အပိုင်း (၄၂) - ဒုတိယအထပ်
သုံးရက် ကြာပြီးနောက်။
လူစီယန်သည် သူ၏ အလုပ်များကို ပုံမှန်အတိုင်း ဆက်လုပ်နေသည်။
သူသည် 'စလိုင်းဘိလပ်မြေ' အိတ်ပေါင်း ၅၀၀၀ ကျော်ကို စုဆောင်းမိပြီ ဖြစ်သည်။
၎င်းမှာ အံ့အားသင့်ဖွယ် အရေအတွက် ဖြစ်သော်လည်း သူ စိတ်ကူးထားသည့်အတိုင်းဆိုလျှင် လုံလောက်သေးသည် မဟုတ်ပါ။
ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ ယခုအခါ အလုပ်ရှုပ်နေပြီ ဖြစ်သည်။
အသုံးပြုရန် အသင့်ဖြစ်ပီး ခိုင်မာဆသာဘိလပ်မြေတုံးများဖြင့် ပြည့်နှက်နေသည်။ အခြားဌာနများမှ အဖွဲ့ဝင်များပင်လျှင် သူတို့၏ ပုံမှန်အလုပ်များကို ခေတ္တရပ်နားကာ အုတ်တုံးများ ပုံသွင်းရာတွင် ကူညီပေးနေကြသည်။
သူတို့ မြင်ယောင်ထားသည့် တံတိုင်းမှာ ဝေးကွာသော ပန်းတိုင်တစ်ခု မဟုတ်တော့ပါ။ လက်တစ်ကမ်းတွင် ရှိနေပြီ ဖြစ်သည်။
ပြီးခဲ့သည့် သုံးရက်အတွင်း အရာအားလုံး ပြောင်းလဲသွားသည်။
လုဒ်ဝဲလ် ရှိ လူတိုင်း အဆင့်တက် သွားကြသည်။ သာမန်လူ ဆိုတာမျိုး မရှိတော့ပါ။
လူစီယန်သည် သူတို့တစ်ဦးစီတိုင်းကို 'သန့်စင်မှု၏ အနှစ်သာရ' နှင့် ထိတွေ့ခွင့် ပေးခဲ့သည်။
သူကို အံ့အားသင့်ရသည်မှာ ထိုအရာက အလုပ်ဖြစ်ခြင်းပင်။
သာမန်ဘဝနှင့် နိုးထသူများအကြားရှိ မမြင်နိုင်သော အတားအဆီးကို ကျော်ဖြတ်နိုင်ရန် ကူညီပေးခဲ့သည်။
သူတို့ ကြောက်ရွံ့ခဲ့သော ထိုအတားအဆီးမှာ... ရိုးရိုးရှင်းရှင်းပင် ပျောက်ကွယ်သွားသည်။
ပြီးတော့ ပစ္စည်းကျနှုန်းမှာ စက်ရုပ်တစ်ရုပ်လိုဖမ်းသောကြောင့်...
နယ်မြေတစ်ခုလုံး ပစ္စည်းများဖြင့် ပြည့်လျှံနေသည်။
လူစီယန်သည် လူတိုင်းကို သူတို့အတွက် ထိုက်တန်သော ဆုလာဘ်များ ပေးအပ်ရန်ေကြညာထားသည်။
ကာကွယ်ရေးဌာနမှ အဖွဲ့ဝင်များ အားလုံး 'အကျိအချွဲပစ်ခတ်ခြင်း' စွမ်းရည်ကို သင်ယူလိုက်ကြသည်။
ကလဲရာသည်လည်း လူစီယန်ကိုသွားရောက် တွေ့ဆုံပီးေနာက်သူမ၏ 'မြင့်မြတ်သော အမြင်' က တောအုပ်အတွင်းမှ သိမ်မွေ့သော ပြောင်းလဲမှုကို သတိထားမိေကြာင်းေပြာသည်။
လူစီယန်မှာမူ အကြောင်းရင်းကို သိပြီးသား ဖြစ်သည်။
သူမကို လူစုပြီး 'သက်တန့်ရောင် စလိုင်းဘုရင် ရုပ်တု' များကို နယ်မြေအနှံ့ ဖြန့်ဝေပေးရန် ညွှန်ကြားလိုက်သည်။ နယ်မြေ၏ ထောင့်စေ့တိုင်း ထိုရုပ်တု၏ အစွမ်းသတ္တိ သက်ရောက်စေရန် သူ စီစဉ်သည်။
ကလဲရာ ပြုံးသည်။ သူမသည် လူစီယန် ထိုစကားကို ပြောလာမည့်အချိန်ကို စောင့်နေသကဲ့သို့ပင်။ သူမသည် စိတ်အားထက်သန်စွာဖြင့် အလုပ်စတင်တော့သည်။
...
လူစီယန်သည်လည်း ပိုမိုအားကောင်းလာရန် ဆုံးဖြတ်ထားသည်။
ဂုဏ်ပြုပွဲကြီးအတွက် ၂၆ ရက်သာ လိုတော့သဖြင့် သူ ငြိမ်နေ၍ မရပါ။
တော်ဝင်မြို့တော်ရှိ မှူးမတ်များနှင့် နိုင်ငံရေး နယ်ပယ်မှ ရန်သူများကို ရင်ဆိုင်ရန် သူ အဆင်သင့် ဖြစ်နေရမည်။
ထို့ကြောင့် သူသည် ဒန်ဂျန် ထဲသို့ ပြန်ဝင်သွားသည်။
ဒုတိယအထပ် သို့ တိုက်ရိုက် သွားလိုက်သည်။
ယခုအခါ စကစ်တယ်လ် မှာ အဆင့်၂သို့ ရောက်ရှိနေပြီ ဖြစ်သည်။
သူ တစ်ခုခု ပြောင်းလဲသွားသည်ကို သတိထားမိလိုက်သည်။
လူစီယန် ခံစားနိုင်သည်။
သူတို့နှစ်ဦးအကြား သိမ်မွေ့သော ချိတ်ဆက်မှုတစ်ခု ဖြစ်ပေါ်လာသည်။ စကစ်တယ်လ်၏ အမူအရာများကို သူ ပို၍ နားလည်လာပြီး ဝေးကွာနေလျှင်ပင် သူ ဘယ်နေရာမှာ ရှိနေသည်ကို ခံစားနိုင်သည်။
သူသည် စကစ်တယ်လ်ကို ပထမထပ်တွင် ဖမ်းမင်း ဆက်လုပ်ခိုင်းပြီး သူကိုယ်တိုင် အောက်ထပ်သို့ ဆင်းသွားသည်။
ဒုတိယအထပ်တွင် စောင့်ကြိုနေသော ရန်သူများမှာ
'နေရောင်ခြည် စလိုင်းများ' နှင့် 'အရိပ် စလိုင်းများ' ဖြစ်သည်။
သူတို့မှာ သာမန် သတ္တဝါများ မဟုတ်ပါ။
လူစီယန် အံ့အားသင့်ရသည်မှာ ဤစလိုင်းများမှာ မှော်ပညာကို သုံးနိုင်ခြင်း ဖြစ်သည်။
နေရောင်ခြည် စလိုင်းများက 'အလင်းမှော်' ကို သုံးနိုင်ပြီး အရိပ် စလိုင်းများက 'အမှောင်မှော်' ကို သုံးသည်။
"စလိုင်းတွေတောင် မှော်သုံးတတ်နေပြီ... ငါ့ထက်တောင် တော်သေးတယ်" ဟု လူစီယန် ရေရွတ်သည်။
သူသည် ရန်သူများကို တိုက်ခိုက်ရင်း အတော်လေး ကျွမ်းကျင်လာသည်။
သူ၏ 'အလိုအလျောက် စုဆောင်းခြင်း' စွမ်းရည်မှာ အကွာအဝေး ၂ မီတာအထိ တိုးချဲ့သွားပြီ ဖြစ်သည်။
ဒါက သေးငယ်သော အဆင့်မြှင့်တင်မှုဟု ထင်ရသော်လည်း လူစီယန်အတွက်မူ တိုက်ပွဲတွင် ပို၍ လွတ်လပ်စွာ လှုပ်ရှားနိုင်စေသည်။ ပစ္စည်းကောက်ရန် စိုးရိမ်စရာ မလိုဘဲ တိုက်ခိုက်မှုအပေါ် အပြည့်အဝ အာရုံစိုက်နိုင်သည်။
ရန်သူ တစ်ကောင်ပြီး တစ်ကောင် လဲကျသွားတိုင်း သူ တိုက်ခိုက်ရာတွင် တိုးတက်လာသည်ကို ခံစားရသည်။
ဒုတိယအထပ်၏ ရန်သူများမှာ သူ အရင်က မြင်ဖူးသည့် အရာများနှင့် မတူပါ။
နေရောင်ခြည် စလိုင်း များက အထူးခြားဆုံး ဖြစ်သည်။
တစ်ခါတစ်ရံတွင် သူတို့၏ ခေါင်းပေါ်၌ အလင်းဝိုင်း(T/N : – အလင်းဝိုင်းက btthထဲကရှောင်းယန်သူတော်စင် ဖြစ်တုန်းကနောက်မှာပေါ်လာတာကိုပြောတာပါ ဒါကအဲ့လောက်တော့မလှဘူးပေါ့စလိုင်းမို့) တစ်ခု ပေါ်လာပြီး အလင်းရောင်များ ပေါက်ကွဲထွက်လာသည်။
၎င်းက ထိခိုက်မှု မရှိသော်လည်း မျက်စိကို ယာယီ ကန်းသွားစေသည်။ လူစီယန်မှာ အဲဒီစက္ကန့်ပိုင်းအတွင်း သူ၏ ဗီဇအတိုင်း တိုက်ခိုက်ရသည်။
ပိုဆိုးသည်မှာ သူတို့က အလင်းတန်းများကို ပစ်ခတ်နိုင်သည်။ ပထမဆုံး အကြိမ် အထိခံလိုက်ရချိန်တွင် မီးလောင်သလို ပူသွားသည်။
"ဒီ ပိုကီမွန်တွေက 'နေရောင်ခြည်တန်း' သုံးတတ်တယ်ပေါ့လေ။"
အရိပ် စလိုင်းများမှာမူ...
တိတ်ဆိတ်သည်။
ကောက်ကျစ်သည်။
ချော်ထွက်လွယ်သည်။
သူတို့သည် အမှောင်ထဲတွင် ပျောက်ကွယ်သွားပြီး အသိပေးခြင်း မရှိဘဲ ဘေးနားသို့ ပြန်ရောက်လာတတ်သည်။
တစ်ကောင်က လူစီယန်၏ ခန္ဓာကိုယ်ကို ကပ်လိုက်သည့်အခါ သူ၏ ခွန်အားများ စုတ်ယူခံလိုက်ရသည်။
နောက်ထပ် လှည့်ကွက်တစ်ခုမှာ... သူတို့က အမှောင်မြူဆိုင်းများကို ဖန်တီးပြီး သူတို့၏ လှုပ်ရှားမှုကို ဖုံးကွယ်ထားသည်။
ဒါက အာရုံခံစားမှုနှင့် တုံ့ပြန်မှုအတွက် စမ်းသပ်ချက်တစ်ခုပင်။
သို့သော် သူတို့၏ ပုံစံကို သိသွားသည့်အခါ ပို၍ လွယ်ကူသွားသည်။
မှော်စွမ်းအား ရှိသော်လည်း သူတို့၏ လှုပ်ရှားမှုမှာ ခန့်မှန်းရ လွယ်ကူသည်။
လူစီယန်သည် အမဲလိုက်သူ တစ်ယောက်လိုပင် သူတို့ကို ရှင်းလင်းလိုက်သည်။
ဒုတိယအထပ်တွင် ရန်သူများ ပိုများလာသည်။ လူစီယန်က ဒါကို ကြိုဆိုသည်။
သူ၏ ဘွဲ့တံဆိပ် 'အနိုင်ရသူ အောက်ဒေါ့ဂ်
စွမ်းရည်:
' အရ ရန်သူများလေလေ သူ ပိုသန်မာလေလေ ဖြစ်သည်။
ရန်သူ ၁၁ ကောင် ရှိလျှင် သူ၏ ခွန်အားက နှစ်ဆ ဖြစ်သွားသည်။
ဤအထပ်ရှိ အစေးများမှာ အဆင့်သေး၁၁ မှ ၁၈ အထိ ဖြစ်သည်။ (T/N: –အဆင့်တွေက ၁ကနေ၁၀ကိုအဆင့်၁၊ ၁၁ကနေ ၂၀ကိုအဆင့်၂ ကြားထဲကဟာလေးတွေကိုအဆင့်သေးလေးလို့ခေါ်ပါမယ်)အားနည်းသည် မဟုတ်သော်လည်း လူစီယန်ကို ခြိမ်းခြောက်နိုင်လောက်အောင် မသန်မာပါ။
လူစီယန် တိုက်ပွဲဝင်ရင်း အဆင့် တက်လာသည်။
ယခုအခါ သူ အဆင့်သေး၂၇ ဖြစ်သွားပြီ။
ထောင်ထဲတွင် ရှေ့ဆက်စရာများ အများကြီး ရှိသေးသည်။
နောက်ဆုံးတွင် လူစီယန်သည် ဒုတိယအထပ်၏ ဘောစ် အခန်းသို့ ရောက်သွားသည်။
သို့သော် သူ မဝင်သေးပါ။
တံတိုင်းဆောက်လုပ်ရေးကို ကြီးကြပ်ရန် လိုအပ်နေသေးသည်။
သူ၏ သိုလှောင်နေရာ ကို စစ်ဆေးလိုက်သည်။ သူ ကျေနပ်စွာ ပြုံးလိုက်သည်။
...
—နေရောင်ခြည် စလိုင်း ပစ္စည်းများ—
သာမန်:
• ဆိုလာဂျယ် စလိုင်းဂျယ်လ်၏ မျိုးကွဲ။ ဆေးရည်ပြုလုပ်ရာတွင် ပိုမို အစွမ်းထက်သည်။
• အလင်းအပိုင်းအစ - အလင်းမှော် သုံးရာတွင် အောင်မြင်မှုနှုန်း မြှင့်ပေးသည်။
• နေရောင်ခြည်သစ်ရွက် - ကုသခြင်း အစွမ်းရှိသော ဆေးဖက်ဝင် အပင်။
အလယ်အလတ်:
• စွမ်းအားအားဖြည့်အချိူရည် - ခွန်အားကို ယာယီ မြှင့်ပေးပြီး ပင်ပန်းမှုကို လျှော့ချပေးသည်။
• ကျောက်ဖြူ- မှော်စက်ဝိုင်းများ ရေးဆွဲရန် ပစ္စည်း။
• နေရောင်ခြည်ကြိုးစ - အလင်းဓာတ် ပါဝင်သော ပိုးထည်မျှင်။
ရှားပါး:
• အလင်ခွဲပရစ်ဇမ်- အလင်းရောင် အမြဲတောက်ပနေစေရန် မာနာကို စုပ်ယူသည်။
• ရွှေရောင်ပွင့်ဖတ်- အဆင့်မြင့် မှော်ဆေးရည်များ ဖော်စပ်ရန် အပင်။
• အလင်းပေါက်ကွဲဗုံး - မျက်စိကန်းစေသော အလင်းရောင်ဖြင့် ရန်သူကို ထိတ်လန့်စေသည်။
—အရိပ် အစေး ပစ္စည်းများ —
သာမန်:
• အရိပ်ဂျယ်လ်- အမှောင်မှော် ဆေးရည်များအတွက်။
• အရိပ်အပိုင်းအစ - အမှောင်မှော် သုံးရာတွင် အောင်မြင်မှုနှုန်း မြှင့်ပေးသည်။
• အမှောင်ရင်းမြစ်- အိပ်ပျော်စေသော ဆေးရည်အတွက်။
အလယ်အလတ်:
• ကော်ဖီ - အိပ်ငိုက်မှုကို ပျောက်စေသည်။
• မပျက်စီးသောမင်ချောင်း - လက်ဖွဲ့စာများ ရေးသားရန်။
• အမှောင်ကြိုးစ- အမှောင်ဓာတ် ပါဝင်သော ပိုးထည်မျှင်။
ရှားပါး:
• အမှောင်ပုလဲ - အမှောင်ထုကို ဖန်တီးသည်။
• အမှောင်ပန်းပွင့် - အဆင့်မြင့် အမှောင်မှော် ဆေးရည်များအတွက်။
• မီးခိုးဗုံး - မီးခိုးငွေ့ ဖန်တီးပြီး ထွက်ပြေးရန်/ပုန်းကွယ်ရန် အသုံးဝင်သည်။
...
လူစီယန် ပြုံးသည်။ ပထမထပ်ထက် အများကြီး ပိုကောင်းသည်။
အရေးကြီးသည်မှာ ဤပစ္စည်းများမှာ လက်မှုပညာဌာနအတွက် အလွန် အသုံးဝင်သည်။
သို့သော် စွမ်းရည်ကတ် အသစ် မကျပါ။
သူ အနည်းငယ် စိတ်မကောင်း ဖြစ်မိသည်။ စလိုင်းတွေက စွမ်းရည် သုံးတာ မဟုတ်ဘဲ မှော်ကို တိုက်ရိုက် သုံးနေကြတာကိုး။
လုဒ်ဝဲလ် ဒန်ဂျန် မှာ သာမန် မဟုတ်ပါ။ မက်ဆင်ပင်လျှင် ဤမျှ အစွမ်းထက်သော စလိုင်းများကို မမြင်ဖူးပါ။
မှော်သုံးနိုင်သော စလိုင်းများ?
နေရောင်ခြည်နှင့် အရိပ် မျိုးကွဲများ?
မကြားဖူးသော အရာများ ဖြစ်သည်။
တတိယအထပ်ကော?
မက်ဆင်တောင် အံ့အားသင့်ခဲ့ရသည့် နေရာဖြစ်သည်။ သူ ဘာတွေ့ခဲ့သလဲဆိုတာ မပြောခဲ့ပါ။
"ဦးလေးမက်တောင် တတိယအထပ်မှာ ဒုက္ခရောက်ခဲ့ပုံပဲ" ဟု လူစီယန် တွေးသည်။
သူ ကိုယ်တိုင် သွားကြည့်ချင်နေပြီ။
ဒုတိယအထပ်ကတောင် ဒီလောက် သန်မာနေရင်... အောက်ထပ်မှာ ဘာတွေ ရှိနေမလဲ?
သို့သော် အရေးကြီးဆုံးက အခု ဆောက်လုပ်ရေး ဖြစ်သည်။
လူစီယန် ဆောက်လုပ်ရေးနေရာသို့ ပြန်သွားသည်။
စကစ်တယ်လ် ဖမ်းမင်းလုပ် ထားသော ဘိလပ်မြေများကို သယ်သွားသည်။
စတုံး က ဝမ်းသာအားရ ကြိုဆိုသည်။ "ကျွန်တော်တို့ အဆင်သင့် ဖြစ်နေပါပြီ အရှင်သခင်။ တံတိုင်းရဲ့ တစ်ဖက်အတွက် လုံလောက်တဲ့ အုတ်တုံးတွေ ရှိနေပါပြီ။"
လူစီယန် ခေါင်းညိတ်သည်။
မက်ဆင်လည်း ရောက်နေသည်။ သူက ကြည့်နေရုံတင် မဟုတ်ဘဲ ဝင်ကူနေသည်။
သူ၏ပြီးပြည့်စုံေသာတွက်ချက်မှု' နှင့် မှော်ပညာကို သုံးပြီး အုတ်တုံးများကို နေရာချပေးသည်။
အလုပ်သမားများက အုတ်တုံးများကို စတင် စုပုံကြသည်။
ကျောက်တုံးက ဦးဆောင်သည်။
မက်ဆင်က အကြံပေးသည်။ "အဲဒီအုတ်တုံးကို ဒီဂရီဝက်လောက် ရွှေ့လိုက်ရင် တင်းအား ၁၂ ရာခိုင်နှုန်း လျော့သွားလိမ့်မယ်။"
စတုံးက 'ေဖာက်ထွင်းသူ၏မျက်လုံး' ကို သုံးပြီး စစ်ဆေးသည်။
"တကယ်ပဲ... ဟုတ်တယ်" ဟု သူပြောသည်။
အရာအားလုံးက တိကျမြန်ဆန်နေသည်။
ကျောက်တုံးက အချက်ပေးလိုက်သည်နှင့် အဖွဲ့ဝင်များက တံတိုင်းထဲသို့ မာနာများ ပို့လွှတ်လိုက်သည်။
အုတ်ခဲတုံးများက တုန်ခါလာပြီး အလင်းရောင်များ ထွက်ပေါ်လာသည်။
ဖြည်းဖြည်းချင်း... သူတို့ ပေါင်းစပ်သွားသည်။
အုတ်တုံး တစ်တုံးချင်းစီက ခိုင်မာစွာ ပေါင်းစပ်သွားသည်။
အုတ်မြစ်သစ်။
အနာဂတ်သစ်။
ဒါက အစပြုခြင်းသာ ဖြစ်သည်။