ENDOULUO CONTINENT: THE BLACK KITE MARTIAL SOUL IS THE HERRSCHER OF KNOWLEDGE
ဇာတ်လမ်အကျဥ်း
ဖူလီဟာ ဖူမိသားစုရဲ့ အငယ်ဆုံးသားဖြစ်ပြီး မိသားစုရဲ့ ဘိုးဘွားစဉ်ဆက် လက်ဆင့်ကမ်းလာတဲ့ အစွမ်းထက် ဖီးနစ်သိုင်းဝိညာဥ်ကို နိုးထလာမယ်လို့ လူတိုင်းက မျှော်လင့်ထားကြပါတယ်။ ဒါပေမဲ့ ဘယ်သူမှ မထင်မှတ်ထားတဲ့အရာတစ်ခု ဖြစ်ပျက်လာခဲ့ပါတယ်။
သူ နိုးထလာတဲ့ သိုင်းဝိညာဉ်က ဂုဏ်သိက္ခာရှိတဲ့ နတ်ငှက်တစ်ကောင်လည်း မဟုတ်၊ ကြောက်မက်ဖွယ်သားရဲတစ်ကောင်လည်း မဟုတ်ပါဘူး။ စကားပြောတတ်၊ ကိုယ်ပိုင်အသိဉာဏ်ရှိပြီး ဝဝဖိုင့်ဖိုင့်နဲ့ ကြက်ကြီးတစ်ကောင်သာ ဖြစ်နေခဲ့ပါတယ်
ဒီကြက်ကြီးက သာမန်ကြက်တစ်ကောင် မဟုတ်ပါဘူး။ သူ့ကိုယ်သူ မသေမျိုးကြက်နက် လို့ ခေါ်စေချင်တဲ့အပြင် အမြဲတမ်း အေးအေးဆေးဆေးနဲ့ နေတတ်ပြီး ဒုက္ခတွေကိုလည်း ရယ်မောရင်း ရင်ဆိုင်တတ်တဲ့ ထူးဆန်းတဲ့ကောင်ကြီးတစ်ကောင်ပါ။
အစပိုင်းမှာတော့ ဖူလီဟာ သူ့ရဲ့ထူးဆန်းတဲ့ သိုင်းဝိညာဉ်ကြောင့် အခြားသူတွေရဲ့ အထင်သေးမှုကို ခံခဲ့ရပါတယ်။ ဒါပေမဲ့ ဒီကြက်ဝတုတ်ကြီးနဲ့ အတူနေထိုင်ရင်း ဖူလီဟာ တဖြည်းဖြည်း ပေါ့ပေါ့ပါးပါး နေတတ်လာပြီး စည်းကမ်းတွေကို လျစ်လျူရှုတတ်တဲ့ လူငယ်တစ်ယောက် ဖြစ်လာခဲ့ပါတယ်။
ပြဿနာကတော့ သူတို့နှစ်ယောက်ရဲ့ ပေါ့ပေါ့တန်တန် အပြုအမူတွေကြောင့် အရှုပ်အထွေးတွေက တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာတာပါပဲ။
တစ်နေ့မှာတော့ ဖူလီဟာ သူ့အဖေရဲ့ အဖိုးတန်ပစ္စည်းတွေကို တိတ်တဆိတ် ယူထားမိတဲ့အတွက် ကြီးမားတဲ့ပြဿနာတစ်ခုနဲ့ ရင်ဆိုင်လိုက်ရပါတယ်။
“ကြက်ကြီးရေ ငါတို့ ဘယ်လိုလုပ်ကြမလဲ။ အဖေက မင်းကို ဟင်းချက်ပစ်တော့မယ်တဲ့”
ကြက်ဝတုတ်ကြီးက မျက်လုံးလှန်ကြည့်ပြီး ပြန်ပြောလိုက်တယ်။
“မင်းကို ငါ ဘယ်နှခါပြောရမလဲ။ ငါ့ကို မသေမျိုးကြက်နက် လို့ ခေါ်စမ်းပါကွ ပြီးတော့ မင်းအဖေရဲ့ ရတနာတွေကို ခိုးယူထားတာ ဘယ်သူလဲ။ အခုမှ ငါ့ကို အကူအညီလာတောင်းနေတယ်”
“အဖေကလည်း အရာရှိလုပ်လာတာ နှစ်ပေါင်းများစွာရှိပြီပဲ။ ဒီလောက်ကိစ္စလေးကိုတောင် နားမလည်ဘူးလား…”
ဒီလိုနဲ့ ထူးဆန်းတဲ့ ကြက်နတ်ဝိညာဉ်တစ်ကောင်နဲ့ လူငယ်တစ်ယောက်ရဲ့ ရယ်စရာကောင်းလှတဲ့ စွန့်စားခန်းတွေ စတင်လာပါတော့တယ်။
ဒါပေမဲ့ လူတိုင်း အထင်သေးခဲ့တဲ့ ဒီကြက်ဝတုတ်ကြီးရဲ့ နောက်ကွယ်မှာ ဘယ်လိုလျှို့ဝှက်ချက်တွေ ရှိနေမလဲ။ ဖူလီဟာ ဒီထူးဆန်းတဲ့ နတ်ဝိညာဉ်ရဲ့ အကူအညီနဲ့ အစွမ်းထက်တဲ့သူတစ်ယောက် ဖြစ်လာနိုင်ပါ့မလား။
ဟာသ၊ စွန့်စားခန်း၊ စိတ်လှုပ်ရှားဖွယ် တိုက်ပွဲတွေနဲ့ ဆွဲဆောင်မှုရှိတဲ့ အမျိုးသမီးဇာတ်ကောင်တွေ ပါဝင်လာမယ့် ဒီဇာတ်လမ်းမှာ ဖူလီရဲ့ ကံကြမ္မာက ဘယ်လိုပြောင်းလဲသွားမလဲဆိုတာ စောင့်ကြည့်လိုက်ကြရအောင်။