အခန်း (၂၄) - ဝေ့မိန်လင် (၂)
လီဖုန်း၏ လက်က တုံ့ဆိုင်းမနေခဲ့ပေ။ ကျော့ရှင်းသော သူမ၏ ဝတ်စုံ ဘေးခွဲမှတစ်ဆင့် လျှောဝင်သွားပြီး လက်ချောင်းများက သူမ၏ ပေါင်တံပေါ်ရှိ ပိုးသားကဲ့သို့ ချောမွေ့သော အသားအရေကို ပွတ်တိုက်သွားလေသည်။
‘အင်း... ငါ ထင်ထားတဲ့အတိုင်းပါပဲလား...’
အေးစက်ပြီး စည်းကမ်းကြီးသော မိသားစုခေါင်းဆောင် အမျိုးသမီးတစ်ယောက်အဖြစ် သရုပ်ဆောင်နေသည့် အမျိုးသမီးတစ်ဦးအတွက် သူမ၏ အသားအရေက အရမ်းကို နူးညံ့လွန်းနေလေသည်။
သို့သော် ထိုအေးစက်သော အပြင်ပန်းအောက်တွင်... စူးစမ်းခံချင်နေသော ခန္ဓာကိုယ်တစ်ခု ရှိနေပေသည်။
သူ၏ ကြမ်းတမ်းသော လက်ဖဝါးက သူမ၏ ပေါင်ရင်းကို ဆုပ်ကိုင်လိုက်ပြီး နူးညံ့သော ကြွက်သားများပေါ်တွင် ဖြည်းညင်းစွာ ပွတ်တိုက်ကာ ထိတွေ့မှုတိုင်းမှတစ်ဆင့် သူမ ခန္ဓာကိုယ်၏ အပူရှိန်ကို စုပ်ယူနေလေသည်။
သူမ၏ အသက်ရှူသံ မသိမသာ ပြတ်တောင်းသွားသည်ကို သူ မြင်လိုက်ရသော်လည်း ဝေ့မိန်လင်သည် အနည်းငယ်မျှပင် တုန်လှုပ်မသွားခဲ့ပေ။
‘တကယ့် မိန်းမပဲ...’
သူ၏ လက်မက နှေးကွေးသော စက်ဝိုင်းပုံစံ ပွတ်သပ်နေပြီး အနည်းငယ် ပိုမိုမြင့်တက်သွားရာ သူမ၏ မျက်နှာပေါ်တွင် ထိုအေးစက်သော အမူအရာကို ထိန်းသိမ်းထားသော်လည်း သူမ၏ ခြေထောက်ရှိ တင်းမာမှုကမူ သူမကို သစ္စာဖောက်နေလေသည်။
လီဖုန်း ပြုံးလိုက်၏။
“အရမ်းနူးညံ့ပြီး သိမ်မွေ့တာပဲ...”
သူက ပျင်းရိစွာ ရေရွတ်လိုက်လေသည်။
“လူတိုင်း ခင်ဗျားကို ချီးကျူးနေကြတာ အံ့သြစရာတော့ မဟုတ်ဘူး...”
ဝေ့မိန်လင်၏ အေးစက်သော မျက်ဝန်းများက သူ့ကို စိုက်ကြည့်လိုက်ပြီး ဘာစကားမှမဆိုဘဲ မတ်တပ်ရပ်လိုက်လေသည်။ သူမ၏ ပေါင်တံမှ နွေးထွေးမှုက သူ၏ ဆုပ်ကိုင်မှုထဲမှ လွတ်ထွက်သွား၏။
“ခွင့်ပြုပါဦး သခင်လေးလီ... ရှင့်ရဲ့ စမ်းသပ်မှုအတွက် လိုအပ်တဲ့ ဆေးဖက်ဝင်ပစ္စည်းတွေ သွားပြင်ဆင်လိုက်ပါဦးမယ်...”
သူမက တည်ငြိမ်စွာ ပြောလိုက်ပြီး အသံမှာ တရားဝင်ဆန်သွားပြန်သည်။
သူမက ဖနောင့်ကို လှည့်ကာ နောက်ဘက်အခန်းဆီသို့ လျှောက်သွားသော်လည်း လီဖုန်း၏ အကြည့်က သူမ၏ ခြေလှမ်းများပေါ်တွင် မရှိနေပေ။
ဟင့်အင်း... ထိုဘေးခွဲအမြင့်ဝတ်စုံအောက်တွင် ဆွဲဆောင်မှုရှိစွာ ယိမ်းနွဲ့နေသော သူမ၏ တင်ပါးများပေါ်တွင်သာ ကပ်ငြိနေခြင်းဖြစ်သည်။
ခြေလှမ်းတိုင်းတွင် နှေးကွေးပြီး ယုံကြည်မှုရှိသော ယိမ်းနွဲ့မှုများပင်။
အရည်ရွှမ်းသော သူမ၏ တင်ပါးအကွေ့အကောက်က လုံးဝကို ရမ္မက်ဆန်လွန်းနေပြီး ခြေလှမ်းတိုင်းတွင် ခုန်ပေါက်နေကာ သူ့ကို လာရောက်ဆုပ်ကိုင်ရန် စိန်ခေါ်နေသည့်အလားပင်။
သူ ဘယ်လိုလုပ် ခုခံနိုင်မှာလဲ။
ချက်ချင်းပင် လီဖုန်း မတ်တပ်ရပ်ကာ သူမကို အနောက်မှနေ၍ သိုင်းဖက်ရန် လှုပ်ရှားလိုက်ပြီး လက်ချောင်းများက ထိုအပြစ်မကင်းသော အသားအရေများကို ဆုပ်ကိုင်ရန် ယားယံနေတော့၏။
သို့သော် သူ လက်လှမ်းလိုက်စဉ်မှာပင်…
ဝေ့မိန်လင်က ဘေးသို့ရှောင်ကာ ချောမွေ့သော ဟန်ပန်ဖြင့် တိမ်းရှောင်သွားပြီး သူမ၏ ဖနောင့်က ကြမ်းပြင်ပေါ်တွင် တစ်ချက် ခေါက်သွားကာ အနောက်မှ တံခါး ပိတ်သွားလေသည်။
“...ကျစ်...”
လီဖုန်း ရယ်မောလိုက်ပြီး ဆိုဖာပေါ်သို့ ပြန်လည်မှီချကာ နှုတ်ခမ်းကို သပ်လိုက်၏။
“အလောတကြီး မလုပ်ပါဘူးလေ...”
ပိုင်စိုးပိုင်နင်း တောက်ပနေသော မျက်လုံးများ ကျဉ်းမြောင်းသွားလျက် သူ တီးတိုးရေရွတ်လိုက်လေသည်။
“အရောင်းအဝယ် ကိစ္စပြီးတာနဲ့ မကြာခင်မှာပဲ အဲဒီခန္ဓာကိုယ်ကို ငါ လိုချင်သလို ကစားရမှာပဲဟာ...”
သူက လက်နှစ်ဖက်ကို ခေါင်းနောက်တွင် ပိုက်ထားကာ မျက်နှာကြက်ကို ပျင်းရိစွာ ငေးကြည့်နေလေသည်။ ထို့နောက် စိတ်ကူးဖြင့် စနစ်မှတစ်ဆင့် သူမ၏ အချက်အလက် မျက်နှာပြင်ကို ခေါ်ယူလိုက်၏။
[အမည် - ဝေ့မိန်လင်]
[ကျင့်ကြံခြင်း - ချီစုစည်းခြင်း စတုတ္ထအဆင့်]
[အထူးခန္ဓာကိုယ် - မရှိပါ]
[ထူးထူးခြားခြား ထူးဆန်းတာ ဘာမှမရှိပေ။ ဖုံးကွယ်ထားသော သွေးဆက်မရှိ၊ ထူးဆန်းသော ခန္ဓာကိုယ်မရှိ၊ ဖန်ဇီယန်းလို လျှို့ဝှက်ကျဆင်းမှုလည်း မရှိပါချေ။]
သို့သော် အချက်တစ်ခုက သူ၏ အာရုံကို ဖမ်းစားသွားလေသည်။
“စနစ်...”
“ဘာလို့ သူ့ကို ပစ်မှတ်အနေနဲ့ သတ်မှတ်လို့ မရတာလဲ...”
တစ်စက္ကန့် ကုန်လွန်သွား၏။
ထို့နောက် နောက်ထပ် တစ်စက္ကန့်။
ဘာအကြောင်းပြန်ချက်မှ မရှိပေ။
“...ဟယ်လို...”
ဘာမှမရှိသေးပေ။
မျက်နှာပြင်က အေးစက်စွာ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေပြီး အမြဲလိုလို အကူအညီ မရပါချေ။
သူက လှောင်ပြောင်လိုက်လေသည်။
“ကျစ်... သိသားပဲ... အမှတ်ရှာတာတွေ၊ ဆုလာဘ်တွေအကြောင်း မဟုတ်ရင် ဘယ်တော့မှ ဖြောင့်ဖြောင့်တန်းတန်း အဖြေမပေးဘူး...”
သို့တိုင်အောင် သူ ဆက်ပြီး အတင်းအကျပ် မမေးတော့ပေ။ ရိုးရိုးသားသား ပြောရရင် သူ သိပ်ပြီး ဂရုမစိုက်ပါဘူး။
သူမရဲ့ နှလုံးသားကို အနိုင်ယူဖို့ ကြိုးစားနေတာမှ မဟုတ်တာ။ အချစ်ရေး ဒါမှမဟုတ် သိမ်းပိုက်ဖို့အတွက် ဒီကိုလာခဲ့တာလည်း မဟုတ်ဘူးလေ။
သူ လိုချင်တာက... အာရုံစိုက်မှု သိပ်မခံရဘဲ ဆေးလုံးတွေ ရောင်းဖို့ သန့်ရှင်းတဲ့ လမ်းကြောင်းတစ်ခုပဲ။ လေးစားမှုရှိတဲ့ မျက်နှာစာတစ်ခု။ ဒေသခံ နာမည်တစ်ခု။
သူက ကျင့်ကြံခြင်းနဲ့ တခြားကိစ္စတွေကို အာရုံစိုက်နေချိန်မှာ ပုံမှန်နဲ့ စိတ်အနှောင့်အယှက်ဖြစ်စရာ အလုပ်တွေကို ကိုင်တွယ်ပေးမယ့် မိတ်ဖက်တစ်ယောက်။
ထက်မြက်ပြီး တွက်ချက်တတ်တဲ့ ဉာဏ်ရည်ရှိတဲ့ ဝေ့မိန်လင်က အဲဒီအတွက် ပြီးပြည့်စုံပါတယ်။
ပြီးတော့ အဲဒီလမ်းကြောင်းက မိတ်ဖက်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ သူ့ရဲ့ ဆန္ဒတိုင်းကို ဖြည့်ဆည်းပေးဖို့ ဆန္ဒရှိနေတဲ့ အကွေ့အကောက်လေးတွေနဲ့ ဆွဲဆောင်မှုရှိတဲ့ မန်နေဂျာတစ်ယောက်နဲ့ပါ အတူလာခဲ့မယ်ဆိုရင်ရော။
အင်းပေါ့။
အဲဒါကတော့ အပိုဆုပဲလေ။
သူမရဲ့ ပါရမီက သာမန်ပဲဖြစ်ပြီး စီနီယာအစ်မ ယွဲ့လန်ရဲ့ အလှအပကို မယှဉ်နိုင်ပေမဲ့ သူမရဲ့ ရမ္မက်ဆန်တဲ့ ခန္ဓာကိုယ်က အဲဒီအတွက် အများကြီးကို အစားထိုးပေးနိုင်ပါတယ်။
ထိုကျပ်ထုပ်နေသော ဝတ်စုံဖြင့် ဒူးထောက်နေကာ အေးစက်သော မျက်ဝန်းများဖြင့် သူ့ကို မော့ကြည့်ရင်း ငြင်းဆန်လိုသော်လည်း သူ ကျေနပ်စေရန် နှုတ်ခမ်းများ ပွင့်ဟနေမည့် သူမ၏ ပုံစံကို မြင်ယောင်ကာ လီဖုန်း တိုးညင်းစွာ ရယ်မောလိုက်လေသည်။
သူ၏ ညီငယ်လေးက တုံ့ပြန်လာ၏။
“ဟားဟား... စိတ်မပူပါနဲ့ ညီလေး... မင်းလည်း မကြာခင် နေရာရလာမှာပါ...”
“ဟက်...”
ရမ္မက်များ ပြည့်နှက်နေသော လေသံဖြင့် ပြုံးလျက် အသက်ရှူထုတ်လိုက်လေသည်။
“ငါ နေ့ဘက်မှာ ဆေးဖော်မယ်.... ပြီးတော့ ပျင်းလာတဲ့အခါ သခင်မဝေ့ကို အပန်းပြေအောင် ကူညီခိုင်းရမှာပေါ့...”
သူက အကြောဆန့်လိုက်ပြီး လက်တစ်ဖက်ကို ဆိုဖာနောက်ကျောတွင် တင်ကာ မိမိအိမ်တွင် အနားယူနေသကဲ့သို့ ပေါ့ပေါ့ပါးပါး ခြေထောက်ကားထိုင်နေလေသည်။
__
သိုလှောင်ခန်း — ဝေ့ ဆေးဖော်စပ်ရေး ခန်းမ
ဝေ့မိန်လင်၏ လက်ချောင်းများက နောက်ဆုံး သစ်စေးသုတ်ထားသော သေတ္တာပေါ်တွင် ရပ်တန့်နေလေသည်။
အတွင်းဘက်ရှိ ပိုးသားအခင်းပေါ်တွင် လမင်းရိပ် ဂျင်ဆင်းတစ်မြစ် ရှိနေပြီး နှစ်တစ်ထောင်သက်တမ်းရှိသော အမြစ်ဖြစ်ကာ ဆင်စွယ်ကဲ့သို့ ဖြူရော်နေပြီး အမြစ်တံလေးများ၏ ထိပ်တွင် ငွေရောင်အလင်းတန်းများ မှိန်ဖျဖျ တောက်ပနေလေသည်။
ယင်းက စံအိမ်တစ်လုံးဝယ်ရန် လုံလောက်သည့် တန်ဖိုးရှိပေသည်။
ပြီးတော့ တကယ်လို့ အလဟဿ ဖြစ်သွားခဲ့ရင် သူမရဲ့ ယိုင်နဲ့နေပြီဖြစ်တဲ့ အခြေအနေကို ပိုဆိုးသွားစေဖို့လည်း လုံလောက်လေသည်။
လီဖုန်းကို စမ်းသပ်လိုသည့် ဆေးလုံးဖြစ်သော ‘ချီဉ်စုစည်းမှု ဆေးလုံး’သည် ဖော်စပ်ရန် အခက်ခဲဆုံး အဆင့် ၁ ဆေးလုံးများထဲမှ တစ်ခုဖြစ်ပြီး သူတို့၏ ကိုယ်ပိုင်ဆေးဆရာများပင် အရည်အသွေးမြင့် ဆေးလုံးတစ်လုံးမျှ မထုတ်လုပ်နိုင်ခဲ့ဖူးသော်လည်း အလယ်အလတ်အဆင့် ဆေးလုံးမျှသာ ဖြစ်စေကာမူ စျေးကောင်းရဆဲပင်။
တကယ်လို့ သူက ဒါနဲ့ အရည်အသွေးမြင့် ဆေးလုံး ဒါမှမဟုတ် အပြစ်အနာဆာမဲ့ဆေးလုံး တစ်လုံးတောင် ဖော်စပ်နိုင်ခဲ့ရင်...
သူမ မျက်လုံးများ ကျဉ်းမြောင်းသွားလေသည်။
သူ့ရဲ့ ကြွားလုံးတွေက အစစ်အမှန် ဟုတ်၊ မဟုတ်ဆိုတာ သူမ သိရမှာပါ။
သူမ သေတ္တာကို မလိုက်လေသည်။
ဧည့်ခန်းတွင်၊
သူမ ပြန်လာချိန်တွင် လီဖုန်းက ပျင်းရိစွာ ထိုင်နေဆဲဖြစ်သော်လည်း သူမ သယ်ဆောင်လာသည့်အရာကို အာရုံခံမိလိုက်သည်နှင့် သူ၏ အကြည့်များ ထက်မြက်သွားကာ သူ့ကို ဖော်စပ်စေလိုသည့် ဆေးလုံးများကို ကြမ်းဖျင်းအားဖြင့် ခန့်မှန်းမိသွားလေသည်။
“အဲဒါက...” သူက တိုးညင်းစွာ ပြောလိုက်၏။ “...အစပြုသူတစ်ယောက်ကို ပေးရမယ့် အရာမျိုး မဟုတ်ဘူးနော်...”
“ဒါက...”
သူမက အေးစက်စွာ ပြန်ဖြေလိုက်လေသည်။
“...သခင်လေးလီအတွက် ပြဿနာကြီးတစ်ခု မဟုတ်ဘူးလို့ ကျွန်မ ယုံကြည်ပါတယ်...”
သူမက သေတ္တာကို ချထားပြီး ဖွင့်လိုက်လေသည်။ လမင်းရိပ် ဂျင်ဆင်း၏ မှိန်ဖျော့ပြီး ချိုမြိန်အေးမြသော ရနံ့က အခန်းတွင်း ပြည့်နှက်သွား၏။
လီဖုန်းက ဝိုင်အရသာခံသည့် ယောကျ်ားတစ်ယောက်ပမာ တစ်ချက် ရှူရှိုက်လိုက်ပြီးနောက် ဘာစကားမှ ထပ်မပြောတော့ဘဲ သူ၏ ဆေးဖိုကို ခေါ်ထုတ်လိုက်လေသည်။ တိုတိုတုတ်တုတ်နှင့် ရိုးရှင်းသော အနက်ရောင်သံမဏိဖြင့် ပြုလုပ်ထားပြီး အလှဆင်ထားခြင်း မရှိပေ။
ဒါကိုမြင်တော့ ဝေ့မိန်လင် မျက်မှောင်ကြုတ်သွားလေသည်။
ဒီလူက အရမ်းကို ကြွားလုံးထုတ်ထားတာဆိုတော့ ဒီထက်ပိုပြီး ခမ်းနားတာမျိုးကို သူမ မျှော်လင့်ထားခဲ့ခြင်း ဖြစ်သည်။
လီဖုန်းက ရှင်းပြမနေတော့ပေ။ ယင်းအစား သူက အမြစ်ကို ယူလိုက်ပြီး လက်ချောင်းလေးများကို တစ်ချက် လှုပ်ရှားကာ ဖော်စပ်ခြင်းကို စတင်လိုက်လေသည်။
ဆေးဖို၏ အတွင်းဘက်ရှိ စာလုံးများက အနီရောင် မှိန်ဖျဖျ တောက်ပလာ၏။
သူ၏ ချီစွမ်းအင်များက ပြင်းထန်စွာ မဟုတ်ဘဲ တည်ငြိမ်တိကျသော စီးကြောင်းတစ်ခုအဖြစ် ဝင်ရောက်သွားကာ ဆေးဖက်ဝင်အပင်ကို အပူရှိန်ဖြင့် ရစ်ပတ်လိုက်သဖြင့် မလောင်ကျွမ်းဘဲ အရည်ပျော်သွားသည့်အလား ဖြစ်သွားလေသည်။
အမြစ်၏ ငွေရောင်အလင်းတန်းက ပိုမိုနက်ရှိုင်းလာပြီး မျောလွင့်နေသော လရောင်ပမာ လေထုထဲသို့ ကွေးညွတ်တက်သွား၏။
ရနံ့က ပိုမိုထူထဲလာပြီး ချိုမြိန်ကာ စူးရှနေလေသည်။ သူမ၏ ရင်ဘတ်ကို ပေါ့ပါးသွားစေပြီး စိတ်ကလည်း ထိုရနံ့ဆီသို့ ထူးဆန်းစွာ ဆွဲဆောင်ခံနေရ၏။
ဒီလို အမြစ်မျိုးကနေ အနှစ်သာရရဖို့အတွက် ဆရာကြီးအဆင့် ဆေးဆရာတွေတောင် နာရီပေါင်းများစွာ အချိန်ယူရတာကို သူမ မြင်ဖူးပေမဲ့...
.. သူကတော့ ခဏလေးအတွင်းမှာပဲ လုပ်နိုင်ခဲ့တယ်။
ကြွားလုံးထုတ်ပြတဲ့ နည်းစနစ်တွေ မရှိဘူး။ အလဟဿဖြစ်တဲ့ လှုပ်ရှားမှုတွေ မရှိဘူး။
အရည်အနှစ်များက အောက်ခြေတွင် စုဝေးလာချိန်၌ လီဖုန်း၏ လက်များက လှုပ်ရှားသွားပြီး ‘ချီစုစည်းမှု ဆေးလုံး’ ၏ ပုံဖော်ရေး စာလုံးများကို ရက်လုပ်လိုက်လေသည်။ ခန်းမကြီးကိုယ်တိုင်က နားထောင်နေသည့်အလား လေထုက တုန်ခါသွား၏။
တုန်ခါမှုက စူးရှသွားပြီး… ဖောက်..
ဆေးဖိုထဲမှ ဆေးလုံးလေးလုံး ထွက်ပေါ်လာပြီး တစ်လုံးစီက လရောင်ဖြင့် ထွင်းထုထားသော ပုလဲများပမာ ဖြစ်ကာ ၎င်းတို့၏ မျက်နှာပြင်မှ ငွေရောင်မြူခိုးများ မှိန်ဖျဖျ ရစ်ခွေနေလေသည်။
ထိုဆေးလုံးများ၏ အရည်အသွေးကို ချက်ချင်း အသိအမှတ်ပြုမိသွားသဖြင့် ဝေ့မိန်လင် အသက်ရှူမှားသွားတော့၏။
အရည်အသွေးမြင့် ဆေးလုံး သုံးလုံးနဲ့... အပြစ်အနာဆာမဲ့ဆေးလုံး တစ်လုံး။ အမြစ်တစ်ခုတည်းကနေလေ။
သူမ၏ ပုံမှန် အေးစက်ပြီး တွက်ချက်နေသော မျက်နှာဖုံးက ပျောက်ကွယ်သွားပြီး အံ့ဩတုန်လှုပ်မှုများက အစားထိုး နေရာယူသွားလေသည်။
သူမ၏ စိတ်များ ချက်ချင်းပင် လျင်မြန်စွာ အလုပ်လုပ်လာပြီး အကျိုးအမြတ်အားလုံးအကြောင်း၊ သူမ၏ ဂုဏ်သိက္ခာများ ပြန်လည်မြင့်တက်လာမည့်အကြောင်း၊
အမှောင်မိုက်ဆုံး အနာဂတ်အတွက် စိတ်ပူစရာ မလိုတော့မည့်အကြောင်းနှင့် သူ့အလုပ်လုပ်မည်ဆိုပါက မည်မျှလျင်မြန်စွာ တက်လှမ်းနိုင်မည်ဆိုသည့် အကြောင်းများကို တွေးတောနေတော့၏။
လီဖုန်းက နောက်ဆုံးတွင် သူမကို ကြည့်လိုက်ပြီး သူ၏ နှုတ်ခမ်းများတွင် အပြုံးတစ်ခု ပေါ်လာလေသည်။
“ကဲ သခင်မဝေ့... ကျုပ်က လေလုံးပဲ ထွားတယ်လို့ ထင်သေးလား...”
သူမ ပြန်မဖြေခဲ့ပေ။ သူမ၏ အကြည့်များက ဆေးလုံးများပေါ်တွင်သာ ရှိနေ၏။
အခု အေးစက်မနေတော့ဘူး။
တွက်ချက်မနေတော့ဘူး။
ဒါပေမဲ့ လောဘက အရာအားလုံးကို လွှမ်းမိုးသွားပြီ။
“...ရှင့်ရဲ့ စည်းကမ်းချက်တွေကို ပြောပါ...”
သူမက နောက်ဆုံးတွင် ပြောလိုက်လေသည်။
လီဖုန်း တုံ့ဆိုင်းမနေခဲ့ပေ။ တည်ငြိမ်သော ယုံကြည်မှုဖြင့် ရှေ့သို့ တိုးလာပြီး သူ၏ လက်က ဝေ့မိန်လင်၏ ခါးကို ဆုပ်ကိုင်ကာ သူမကို သူ၏ ရင်ခွင်ထဲသို့ ရုတ်တရက် ဆွဲယူလိုက်လေသည်။
ရုတ်တရက် လှုပ်ရှားမှုကြောင့် သူမ၏ နူးညံ့ပြည့်ဖြိုးသော ရင်သားကြီးများက သူ၏ ရင်ဘတ်ကို ပြင်းထန်စွာ ရိုက်ခတ်သွားပြီး သူမ၏ တင်းကျပ်သော ပိုးသားဝတ်စုံက ခဏတာ တင်းမာသွားပြီးနောက် ပြန်လည်တည်ငြိမ်သွားလေသည်။
သူမ၏ ခန္ဓာကိုယ်မှ နွေးထွေးမှုက သူ့ကို ဖိကပ်ထားပြီး နွေးထွေးကာ ငြင်းပယ်၍မရနိုင်ပေ။
သူ၏ လက်များက ချက်ချင်း နေရာယူလိုက်ပြီး လက်ချောင်းများက သူ၏ ပေါင်ပေါ်တွင် ပြီးပြည့်စုံစွာ နေရာယူထားသော သူမ၏ တင်ပါးများ၏ နူးညံ့မှုထဲသို့ နစ်ဝင်သွားကာ ပြည့်ဖြိုး၊ ပျော့ပျောင်းပြီး သူမ၏ အသားအရေအောက်တွင် ခုန်ပေါက်နေသည့်အလား စိုစွတ်မှုများဖြင့် ပြည့်နှက်နေလေသည်။
သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးက အသက်ရှင်နေသော၊ အသက်ရှူနေသော ရေကန်ကြီးတစ်ခုနှင့် နူးညံ့မှုများလို ခံစားရပြီး အကွေ့အကောက်တိုင်းက သူ့ကို ပိုမိုနက်ရှိုင်းစွာ စူးစမ်းရန် ဖိတ်ခေါ်နေတော့၏။
ယခု သူ၏ ရင်ခွင်ထဲတွင် ဘေးတိုက်ထိုင်နေသော သူမ၏ ခန္ဓာကိုယ်ပေါ်တွင် လီဖုန်း၏ အကြည့်များက လှည့်လည်နေပြီး ဝတ်စုံ၏ ပါးလွှာသော အထည်စဖြင့် အနိုင်နိုင် ထိန်းချုပ်ထားရသော သူမ၏ နူးညံ့ပြည့်ဖြိုးသည့် ရင်သားကြီးများပေါ်တွင် ရပ်တန့်သွားလေသည်။
ဝတ်စုံက သူမ၏ ရင်သားများပေါ်တွင် ဒုတိယအရေပြားတစ်ခုလို တွယ်ကပ်နေပြီး သိမ်မွေ့သော အကွေ့အကောက်နှင့် ဖောင်းကြွမှုတိုင်းကို ပုံဖော်ထားကာ ပြီးပြည့်စုံပြီး လုံးဝကို ငြင်းဆန်နိုင်စွမ်း မရှိပါချေ။
သူ၏ လက်ချောင်းများက သူမ၏ သွယ်လျသော ခါးလေးပေါ်တွင် လှည့်လည်စပြုလာချိန်၌ နှေးကွေးပြီး မြှူဆွယ်သော အပြုံးတစ်ခု သူ၏ နှုတ်ခမ်းများတွင် ကွေးညွတ်သွားလေသည်။
“ဒါက... တစ်သက်မှာ တစ်ခါပဲ ရနိုင်မယ့် အခွင့်အရေးပါ သခင်မဝေ့...”
သူက တီးတိုးပြောလိုက်ပြီး အသံမှာ ဆွဲဆောင်မှုများဖြင့် ပြည့်နှက်နေ၏။
“ခင်ဗျားရဲ့ မိသားစုအတွက်တင် မဟုတ်ဘူး... ခင်ဗျား ကိုယ်တိုင်အတွက်လည်း ပါတယ်...”
သူက လက်ကို အောက်သို့ လျှောဆင်းစေလိုက်ပြီး လက်ချောင်းများက သူမ၏ ပြည့်ဖြိုးနူးညံ့သော တင်ပါးပေါ်တွင် ပျင်းရိသော စက်ဝိုင်းပုံစံများ ရေးဆွဲနေကာ ပိုးသားအထည်လေးက သူ၏ အထိအတွေ့အောက်တွင် ရွေ့လျားနေလေသည်။
“ပြာပုံထဲကနေ ပြန်လည်ရုန်းထပြီး ထာဝရဆုံးရှုံးသွားပြီလို့ ခင်ဗျားထင်ခဲ့တဲ့ သြဇာအာဏာနဲ့ ဂုဏ်သိက္ခာကို ပြန်လည်ရယူနိုင်မယ့် အခွင့်အရေးပဲ...”
ဝေ့မိန်လင် အသက်ရှူမှားသွားပြီး သူမ၏ မျက်ဝန်းများက သူ့ကို ရင်ဆိုင်ရန် တုန်ခါသွားလေသည်။
သူမက နှုတ်ခမ်းကို ကိုက်လိုက်ပြီး ပုံမှန်အားဖြင့် အေးစက်သော သူမ၏ တည်ငြိမ်မှုက အနည်းငယ် တုန်လှုပ်သွားကာ အတွင်းပိုင်းတွင် ကြီးထွားလာနေသော သွေးဆောင်ဖြားယောင်းမှု၏ အရိပ်အယောင်ကို ဖော်ပြနေတော့၏။
လီဖုန်းက ပိုမိုနီးကပ်စွာ ကိုင်းညွတ်လိုက်ပြီး လက်က သူမ၏ တင်ပါးပေါ်သို့ အပြည့်အဝ ရောက်ရှိသွားကာ ညင်သာစွာ ဆုပ်နယ်ရင်း လေသံကို နှိမ့်ကာ တီးတိုးပြောလိုက်လေသည်။
“ခင်ဗျားရဲ့ နာမည်ကို လေးစားမှုတွေနဲ့ ပြန်ပြောကြတာ၊ ဝေ့ မိသားစု ပြန်လည်နိုးထလာတာကို စိတ်ကူးကြည့်လိုက်စမ်းပါ...”
“ကျဆင်းသွားတဲ့ မိသားစုအဖြစ် မဟုတ်ဘဲ... အင်အားကြီးတဲ့ မိသားစုတစ်ခုအဖြစ်ပေါ့... ကျုပ်နဲ့ဆိုရင် ခင်ဗျား ရှင်သန်ရုံတင် မကဘူး... ကြီးစိုးနိုင်လိမ့်မယ်...”
သူ၏ အခြားလက်တစ်ဖက်က အထက်သို့ ရွေ့လျားသွားပြီး လက်ချောင်းများက သူမ၏ ဝတ်စုံ၏ ကော်လာအမြင့်ရှိ သိမ်မွေ့သော ကြယ်သီးတန်းလေးကို ပွတ်တိုက်သွားလေသည်။
သူက ကြယ်သီးများကို နှေးကွေးစွာ၊ ရည်ရွယ်ချက်ရှိရှိ စတင်ဖြုတ်လိုက်ပြီး ညင်သာသော ကလစ်ခနဲ အသံလေးတစ်ခုစီတိုင်းက ကတိတစ်ခုပမာပင်။
ကလစ်…
“ခင်ဗျား ကျုပ်ကို ယုံကြည်ဖို့ပဲ လိုတယ်...”
သူက ဆန္ဒများနှင့် အနိုင်နိုင် ထိန်းချုပ်ထားရမှုများ ပြည့်နှက်နေသော မျက်ဝန်းများဖြင့် အသက်ရှူထုတ်လိုက်လေသည်။
“အဲဒီအနာဂတ်ဆီကို ခင်ဗျားကို ကျုပ် လမ်းပြပါရစေ... ခင်ဗျားက နယ်ရုပ်တစ်ခုထက် ပိုပါလိမ့်မယ်... ဘုရင်မတစ်ပါး ဖြစ်လာလိမ့်မယ်...”
ဝေ့မိန်လင်၏ ရင်ဘတ်က ပိုမိုမြန်ဆန်စွာ နိမ့်ချည်မြင့်ချည် ဖြစ်လာပြီး ပါးပြင်များ နီရဲလာလေသည်။
သူ၏ လက်များကြောင့်သာမက သူမ၏ စိတ်ထဲတွင် ပြည့်နှက်နေသော ယစ်မူးဖွယ်ကောင်းသည့် စိတ်ကူးယဉ်မှုများကြောင့်လည်း ဖြစ်သည်။ သြဇာအာဏာ၊ ဂုဏ်သိက္ခာ၊ လွတ်လပ်မှု။
သူမ၏ လက်ချောင်းများက သူ့ကို တားဆီးရန် အလိုအလျောက်လုနီးပါး လှုပ်ရှားသွားသော်လည်း သူမ၏ ခန္ဓာကိုယ်က သူမကို သစ္စာဖောက်ကာ ကြယ်သီးများ ဖြည်းဖြည်းချင်း ပွင့်ထွက်သွားခြင်းကို မတားဆီးနိုင်ခဲ့ပေ။
သတိမထားမိလိုက်ဘဲ အပေါ်ဘက် ပိုးသားစက အနည်းငယ် ပွင့်ဟသွားပြီး ကြီးမား၊ ဖြူဝင်းကာ ပြီးပြည့်စုံသော ရင်သားတစ်ဖက် လွတ်ကျလာကာ ချောမွေ့သော အသားအရေအဖြူက ခရမ်းရောင်အထည်နှင့် ဆန့်ကျင်ဘက်ဖြစ်စွာ ပေါ်လွင်နေတော့၏။
သူမ အသက်ရှူမှားသွားပြီး မျက်လုံးများ ပြူးကျယ်သွားကာ လောဘ၊ ကြောက်ရွံ့မှု၊ ဆန္ဒများနှင့် လီဖုန်း ကတိပေးထားသော အနာဂတ်၏ ယစ်မူးဖွယ်ကောင်းသည့် ဆွဲဆောင်မှုတို့ကြားတွင် ပိတ်မိသွားတော့သည်။
ဝေ့မိန်လင်၏ အသံမှာ တီးတိုးလေးသာ ထွက်ပေါ်လာပြီး ဆန္ဒများနှင့် လောဘများကြောင့် အက်ကွဲနေလေသည်။
“ကျွန်မ... အဲဒီအနာဂတ်ကို လိုချင်တယ်...”
ရှက်သွေးဖြာကာ မြှူဆွယ်နေသည့် အခြေအနေဖြင့် ဝေ့မိန်လင်၏ အဖြေကို မြင်လိုက်ရချိန်တွင် လီဖုန်း၏ အပြုံးက ရမ္မက်ဆန်ကာ ကျေနပ်သွားတော့၏။
“ကောင်းပြီ... အခု အရောင်းအဝယ်ကို အတည်ပြုပြီး ခင်ဗျားနဲ့ ထိုက်တန်တာကို အတိအကျ ရဖို့ သေချာအောင် လုပ်ကြတာပေါ့...”