အခန်း (၂၂) - ဝေ့ မိသားစု
လီဖုန်း၏ စူးစမ်းလိုစိတ်များ မြင့်တက်လာပြီး အပေါ်ဘက်ရှိ သေသပ်လှပသော စာလုံးများဖြင့် ရေးသားထားသော ဆိုင်အမည်ကို မြင်လိုက်ရလေသည်။ ‘ဝေ့ ဆေးဖော်စပ်ရေး ခန်းမ’ ပင်။
အနက်ရောင် မှင်များက အနည်းငယ် မှေးမှိန်နေပြီး သစ်သားဆိုင်းဘုတ်မှာ နှစ်ပေါင်းများစွာ နေပူမိုးရွာဒဏ်ကို ခံထားရပုံပေါ်၏။
အိုမင်းဟောင်းနွမ်းနေခြင်း မဟုတ်သော်လည်း အနည်းငယ် ပျက်စီးနေပုံရသည်။ အနီးအနားရှိ စည်ကားနေသော ဆေးဆိုင်များနှင့် ယှဉ်လျှင် ဤဆိုင်မှာ ထူးဆန်းစွာ တိတ်ဆိတ်နေလေသည်။
ဖောက်သည်နှစ်ဦးက ညည်းညူမြည်တမ်းကာ မှောင်မိုက်နေသော မျက်နှာအမူအရာများဖြင့် ထွက်ခွာသွားကြ၏။
“ဟင်း...”
လီဖုန်းက ခေါင်းစောင်းလိုက်ပြီး တီးတိုးရေရွတ်လိုက်လေသည်။
“ဒီခန်းမက... လူသူကင်းမဲ့နေသလိုပဲ... ဒီလိုမြို့မျိုးမှာရှိတဲ့ ဆေးဆိုင်တစ်ဆိုင်အတွက်တော့ ဒါက ထူးဆန်းတယ်...”
လင်းယွီက သူ၏ အကြည့်နောက်သို့ လိုက်ကြည့်လိုက်ပြီး သက်ပြင်းသဲ့သဲ့ ချလိုက်လေသည်။
“အဲဒါက ဝေ့ ဆေးဖော်စပ်ရေး ခန်းမပဲ... ဝေ့ မိသားစုပိုင်တာ... သူတို့က တစ်ချိန်တုန်းက ဒီမြို့မှာရှိတဲ့ ဒေသခံ မျိုးနွယ်စုတွေထဲမှာ တက်သစ်စကြယ်တစ်ပွင့် ဖြစ်ခဲ့ဖူးတယ်... တိမ်နတ်ဆိုးမြို့ရဲ့ ပဉ္စမမြောက် မိသားစုကြီး ဖြစ်လာဖို့ နီးပါးလောက်အထိ အင်အားကြီးခဲ့တာ...”
လီဖုန်းက ပြန်မေးလိုက်၏။
“နီးပါးလောက်အထိလား...”
“ဟုတ်တယ်...”
လင်းယွီ၏ အမူအရာမှာ သနားသွားပုံရလေသည်။
“လွန်ခဲ့တဲ့ သုံးနှစ်က သူတို့ရဲ့ ခေါင်းဆောင်က အခြေခံတည်ဆောက်ခြင်းအဆင့်ရဲ့ အလယ်အလတ်အဆင့်ကို ချိုးဖျက်နေတုန်း သေဆုံးသွားခဲ့တယ်... အနည်းဆုံးတော့ အဲဒါက တရားဝင် ထုတ်ပြန်ထားတဲ့ ဇာတ်လမ်းပေါ့...”
“တချို့ကတော့ နှလုံးသားမိစ္ဆာဘေးအန္တရာယ်ရဲ့ တန်ပြန်သက်ရောက်မှုလို့ ပြောကြတယ်... တချို့ကလည်း သူ အဆိပ်ခတ်ခံရတာလို့ ဆိုကြတယ်...”
“ပြီးတော့ ကံကြမ္မာက ရက်စက်တာ မလုံလောက်သေးတဲ့အလား သူတို့မျိုးဆက်မှာ တစ်ဦးတည်းသော အခြေခံတည်ဆောက်ခြင်း နောက်ဆုံးအဆင့် ကျွမ်းကျင်သူဖြစ်တဲ့ သူတို့ရဲ့ ဘိုးဘေးကြီးကလည်း မကြာခင်မှာပဲ တံခါးပိတ်ကျင့်ကြံနေရင်း ကွယ်လွန်သွားခဲ့တယ်...”
“နှစ်ယောက်လုံး တစ်ပြိုင်နက်တည်းလား...”
လီဖုန်း၏ လေသံမှာ ပေါ့ပေါ့ပါးပါး ဖြစ်နေသော်လည်း သူ၏ စိတ်ထဲတွင်မူ ဤတိုက်ဆိုင်မှုအပေါ် သံသယဝင်နေပြီ ဖြစ်သည်။
လင်းယွီ ခေါင်းညိတ်လိုက်၏။
“အဲဒီ မဏ္ဍိုင်ကြီးနှစ်ခု မရှိတော့တဲ့အခါ သူတို့ရဲ့ သြဇာအာဏာတွေ ပြိုလဲသွားတော့တာပဲ... ပြိုင်ဘက်တွေက ဝံပုလွေတွေလို ဝိုင်းရံလာကြတယ်...”
“သူတို့ရဲ့ ကုန်သွယ်ရေးလမ်းကြောင်းတွေ အသိမ်းခံရတယ်၊ မဟာမိတ်တွေ ပျောက်ကွယ်သွားတယ်... ပြီးတော့ သူတို့ရဲ့ အကြီးမားဆုံး ပိုင်ဆိုင်မှုဖြစ်တဲ့ ဒီဆေးခန်းမကြီးကလည်း ဖြည်းဖြည်းချင်း သေဆုံးလာခဲ့တာပဲ...”
လီဖုန်း၏ အကြည့်များက မှေးမှိန်နေသော ဆိုင်းဘုတ်နှင့် အတွင်းရှိ ဗလာဖြစ်နေသော ကောင်တာများဆီသို့ ပြန်လည်ရောက်ရှိသွားလေသည်။
“ဘာဖြစ်ခဲ့လို့လဲ...”
“သူတို့ရဲ့ အဓိက ဆေးဆရာကြီးကလည်း အရမ်းအသက်ကြီးပြီး အိပ်ရာထဲ လဲနေပြီလေ...”
လင်းယွီက ရှင်းပြလိုက်သည်။
“မျိုးနွယ်စုထဲမှာ သူ့ရဲ့ ကျွမ်းကျင်မှုကို ယှဉ်နိုင်တဲ့သူ တစ်ယောက်မှ မရှိတော့ဘူး... အခုဆိုရင် သူတို့က အဆင့်မြင့်ဆေးလုံးတွေကို မထုတ်လုပ်နိုင်တော့ဘူး...”
“တကယ်လို့ ဂိုဏ်း ဒါမှမဟုတ် တခြားဆိုင်တွေကနေ ဝယ်မယ်ဆိုရင်လည်း ကုန်ကျစရိတ်က အရမ်းကြီးလွန်းလို့ အကျိုးအမြတ်ရဖို့ မတန်တော့ဘူး...”
“ဟင်း...”
လီဖုန်းက တိုးညင်းစွာ ညည်းတွားလိုက်ပြီး အကြည့်များက မှေးမှိန်နေသော ဆိုင်းဘုတ်ပေါ်တွင် ရှိနေဆဲပင်။ ထို့နောက် သူ၏ ခေါင်းထဲတွင် အကြံတစ်ခု စတင်ဖြစ်ပေါ်လာလေသည်။
‘ဒါက... ကျုပ်ရဲ့ ဆေးလုံးတွေကို ဒီမိသားစုဆီ ရောင်းကြည့်လို့ ရနိုင်တယ်... သူတို့ရဲ့ အခြေအနေကို အခွင့်ကောင်းယူပြီး ညှိနှိုင်းတဲ့အခါ ပိုကြီးတဲ့ ဝေစုကို ကျုပ် ရနိုင်လောက်တယ်... ဒါပေမဲ့ အန္တရာယ်က...’
လင်းယွီက သူတို့ ဖြည်းညင်းစွာ လျှောက်သွားရင်း ဆက်ပြောလေသည်။
“မင်း သိထားသင့်တာက တိမ်နတ်ဆိုးမြို့ကို မိသားစုကြီး လေးခုက ကြီးစိုးထားတာ... ရီမိသားစုက လက်နက်ဖန်တီးမှုကို ထိန်းချုပ်ထားပြီး ပတ်ဝန်းကျင်ဒေသမှာ အကောင်းဆုံး လက်နက်တချို့ကို ထုတ်လုပ်တယ်...”
“ဖန်မိသားစုက ဆေးဖော်စပ်ခြင်းနဲ့ ဆေးဘက်ဝင်ပစ္စည်း ကုန်သွယ်ရေးကို လုပ်ကိုင်တယ်... သူတို့က ဆယ်စုနှစ်ချီပြီး လက်ဝါးကြီးအုပ်ထားတာ...”
“ဟုန်မိသားစုက အဆောင်လက်ဖွဲ့တွေနဲ့ ဝင်္ကပါလုပ်ငန်းကို အထူးပြုပြီး ကျန်းမိသားစုကတော့ ဝိညာဉ်သားရဲ မွေးမြူရေးနဲ့ ကုန်သွယ်ရေးကို ကိုင်တွယ်တယ်...”
“ပြီးတော့ ဝေ့ မိသားစုက သူတို့နဲ့ ပူးပေါင်းတော့မလို့လား...”
လီဖုန်းက မေးလိုက်၏။
လီဖုန်းက လူမိုက်မဟုတ်ပေ။ ဝေ့ မိသားစု ကျဆင်းသွားခြင်းမှာ ဤနေရာရှိ မိသားစုကြီး လေးခုနှင့် တစ်ခုခု ပတ်သက်နေနိုင်ကြောင်း ခန့်မှန်းမိလေသည်။
“ဟုတ်တယ်... အဖြစ်ဆိုးတွေ မကြုံခင်က ဝေ့ မိသားစုဟာ ခွန်အားရော ကုန်သွယ်ရေးမှာပါ အင်အားကြီးမားခဲ့တယ်... လူတွေက သူတို့ဟာ မိသားစုကြီး လေးခုနဲ့ ယှဉ်ပြိုင်နိုင်တဲ့အထိ တက်လှမ်းလာမယ်လို့ ထင်ခဲ့ကြတာ... အခုတော့...
”
လင်းယွီက ခေါင်းခါလိုက်၏။
“အခုတော့ သူတို့ အနိုင်နိုင် တောင့်ခံနေရတယ်... သေချာတာကတော့ ဂိုဏ်းက ဝင်စွက်ဖက်မှာ မဟုတ်ဘူး... အခွန်တွေ ပေးဆောင်ပြီး အေးချမ်းနေသရွေ့ ဘယ်သူတွေ တက်လာလာ၊ ဘယ်သူတွေ ကျဆင်းသွားသွား ဂိုဏ်းက ဂရုမစိုက်ဘူး...”
လီဖုန်းက ထပ်မံမေးလိုက်သည်။
“ဒါဆို ဝေ့ မိသားစု ပြိုလဲသွားရင်တောင် ဘယ်သူမှ ဝင်ကူညီမှာ မဟုတ်ဘူးပေါ့...”
“ဂိုဏ်းက ဘာလို့ ဂရုစိုက်ရမှာလဲ...”
လင်းယွီ၏ လေသံမှာ ခါးသီးစွာ ရယ်မောနေဟန် ရှိလေသည်။
“ဒါက ကျင့်ကြံခြင်းလောကပဲ ဂျူနီယာညီလေး... သန်မာတဲ့သူတွေက အရာအားလုံးကို ယူပြီး အားနည်းတဲ့သူတွေက ပျောက်ကွယ်သွားရတာပဲ...”
“တစ်ခုတော့ရှိတာပေါ့... အဲဒါတွေ အားလုံးက ဂိုဏ်းရဲ့ စည်းမျဉ်းတွေအတွင်းမှာပဲ ဖြစ်ရမှာပါ...”
‘ဆိုလိုတာက... ဝေ့ မိသားစုရဲ့ အခြေအနေက ကျုပ်ထင်ထားတာထက် ပိုဆိုးနေလောက်တယ်...’
ရေကန်ပြင်ပေါ်က လှိုင်းဂယက်တွေလို လီဖုန်း၏ အတွေးများ လှုပ်ခတ်သွားသော်လည်း သူ၏ မျက်နှာမှာမူ တည်ငြိမ်နေဆဲဖြစ်ကာ ဝေ့ မိသားစုနှင့် အလုပ်လုပ်ရန် အန္တရာယ်ပြုရလောက်အောင် တန်၊ မတန် ချိန်ဆနေလေသည်။
ရုတ်တရက် သူတို့ ပတ်ဝန်းကျင်ရှိ စကားပြောသံများ တိတ်ဆိတ်သွား၏။
ပြောင်လက်နေသော ရထားလုံးတစ်စင်းက ဝေ့ ဆေးဖော်စပ်ရေး ခန်းမရှေ့တွင် ရပ်တန့်သွားပြီး အရောင်တင်ထားသော သစ်သားပေါ်တွင် မိသားစုအမှတ်တံဆိပ်က တောက်ပနေလေသည်။
အစေခံများက အပြေးအလွှား လာရောက်ကာ လှေကားထစ်များကို ချပေးလိုက်ကြသည်။
လီဖုန်းက ခြေလှမ်းကို ရပ်တန့်ကာ စူးစမ်းချင်စိတ်ဖြင့် ကြည့်လိုက်လေသည်။ အိမ်တော်ထိန်း တစ်ယောက်ယောက်၊ သို့မဟုတ် ငယ်ရွယ်သော အမွေဆက်ခံသူ တစ်ယောက်ယောက် ဖြစ်မည်ဟု သူ မျှော်လင့်ထားခဲ့၏။ သို့သော်...
ရင့်ကျက်သော ပုံရိပ်တစ်ခု ဆင်းသက်လာလေသည်။
လီဖုန်း၏ မျက်လုံးများက သူမဆီသို့ ချက်ချင်း ဆွဲဆောင်ခံလိုက်ရသည်။
သူမ၏ မျက်နှာကို မမြင်ရမီမှာပင် သူမ၏ ခန္ဓာကိုယ်က အများကြီးကို ပြောပြနေလေသည်။
ယင်းမှာ နတ်ဘုရားတို့၏ လက်ရာမြောက်တစ်ခုပင်။ ရမ္မက်ဆန်သော အကွေ့အကောက်များ အားလုံးကို ခရမ်းရောင် ပိုးသားဝတ်စုံက အနိုင်နိုင် ထိန်းချုပ်ထားလေသည်။
ဝတ်စုံ၏ အသားက သူမ၏ နူးညံ့ပြည့်ဖြိုးလှသော ရင်သားအစုံကို အလွန်တင်းကြပ်စွာ ထုပ်ပိုးထားသဖြင့် အနည်းငယ်မျှ ဆွဲလိုက်ရုံဖြင့် အပြင်သို့ ထွက်ကျလာတော့မည့်အလား မာနထောင်လွှားစွာ ဖောင်းကြွနေ၏။
သူမ၏ ခါးသွယ်သွယ်လေးက ကျော့ရှင်းသော အကွေ့အကောက်တစ်ခုအဖြစ် နိမ့်ဆင်းသွားပြီးနောက် ယောကျ်ားတစ်ယောက်၏ အသိစိတ်ကို ချေမွပစ်နိုင်လောက်အောင် ကျယ်ပြန့်ပြီး အန္တရာယ်များလှသော တင်ပါးများဆီသို့ ဖြာထွက်သွားလေသည်။
သူမ လှမ်းလိုက်သော ခြေလှမ်းတိုင်းက ဝတ်စုံ၏ ဘေးခွဲအမြင့်မှတစ်ဆင့် ထိတွေ့ချင်စရာကောင်းလောက်အောင် ချောမွေ့ဖြူဝင်းသော ပေါင်တံများကို မြှူဆွယ်နေသည့်အလား ဖော်ပြနေတော့သည်။
နူးညံ့သော သားမွေးလည်ပတ်လေးတစ်ခုက သူမ၏ ပခုံးများပေါ်တွင် ပျင်းရိစွာ တွဲကျနေပြီး ၎င်း၏ အရောင်ဖျော့ဖျော့ အမွေးအမျှင်များက တောက်ပသော ခရမ်းရောင် ပိုးသားနှင့် အပြစ်အနာအဆာကင်းသော သူမ၏ အသားအရေတို့အကြား သိသာစွာ ကွဲပြားနေလေသည်။
ချစ်သူတစ်ဦး၏ လက်ကဲ့သို့ သူမ၏ ညှပ်ရိုးလိုင်းလေးများကို လှပစွာ ပုံဖော်ပေးထားပြီး မျက်လုံးများကို ညင်သာစွာ ဖောင်းကြွနေသော ရင်ဘတ်နှင့် သူမ၏ လည်တိုင်ရှိ ရမ္မက်ဆန်သော ချိုင့်ခွက်လေးဆီသို့ ဆွဲငင်သွားစေ၏။
သူမ၏ အနက်ရောင် ဆံကေသာများကို ကျော့ရှင်းစွာ အထက်သို့ ထုံးနှောင်ထားပြီး ကျောက်စိမ်း ဆံထိုးများဖြင့် ထိုးထားလေသည်။
လွတ်ကျနေသော ဆံနွယ်တစ်စက သူမ၏ ပါးပြင်ပေါ်သို့ ကျဆင်းလာပြီး လည်တိုင်ဘေးတစ်လျှောက် လျောဆင်းသွားရာ သူမ၏ ထက်မြက်ပြီး သြဇာတိက္ကမရှိသော အသွင်အပြင်နှင့် နှိုင်းယှဉ်လျှင် နူးညံ့ကာ နေရာမကျသလို ဖြစ်နေပေသည်။
ထို့နောက် သူမ၏ မျက်နှာပေါ်လာလေသည်။ အေးစက်ပြီး ထက်မြက်ကာ ရင်သပ်ရှုမောဖွယ် ကောင်းလောက်အောင် လှပလှ၏။
ခရမ်းရောင်သန်းနေသော သူမ၏ မျက်ဝန်းနက်များက အရောင်တင်ထားသော သံမဏိများပမာ တောက်ပနေပြီး အခန်းတစ်ခန်းလုံးကို တိတ်ဆိတ်သွားစေနိုင်သော အကြည့်များကို ပိုင်ဆိုင်ထားလေသည်။
မှည့်နေသော ချယ်ရီသီးများလို နီရဲပြည့်ဖြိုးနေသည့် သူမ၏ နှုတ်ခမ်းများက သြဇာအာဏာကို ဖြာထွက်စေသော တည်ငြိမ်ခိုင်မာသည့် မျဉ်းကြောင်းတစ်ခုအဖြစ် တည်ရှိနေသော်လည်း...
ထိုနှုတ်ခမ်း၏ ပုံသဏ္ဌာန်က ယောကျ်ားတစ်ယောက်ကို ဖျက်ဆီးပစ်နိုင်လောက်သော သာယာမှုများကို အရိပ်အမြွက် ပြသနေလေသည်။
သူမ၏ ခြေလှမ်းများက နှေးကွေးပြီး မြှူဆွယ်နေကာ ပြည့်ဖြိုးဝိုင်းစက်သော တင်ပါးများ၏ ရည်ရွယ်ချက်ရှိရှိ ယိမ်းနွဲ့မှုတိုင်းက ဆွဲဆောင်မှုရှိပြီး ရမ္မက်ဆန်သော စည်းချက်တစ်ခုဖြင့် လှုပ်ရှားနေ၏။
သူမ၏ S ပုံသဏ္ဌာန် အကွေ့အကောက်များက နှေးကွေးပြီး ကောက်ကျစ်သော အကတစ်ခုလို လှုပ်ရှားနေကာ ဖိတ်ခေါ်နေသလို လျစ်လျူရှုရန် မဖြစ်နိုင်ပေ။
တစ်ချိန်တည်းမှာပင် သူမ၏ ထက်မြက်အေးစက်သော မျက်ဝန်းများက သူမသည် လှပသလို အန္တရာယ်လည်း များကြောင်း ရှင်းလင်းစွာ ဖော်ပြနေလေသည်။
လင်းယွီက လီဖုန်းဘေးနားသို့ ကပ်ကာ တီးတိုးပြောလိုက်သည်။
“အဲဒါ ဝေ့မိန်လင်ပဲ... ဝေ့ မိသားစုရဲ့ လက်ရှိ မိသားစုခေါင်းဆောင် အမျိုးသမီးလေ... ခင်ပွန်းဖြစ်သူ သေဆုံးသွားကတည်းက သူမကပဲ မျိုးနွယ်စုကို စုစည်းထိန်းထားတာ...”
“မိသားစု ပြဿနာတက်နေတယ်ဆိုတာကို လူတိုင်းသိကြပေမဲ့ ဘယ်သူကမှ အသံထွက် မပြောရဲကြဘူး... ကောလာဟလတွေအရတော့ သူမအပေါ် ကျရောက်နေတဲ့ ဖိအားတွေက... မှန်းဆလို့တောင် မရနိုင်ဘူးတဲ့...”
ဝေ့မိန်လင်က ခန်းမဝင်ပေါက်တွင် ရပ်တန့်သွားပြီး စိုးရိမ်ပူပန်နေသော စာရေးနှင့် စကားအနည်းငယ် ဖလှယ်လိုက်လေသည်။
သူမ၏ အသံက လမ်းတစ်ဖက်သို့ ပျံ့လွင့်လာပြီး တည်ငြိမ်ကာ သာယာနာပျော်ဖွယ်ကောင်းသော်လည်း သြဇာအာဏာ အပြည့်ပါဝင်နေ၏။
သို့သော် ထိုအသံ၏ အောက်တွင် သတိမထားမိနိုင်လောက်သော ပင်ပန်းနွမ်းနယ်မှု အရိပ်အယောင်တစ်ခု ကျန်ရစ်နေပေသည်။
“အိမ်တော်ထိန်းဆီကို စကားပါးလိုက်... နောက်ထပ် ကုန်ပစ္စည်းတွေက အချိန်မီ ရောက်လာရမယ်... ဘာဆင်ခြေမှ မလိုချင်တော့ဘူး...”
စာရေးက အကြိမ်ကြိမ် ဦးညွှတ်လိုက်လေသည်။
“ဟုတ်ကဲ့ပါ သခင်မဝေ့...”
လီဖုန်း၏ အကြည့်က သူမ၏ လှုပ်ရှားမှုတိုင်းကို လိုက်ကြည့်နေမိပြီး အထူးသဖြင့် ခရမ်းရောင်ပိုးသားအောက်ရှိ ပြည့်ဖြိုးဝိုင်းစက်သော တင်ပါးများ၏ နှေးကွေးပြီး ရည်ရွယ်ချက်ရှိရှိ ယိမ်းနွဲ့နေမှုများဆီသို့ပင်။
ထိုတင်းကြပ်သော ဝတ်စုံက ဒုတိယအရေပြားတစ်ခုလို သူမ၏ အကွေ့အကောက်များကို ထုပ်ပိုးထားပြီး ခြေလှမ်းတိုင်းက ဖြူဝင်းသော အသားအရေကို အရိပ်အမြွက် ပြသရန် အထည်ကို တွန်းထုတ်နေလေသည်။
သူမ၏ တင်ပါးများ လှုပ်ရှားသွားပုံက အလွန်ချောမွေ့ပြီး ဆွဲဆောင်မှုရှိကာ သူ၏ မျက်လုံးများကို သံလိုက်တစ်ခုလို ဆွဲငင်နေပြီး လှုပ်ရှားမှုတိုင်းက သူ လျစ်လျူမရှုနိုင်သော အသံတိတ် ရမ္မက်ဆန်သည့် ဖိတ်ခေါ်မှုတစ်ခု ဖြစ်နေတော့သည်။
သူက ဖြည်းညင်းစွာ အသက်ရှူထုတ်လိုက်လေသည်။
‘ဒါ ဝေ့ မိသားစုရဲ့ ခေါင်းဆောင်အမျိုးသမီးပေါ့လေ... သောက်ကျိုးနည်း... အဲဒီ ယိမ်းနွဲ့မှုက တကယ့်ကို တစ်ခုခုပဲ...’
လီဖုန်းက နှလုံးခုန်သံ တစ်ချက်စာမျှ အချိန်ယူ၍ ထိုမြင်ကွင်းကို စိမ်ပြေနပြေ ငေးမောကြည့်နေမိ၏။
သူမ၏ ခန္ဓာကိုယ်ပုံစံတွင် ပိုးသားအထည် တွယ်ကပ်နေပုံနှင့် သူမ၏ အကြည့်တွင်ရှိသော တည်ငြိမ်သည့် သြဇာအာဏာတို့ကို မလေးစားဘဲ နေရန်မှာ မဖြစ်နိုင်ပေ။
သူ တိတ်တိတ်လေး ပြုံးလိုက်လေသည်။
‘ကျစ်... အဲဒီခန္ဓာကိုယ်က အရမ်းကို ဆွဲဆောင်မှုရှိလွန်းနေတယ်...’
သူမ၏ အနောက်တွင် တံခါးများ ပိတ်သွားချိန်တွင် လီဖုန်း ခဏတာ ငြိမ်သက်သွားပြီး မျက်လုံးများ မှိန်ဖျဖျ တောက်ပနေလေသည်။
အကျပ်အတည်း ဆိုက်နေတဲ့ မိသားစုတစ်ခု။ မုဆိုးမတစ်ယောက်... အဲဒါတောင် အရမ်းကို ဆွဲဆောင်မှုရှိတဲ့ မုဆိုးမ။
လက်လွှတ်ရမှာ အရမ်းကို နှမြောစရာကောင်းလောက်အောင် ပြီးပြည့်စုံလွန်းနေတယ်။ ဒါပေမဲ့ မိသားစုကြီး လေးခုက...
လီဖုန်း အတွေးများထဲတွင် နစ်မြောနေပုံရစဉ် အောက်သို့ ငုံ့ကြည့်လိုက်ရာ သူ၏ ညီငယ်လေးက ၎င်း၏ သဘောထားကို ထုတ်ဖော်ပြောဆိုရန် ကြိုးစားနေပြီဖြစ်ကြောင်း တွေ့လိုက်ရလေသည်။
လီဖုန်း အတွင်းစိတ်ထဲတွင် သက်ပြင်းချလိုက်၏။
“...ကောင်းပြီလေ... မင်းအတွက်ဆိုရင် ဘာမဆိုပါပဲ ညီလေးရာ...”
သူ၏ နှုတ်ခမ်းများက နှေးကွေးပြီး အန္တရာယ်များသော အပြုံးတစ်ခုအဖြစ် ကွေးညွတ်သွားလေသည်။
‘ဟက်... မိသားစုကြီး လေးခုက မကြိုက်တော့ရော ဘာဖြစ်လဲ... သူတို့က သူတို့ရဲ့ ကိုယ်ပိုင်နယ်မြေထဲမှာ ဂိုဏ်းရဲ့ တပည့်တစ်ယောက်ကို သတ်ရဲမှာ မဟုတ်ပါဘူး ဟုတ်တယ်မလား...”
‘ပြီးတော့ အဆိုးဆုံး အခြေအနေ ရောက်လာခဲ့ရင်တောင် ကျုပ်ရဲ့ ဆေးဖော်စပ်တဲ့ ပါရမီကို ဂိုဏ်းကို ချပြလိုက်ရုံပဲလေ...’
လီဖုန်း ပြုံးလိုက်ရာ သူ၏ စိတ်ထဲတွင် ရေတွက်၍မရနိုင်သော မသင့်လျော်သည့် အတွေးများ ပြည့်နှက်သွားတော့သည်။
‘ဟီးဟီး... တိမ်နတ်ဆိုးမြို့ကို လာတာက ကျုပ်ထင်ထားတာထက် ပိုပြီး ဖျော်ဖြေမှု ပေးနိုင်မယ့်ပုံပဲ...’
သူ၏ ဘေးတွင် ရပ်နေသော လင်းယွီ၏ မျက်လုံးများက လီဖုန်းဆီသို့ ရောက်သွားပြီး ဝေ့မိန်လင်အပေါ်တွင် အလွန်စိတ်ဝင်စားစွာ ငေးကြည့်နေသည်ကို ဖမ်းမိသွားလေသည်။ သူက ခြောက်ကပ်စွာ ရယ်မောလိုက်ပြီး ခေါင်းခါလိုက်၏။
“မင်း တကယ်ကို ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်ဘူးပဲ... အဲဒီအမျိုးသမီး ဝေ့မိန်လင်က တစ်ချိန်တုန်းက တိမ်နတ်ဆိုးမြို့တစ်ခုလုံးမှာ အလှဆုံး အမျိုးသမီးတစ်ယောက် ဖြစ်ခဲ့ဖူးတာ...”
“သူ ငယ်ငယ်တုန်းကဆိုရင် မိသားစုကြီးတွေနဲ့ သြဇာကြီးမားတဲ့ မျိုးနွယ်စုတွေဆီက ရေတွက်လို့မရနိုင်တဲ့ လက်ထပ်ခွင့်တောင်းသူတွေက သူ့ကို လုယက်ခဲ့ကြတာ... နှမြောစရာကောင်းတာက သူမရဲ့ ပါရမီက သူမရဲ့ အလှအပလောက် မမြင့်မားခဲ့တာပဲ...”
သူက အနည်းငယ် ရှေ့သို့တိုးလာပြီး လေသံကို နှိမ့်ကာ လေးနက်စွာ ပြောလိုက်လေသည်။
“မင်းအတွက် ကောင်းဖို့ ငါ ဒါကို ပြောပြနေတာပါ ဂျူနီယာညီလေး... ဒီလို လောကီအနှောင်အဖွဲ့တွေကလေ... အစပိုင်းမှာတော့ ချိုမြိန်သယောင် ထင်ရပေမဲ့ မင်း သတိမထားမိခင်မှာပဲ မင်းကို အောက်ဆွဲချသွားလိမ့်မယ်...”
“တစ်ခဏတာ အမျိုးသမီးတစ်ယောက်နောက် လိုက်နေမိတာနဲ့ နောက်တစ်ခဏကျရင် ကျင့်ကြံခြင်းမှာ နှစ်ပေါင်းများစွာ နောက်ကျကျန်ခဲ့လိမ့်မယ်...”
ဒါကို ကြားလိုက်ရချိန်တွင် လီဖုန်းက လင်းယွီကို ထူးဆန်းသော အကြည့်ဖြင့် မကြည့်ဘဲ မနေနိုင်အောင် ဖြစ်သွားရလေသည်။
လင်းယွီက လီဖုန်း၏ အကြည့်ကို သတိထားမိပုံမပေါ်ပေ။ ယင်းအစား လူအုပ်ကြီး စုရုံးနေသော စည်ကားသည့် လမ်းထောင့်တစ်ခုဆီသို့ လှမ်းကြည့်လိုက်သည်။
“အနီးအနားမှာ လူစုလူဝေး တစ်ခုရှိနေတယ်... မြို့ထဲမှာ ဂိုဏ်းရဲ့ သြဇာလွှမ်းမိုးမှုကို လေ့လာဖို့နဲ့ ဒီက မိသားစုတွေအကြောင်း ပိုသိလာဖို့ ဒါက အခွင့်အရေးကောင်းပဲ... မင်း ငါနဲ့ လိုက်ခဲ့သင့်တယ်...”
လီဖုန်းက ခေါင်းကို ဖြည်းညင်းစွာ ခါလိုက်ပြီး တည်ငြိမ်ကာ ယုံကြည်မှုရှိသော လေသံဖြင့် ပြောလိုက်လေသည်။
“စီနီယာအစ်ကို... ခင်ဗျားပဲ သွားလိုက်ပါ... ကျုပ်က သခင်မဝေ့နဲ့ ဆေးဖော်စပ်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး သီးသန့် စကားနည်းနည်းလောက် ပြောချင်လို့...”
ဒါကို ကြားလိုက်ရချိန်တွင် လင်းယွီ သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။ ထို့နောက် စိတ်ပျက်လက်ပျက်ဖြင့် သူ၏ လည်ပင်းနောက်ကျောကို ပွတ်သပ်လိုက်လေသည်။
“မင်းရဲ့ ခေါင်းမာမှုက မင်းကို သေစေလိမ့်မယ်လို့ ငါ ကျိန်ပြောရဲတယ်... ကောင်းပြီလေ... ငါ သတိမပေးခဲ့ဘူးလို့တော့ မပြောနဲ့...”
ဤခေါင်းမာသော ဂျူနီယာလေးကြောင့် စိတ်ပျက်သွားပုံရသော လင်းယွီသည် စိတ်အနှောင့်အယှက်ဖြစ်စွာဖြင့် ထွက်ခွာမသွားဘဲ မနေနိုင်တော့ချေ။
ထိုသို့ဖြင့် သူက လူအုပ်ထဲသို့ တိုးဝင်ပျောက်ကွယ်သွားပြီး လီဖုန်းတစ်ယောက်တည်းကို သူ၏ အတွေးများနှင့်အတူ ဆွဲဆောင်မှုရှိသော ဝေ့ မိသားစုခေါင်းဆောင် အမျိုးသမီး၏ မျက်မှောက်တွင် ချန်ထားခဲ့လေသည်။
ထို့နောက် အပြုံးတစ်ခုနှင့်အတူ လီဖုန်းသည် ဆိုင်ထဲသို့ လျှောက်ဝင်သွားတော့သည်။