးလုံး သို့မဟုတ် သက်စောင့်ဆေးလုံး ကဲ့သို့သော ချီစုဆောင်းခြင်းအဆင့် ဆေးလုံးများကို ဖော်စပ်ခွင့် ပေးပေသည်။ သို့သော် အဆင့် (၂) ကမူ
အခြေခံအုတ်မြစ် တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများ အသုံးပြုသည့် ပိုမိုရှားပါးပြီး ပိုမိုအမြတ်အစွန်းများသော ဆေးလုံးများဆီသို့ လမ်းဖွင့်ပေးလိမ့်မည်။ အဆင့် (၃) နှင့် အဆင့် (၄) တို့မှာလည်း ထိုနည်းတူပင် ဖြစ်သော်လည်း လက်ရှိ လီဖုန်းအတွက်မူ အလွန်ပင် ဝေးကွာလွန်းနေသေး၏။
‘ကြက်ခြံထဲမှာ ရှိနေတုန်း ဖီးနစ်ငှက် ဖြစ်ဖို့ ကြိုးစားနေတာ အဓိပ္ပာယ်မရှိဘူး... ထင်ပေါ်တဲ့ သံမှိုက အထုခံရစမြဲပဲ... အခုအချိန်မှာ ကျုပ်ဆီမှာ ပြန်ထုဖို့ တူလည်း မရှိသေးဘူး...’
ထို့အပြင် သူ့ထံတွင် ပိုမိုမြင့်မားသော အဆင့်ရှိ ဆေးလုံးများအတွက် ဆေးဖက်ဝင် အမယ်များလည်း မရှိသေးချေ။
ပြင်ပဂိုဏ်း၏ ဆေးဖော်စပ်ဆောင်
သူသည် ဂိုဏ်းဝင်းအတွင်း ဖြတ်သန်းလျှောက်လှမ်းလာခဲ့ပြီးနောက် နောက်ဆုံးတွင် ဝိညာဉ်ဆေးဖက်ဝင်ဥယျာဉ်၏ နောက်ကွယ်တွင် ရှိသော သဲကျောက်များဖြင့် ဆောက်လုပ်ထားသည့် ရှည်လျားသော အဆောက်အအုံဖြစ်သည့် ပြင်ပဂိုဏ်း ဆေးဖော်စပ်ဆောင်သို့ ရောက်ရှိလာခဲ့၏။ လေထုထဲတွင် မီးလောင်ကျွမ်းနေသော မြက်ပင်နံ့နှင့် ခါးသက်သက် အမြစ်နံ့များ လွင့်ပျံနေလေသည်။
အတွင်းခန်းထဲတွင် လက်စွဲစာအုပ်များ၊ အိုးများနှင့် ကိရိယာတန်ဆာပလာများ တင်ထားသည့် စင်များဖြင့် ပြည့်နှက်နေ၏။ ဟောင်းနွမ်းနေသော ကောင်တာနောက်ကွယ်တွင် မီးခိုးရောင် မုတ်ဆိတ်မွေးကို သပ်ရပ်စွာ ညှပ်ထားပြီး မျက်ဝန်းထောင့်တွင် အရေးအကြောင်းများ ထင်ကျန်နေသော အကြီးအကဲတစ်ဦး ထိုင်နေလေသည်။ သူသည် တစ်ဝက်တစ်ပျက် ငိုက်မြည်းနေသော်လည်း လီဖုန်း အနီးသို့ တိုးကပ်လာသောအခါ မျက်လုံးတစ်ဖက်ကို ဖွင့်ကြည့်လိုက်၏။
ထိုမျက်လုံးတစ်ဖက်က လီဖုန်းအပေါ်တွင် ခေတ္တမျှ စိုက်ကြည့်နေသည်။
“မင်းက...”
အဘိုးအိုက နှာခေါင်းရှုံ့ရင်း ပြောလိုက်၏။
“လွန်ခဲ့တဲ့ အနှစ်သုံးဆယ်တုန်းက ဂိုဏ်းထဲကို ငွေပေးပြီး ဝင်လာတဲ့သူ မဟုတ်လား...”
လီဖုန်းက ရိုသေစွာ ဦးညွှတ်လိုက်၏။
“ဟုတ်ပါတယ် အကြီးအကဲ...”
ထိုသူ၏ မျက်လုံးများက ပိုမိုကျဉ်းမြောင်းသွားလေသည်။
“အခုထိ ချီစုဆောင်းခြင်း တတိယအဆင့်မှာပဲ ပိတ်မိနေတုန်းလား...”
“ဟုတ်ပါတယ်...”
ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွား၏။
ထို့နောက် အကြီးအကဲက သက်ပြင်းချကာ ကိုယ်ကို မတ်လိုက်ရင်း ပြောလိုက်သည်။
“ဆယ်စုနှစ်ပေါင်းများစွာ ကျရှုံးခဲ့တာတွေကို ဆေးလုံးတွေက ဖြေရှင်းပေးနိုင်လိမ့်မယ်လို့ ထင်ပြီး ဆေးဖော်စပ်ခြင်းမှာ ကံစမ်းဖို့ ကြိုးစားတဲ့ ပထမဆုံး လူမိုက်အိုကြီးတော့ မဟုတ်ပါဘူး...”
လီဖုန်းက တည်ငြိမ်စွာ ပြန်ပြောလိုက်၏။
“ကျုပ် သိပါတယ်... ဒါပေမဲ့လည်း စမ်းကြည့်ချင်သေးလို့ပါ...”
အကြီးအကဲက သက်ပြင်းချသံနှင့်အတူ ကောင်တာနောက်သို့ လျှောက်သွားပြီး ကြေးဆေးဖိုတစ်ခု၊ ချီစုစည်းခြင်း ဆေးဖက်ဝင်အပင် ဆယ်စုံနှင့် ချီစုစည်းခြင်း ဆေးလုံးဖော်စပ်နည်း လက်စွဲစာအုပ်တစ်အုပ် စသည့် ပစ္စည်းအချို့ကို ထုတ်ပေးလိုက်၏။
စုစုပေါင်း ဝိညာဉ်ကျောက်တုံး တစ်ရာ ကျသင့်လေသည်။
၎င်းတို့ကို မလွှဲပြောင်းပေးမီ အကြီးအကဲက ပစ္စည်းပုံထဲသို့ ပါးလွှာသော ကျောက်စိမ်းပြားလေးတစ်ခုကို ထည့်ပေးလိုက်၏။
“မီးတောက်ထိန်းချုပ်ခြင်း နည်းစနစ်ပဲ... အလကားပေးတာ... မင်းကိုယ်မင်း ဗုံးခွဲမပစ်မိတာ ပိုကောင်းလိမ့်မယ်...”
လီဖုန်းက ပစ္စည်းအားလုံးကို ရိုသေစွာ ဦးညွှတ်၍ လက်ခံလိုက်၏။
“ကျေးဇူးတင်ပါတယ်...”
အကြီးအကဲက ပြန်မပြောဘဲ လက်ယမ်းကာ ထွက်သွားရန်သာ အချက်ပြလိုက်သည်။
“ဆေးဖော်စပ်ခြင်းက မသက်သာဘူးနော်... တစ်သုတ် ကျရှုံးတာနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ဆုံးရှုံးရလိမ့်မယ်... ဆယ်သုတ်လုံး ကျရှုံးသွားရင်တော့ ဝိညာဉ်ကျောက်တုံး တစ်ရာလုံး ရေထဲမျောသွားပြီပဲ...”
လီဖုန်းက ခပ်ဖွဖွ ပြုံးလိုက်၏။
“ဒါဆိုရင် ကျုပ် အောင်မြင်အောင်ပဲ လုပ်ရမှာပေါ့...”
ပြင်ပဂိုဏ်း ဆေးဖော်စပ်ဆောင်၏ အပြင်ဘက်
သူသည် မိမိ၏ နေအိမ်သို့ ပြန်ရာလမ်းပေါ်သို့ ခြေလှမ်းလှမ်းလိုက်၏။
ထိုစဉ် သူသည် သူမကို မြင်လိုက်ရသည်။
ယွဲ့လန်။
ကျောက်စိမ်းရုပ်တုတစ်ခုပေါ်တွင် ဆီးနှင်းများ ဖုံးလွှမ်းထားသကဲ့သို့ သူမ၏ ခန္ဓာကိုယ်အကောက်အကွေ့များကို ထင်ရှားစေသော ငွေရောင်ဝတ်စုံ။
သူမ၏ ရှည်လျားသော ဆံကေသာနက်များက လေထဲတွင် လွင့်ပျံနေပြီး ရွှေရောင်မျက်ဝန်းများက အဝေးတစ်နေရာသို့ ဦးတည်ကြည့်ရှုနေ၏။
သူမသည် မိန်းမပျိုလေးတစ်ဦး၏ နူးညံ့မှုသာမက ကျင့်ကြံသူတစ်ဦး၏ ထက်မြက်ပြီး ဟန်ချက်ညီသော ကျကျနန ခြေလှမ်းများဖြင့် လျှောက်လှမ်းနေသည်။
ခြေလှမ်းတိုင်းက သူမ၏ နောက်ထပ် ကျင့်ကြံခြင်း အဆင့်တက်လှမ်းမှုဆီသို့ ဦးတည်နေသကဲ့သို့ပင်။
အဝေးမှပင် တပည့်များက လှည့်ကြည့်နေကြ၏။
အချို့က တိုးတိုးတိတ်တိတ် ပြောဆိုနေကြသည်။
အချို့ကမူ ပေါ်ပေါ်ထင်ထင်ပင် စိုက်ကြည့်နေကြ၏။
မည်သူမျှ သူမကို စကားပြောရန် မဝံ့ရဲကြချေ။
သူမသည် ရေခဲပြင်တစ်ခုကဲ့သို့ပင်။
ကျောက်တုံးဂိုဏ်း၏ အက်ကွဲကြောင်းများကြားတွင် ပေါက်ရောက်နေသော အေးစက်စက် ပန်းတစ်ပွင့် ဖြစ်ပေသည်။
သို့သော် အခြားတပည့်များကဲ့သို့ အားကျအတုယူနေမည့်အစား လီဖုန်း၏ အကြည့်များက ဝတ်စုံအောက်ခြေမှ လှုပ်ရှားသွားသော သူမ၏ တင်ပါးအိအိလေးပေါ်တွင် အချိန်အတော်ကြာ တင်ကျန်နေခဲ့၏။
ထိုစဉ် ယွဲ့လန်က သူ့ဘက်သို့ လှည့်ကြည့်လိုက်သည်။
သူတို့၏ မျက်ဝန်းချင်းက ခဏမျှ ဆုံစည်းသွား၏။
ထို့နောက် သူမက မျက်နှာလွှဲကာ ဆက်လက်လျှောက်လှမ်းသွားပြီး သူ့ကို မသိသလို ဟန်ဆောင်နေလေသည်။
လီဖုန်းသည် စိတ်မဆိုးခဲ့ပေ။
သူ အံ့သြခြင်းလည်း မရှိခဲ့ချေ။
“မနေ့ညက အရောင်းအဝယ်တစ်ခုပဲ... အဲဒါထက် မပိုဘူး...”
သို့သော် ထိုသို့ ကိုယ့်ကိုယ်ကိုယ် ပြောနေရင်းပင် သူက ခပ်ဖွဖွ ပြုံးလိုက်၏။
“တစ်ညတည်းနဲ့ မလုံလောက်ရင်... ဆယ်ခါလောက် လုပ်ရမှာပေါ့... ဆယ်ခါနဲ့ မလုံလောက်ရင် အခါတစ်ရာပေါ့...”
သူ့၏ ယုံကြည်မှုက အခြေအမြစ်မရှိသော ရာဂစိတ်သက်သက် မဟုတ်တော့ပေ။ ယခုအခါ သူ့တွင် အစစ်အမှန် ကျောထောက်နောက်ခံတစ်ခု ရှိနေပြီ ဖြစ်၏။
စနစ်တစ်ခုပင်။
မျက်နှာသာပေးမှုများကို ပေးအပ်ခြင်းနှင့် ရယူခြင်းတို့အတွက် သူ့ကို ဆုလာဘ်များ ပေးအပ်မည့် စနစ်တစ်ခု ဖြစ်ပေသည်။
အချိန်တစ်ခု ပေးမည်ဆိုပါက အေးစက်လှသော ကျောက်စိမ်းတုံးကိုပင် အရည်ပျော်စေနိုင်မည့် စနစ်တစ်ခု ဖြစ်၏။
သို့သော်လည်း သူ၏ တဲအိမ်သို့ ပြန်ရာ လမ်းကျဉ်းလေးနားသို့ ချဉ်းကပ်လာသောအခါ သူ၏ ခြေလှမ်းများက နှေးကွေးသွား၏။ သူသည် မဆင်မခြင် မလှုပ်ရှားဝံ့ပေ။
စနစ်တစ်ခု ရှိနေလျှင်ပင် သူသည် အားနည်းနေသေးသည်။ သူသည် အနာဂတ်မရှိဘဲ အနည်းငယ် ဝဖြိုးနေသော လူလတ်ပိုင်း အမျိုးသားတစ်ဦးကဲ့သို့ပင် ရှိနေသေး၏။
ဤလောကတွင် အားနည်းခြင်းသည် သေမင်းကို ဖိတ်ခေါ်ခြင်းပင် ဖြစ်ပေသည်။
“ခေါင်းငုံ့ပြီး အေးအေးဆေးဆေး နေတာက အကောင်းဆုံး ရွေးချယ်မှုပဲ... ပြီးတော့ ကျုပ်ဘေးမှာ နတ်သမီးလေးတစ်ပါး အဖော်ရှိနေရင် ပိုတောင် မဆိုးသေးဘူး...”
လီဖုန်းက တဟားဟား ရယ်မောလိုက်ရာ ယခုအချိန်တွင် နှာဘူးအဘိုးကြီးတစ်ဦးနှင့် တူနေလေသည်။
ထိုသို့ တွေးတောရင်း သူသည် ဆေးဖိုနှင့် လက်စွဲစာအုပ်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ကာ သူ၏ တဲအိမ်လေးထဲသို့ ဝင်သွားလေတော့သည်။