အပိုင်း (၄၀) - အဆင့်တက်ခြင်း
လူစီယန်သည် အိမ်ကြီးအပြင်ဘက်တွင် နွေးထွေးသော နေ့လယ်ခင်း နေရောင်ခြည်အောက်၌ စိတ်ရှည်စွာ စောင့်ဆိုင်းနေသည်။
ခဏအကြာတွင် သူတို့ ရောက်လာကြသည်။
လူကပ်စ်က အဖွဲ့ကို ဦးဆောင်လာသည်။ စုစုပေါင်း ၁၂ ဦး။
သူတို့တစ်ဦးစီ၏ မျက်နှာတွင် စိတ်လှုပ်ရှားမှုများ ဖုံးလွှမ်းနေသည်။ သူတို့၏ မျက်လုံးများတွင် ဂုဏ်ယူဝင့်ကြွားမှုများ တောက်ပနေသည်။ သူတို့သည် သူတို့၏ အောင်မြင်မှုကို ခံစားနေကြဆဲ ဖြစ်ရာ အနည်းငယ် လှုပ်ရှားနေကြသည်။
လူစီယန်၏ ရှေ့တွင် ရပ်တန့်လိုက်သည့်အခါ သူတို့သည် မတ်မတ်ရပ်ကာ လေးစားစွာ အရိုအသေ ပေးကြသည်။
လူစီယန် တိတ်တဆိတ် 'စစ်ေဆးခြင်း' ကို အသုံးပြုလိုက်သည်။
လူကပ်စ်သည် ယခု အဆင့်၃ ဖြစ်နေပြီ။ ကျန်သူများမှာ အဆင့်၁ သို့ ရောက်ရှိသွားသည်။(T/N: – အဆင့် က level ၁ကနေ၁၀က အဆင့်၁ tier1ပါ နော် ၁၁ကနေ၂၀ကအဆင့်၂ပါ)
သူ ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
"အားလုံးပဲ ကောင်းပါတယ်။ ဒီအဆင့်ကို ရောက်ဖို့ မင်းတို့ ဘယ်လောက် ကြိုးစားခဲ့ရလဲဆိုတာ ငါ သိပါတယ်" ဟု လူစီယန် ပြောသည်။ "ကတိပေးထားတဲ့အတိုင်း ငါ ဆုချပါမယ်။ ဒါကြောင့် ပြောပါဦး။ မင်းတို့ ဘာလိုချင်ကြလဲ။"
အဖွဲ့လိုက် ငြိမ်ကျသွားသည်။
အချို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ မည်သူမျှ စကားမပြောပါ။
သူတို့အပေါ်တွင် အကြောက်တရားများ မဟုတ်ဘဲ စိတ်လှုပ်ရှားမှုများ ဖုံးလွှမ်းသွားသည်။ အမှန်တော့... သူတို့ ဘာတောင်းရမှန်း မသိကြပါ။
လူစီယန်က သူတို့ကို ပေးခဲ့ပြီးသား ဖြစ်သည်။ ထပ်တောင်းရန်မှာ မသင့်လျော်ဟု သူတို့ ခံစားရသည်။
တိတ်ဆိတ်မှုက အဆင်မပြေဖြစ်မည့် အချိန်တွင် လူကပ်စ် ရှေ့သို့ တိုးလာသည်။
"ကျွန်တော်တို့ ဆုံးဖြတ်ချက်ကို အရှင်သခင်ဆီမှာပဲ ထားပါရစေ" ဟု သူ လေးစားစွာ ဦးညွှတ်ရင်း ပြောသည်။ "ကျွန်တော်တို့ ဘာမှ ထပ်မလိုချင်ပါဘူး။ ဒီလောက်နဲ့တင် အလွန် ကျေးဇူးတင်နေပါပြီ။"
ကျန်သူများလည်း တိတ်ဆိတ်စွာ ခေါင်းညိတ်သည်။
လူစီယန် အနည်းငယ် ခေါင်းညိတ်သည်။
ထို့နောက် သူ၏ လက်ဟန်တစ်ခုနှင့်အတူ 'စွမ်းရည်စွယ်စုံကြမ်း' ကို ခေါ်လိုက်သည်။
စာအုပ်သည် ရုတ်တရက် အလင်းရောင်တစ်ခုလို ပေါ်လာရာ အဖွဲ့ဝင်များ အားလုံး အံ့အားသင့်စွာ အသက်ရှူမှားသွားကြသည်။
လူကပ်စ်၏ မျက်လုံးများ ချက်ချင်း တောက်ပလာသည်။ သူ ဘာဖြစ်လာမလဲဆိုတာ ကြိုသိနေပုံရသည်။
လူစီယန်သည် စာမျက်နှာများကို လှန်လိုက်ပြီး မွန်းစတားစွမ်းရည် အပိုင်းတွင် ရပ်လိုက်သည်။
အဲဒီမှာ ရှိနေသည်။
'အကျိအချွဲပစ်ခတ်ခြင်း'။
စကစ်တယ်လ်၏ မနားမနေ လုပ်ဆောင်ချက်များကြောင့် ပုံစံတူကတ်များစွာ ရှိနေသည်။
"တန်းစီကြ" ဟု လူစီယန် တည်ငြိမ်စွာ ပြောသည်။
တွန့်ဆုတ်ခြင်း မရှိဘဲ လူကပ်စ် ရှေ့သို့ တိုးလာသည်...
သူ ဘယ်လောက်တောင် မြန်သလဲဆိုရင် ဘေးကလူတောင် လွင့်စင်သွားလုနီးပါးပင်။ သဘာဝကျစွာပင် သူသည် ပထမဆုံးနေရာကို ရယူလိုက်သည်။ ကျန်သူများကလည်း နောက်မှ အလျင်အမြန် လိုက်လာကြသည်။
သူတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့၏ ခေါင်းဆောင်ဖြစ်သူ လူကပ်စ်ပင်လျှင် ဒီလောက် စိတ်လှုပ်ရှားနေပါက လူစီယန် ပေးမည့်အရာမှာ အထူးအဆန်း ဖြစ်ရမည်မှာ သေချာသည်။
သူတို့သည် သူ့ကို ဒီလိုပုံစံမျိုး တစ်ခါမှ မမြင်ဖူးပါ။
အလေးအနက် မဟုတ်ပါ။
မျက်မှောင် မကြုတ်ပါ။
ရိုးရိုးလေး... စိတ်အားထက်သန်နေသည်။
ထိုအချက်က သူတို့၏ နှလုံးသားကို ပိုမိုရင်ခုန်တုန်လှုပ်စေသည်။
လူစီယန် သူတို့၏ တုံ့ပြန်မှုကို ကြည့်ကာ ရယ်မောလိုက်သည်။
သူသည် စာအုပ်ထဲမှ 'အကျိအချွဲပစ်ခတ်ခြင်း'။စွမ်းရည်ကတ်တစ်ခုကို ယူလိုက်သည်။
ဘာမှ ပြောစရာ မလိုဘဲ လူကပ်စ် ရှေ့သို့ တိုးလာပြီး... ဒူးတစ်ဖက် ထောက်လိုက်သည်။
လူစီယန် မျက်ခုံးပင့်လိုက်မိသည်... ထို့နောက် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
အမှန်တော့ လူကပ်စ်က အရပ်အရမ်းရှည်နေ၍ သူ၏ နဖူးကို ထိရန် ခက်နေသည်။ သို့သော် အမိန့်မပေးဘဲ ဒူးထောက်လိုက်ခြင်းမှာ... အရာရာကို ဖော်ပြနေသည်။
'ကောင်းပြီ' ဟု လူစီယန် တွေးလိုက်သည်။ 'သူက အခြေအနေကို ကြည့်တတ်တယ်။ ဉာဏ်လည်း ကောင်းတယ်။'
ဒါက လက်တွေ့ကျရုံတင် မဟုတ်ပါ။ လေးစားမှုလည်း ပါဝင်သည်။
ထိုအချိန်တွင် ထိုမြင်ကွင်းမှာ သခင်တစ်ဦးက သစ္စာရှိသော လက်အောက်ငယ်သားကို ဂုဏ်ပြုပေးနေသကဲ့သို့ ဖြစ်နေသည်။
လူစီယန်သည် ကတ်ကို လူကပ်စ်၏ နဖူးတွင် ဖိကပ်လိုက်သည်။
နူးညံ့သော အလင်းရောင် တစ်ချက် ပြိုးပြက်သွားပြီး ကတ်သည် သူ၏ အရေပြားထဲသို့ ပျောက်ကွယ်သွားသည်။
လူကပ်စ်၏ မျက်လုံးများ ပြူးကျယ်သွားသည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံး စိတ်လှုပ်ရှားမှုကြောင့် တောင့်တင်းသွားပြီး အော်ဟစ်ချင်စိတ်ကို အနိုင်နိုင် ထိန်းထားရသည်။
သူ အရမ်းပျော်ရွှင်နေသည်။
ထို့နောက် ကျန်သူများ၏ အလှည့် ရောက်လာသည်။
လူကပ်စ်ကို အတုယူကာ တစ်ဦးစီ ရှေ့သို့ တိုးလာပြီး လေးစားစွာ ဒူးထောက်ကြသည်။
တစ်ဦးပြီးတစ်ဦး လူစီယန်က 'အကျိအချွဲပစ်ခတ်ခြင်း'။စွမ်းရည်ကို ပေးအပ်လိုက်သည်။
သူတို့၏ တုံ့ပြန်မှုများမှာ အမျိုးမျိုးပင်။
အချို့မှာ အံ့အားသင့်ပြီး စကားမပြောနိုင် ဖြစ်သွားကြသည်။
အချို့မှာ ပြုံးရယ်နေကြသည်။
အချို့မှာ စိတ်လှုပ်ရှားပြီး မျက်ရည်ပင် ကျလာကြသည်။
အဖွဲ့ဝင်တစ်ဦးမှာမူ လူစီယန်ကို ကျေးဇူးတင်ကြောင်း ဖော်ပြရန် မြေပြင်ပေါ်သို့ နဖူးနှင့်တိုက်ကာ ဝပ်တွားနေသည်။
လူစီယန်က ရယ်မောရင်း လက်ယမ်းပြလိုက်သည်။ "ရပါပြီ၊ ရပါပြီ။ အဲဒီလောက်ထိ လုပ်စရာ မလိုပါဘူး။"
သူတို့၏ စစ်မှန်သော တုံ့ပြန်မှုများကို ကြည့်ပြီး သူ အံ့အားမသင့်ဘဲ မနေနိုင်ပါ။
အဆုံးတွင် ၁၂ ဦးစလုံး ''အကျိအချွဲပစ်ခတ်ခြင်း'။ စွမ်းရည်ကို ရရှိသွားကြသည်။
"ကောင်းပြီ" ဟု လူစီယန်က တည်ငြိမ်သော်လည်း ကျေနပ်စွာ ပြောသည်။ "မင်းတို့ဆီကနေ ပိုကောင်းတဲ့ သတင်းတွေကို ငါ စောင့်မျှော်နေမယ်။ ငါပေးလိုက်တဲ့ စွမ်းရည်က အထူးအဆန်းပါ။ ရင်ပြင်မှာ ငါထားထားတဲ့ ရုပ်တုကို မြင်တယ်မဟုတ်လား။ အဲဒီ ရုပ်တုရဲ့ အကွာအဝေးအတွင်းမှာဆိုရင် စွမ်းရည်ရဲ့ အစွမ်းက နှစ်ဆ တိုးလာလိမ့်မယ်။ အဲဒီ အကွာအဝေး အတွင်းရော၊ အပြင်မှာပါ လေ့ကျင့်ကြပါ။ လိုက်လျောညီထွေ ဖြစ်အောင် သင်ယူကြပါ။"
သူတို့သည် လေးနက်စွာ ဦးညွှတ်ကာ ကျေးဇူးတင်စကား ဆိုပြီး ထွက်ခွာသွားကြသည်။ သူတို့ဆီမှ စွမ်းအင်များနှင့် လှုံ့ဆော်မှုများ ရောင်ပြန်ဟပ်နေသည်။
တနေ့ကုန်သောအခါ ထိုသတင်းမှာ တောမီးကဲ့သို့ ပျံ့နှံ့သွားသည်။
ဆီဆီးလ် က ဒီသတင်းကို အရင်ဆုံး ပြောလိုက်သူ ဖြစ်သည်။ သူသည် လူစီယန်က သူ့ကို မှော်ဓာတ် ပေးလိုက်ပြီး မှော်ဆရာအဖြစ် ပြောင်းလဲပေးခဲ့ကြောင်း အားလုံးကြားအောင် ကြွားဝါလိုက်သည်။
လူစီယန်က စွမ်းရည်များကိုလည်း ပေးနေကြောင်း သိလိုက်ရသည့်အခါ နယ်မြေတစ်ခုလုံး စိတ်လှုပ်ရှားသွားသည်။
အားလုံး စိတ်ဓာတ်တက်ကြွနေကြသည်။
သူတို့သည် ယခင်ကထက် ပိုမိုကြိုးစားပြီး... ညနက်သည့်တိုင် လေ့ကျင့်နေကြသည်။
တစ်ဦးစီတိုင်းမှာ သာမန်ထက် သာလွန်ချင်ကြသည်။
သူတို့သည် ထူးခြားသူများ ဖြစ်ချင်ကြသည်။
•••
နောက်တစ်နေ့ နံနက်။
ဌာနများတွင် အောင်မြင်မှုများ ဆက်တိုက် ဖြစ်ပေါ်နေသည်။
လူစီယန် ဝိညာဉ်ရေးရာဌာနသို့ ခန့်အပ်ခဲ့သည့် အဘိုးအိုငါးဦးပင် အဆင့်တက်လာသည်။ တစ်ဦးမှာ အဆင့်၃၊ ကျန်လေးဦးမှာ အဆင့်၂ သို့ ရောက်ရှိသွားသည်။
သူတို့မှာ အဆင့် (၁) နှင့် (၂) သာ ရှိခဲ့ရာမှ ယခုအခါ ပို၍ ထူးချွန်လာကြသည်။
လူစီယန် သူတို့ကို မြင်သည့်အခါ အပြောင်းအလဲကို ချက်ချင်း သတိထားမိလိုက်သည်။
သူတို့ ပို၍ မတ်မတ်ရပ်သည်။
ရည်ရွယ်ချက်ရှိရှိ လှုပ်ရှားသည်။
သူတို့၏ မျက်လုံးများမှာ ထက်မြက်သည်။
သူတို့၏ စွမ်းအင်များ တောက်ပနေသည်။
သူတို့သည် ပို၍ အသက်ဝင်ပြီး စွမ်းအင်အပြည့် ရှိနေသည်။
လူစီယန် ပြုံးကာ ကျန်သူများကဲ့သို့ပင် ဆုလာဘ်များ ပေးလိုက်သည်။
သူတို့၏ ပျော်ရွှင်မှုမှာ အမှန်ပင် ဖြစ်သည်။
တွေးကြည့်ပါ... ရက်အနည်းငယ်က ဒီလိုမျိုး ဖြစ်လာနိုင်မယ်လို့ ဘယ်သူ ထင်မှာလဲ။
သူတို့သည် ကျေးဇူးတင်သော မျက်လုံးများ၊ ယုံကြည်မှု အပြည့်ဖြင့် ထွက်ခွာသွားကြသည်။
မကြာမီ လက်မှုပညာဌာနမှ ကိုယ်စားလှယ် အယ်လ်ခ်
ရောက်လာသည်။
သူမမှာ 'ချုပ်လုပ်ခြင်း' ဟူသော စွမ်းရည်ကို ပိုင်ဆိုင်ထားသည့် အဝတ်ချုပ်သမား ဖြစ်သည်။
လူစီယန် သူမကို တစ်ချက်ကြည့်လိုက်ပြီး ဘာကြောင့် ရောက်လာသလဲဆိုတာ သိရန် 'စစ်ေဆးခြင်း' ကို သုံးလိုက်သည်။
သူမ အဆင့် ၁ မရောက်သေးသော်လည်း ထူးခြားသောအရာတစ်ခုကို တွေ့လိုက်ရသည်။
စွမ်းရည်အသစ်။
ပြီးတော့ သူမ၏ အရင်စွမ်းရည်မှာလည်း ပြောင်းလဲမှုတစ်ခု ရှိနေသည်။
"အရှင်သခင်" ဟု အယ်လ်ခ် က လေးစားစွာ ဦးညွှတ်သည်။ "လက်မှုပညာဌာနက စွမ်းရည်တွေကို စတင် နိုးထနေပြီဆိုတာကို အစီရင်ခံဖို့ လာခဲ့တာပါ။"
လူစီယန် သူမကို စိုက်ကြည့်လိုက်သည်။ သူမသည် 'စာထွင်းခြင်း' ကို သင်ယူလိုက်သည်။ ဒါက အဆောင်လက်ဖွဲ့ လုပ်ရာတွင် အဖိုးတန်သော စွမ်းရည် ဖြစ်သည်။
သူမ ဆက်ပြောသည်၊ "ကံမကောင်းစွာနဲ့ပဲ ပုံသွင်းခြင်း သို့မဟုတ် အရည်ကျိုခြင်း လိုမျိုး အဆင့်မြင့်တဲ့ အပိုင်းတွေကို လေ့ကျင့်ဖို့ မလုံလောက်သေးပါဘူး။ ပစ္စည်းတွေ လိုအပ်နေလို့ပါ။ ဒါပေမဲ့ ဌာနက လူတိုင်း အနည်းဆုံး စွမ်းရည်တစ်ခုတော့ နိုးထလာပါပြီ။"
သူမ ဂုဏ်ယူစွာ ပြုံးသည်။
"ဥပမာ ကျွန်မဆိုရင် 'စာထွင်းခြင်း' ရလာတယ်။ တခြားသူတွေကတော့ 'ပန်းပုထွင်းခြင်း'၊ 'ချုပ်လုပ်ခြင်း'၊ 'ရက်လုပ်ခြင်း'၊ 'ထွင်းထုခြင်း' စတာတွေကို သင်ယူထားပါတယ်..."
လူစီယန် စဉ်းစားဟန်ဖြင့် ခေါင်းညိတ်သည်။ လက်မှုပညာဌာနသည် သူ အမြဲတမ်း ရင်းနှီးမြှုပ်နှံချင်သော နေရာဖြစ်သည်။ သူတို့တွင် အလားအလာ အလွန်ကြီးမားသည်။
လူစီယန်တွင် 'ဖန်တီးခြင်း' စနစ် ရှိသော်လည်း ၎င်းကိုသာ အလွန်အမင်း အားကိုးချင်သည် မဟုတ်ပါ။
သူ၏ လူတွေကို ကြီးထွားစေချင်သည်။
သူတို့ကိုယ်တိုင် လက်ဖြင့် သင်ယူစေချင်သည်။
အတွေ့အကြုံ ရရှိစေချင်သည်။
ကျွမ်းကျင်မှုမှတစ်ဆင့် ယုံကြည်မှု တည်ဆောက်စေချင်သည်။
သို့သော် လိုအပ်သည့်အခါမျိုးတွင် သူ တွန့်ဆုတ်နေမည် မဟုတ်ပါ... အထူးသဖြင့် အချိန်ကုန်ခံရမည့်အရာများ သို့မဟုတ် ထိရောက်မှု အရေးကြီးသည့် ကိရိယာကြီးများ အတွက်ပေါ့။
အဆုံးတွင် သူလိုချင်သည်မှာ မျှတမှုသာ ဖြစ်သည်။
"ကောင်းပြီ" ဟု သူပြောသည်။ "အခုလောလောဆယ်တော့ တခြား စွမ်းရည်တွေကို သင်ယူဖို့ အာရုံစိုက်ပါ။ ပစ္စည်းတွေ ရောက်လာရင်တော့ ပိုအဆင့်မြင့်တဲ့ အလုပ်တွေကို စလုပ်ကြမယ်။ ဒါပေမဲ့... လက်မှုပညာ စွမ်းရည်တွေက သင်ယူဖို့ ခက်ခဲပါတယ်။ တိကျမှုနဲ့ လေ့ကျင့်မှု အများကြီး လိုပါတယ်။ မင်းတို့အဖွဲ့က ဘယ်လိုလုပ်ပြီး ဒီလောက် မြန်မြန် သင်ယူနိုင်တာလဲ။"
သူ တကယ်ကို သိချင်နေသည်။
အယ်လ်ခ် ပြုံးကာ ဂုဏ်ယူစွာဖြင့် မတ်တပ်ရပ်သည်။ "အမှန်တော့ အရှင်သခင်... ဆီဆီးလ် ကြောင့်ပါ။"
လူစီယန် မျက်ခုံးပင့်လိုက်သည်။
"သူက ညွှန်ကြားချက်တွေထဲမှာ အရှင်သခင် ဘယ်လို အပေါက်အလမ်းတွေ ရှာတွေ့ခဲ့တယ်ဆိုတာ ပြောပြတော့ ကျွန်မတို့ စိတ်အားတက်ကြွသွားတယ်။ ဒါကြောင့် ကျွန်မတို့ကိုယ်တိုင် ရှာကြည့်ကြတယ်။ အချင်းချင်း ကူညီကြတယ်၊ ယုတ္တိရှိတာတွေကို ရှာကြတယ်၊ ညွှန်ကြားချက်ရဲ့ ရည်ရွယ်ချက်အတိုင်း ဖြစ်အောင် ပိုကောင်းတဲ့နည်းလမ်းတွေကို စဉ်းစားကြတယ်။"
လူစီယန် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
'ဒီကောင်လေး... တော်တော် ထက်မြက်လာတာပဲ။'
သို့သော် တစ်ခုခုက သူ့အာရုံကို ဖမ်းစားလိုက်သည်။
"မင်းရဲ့ 'ချုပ်လုပ်ခြင်း' စွမ်းရည်... တခြားလိုပဲ ခံစားရတယ်။ ဘာဖြစ်တာလဲ။"
အယ်လ်ခ်သူမ၏ လည်ပင်းကို ပွတ်သပ်လိုက်သည်။ အနည်းငယ် ရှက်ရွံ့သော်လည်း ဂုဏ်ယူနေသည်။
"အရှင်သခင်ကိုတော့ မလွန်ဆန်နိုင်ပါဘူး" ဟု သူမ ပြုံးလျက် ပြောသည်။ "အဲဒါ အရှင်သခင် ပေးထားတဲ့ 'ေဖာက်ထွင်းသူ၏ မျက်လုံး' စွမ်းရည်ကြောင့်ပါ။ ကျွန်မ အဝတ်အစားတွေ ချုပ်တဲ့အခါ အဲဒါကို သုံးကြည့်တယ်။ အလွှာတွေကို ကြည့်ပြီး ချုပ်ရိုးချုပ်သား လွဲမှားနေတာတွေကို ရှာဖို့ပါ။ ဒါက မှားယွင်းမှုတွေကို မဖြစ်ခင်ကတည်းက ပြင်ဖို့ ကူညီပေးတယ်။ နောက်ဆုံးတော့... ကျွန်မ အောင်မြင်သွားသလိုပဲ။ ကျွန်မရဲ့ ချုပ်လုပ်ခြင်းက ပိုပြီး ပြည့်စုံလာတယ်။ စွမ်းရည်က တိုးတက်သွားပြီ။ အခု 'အမြန်ချုပ်လုပ်ခြင်း' လို့ ခေါ်ပါတယ်။"
လူစီယန် စကားမပြောနိုင် ဖြစ်သွားသည်။
သူ 'ေဖာက်ထွင်းသူ၏ မျက်လုံး' ကို ဒီလို သုံးမယ်လို့ မတွေးဖူးပါ။ လိုအပ်သည့် ထိန်းချုပ်မှုနှင့် တိကျမှုမှာ အလွန်ပင် ကြီးမားသည်။
'ဒါက အရည်အချင်းတင် မဟုတ်ဘူး... တီထွင်ဖန်တီးနိုင်မှုလည်း ပါတယ်' ဟု သူ တွေးလိုက်သည်။
လူစီယန် ဂုဏ်ယူမိသည်။ သူ့လူတွေက သူမျှော်လင့်ထားသည်ထက် ပိုမြန်ပြီး ပိုထက်မြက်လာနေသည်။
"ကောင်းတယ်၊ ကောင်းတယ်" ဟု သူ ကျေနပ်စွာ ပြောသည်။ "ဘာဆုလိုချင်လဲ။"
အယ်လ်ခ် ခဏ ငြိမ်သွားသည်။ သူမ ပြောခင် စဉ်းစားနေသည်။
"အရှင်သခင်... မဖြေခင်တစ်ခုလောက် မေးပါရစေ။ အနာဂတ်မှာ လက်မှုပညာဌာနကို ဘယ်လိုမြင်ထားပါသလဲ။"
လူစီယန် မတွန့်ဆုတ်ပါ။
"မင်းတို့ဌာနက အရာအားလုံးကို တာဝန်ယူစေချင်တယ်။ ဆေးရည်တွေ၊ ကိရိယာတွေ၊ လက်နက်တွေ၊ အဆောင်လက်ဖွဲ့တွေနဲ့ တခြား အသုံးဝင်မယ့်အရာအားလုံးပေါ့။ ဒါကြောင့် အခြေခံစွမ်းရည်တွေကို အရင် ကျွမ်းကျင်စေချင်တာ။ အချိန်တန်ရင် အဲဒီအရာတွေကို ထုတ်လုပ်နိုင်ဖို့ပေါ့။ စိတ်မပူပါနဲ့။ လိုအပ်တဲ့ ပစ္စည်းတွေနဲ့ ဖော်မြူလာတွေကို ငါ ပေးပါ့မယ်။"
အဲဒီအသံကို ကြားလိုက်ရတော့ အယ်လ်ခ်။"
ဒူးတစ်ဖက် ထောက်လိုက်သည်။
"အရှင်သခင်... မရိုင်းပါဘူးဆိုရင်" သူမ မော့ကြည့်လိုက်သည်။ "ဆီဆီးလ်လိုမျိုး ကျွန်မတို့ကို မှော်ဓာတ်တွေ ပေးလို့ ရမလား။"
လူစီယန် တိတ်ဆိတ်သွားသည်။ သူမ၏ စကားကို နားထောင်နေသည်။
အယ်လ်ခ်က ပိုပြီး စိတ်ရင်းအမှန်နဲ့ ဆက်ပြောသည်။
"အဆောင်လက်ဖွဲ့ လုပ်တဲ့အခါမှာ မီးမှော်ဓာတ် မရှိရင် မီးလုံး အဆောင်လက်ဖွဲ့တွေ လုပ်လို့ မရဘူး။ ပန်းပဲလုပ်တဲ့အခါမှာလည်း အဲဒီ မှော်ဓာတ်ရှိရင် ပိုပြီး ထိရောက်တယ်။ မီးက ပူတယ်လို့ မခံစားရရင် ကျွန်မတို့ ပိုမြန်မြန် သင်ယူနိုင်မယ်၊ ပိုကောင်းတဲ့ ရလဒ်တွေ ရမယ်၊ ပိုလုံခြုံမယ်။"
လူစီယန် ဖြည်းဖြည်းချင်း ခေါင်းညိတ်သည်။
သူ တကယ်ကို ကျေနပ်မိသည်။ အဲလ်ခ်၏ တောင်းဆိုမှုကြောင့်တင် မဟုတ်ဘဲ သူမ၏ တွေးခေါ်မှုပုံစံကြောင့် ဖြစ်သည်။
သူမနှင့် လက်မှုပညာဌာနမှ လူတွေအားလုံးက အနာဂတ်ကို ကြိုတွေးနေကြသည်။
နယ်မြေအတွက် အဓိပ္ပာယ်ရှိရှိ အမှုထမ်းရန် ပြင်ဆင်နေကြသည်။
'သူတို့က အမိန့်နာခံရုံတင် မဟုတ်ဘူး... ငါနဲ့အတူ ကြီးထွားလာနေတာ' ဟု လူစီယန် တွေးလိုက်သည်။
သူတို့အတွက် မှော်ဓာတ် ပေးခြင်းမှာ ဆုပေးခြင်းဟု မခံစားရတော့ပါ။
လိုအပ်ချက်တစ်ခုလို ခံစားရသည်။
အဲဒီ မှော်ဓာတ်တွေနဲ့ သူတို့ ပိုကောင်းတဲ့ အဆောင်လက်ဖွဲ့တွေ၊ ကိရိယာတွေကို ပိုပြီး လုံခြုံစွာ၊ ပိုမြန်မြန်နဲ့ ပိုပြီး အလားအလာကောင်းကောင်းနဲ့ လုပ်နိုင်လိမ့်မည်။
သူ သက်ပြင်းချလိုက်သည်။ သို့သော် ဒါက စိတ်သက်သာရာ ရခြင်းမျိုး ဖြစ်သည်။
သူ့ကို တကယ် ကျေနပ်စေသည်မှာ အဲလ်ခ်ဆီမှ မြင်ရသည့် စိတ်အားထက်သန်မှုပင် ဖြစ်သည်။
စိတ်ထက်သန်မှု။
အပ်နှံမှု။
ဦးဆောင်မှု။
'ကောင်းတဲ့ လက္ခဏာပဲ' ဟု လူစီယန် တွေးသည်။ 'သူတို့ တစ်ခုခုကို တကယ် တည်ဆောက်နေကြပြီ။'
မတွန့်ဆုတ်ဘဲ သူ သဘောတူလိုက်သည်။
လူစီယန်သည် 'နေရောင်ခြည် မုန်လာဥနီဖျော်ရည်' ပုလင်း ၂၂ လုံးကို ပေးလိုက်သည်။ ဌာနမှ လူတစ်ဦးစီအတွက် တစ်လုံးစီ ဖြစ်သည်။
အပြင် ပျားရည်နှင့် ဝတ်ရည် ပုံဆောင်ခဲများကိုလည်း ဆုလာဘ်အဖြစ် ထပ်ပေးလိုက်သည်။
အယ်လ်ခ်လေးနက်စွာ ဦးညွှတ်ကာ ထွက်ခွာသွားသည်။
သို့သော် လူစီယန် သူ၏ အတွေးများထဲသို့ ပြန်မဝင်ခင်မှာပင် စတုံး က အရေးတကြီး လေသံဖြင့် ရောက်လာသည်။
"အရှင်သခင်... အတုံးပုံစံ မှိုတွေ ပြီးသွားပါပြီ။ ခံတပ်နံရံရဲ့ အခြေခံအုတ်မြစ်ကို စတင်ဖို့ အဆင်သင့် ဖြစ်နေပါပြီ။”