အခန်း (၃၁) - ဆေးဆရာအသင်း
မနက်ခင်းနေရောင်ခြည်က ပြတင်းပေါက်မှတစ်ဆင့် ဝင်ရောက်လာပြီး မနေ့ညက ရှုပ်ပွနေခဲ့မှုများကို ထင်ရှားစေသည်။
ဇိမ်ခံကုတင်ပေါ်တွင် ဝေ့မိန်လင်၏ ဗလာကျင်းနေသော၊ ဆွဲဆောင်မှုအပြည့်ရှိသည့် ပြည့်ဖြိုးသော ခန္ဓာကိုယ်လေးက အပေါ်သို့ ထရန် ကြိုးစားနေခေသည်။
သို့သော် သူမ၏ ခြေထောက်များက တုန်ယင်နေဆဲဖြစ်ပြီး ခန္ဓာကိုယ်တစ်ခုလုံးကလည်း နာကျင်ကိုက်ခဲနေကာ ထိုနာကျင်မှုတိုင်းက ပြီးခဲ့သည့်ညက အဖြစ်အပျက်များကို သတိရစေလေသည်။
သူမက ခြေထောက်များကို ကုတင်အောက်သို့ချကာ မတ်တပ်ရပ်လိုက်ချိန်တွင် သူမ၏ ပေါင်အတွင်းပိုင်းတစ်လျှောက် တိမ်တိုက်ရောင် အရည်ကြည်လေးတစ်ခု စီးကျလာပြီး ကြမ်းပြင်ပေါ်သို့ ကျဆင်းသွားလေသည်။
သူမ ခဏတာ အေးခဲသွားပြီး ပါးပြင်များ နီရဲသွားကာ သူမ၏ အတွင်းပိုင်းတွင် ပြည့်နှက်နေဆဲဖြစ်သော အပူရှိန်ကို ခံစားလိုက်ရသည်။
ခြေလှမ်းတိုင်းက သူမ၏ အတွင်းပိုင်းကို လှုပ်ရှားစေပြီး စိုစွတ်သော နွေးထွေးမှုများကလည်း သူမ၏ အတွင်းတွင် လှုပ်ရှားနေလေသည်။
တောက်... တောက်...
သူမ၏ သွယ်လျသော တင်ပါးများ ယိမ်းနွဲ့ကာ ဂရုတစိုက် လှမ်းလိုက်သော ခြေလှမ်းတိုင်းနှင့်အတူ ကြမ်းပြင်ပေါ်တွင် စိုစွတ်သော ခြေရာအစအနလေးများ ကျန်ရစ်နေပြီး သူမ၏ ခန္ဓာကိုယ်မှာ ညက သာယာမှုများကြောင့် အားအင်ကုန်ခမ်းနေဆဲပင်။
သူမက အဝတ်အစားများကို ယူရန် အောက်သို့ ကိုင်းညွတ်လိုက်ရာ လက်ချောင်းများက တုန်ယင်နေဆဲဖြစ်သည်။ အဝတ်အစား ဝတ်ရန်မှာ မဖြစ်နိုင်သလောက်ပင်။
ပေါင်နှစ်ဖက်ကြားရှိ ကျန်ရစ်နေသော ပြည့်နှက်မှုနှင့် စေးကပ်ကပ်အရည်များက လှုပ်ရှားမှုတိုင်းတွင် ဘာတွေဖြစ်ခဲ့သလဲဆိုတာကို ပြင်းထန်စွာ သတိပေးနေတော့သည်။
ဝေ့မိန်လင်က အနည်းငယ် ကိုင်းညွတ်လိုက်စဉ် တိုးညင်းစွာ ညည်းတွားလိုက်ပြီး အလွယ်တကူ သုံးရန် သင်ယူထားသော ရိုးရှင်းသည့် သန့်စင်ခြင်း ဂါထာတစ်ခုကို ရွတ်ဆိုလိုက်လေသည်။ ယ
မှိန်ဖျော့သော အလင်းတန်းလေးတစ်ခု သူမ၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားပြီး အပြင်ဘက်ရှိ အရည်များကို ရှင်းလင်းပေးလိုက်၏။
စိတ်သက်သာရာရမှုက ချက်ချင်းပင် ရောက်ရှိလာသော်လည်း သူမ၏ အတွင်းပိုင်းရှိ နွေးထွေးသော အနှစ်သာရများကမူ ကျန်ရစ်နေဆဲပင်။
သူမက တိုးညင်းစွာ သက်ပြင်းချလိုက်ပြီး သူမ၏ အတွင်းပိုင်းတွင် စုဝေးနေသော ပြည့်နှက်မှုကို ခံစားနေရဆဲဖြစ်သည်။
ဂါထာ ပြီးဆုံးသွားသောအခါ သူမက မတ်မတ်ရပ်လိုက်ပြီး ဘီးတစ်ချောင်းကို ယူကာ စိုစွတ်နေသော သူမ၏ ဆံပင်များကို ဖြီးသင်လိုက်လေသည်။
ဆံပင်စများက သူမ၏ အသားအရေတွင် ကပ်နေသော်လည်း သူမက စနစ်တကျ လုပ်ဆောင်ကာ သေသပ်စွာ နောက်သို့ စည်းနှောင်လိုက်၏။
သူမက ကိုယ့်ကိုယ်ကိုယ် ခဏတာ ကြည့်လိုက်ပြီး ဝတ်ရုံကို သေသပ်အောင် ပြင်ဆင်ကာ ကျန်ရစ်နေသော တပ်မက်မှု မူးယစ်မှုများကို ခါချရန် ကြိုးစားလိုက်လေသည်။
နောက်ဆုံးတွင် ဝေ့မိန်လင်က တစ်နေ့တာအတွက် အဆင်သင့် ဖြစ်နေပြီဖြစ်သော်လည်း သူမ၏ နှလုံးခုန်သံများက ပုံမှန်ထက် အနည်းငယ် မြန်ဆန်နေဆဲပင်။
သို့သော် လုပ်ဆောင်ရန် စီးပွားရေးကိစ္စများစွာနှင့် တက်ရောက်ရန် လေလံပွဲများ ရှိနေသဖြင့် ထိုအတွေးများကို ဘေးဖယ်ထားလိုက်လေသည်။
လီဖုန်း နိုးလာပြီး မနက်ခင်းနေရောင်ကို မျက်တောင်ပုတ်ခတ်ပုတ်ခတ်ဖြင့် ကြည့်ကာ အစောပိုင်း လှုပ်ရှားသံများဆီသို့ ခေါင်းလှည့်လိုက်လေသည်။
ဝေ့မိန်လင်က အခန်းတစ်ဖက်တွင် လုံလုံခြုံခြုံဝတ်ဆင်ထားလျက် ရပ်နေပြီး မနေ့ညက ရှုပ်ထွေးမှုများ တစ်ခါမှ မဖြစ်ခဲ့သည့်အလား သူမ၏ ကိုယ်နေဟန်ထားက ကျော့ရှင်းပြီး တည်ငြိမ်နေ၏။
သူမ၏ ဆံပင်များကို နောက်သို့ သေသပ်စွာ စည်းနှောင်ထားပြီး ဝတ်ရုံများကို ပြီးပြည့်စုံစွာ ပြင်ဆင်ထားကာ လှုပ်ရှားမှုတိုင်းက တိုင်းတာထားသည့်အလား ကျော့ရှင်းလှပေသည်။
သို့သော် သူမ၏ အပြင်ပန်း တည်ငြိမ်မှုများ ရှိနေသော်လည်း လီဖုန်း၏ ထက်မြက်သော မျက်လုံးများက သူမ၏ ခြေထောက်များတွင် မသိမသာ တုန်ယင်နေမှုများ၊ ပိုးသားဝတ်စုံအောက်ရှိ သတိမထားမိနိုင်လောက်သော တုန်ခါမှုများကို ဖမ်းမိသွားပြီး သူမ၏ တည်ငြိမ်သော အပြင်ပန်းအသွင်အပြင်ကို သစ္စာဖောက်နေလေသည်။
“မနက်ခင်းပါ...”
သူက တိုးညင်းစွာ ရယ်မောရင်း ပြောလိုက်ပြီး အကြည့်များက သူမအပေါ်တွင် ရပ်တန့်နေ၏။
ဝေ့မိန်လင်က သူ စိုက်ကြည့်နေသည်ကို သတိထားမိသွားပြီးမလိုလားသလို နှုတ်ဆက်လိုက်သည်။
“သခင်လေးလီ... ရှင် နိုးပြီလား...”
ထို့နောက် “ကျွန်မက အခု ဆေးလုံးတွေကို လေလံရုံကို ယူသွားမလို့... ရှင်ကရော...” ဟု မေးလိုက်သည်။
သူမက သူမ၏ ပေါင်တံများပေါ်ရှိ မှိန်ဖျော့ဖျော့ နီရဲမှုများကို ဖုံးကွယ်ရန် ဝတ်ရုံကို ပြင်ဆင်လိုက်သော်လည်း လီဖုန်းက သတိထားမိသွားပေသည်။
လီဖုန်းက ပျင်းရိစွာ အကြောဆန့်လိုက်ပြီး မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာလေသည်။
“အင်း... ကျုပ်က ခင်ဗျားပြောတဲ့ ဆေးဆရာအသင်းကို သွားလည်မလို့ စဉ်းစားထားတယ်...”
ဒါကို ကြားပြီးနောက် ဝေ့မိန်လင်က သူ့ကို တည်နေရာအကြောင်း အလျင်အမြန် ပြောပြလိုက်ပြီး သူ သူမအပေါ်သို့ ထပ်မံခုန်အုပ်လာမည်ကို ကြောက်သည့်အလား တံခါးဆီသို့ အပြေးအလွှား လျှောက်သွားလေသည်။
ယဉ်ကျေးစွာ ခေါင်းညိတ်ပြပြီးနောက် သူမက လှည့်ကာ တံခါးကို ပိတ်လိုက်ပြီး သူမ၏ ကျော့ရှင်းသော ကိုယ်နေဟန်ထားသို့ အပြည့်အဝ ပြန်လည်ရောက်ရှိသွားသော်လည်း ခြေထောက်များမှ အနည်းငယ်သော တုန်ခါမှုက ပြီးခဲ့သည့်ညမှ ကျန်ရစ်နေသော မုန်တိုင်းကို ဖော်ပြနေလေသည်။
သူမ လှုပ်ရှားသွားစဉ် လီဖုန်း၏ အကြည့်က သူမ၏ ခြေထောက်များဆီသို့ မသိမသာ လိုက်ပါသွားပြီး အနောက်မှ တံခါးပိတ်သွားချိန်တွင် သူ ရယ်မောလိုက်လေသည်။
“တော်တော် အိပ်လို့ကောင်းတဲ့ ညတစ်ညပဲ...”
သူက မတ်တပ်ရပ်ကာ အဝတ်အစားများကို စတင်ဝတ်ဆင်လိုက်လေသည်။
လီဖုန်း အောက်ထပ်သို့ ဆင်းလာချိန်တွင် လှေကားဘေး၌ တိတ်ဆိတ်စွာ ရပ်နေသော ဂိုးလ်ဒီနှင့် ခန်းမကို ဖွင့်ရန် အလုပ်များနေသော စာရေးလေးကို တွေ့လိုက်ရလေသည်။
လီဖုန်းကို မြင်လိုက်ရချိန်တွင် စာရေးလေး၏ အစောပိုင်း သံသယများက အတည်ဖြစ်သွား၏။
လီဖုန်းက သူ ယူလာခဲ့သော ဆေးဖက်ဝင်ပစ္စည်းများ အားလုံးကို ဖော်စပ်ရင်း တစ်ညလုံး ဒီမှာပဲ ရှိနေမည်ဟု သူ ထင်ထားခဲ့ပြီး သူ၏ ကြိုးစားအားထုတ်မှုကို မလေးစားဘဲ မနေနိုင်အောင် ဖြစ်သွားရသည်။
“သခင်လေးလီ... မနက်ခင်းပါ... တစ်ညလုံး ဆေးဖော်စပ်နေရလို့ ပင်ပန်းနေလောက်ပြီ...”
စာရေးက အပြစ်ကင်းစင်သော အပြုံးဖြင့် ပြောလိုက်လေသည်။
လီဖုန်း ခဏတာ တုံ့ဆိုင်းသွားပြီးနောက် အရှက်ကင်းမဲ့စွာဖြင့် ပြန်ဖြေလိုက်လေသည်။
“ဟား... သခင်မဝေ့နဲ့ အရောင်းအဝယ် လုပ်ထားတာဆိုတော့ သူက ကျုပ်ကို ပထမနေ့ကတည်းက အလုပ်ကြမ်းတွေ ခိုင်းတော့တာပဲ...”
“အိုး... သခင်မကို အပြစ်မတင်ပါနဲ့ဗျာ... အခုချိန်မှာ သူ့ပခုံးပေါ်မှာ ဝန်ထုပ်ဝန်ပိုးတွေ အများကြီး ရှိနေလို့ပါ...”
စာရေးက သူ့အထက်လူကြီးကို ကာကွယ်ပေးရန် ကြိုးစားရင်း ပြောလိုက်လေသည်။
“စိတ်မပူပါနဲ့... ကျုပ်က အဲဒီလောက် အမြင်ကျဉ်းတဲ့သူ မဟုတ်ပါဘူး...”
လီဖုန်းက ကောက်ကျစ်သော အပြုံးဖြင့် ပြောလိုက်၏။
“သခင်မဝေ့နဲ့ အလုပ်လုပ်ဖို့ သဘောတူထားပြီးမှတော့ နေ့ရောညပါ ဆေးဖော်စပ်ဖို့ ကြိုးစားရမှာပေါ့”
လီဖုန်း၏ ‘နေ့ရောညပါ ကြိုးစားအားထုတ်မှု’ နောက်ကွယ်မှ အစစ်အမှန် အဓိပ္ပာယ်ကို မသိသော စာရေးလေးမှာ သခင်လေးလီ၏ ကြိုးစားမှုကို လေးစားအားကျစွာဖြင့် မျက်လုံးများ ပြူးကျယ်သွားတော့၏။
လီဖုန်းက ဝတ်ရုံများကို ပြင်ဆင်လိုက်ပြီး မနက်ခင်း လမ်းမများပေါ်သို့ ထွက်လာခဲ့ရာ ဂိုးလ်ဒီက အနောက်မှ တိတ်ဆိတ်စွာ လိုက်ပါလာလေသည်။
မြို့ကြီးက နိုးထလာနေပြီဖြစ်ပြီး ကုန်သည်များ၏ အော်ဟစ်ရောင်းချသံများနှင့် ကျောက်စရစ်လမ်းပေါ်ရှိ လှည်းဘီးသံများက လေထုထဲတွင် ပြည့်နှက်နေ၏။
သို့သော် လီဖုန်း၏ စိတ်အာရုံကတော့ အခြားတစ်နေရာသို့ ရောက်နေပြီး သူ တစ်ခါမှ မသွားဖူးသော ဆေးဆရာအသင်းကို သွားရန် မျှော်လင့်နေလေသည်။
အသင်းမှာ အရှေ့ဘက်ရပ်ကွက်တွင် တည်ရှိပြီး အရောင်တင်ထားသော ကျောက်တုံးများနှင့် ကြီးမားထည်ဝါသော အဆောက်အအုံကြီးဖြစ်ကာ ထွင်းထုထားသော အလံများက လေထဲတွင် လွင့်ခတ်နေလေသည်။
မြင့်မားပြီး ခုံးနေသော ပြတင်းပေါက်များက နေရောင်ခြည်ဖြင့် တောက်ပနေပြီး ထွင်းထုထားသော သစ်သားတံခါးများတွင် ရှုပ်ထွေးလှသော ဆေးဖော်စပ်ရေး သင်္ကေတများ ပါရှိကာ တချို့က ဝိညာဉ်စွမ်းအင်များ ထည့်သွင်းထားသည့်အလား မှိန်ဖျဖျ တောက်ပနေလေသည်။
ဝင်ပေါက်တစ်ဖက်တစ်ချက်စီတွင် ရုပ်တုနှစ်ခုရှိပြီး တစ်ခုစီက ဆေးဖော်စပ်နေသည့် ဆေးဆရာတစ်ဦးကို ပုံဖော်ထားကာ တစ်ဦးက ဆူပွက်နေသော ဆေးဖိုကို ကိုင်ထားပြီး နောက်တစ်ဦးက တောက်ပနေသော ဆေးပုလင်းကို လေ့လာနေလေသည်။
လေထုထဲတွင် မှိန်ဖျော့သော စွမ်းအင်တုန်ခါမှုများ ရှိနေပြီး အထဲတွင် ကျင့်ကြံသူများစွာ ရှိနေကြောင်း အရိပ်အမြွက် ပြနေပေသည်။
သူတို့ နီးကပ်လာချိန်တွင် ဝင်ထွက်သွားလာနေသူများစွာကို လီဖုန်း သတိထားမိလိုက်သည်။
ရှားပါးဆေးပင်များ ထည့်ထားသော အိတ်များကို သယ်ဆောင်လာသည့် အလုပ်သင်များ၊ တောက်ပသော မျက်လုံးများနှင့် စိတ်အားထက်သန်သော အမူအရာများရှိသည့် တပည့်ငယ်များ၊ ပြီးတော့ အသင်း၏ သတိပေးသင်ပုန်းများကို ဂရုတစိုက် လေ့လာနေသော ချမ်းသာသည့် ကုန်သည်များကို တွေ့လိုက်ရသည်။
ခြံဝင်းမှာ သန့်ရှင်းသပ်ရပ်နေပြီး သေသပ်စွာ ညှပ်ထားသော ခြုံပုတ်များနှင့် တိုင်များကို ရစ်ခွေနေသည့် မြွေပုံသဏ္ဌာန် ရေပန်းများရှိကာ ရေများက အရည်ကျောက်သလင်းများပမာ တောက်ပနေလေသည်။
နောက်ဆုံးတွင် လီဖုန်းက ခန်းမအလယ်ရှိ စားပွဲတစ်ခုသို့ ရောက်ရှိသွားရာ ဆံပင်ကို တင်းကြပ်စွာ ထုံးနှောင်ထားပြီး သေသပ်စွာ ဝတ်ဆင်ထားသော အမျိုးသမီးငယ်တစ်ဦး မတ်တပ်ရပ်နေသည်ကို တွေ့လိုက်ရသည်။
သူမက အသက် နှစ်ဆယ်ခန့်ရှိပုံရပြီး မျက်နှာအမူအရာမှာ ကျွမ်းကျင်ပြီး တည်ငြိမ်နေလေသည်။
လီဖုန်းက လည်ချောင်းကို ညင်သာစွာ ရှင်းလိုက်ပြီး ရှေ့သို့ အနည်းငယ် ကိုင်းညွတ်လိုက်သည်။
“တစ်စိတ်လောက်... ကျုပ်က အသင်းဝင်ဖို့ အချက်အလက်တွေ လာစုံစမ်းတာပါ... ကူညီပေးလို့ ရမလား...”
ဧည့်ကြိုကောင်တာမှ အမျိုးသမီး၏ အပြုံးက ယဉ်ကျေးသော်လည်း အလုပ်သဘောဆန်လေသည်။
“ကြိုဆိုပါတယ် လူကြီးမင်း... ဒီကိုလာတာ ပထမဆုံးအကြိမ်လားရှင်...”
လီဖုန်းက ခေါင်းညိတ်လိုက်ပြီး အသံက တည်ငြိမ်နေ၏။
“ဟုတ်ပါတယ်... မဝင်ခင် လိုအပ်ချက်တွေနဲ့ လုပ်ငန်းစဉ်တွေကို အရင် သိချင်လို့ပါ...”
ဧည့်ကြိုအမျိုးသမီးက ခေါင်းညိတ်လိုက်ပြီး ကျွမ်းကျင်သော အပြုံးဖြင့် ပြန်ဖြေလိုက်လေသည်။
“လူကြီးမင်းရှင်... အသင်းဝင်ဖြစ်ဖို့အတွက် အနည်းဆုံးတော့ အဆင့် ၁ ဆေးဆရာ ဖြစ်ရပါမယ်... ပြီးတော့ အကဲဖြတ်စမ်းသပ်မှုကိုလည်း အောင်မြင်ဖို့ လိုပါမယ်... ဒါကတော့ ကျွန်မတို့ အသင်းဝင်ဖြစ်ရင် ရမယ့် အကျိုးကျေးဇူးတွေ အကျဉ်းချုပ်ပါ...”
သူမက သေသပ်စွာ လိပ်ထားသော စာလိပ်တစ်ခုကို လီဖုန်းထံ ကမ်းပေးလိုက်သည်။
လီဖုန်းက စာရွက်ကို ယူကာ ဖြန့်ကြည့်လိုက်သည်။ အများစုက ဝေ့မိန်လင် ပြောပြပြီးသား အချက်တွေဖြစ်သော်လည်း အပိုအသေးစိတ် အချက်အလက် အနည်းငယ်က သူ၏ အာရုံကို ဖမ်းစားသွားလေသည်။
ဆေးဆရာ သတိပေးသင်ပုန်း ဆိုသည့်အရာတစ်ခု ပါရှိပြီး ဆေးဆရာများအနေဖြင့် မေးခွန်းများ သို့မဟုတ် ပြဿနာများကို တင်နိုင်ကာ ၎င်းတို့၏ ဆက်သွယ်ရန် အချက်အလက်များကို ချန်ထားခဲ့ပြီး ဖလှယ်မှုများ သို့မဟုတ် အခကြေးငွေဖြင့် အကူအညီများ ကမ်းလှမ်းနိုင်လေသည်။
ပို၍ စိတ်ဝင်စားစရာကောင်းသည်မှာ သူ၏ အလုပ်များကို ကူညီရန် အလုပ်သင် ဆေးဆရာတစ်ဦးကိုပင် ငှားရမ်းနိုင်ခြင်း ဖြစ်သည်။
အသင်းက ဆေးဖော်စပ်ခြင်းနှင့် ပတ်သက်သည့် အတန်းများကိုလည်း ဖွင့်လှစ်ပေးသည်။ ဤအလုပ်သင်များမှာ ပညာသင်ကြားနေဆဲ ကျောင်းသားများသာ ဖြစ်ပြီး အဆင့် ၁ ဆေးလုံး အစစ်အမှန်တစ်လုံးကိုပင် မဖော်စပ်နိုင်သေးပေ။
ဤအရာအားလုံးကို မြင်ပြီးနောက် သူ ဝင်ရောက်ရန် ဆုံးဖြတ်လိုက်ပြီ ဖြစ်သည်။ အသင်းက လွတ်လပ်ခွင့်ကို ကန့်သတ်ချက် အနည်းငယ်သာ ထားရှိသဖြင့် သူ့အတွက် အလွန် အဆင်ပြေလေသည်။
သို့သော် သူ နောက်ဆုံးမေးခွန်းတစ်ခု မေးလိုက်သည်။
“ဂိုဏ်းက တပည့်တစ်ယောက်ကရော အသင်းဝင်လို့ ရလား...”
ဧည့်ကြိုအမျိုးသမီးက ဤမေးခွန်းကို အကြိမ်ပေါင်းများစွာ ဖြေခဲ့ဖူးသည့်အလား ပြုံးလိုက်လေသည်။
“လူကြီးမင်းရှင်... အရည်အချင်း ပြည့်မီသရွေ့ ဘယ်သူမဆို ကျွန်မတို့ အသင်းကို ဝင်လို့ရပါတယ်... ဂိုဏ်းက တပည့်တွေတောင် ရပါတယ်ရှင်...”
သူမ၏ လေသံက စိတ်ရှည်ပြီး ရှင်းပြနေသည့်အလားပင်။
“ဂိုဏ်းအများစုက သူတို့ရဲ့ တပည့်တွေ အသင်းဝင်တာကို ကန့်ကွက်လေ့မရှိပါဘူး... ဘာလို့လဲဆိုတော့ အဲဒါက တပည့်ရဲ့ ဆေးဖော်စပ်ခြင်း လမ်းစဉ်ကိုတောင် အထောက်အကူ ဖြစ်စေနိုင်လို့ပါ...”
“ဂိုဏ်းတပည့် အများစုက ကျင့်ကြံခြင်းနဲ့ သူတို့ရဲ့ တာအိုလမ်းစဉ်ကို ခိုင်မာအောင် လုပ်ဖို့ကိုပဲ အဓိကထားကြပြီး ဆေးဆရာတစ်ယောက်ဖြစ်လာဖို့ လုံလောက်တဲ့ ပါရမီနဲ့ ဇွဲလုံ့လရှိတဲ့သူက သိပ်မရှိပါဘူး...”
“ဒါကြောင့် ဂိုဏ်းအများစုက ဆေးဖော်စပ်ခြင်း ဒါမှမဟုတ် တခြား အထူးပြုနယ်ပယ်တွေမှာ ရင်းနှီးမြှုပ်နှံမှု အများကြီး မလုပ်ကြပါဘူး... အများဆုံးက အဆင်ပြေရုံလောက်ပဲ ထောက်ပံ့ပေးကြတာပါ...”
“ပြီးတော့ အသင်းကို ဝင်တာက သူတို့ရဲ့ လွတ်လပ်ခွင့်ကို ဘာမှ မကန့်သတ်ပါဘူး...”
လီဖုန်းက သူမ၏ စကားများကို နားထောင်ရင်း ခေါင်းအနည်းငယ် ညိတ်လိုက်သည်။
“သဘောပေါက်ပါပြီ... အဓိပ္ပာယ်ရှိတာပဲ...”
သူက တီးတိုးရေရွတ်လိုက်ပြီး နှုတ်ခမ်းထောင့်တွင် အပြုံးလေးတစ်ခု ပေါ်လာလေသည်။ စာလိပ်ကို ပေါ့ပေါ့ပါးပါး ပြန်ပေးလိုက်သော်လည်း သူ၏ စိတ်ထဲတွင်မူ အသင်းဝင်ခြင်း၏ အကျိုးကျေးဇူးများကို တွက်ချက်နေပြီ ဖြစ်သည်။
လွတ်လပ်ခွင့်၊ ရှားပါးဆေးပင်များ ရရှိနိုင်ခွင့်၊ ဆေးဆရာ သတိပေးသင်ပုန်း... ဒီအသင်းက ယုံကြည်စိတ်ချရမှုအတွက်သာမက တခြားအရာတွေအတွက်ပါ အနာဂတ်တွင် အသုံးဝင်လာနိုင်သည်။
ဂိုးလ်ဒီက သူ၏ အနောက်တွင် တိတ်ဆိတ်စွာ ရပ်နေပြီး သူ၏ အငွေ့အသက်က တိတ်ဆိတ်သော်လည်း ထည်ဝါနေကာ လီဖုန်း တစ်ယောက်တည်း မဟုတ်ကြောင်း အနီးအနားရှိ မည်သူ့ကိုမဆို သိမ်မွေ့စွာ သတိပေးနေလေသည်။
ဖြတ်သွားဖြတ်လာ အချို့က သူတို့ဘက်သို့ တစ်ချက်ကြည့်သွားကြပြီး မျက်လုံးများထဲတွင် စူးစမ်းချင်စိတ်များ ခဏတာ တောက်ပသွားကာ ချက်ချင်းပင် မျက်နှာလွှဲသွားကြသည်။
ကျင့်ကြံသူများ ပြည့်နှက်နေသော မြို့ကြီးတစ်မြို့တွင် ဤကဲ့သို့သော မြင်ကွင်းမျိုးမှာ တစ်ချက်ကြည့်ရုံမှလွဲ၍ ပို၍ ဂရုစိုက်စရာ မလိုပေ။
ဤနေရာရှိ လူများမှာ ဤထက်ပို၍ ထူးဆန်းသော တွေ့ဆုံမှုများကို မြင်တွေ့ရသည်မှာ ကြာပြီဖြစ်သည်။
“ကောင်းပြီလေ...”
လီဖုန်းက တည်ငြိမ်စွာ ပြောလိုက်သည်။
“ကျုပ် ဝင်ချင်တယ်... စာရင်းသွင်းပေးပါ...”
“စာရင်းသွင်းဖို့ အကဲဖြတ်စမ်းသပ်မှုအတွက် ဝိညာဉ်ကျောက်တုံး တစ်ရာ ကျပါမယ်ရှင်...”
ဧည့်ကြိုအမျိုးသမီးက ကျွမ်းကျင်သော အပြုံးဖြင့် ပြန်ဖြေလိုက်လေသည်။
လီဖုန်း၏ မျက်ခုံးများ အနည်းငယ် ပင့်တက်သွား၏။ စျေးနှုန်းက သူ မပေးနိုင်လောက်အောင် မဟုတ်သော်လည်း စျေးတော့ မပေါပါချေ။
သူ၏ တုံ့ပြန်မှုကို မြင်သော် သူမက အနည်းငယ် ရှေ့သို့ ကိုင်းညွတ်ကာ ရှင်းပြလိုက်သည်။
“ဒီအခကြေးငွေက ဆရာကြီးအဆင့် ဆေးဆရာတစ်ဦး ကိုယ်တိုင် အကဲဖြတ်ပေးတာနဲ့ လူကြီးမင်း လိုအပ်မယ့် ပါဝင်ပစ္စည်းတွေ အားလုံး ပြင်ဆင်ပေးတာတွေ ပါဝင်ပါတယ်ရှင်...”
ပါဝင်သူတစ်ဦးသည် တကယ်ပဲ အဆင့် ၁ ဖြစ်၊ မဖြစ်ကို အသင်းက ကြိုတင်စစ်ဆေးဖို့ ဒုက္ခမခံဘူးဆိုသည့် အခြားအမှန်တရားကိုတော့ သူမ မပြောခဲ့ပေ။
အကဲဖြတ်စမ်းသပ်မှုက ၎င်းကို မကြာမီ ဖော်ပြပေးလိမ့်မည်။ ထို့အပြင် ပါဝင်သူက လိမ်လည်သူတစ်ဦး ဖြစ်နေလျှင်တောင် အသင်းကတော့ အမြတ်ထွက်နေဆဲပင်။
ဆေးဖော်စပ်ခြင်း၏ အခြေခံများကိုသာ နားလည်ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလွန်ကဲနေသူများစွာက သူတို့ကိုယ်သူတို့ အဆင့် ၁ အဖြစ် အောင်မြင်နိုင်မည်ဟု ထင်နေကြပြီး... အများစုမှာ ဆိုးရွားစွာ ကျရှုံးသွားကြလေသည်။
အသင်းက ထိုယုံကြည်မှုလွန်ကဲခြင်းကို ယုံကြည်စိတ်ချရသော ဝင်ငွေလမ်းကြောင်းတစ်ခုအဖြစ် ပြောင်းလဲပစ်ခဲ့ခြင်း ဖြစ်သည်။
“ဆရာကြီးအဆင့် ဆေးဆရာ...”
လီဖုန်းက စူးစမ်းလိုစိတ်ဖြင့် ခေါင်းကို အနည်းငယ် စောင်းလိုက်သည်။ ထိုဂုဏ်ပုဒ်ကို ယခင်က သူ တစ်ခါမှ မကြားဖူးပေ။
သူ၏ မျက်လုံးများထဲမှ ဇဝေဇဝါဖြစ်မှုများကို မြင်သော် သူမက စိတ်ရှည်စွာ ရှင်းပြလိုက်လေသည်။
“ဆရာကြီးအဆင့် ဆေးဆရာဆိုတာ အဆင့် ၂ ကို ရောက်ရှိပြီးတဲ့သူတွေကို ပေးတဲ့ ဂုဏ်ပုဒ်ပါ... ကျွန်မတို့ရဲ့ ဆရာကြီးအဆင့် ဆေးဆရာက ကျွမ်းကျင်မှု အရမ်းမြင့်မားရုံတင်မကဘဲ ဒီဒေသတစ်ခုလုံးမှာ ကျော်ကြားတဲ့ နာမည်တစ်ခုလည်း ရှိပါတယ်ရှင်...”
သူမက ဂုဏ်ယူဝင့်ကြွားသော လေသံဖြင့် ထပ်လောင်းပြောလိုက်လေသည်။
လီဖုန်း၏ မျက်နှာအမူအရာက လေးနက်သွားလေသည်။ အစပိုင်းတွင် အကဲဖြတ်စမ်းသပ်မှုကို အဆင့် ၁ ဆေးဆရာတစ်ဦးကသာ ကြီးကြပ်မည်ဟု သူ ထင်ထားခဲ့သော်လည်း အဆင့် ၂ ဆိုလျှင်တော့... လုံးဝကို ခြားနားသွားပြီ ဖြစ်သည်။
ဝေ့မိန်လင်၏ ရှင်းပြချက်များအရ တိမ်နတ်ဆိုးမြို့တစ်ခုလုံးတွင် ထိုကဲ့သို့သော ပုဂ္ဂိုလ် နှစ်ဦးသာရှိပြီး တစ်ဦးက မိသားစုကြီးတစ်ခုမှဖြစ်ကာ ကျန်တစ်ဦးကတော့ ဒီဆရာကြီးအဆင့် ဆေးဆရာ ဖြစ်နိုင်ကြောင်း သူ သိထားခဲ့လေသည်။
ရိုးရိုးသားသားပြောရလျှင် လီဖုန်းသည် သူ၏ ဆေးဖော်စပ်မှုအဆင့်ကို အဆင့် ၂ သို့ မြှင့်တင်ရန် တုံ့ဆိုင်းနေဆဲပင်။
ပထမအချက်မှာ သူက ဒုတိယအဆင့် ဆေးလုံးတစ်လုံးကို ဖော်စပ်ရန် လိုအပ်ချက် သို့မဟုတ် ပါဝင်ပစ္စည်းများ မရှိသေးပေ။
ဒုတိယအချက်မှာ သူက အရမ်း ထင်ပေါ်သွားမည်ကို ကြောက်ရွံ့နေခြင်း ဖြစ်သည်။ ယခု မြှင့်တင်မည်လား သို့မဟုတ် နောက်မှ မြှင့်တင်မည်လားဆိုတာ မဆုံးဖြတ်မီ အနည်းငယ် ထပ်မံလေ့လာရန် သူ စီစဉ်ထားလေသည်။
လီဖုန်း ခဏတာ စဉ်းစားလိုက်ပြီးနောက် ဝိညာဉ်ကျောက်တုံးများကို ပေါ့ပေါ့ပါးပါး ပေးလိုက်လေသည်။
“စမ်းသပ်မှုက ဘယ်တော့ စမှာလဲ...”
“လူကြီးမင်း ကံကောင်းပါတယ်...”
သူမ၏ အပြုံးက ပိုမိုကျယ်ပြန့်သွားပြီး ပြောလိုက်သည်။
“ကျွန်မတို့ အခုလေးတင် စတော့မလို့ပါ... ကျေးဇူးပြုပြီး နောက်က လိုက်ခဲ့ပါရှင်...”
သူမက သူ့ကို ပါဝင်သူတစ်ဦးဖြစ်ကြောင်း သက်သေပြသည့် မှိန်ဖျော့သော ဆေးလုံးပုံစံ ရေးထိုးထားသော ကြေးဝါတံဆိပ်ငယ်လေးတစ်ခုကို ကမ်းပေးလိုက်လေသည်။
လီဖုန်းက အသင်း၏ လျှောက်လမ်းများမှတစ်ဆင့် ပွင့်လင်းသော ခန်းမကြီးတစ်ခုဆီသို့ သူမနောက်မှ လိုက်သွားခဲ့သည်။
သူမ၏ ဝတ်ရုံများ လှုပ်ခတ်သွားမှုနှင့် ကျော့ရှင်းသော တင်ပါးအကွေ့အကောက်များက သူ၏ အာရုံကို ဖမ်းစားသွားသော်လည်း သူမ၏ ခန္ဓာကိုယ်မှာ ဝေ့မိန်လင်လောက် မလှဟု သူ အကဲဖြတ်လိုက်လေသည်။
သူတို့သည် သေသပ်စွာ စီစဉ်ထားသော စားပွဲများရှိသည့် ကျယ်ဝန်းသော နေရာတစ်ခုသို့ ရောက်ရှိသွားကြသည်။ အစွန်ဘက်တွင် အမြင့်ပြုလုပ်ထားသော ထိုင်ခုံတန်းများ ရှိပြီး ပွဲကြည့်ပရိသတ်များဖြင့် ထက်ဝက်ခန့် ပြည့်နေပြီ ဖြစ်သည်။
“လူကြီးမင်းရဲ့ အကဲဖြတ်စမ်းသပ်မှုကို ဒီမှာ ပြုလုပ်မှာပါရှင်...”
ဧည့်ကြိုအမျိုးသမီးက ရှင်းပြလိုက်သည်။
လီဖုန်းက လူအုပ်ကြီးဆီသို့ လှမ်းကြည့်လိုက်သည်။
“သူတို့က ဘယ်သူတွေလဲ...”
“အိုး... သူတို့က ပွဲလာကြည့်တဲ့သူတွေပါ... ကုန်သည်တချို့ရယ်၊ အလုပ်ခန့်ချင်တဲ့ သြဇာကြီး မိသားစုတချို့ရယ်၊ ပြီးတော့ ဗဟုသုတရအောင် လာကြည့်တဲ့ အလုပ်သင်တချို့ရယ်ပါ...”
သူမက ပေါ့ပေါ့ပါးပါး ပြောလိုက်လေသည်။
လီဖုန်း ရယ်မောလိုက်၏။
“ဆေးဆရာအသင်းက တော်တော် သဘောထားကြီးတာပဲ... သူတို့ရဲ့ အကဲဖြတ်စမ်းသပ်မှုတွေကို တခြားလူတွေကို ပေးကြည့်တယ်...”
သို့သော် သူမ၏ နောက်ထပ်စကားတစ်ခွန်းက သူ၏ အမြင်ကို ပြောင်းလဲသွားစေတော့သည်။
သူမ၏ နှုတ်ခမ်းများက ကောက်ကျစ်သော အပြုံးတစ်ခုအဖြစ် ကွေးညွတ်သွားလေသည်။
“သေချာတာပေါ့... ကျွန်မတို့က သူတို့ကို ကြည့်ခွင့်ပေးပါတယ်... ဒါပေမဲ့ ဝင်ကြေးတော့ ပေးရတယ်လေ...”
“….”
လီဖုန်း၏ နှုတ်ခမ်းများ တွန့်သွားလေသည်။ သဘောထားကြီးတာတွေ ဘာတွေ နောက်ထား... ဒီအသင်းက လုံးဝကို စီးပွားရေးဆန်တဲ့ နေရာပဲ။