အခန်း(၃၅) - ဆီဆီးလ်
လူစီယန်သည် ဥယျာဉ်ထဲသို့ လှမ်းဝင်လိုက်သည်။
သူ၏မျက်လုံးများသည် တမူထူးခြားသည့် အသီးအနှံနှစ်မျိုးက ချက်ချင်းပင်ဆွဲဆောင်လိုက် သည်။
၎င်းတို့မှာ နေရောင်ခြည်မုန်လာဥနီနှင့် ဆောင်းရာသီမုန်လာဥဖြူတို့ ဖြစ်သည်။
သူ လုံးဝမမျှော်လင့်ထားသည့်အရာဖြစ်သည်။
၎င်းတို့၏ ကြီးထွားနှုန်းမှာ အံ့ဩစရာကောင်းလှသည်။ ပတ်ဝန်းကျင်ကိုပင် ပြောင်းလဲသွားစေသည်အထိ ဖြစ်သည်။
သူ၏ ဘယ်ဘက်ခြမ်းတွင် လေထုမှာ အပူရှိန်ကြောင့် တုန်ခါနေသည်။
သူ၏ ညာဘက်ခြမ်းတွင်မူ မြူငွေ့အေးများက အရွက်များပေါ်၌ ကပ်တွယ်နေသည်။
ထိုခြားနားချက်မှာ အလွန်ပြင်းထန်သဖြင့် မြေဆီလွှာ၌ပင် ထင်ဟပ်နေသည်။
နေရောင်ခြည်မုန်လာဥနီအောက်ရှိ မြေကြီးမှာ အက်ကွဲပြီး မီးလောင်ထားသကဲ့သို့ ဖြစ်နေသည်။
ဆောင်းရာသီမုန်လာဥဖြူအောက်ရှိ မြေကြီးမှာမူ အေးခဲပြီး ကြွပ်ဆတ်နေသည်။
လူစီယန်သည် ၎င်းတို့ကို ခပ်ခွာခွာ စိုက်ပျိုးခဲ့မိသည့်အတွက် ကျေးဇူးတင်မိသည်။
အကယ်၍သာ အတူတကွ စိုက်ပျိုးခဲ့ပါက ထိုဆန့်ကျင်ဘက် စွမ်းအားများကြောင့် တစ်ခုနှင့်တစ်ခု ပျက်စီးသွားနိုင်ခြေ ရှိသည်။
သူသည် နေရောင်ခြည်မုန်လာဥနီများထံ ဦးစွာ ချဉ်းကပ်လိုက်သည်။
၎င်းတို့၏ အစိမ်းရောင်ထိပ်ဖျားများသည် မီးလျှံများကဲ့သို့ တဖျတ်ဖျတ် လင်းလက်နေသည်။ ညင်သာစွာ ယိမ်းနွဲ့နေသည်မှာ ကနေသည့်အလားပင်။
၎င်းတို့မှာ လှပသော်လည်း လူစီယန် အနားသို့ တိုးကပ်သွားချိန်တွင် အပူချိန်မှာ ရုတ်တရက် မြင့်တက်လာသည်။ အပူရှိန်မှာ ခံနိုင်ရည်မရှိတော့သည်အထိ ပြင်းထန်လာသည်။
လူးရှင်းတွင် အကြံတစ်ခု ရလိုက်သည်။
သူသည် မျက်လုံးများကိုမှိတ်ကာ သက်ပြင်းတစ်ချက် ရှိုက်လိုက်သည်။
သူ၏အတွင်းစိတ်အနက်ရှိုင်းဆုံးမှနေ၍ သူ၏ မြင့်မြတ်သောစွမ်းအင်ကို လှုံ့ဆော်လိုက်သည်။
တိုက်ခိုက်ရန် မဟုတ်။
ကာကွယ်ရန် မဟုတ်။
သို့သော် ၎င်းကို ညင်သာစွာ ထွက်ပေါ်လာစေရန်နှင့် သူ့ကိုယ်သူ လွှမ်းခြုံထားစေရန်ဖြစ်သည်။
သူသည် တောမီးကို ငြိမ်းသတ်သကဲ့သို့ ညင်သာစွာ စည်းရုံးလိုက်သည်။
၎င်းကလည်း တုံ့ပြန်လာသည်။
အတွင်းမှ နွေးထွေးမှုများ ပျံ့နှံ့လာသည်။ ဒီရေတစ်စင်းကဲ့သို့ လှိုင်းထကာ သူ၏ ကိုယ်ခန္ဓာအနှံ့ လူးလာခေါက်ပြန် တိုးဝင်သွားသည်။
သူ၏ ရင်ဘတ်ထဲသို့ ပြည့်နှက်သွားကာ နှလုံးခုန်သံနှင့်အညီ တုန်ခါနေသည်။
ထို့နောက် ၎င်းက ပြန့်ကားလာသည်။
စွမ်းအင်များမှာ သူ၏ အသားအရေပေါ်သို့ ဒုတိယအလွှာတစ်ခုအလား လိမ့်ဆင်းလာသည်။
နူးညံ့သည်။
အားကောင်းသည်။
တောက်ပသည်။
၎င်းက မလောင်ကျွမ်းစေဘဲ ဖက်တွယ်ထားသည်။
လူစီယန် မျက်လုံးဖွင့်လိုက်သည်။
ကမ္ဘာကြီးက မပြောင်းလဲသွားသော်လည်း သူကိုယ်တိုင်မူ ပြောင်းလဲသွားပြီဖြစ်သည်။ သူ၏ နှုတ်ခမ်းဖျားတွင် အေးဆေးသည့် အပြုံးတစ်ခု ပေါ်လာသည်။
ထိုအတွေ့အကြုံကို ဖော်ပြရန် ခက်ခဲသည်။ မွေးရာပါ မျက်မမြင်ကို အရောင်အကြောင်း ရှင်းပြနေရသကဲ့သို့ပင်။ နားလည်ရန်အတွက် ခံစားကြည့်မှသာ သိနိုင်မည်ဖြစ်သည်။
လူစီယန်အတွက်မူ မြင့်မြတ်သောစွမ်းအင်မှာ သဘာဝအတိုင်း ဖြစ်နေပြီဖြစ်သည်။
သူ၏ လက်ကဲ့သို့ပင် လွယ်ကူစွာ လှုပ်ရှားနိုင်သော အပိုအင်္ဂါတစ်ခုအလား ဖြစ်သည်။
အပူရှိန်မှာ သူ့ကို မနှောင့်ယှက်နိုင်တော့ပေ။
လူးရှင်းသည် အနီးသို့ တိုးကပ်သွားပြီး ထိုင်ချလိုက်သည်။ အနီးဆုံးရှိ နေရောင်ခြည်မုန်လာဥနီကို ဆွဲနှုတ်လိုက်သည်။
၎င်းက မခုခံချေ။ သူကို ရင်းနှိးနေသည့်အလား အလွယ်တကူ ထွက်လာသည်။
ဥမှာ ကြီးမားပြီး အနီရောင်ရင့်ရင့်ဖြစ်သည်။ မီးလောင်နေသကဲ့သို့ အနည်းငယ် တောက်ပနေသည်။
သို့သော် အန္တရာယ်ရှိသည့်အလားမဟုတ်ဘဲ ဆွဲဆောင်မှုရှိသော နွေးထွေးမှုကိုသာ ဖြာထွက်စေသည်။
"စားလို့ကောင်းမယ့်ပုံပဲ။"
လူစီယန်၏ စိတ်လှုပ်ရှားမှုမှာ တစ်စုံတစ်ခုကို သတိပြုမိလိုက်သဖြင့် အနည်းငယ် လျော့ကျသွားသည်။
ဘာမှ ကျမလာချေ။
အပိုပစ္စည်းများ မရှိ။
လျှို့ဝှက်ဆုလာဘ်များလည်း မရှိ။
"ဟူး။ ကျလာတဲ့ပစ္စည်ူးတွေမရှိဘူးပေါ့။ ဒါပေမဲ့လည်း ဒီမျိုးစေ့က ပစ္စည်းကျလာတဲ့အရာကနေ ရလာတာပဲလေ" ဟု သူရေရွတ်လိုက်သည်။
သို့သော် သူ စိတ်ပျက်မနေခဲ့ပါ။
သူ အတွေ့အကြုံအရ သင်ယူခဲ့ပြီးပြီဖြစ်သည်။
အားလုံးကို ရိတ်သိမ်းမည့်အစား နှစ်ခုသာ သူ ယူလိုက်သည်။ သူသည် စောင့်ဆိုင်းချင်သေးသည်... ၎င်းတို့၏ ပန်းများပွင့်လာပြီး မျိုးစေ့များ ထွက်လာသည်အထိပေါ့။
ဤသို့သော အဖိုးတန် အရာမျိုးကို အလကား မဖြုန်းတီးပစ်နိုင်ပါ။
'ကေးလ်သာ မျိုးစေ့တွေ ထပ်ယူလာရင် အသုံးချလို့ ရဦးမှာပဲ' ဟု သူတွေးလိုက်သည်။
လူစီယန်သည် ဆောင်းရာသီမုန်လာဥဖြူဘက်သို့ လှည့်ကာ ထိုနည်းအတိုင်းပင် ပြုလုပ်လိုက်သည်။
ထို့နောက် လက်ကို တစ်ချက်ယမ်းလိုက်ကာ ၎င်းတို့ကို သူ၏ သိုလှောင်နေရာထဲသို့ သိမ်းလိုက်သည်။
<နေရောင်ခြည်မုန်လာဥနီ>
အမျိုးအစား: စားသုံးနိုင်သောအရာ
ရှားပါးမှု: ရှားပါး
ဖော်ပြချက်: တစ်စိတ်တစ်ပိုင်း စားသုံးပါက မီးစွမ်းအင်အတွက် ဂုဏ်သတ္တိတစ်ခု ပေးစွမ်းနိုင်သည်
<ဆောင်းရာသီမုန်လာဥဖြူ>
အမျိုးအစား: စားသုံးနိုင်သောအရာ
ရှားပါးမှု: ရှားပါး
ဖော်ပြချက်: တစ်စိတ်တစ်ပိုင်း စားသုံးပါက ရေခဲစွမ်းအင်အတွက် ဂုဏ်သတ္တိတစ်ခု ပေးစွမ်းနိုင်သည်
လူစီယန်၏ မျက်လုံးများမှာ စိတ်လှုပ်ရှားမှုကြောင့် တောက်ပလာသည်။
"ဒါက ငါ့ကို မီးစွမ်းအင်ပေးခဲ့တဲ့ မီးလျှံနှလုံးသားပုံဆောင်ခဲနဲ့ တူတယ်... ဒါပေမဲ့ ဒါတွေကို စားလို့ရတယ်!"
သူ၌ မီးစွမ်းအင် ရှိနှင့်ပြီးဖြစ်သဖြင့် စင်စစ်အားဖြင့် နေရောင်ခြည်မုန်လာဥနီ မလိုအပ်သော်လည်း သိချင်စိတ်က ပိုများနေသည်။
သူ ဘာအရသာရှိသလဲ သိချင်သည်။
အထူးသဖြင့် ဆောင်းရာသီမုန်လာဥဖြူကို ပို၍ စားချင်စဖွယ် ဖြစ်မိသည်။
စွမ်းအင်အာနိသင် ရရှိရန် မည်မျှ စားသုံးရမည်ကို မသိသေးသော်လည်း သိနိုင်မည့် နည်းလမ်းတစ်ခုတည်း ရှိသည်။
စမ်းသပ်ကြည့်ဖို့သာ။
ပြီးတော့ သူသည် ရေခဲစွမ်းအင်ကိုလည်း ရရှိချင်နေသည်။
မျက်နှာပေါ်တွင် အပြုံးတစ်ခုကို ဆောင်ယူလျက် လူးရှင်းသည် မီးဖိုချောင်ဘက်သို့ ဦးတည်လိုက်သည်။
သူ၏ ခြေလှမ်းများမှာ ပေါ့ပါးနေသည်။
သူသည် ၎င်းတို့ကို လှီးဖြတ်ကာ အသေးစိတ်လေ့လာပြီး အစွမ်းအစအပြည့်ကို ထုတ်ဖော်ရန် စိတ်မရှည်တော့ချေ။
နောက်ထပ် ပိုင်ဆိုင်မှုတစ်ခု တိုးလာသည်။
၎င်းမှာ အလွန်ပင် စိတ်လှုပ်ရှားစရာကောင်းသည်။
•••
ထိုညနေခင်းတွင်။
သတင်းမှာ နယ်မြေအတွင်း မီးတောက်တစ်ခုကဲ့သို့ လျင်မြန်စွာ ပျံ့နှံ့သွားသည်။
သတင်းရင်းမြစ်မှာ မည်သူနည်း။
ဆီဆီးလ်၊ စီမံခန့်ခွဲရေးဌာန၏ စိတ်အားထက်သန်သော ကိုယ်စားလှယ်ပင် ဖြစ်သည်။
သူသည် ရင်ကော့ကာ ကြက်ဖကြီးတစ်ကောင်ကဲ့သို့ ဂုဏ်ယူစွာဖြင့် လမ်းလျှောက်လာသည်။ သူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခုက အပြည့်ပင်။
အကြောင်းရင်းမှာ တစ်ခုတည်းသာ ရှိသည်။
သူသည် စွမ်းရည်တစ်ခုကို သင်ယူတတ်မြောက်သွားပြီ ဖြစ်သည်။
တကယ့် စွမ်းရည်အစစ်အမှန်... လူစီယန်က ဌာနအသီးသီးသို့ ဝေငှပေးထားသည့် စာအုပ်များမှ ရရှိခဲ့ခြင်းဖြစ်ကြောင်း သူပြောပြသည်။
ဆီဆီးလ် ၏ သဘာဝအတိုင်း ထိုသတင်းမှာပျံနှံသွားသည်။
တကယ်တော့ သူ သိသည့်အချိန်မှာပင် လူတိုင်းကပါ သိရှိသွားကြသည်။
အချိန်မဆွဲတော့ဘဲ သူသည် သူ့ဌာနမှ သူငယ်ချင်းများနှင့် စပ်စုတတ်သူများကို စုဝေးစေလိုက်သည်။
အမူအရာအမျိုးမျိုးဖြင့် သူသည် ထိုစွမ်းရည်၏ အမည်ကို ကြေညာလိုက်သည်။
တည်ငြိမ်သောလက်။
ထို့နောက် ညာလက်တွင် ကလောင်တံ၊ ဘယ်လက်တွင် စာရွက်ကို ကိုင်လျက် သူသည် စင်မြင့်ထက်သို့ တက်လာသည်။
သို့သော် ဒါက ရိုးရိုးရှင်းရှင်း ပြသမှုမျိုး မဟုတ်ပါ။
မဟုတ်ပါ။ ဒါက ဆီဆီးလ်၏ ဖျော်ဖြေပွဲ ဖြစ်သည်။
သူသည် မျက်လုံးများကိုမှိတ်လိုက်သည်။
သူ၏ ခန္ဓာကိုယ်ကို အဆင်မပြေတဲ့ ပုံစံမျိုးဖြင့် ကွေးညွှတ်လိုက်သည်။
ခြေတစ်ဖက်ကို ဝေဟင်သို့ မြှောက်လိုက်သည်။
ပြီးတော့... သူသည် စာရေးရင်းဖြင့် စက်ဝိုင်းပုံစံ ခုန်နေလိုက်သည်။
လူအများကြားတွင် အံ့ဩသံများနှင့် ရယ်မောသံများ ထွက်ပေါ်လာသည်။
လူများမှာ နားမလည်နိုင်စွာဖြင့် တစ်ဦးကိုတစ်ဦး ကြည့်နေကြသည်။
"သူ ဘာလုပ်နေတာလဲ" ဟု တစ်ယောက်က ရေရွတ်လိုက်သည်။
သို့သော် ဆီဆီးလ် မရပ်တန့်ခဲ့ပါ။
သူသည် အဆုံးသတ်တွင် ခပ်သွက်သွက် လှည့်ပတ်လိုက်ပြီး စာရွက်ကို ဂုဏ်ယူစွာ မြှောက်ပြလိုက်သည်။
ကြည့်လိုက်ကြသောအခါ တိတ်ဆိတ်သွားသည်။
စာသားမှာ...
ပြီးပြည့်စုံသည်။
သေသပ်သည်။
လှပသည်။
စွန်းထင်းမှု တစ်ချက်မှ မရှိသလို စာလုံးပေါင်း အမှားလည်း တစ်လုံးမျှ မရှိပေ။
မျဉ်းကြောင်းတိုင်းမှာ ဖြောင့်စင်းနေပြီး စာလုံးတိုင်းမှာ လှပစွာ ရေးသားထားသည်။
အပြစ်ဆိုဖွယ်ရာ မရှိ။
သူတို့၏ မျက်လုံးများ ပြူးကျယ်သွားသည်။
ပါးစပ်များ ဟလျက်ကြောင်နေသည်။
သံသယရှိသူများပင် အံ့အားသင့်သွားကြသည်။
ဆီဆီးလ်သည် မှော်ပညာသစ်တစ်ရပ်ကို ရှာဖွေတွေ့ရှိလိုက်သည့်အလား ရင်ကော့ကာ ဂုဏ်ယူနေသည်။
တစ်နည်းအားဖြင့် သူ ရှာဖွေတွေ့ရှိလိုက်ခြင်း ဖြစ်နိုင်သည်။
အချို့က မည်သို့လုပ်သနည်းဟု မေးကြသည်။
အချို့က ရိုးရိုးရှင်းရှင်းပင် အားပေးကြသည်။
အချို့မှာမူ စကားမပြောနိုင်လောက်အောင် ဖြစ်သွားကြသည်။
ဆီဆီးလ်သည် သူတို့၏ တုံ့ပြန်မှုများကို ခံယူရင်း ရင်ကို ပို၍ ကော့လိုက်သည်။
သို့သော် သူသည် သူ၏ အောင်မြင်မှုကို ဝှက်ထားခြင်း မရှိပါ။
"ငါ ပြောသားပဲ!" ဟု သူ ကြေညာသည်။ "ငါတို့ရဲ့ အရှင်သခင်က အရာရာကို သိမြင်တော်မူတယ်။ သူပေးထားတဲ့ စာအုပ်တွေကို လိုက်နာေလ့ကျင့်ရုံနဲ့တင် ဒီစွမ်းရည်ကို ရခဲ့တာလေ! ဟား! အရှင်သခင်ရဲ့ ဉာဏ်ပညာကို တကယ့်ကို နားလည်တဲ့သူက ငါတစ်ယောက်တည်းပဲ ဖြစ်မယ်!"
ထိုစကားက လူတိုင်း၏ စိတ်တွင် မီးစတစ်ခုကို ထည့်ပေးလိုက်သကဲ့သို့ ဖြစ်သွားသည်။
ကြွားဝါရာမှ စတင်ခဲ့သော အရာမှာ ယခုအခါ ပြိုင်ဆိုင်မှုအဖြစ် ပြောင်းလဲသွားသည်။
မျက်လုံးများ ပြူးကျယ်သွားကြသည်။
သူတို့၏ နောက်ကွယ်တွင် မီးတောက်များ ထတောက်နေသည်။
ဆီဆီးလ်သည် မရည်ရွယ်ဘဲ အခြားအရာတစ်ခုကို လှုံ့ဆော်ပေးလိုက်မိသည်။
လူအုပ်ကြီးမှာ စိတ်အားထက်သန်စွာဖြင့် ရေရွတ်နေကြသည်။ သူတို့၏ အာရုံစိုက်မှုမှာ တစ်ချိန်က အရေးမထားခဲ့သည့် စာများဆီသို့ ရောက်သွားသည်။
"ဒါက ရိုးရိုးရှင်းရှင်း မဟုတ်မှန်း ငါသိေနတယ်" ဟု တစ်ယောက်က ပြောသည်။ "ဒါပေမဲ့... ကျွမ်းကျင်မှုရဖို့ ခက်တယ်"
"ဟုတ်တယ်၊ ငါတို့ရဲ့ ဟာတွေက ပိုပြီး ပင်ပင်ပန်းကြိုးစား ရတယ်။ ငါတို့ ခန္ဓာကိုယ်တစ်ခုလုံး သုံးရတာ" ဟု အခြားသူတစ်ယောက်က ဝင်ပြောသည်။ "ဒါပေမဲ့ ဆီဆီးလ်၊ စောင့်ကြည့်နေ။ ငါတို့ဌာနက မင်းတို့ဌာနကို ရှုံးမှာ မဟုတ်ဘူး!"
သူ၏ လုပ်ဖော်ကိုင်ဖက်များနှင့် အခြားသူများမှာ ပြိုင်ဆိုင်မှု ပြင်းထန်လာသော်လည်း ထိုစွမ်းအင်မှာ လျင်မြန်စွာ ပျံ့နှံ့သွားသည်။
စိတ်အားထက်သန်မှုအသစ်တစ်ခု နိုးထလာသည်။
စွမ်းရည်တစ်ခုကို သင်ယူလိုစိတ်... ကိုယ်ပိုင်ကြိုးစားမှုဖြင့် အစွမ်းထက်သောအရာတစ်ခုခုကို ရယူလိုစိတ်!
သာမန်လူများအတွက်မူ ၎င်းမှာ လက်လှမ်းမမီနိုင်ဟု ထင်ခဲ့ရသော အိပ်မက်တစ်ခု ဖြစ်သည်။
သို့သော်... သူတို့၏ အရှင်သခင်က ထိုသော့ချက်ကို ပေးအပ်ခဲ့သည်။ ကျွမ်ူကျင်မှုစာအုပ် ပုံစံဖြင့်ပေါ့။
သူတို့ အချိန်မဆွဲခဲ့ကြပါ။
တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြသည်။ သူတို့၏ အခန်းများသို့ အလောတကြီး ပြန်သွားကာ စာအုပ်များကို ပြန်ကြည့်ကြသည်။
မျှော်လင့်ချက်၊ ရည်မှန်းချက်များနှင့် သူတို့လည်း စွမ်းရည်တစ်ခုကို နိုးထစေနိုင်မလားဆိုသည့် စိတ်လှုပ်ရှားဖွယ် တွေးတောမှုများဖြင့် သူတို့ ရုန်းကန်နေကြသည်။
•••
နောက်တစ်နေ့ နံနက်တွင်။
လူစီယန်သည် ညက ဖြစ်ပျက်ခဲ့သည်များကို နောက်ဆုံးတွင် ကြားလိုက်ရသည်။
သူ မရယ်မောဘဲ မနေနိုင်ခဲ့ပါ။
ဆီဆီးလ် သည် နယ်မြေတစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့သည်။ကြွားဝါသည့် စကားလုံးအနည်းငယ်ဖြင့် သူသည် ဌာနအသီးသီးတွင် ပြိုင်ဆိုင်မှုနှင့် စိတ်အားထက်သန်မှုကို ဖြစ်ပေါ်စေခဲ့သည်။
လူစီယန်သည် ကုလားထိုင်ပေါ်တွင် မှီထိုင်လိုက်ကာ ကျေနပ်သည့် အပြုံးဖြင့် ပြုံးလိုက်သည်။
"သူ သူတို့ကို ကောင်းကောင်း လှုံ့ဆော်လိုက်တာပဲ။"
ယခုအခါ သူ စိတ်ပူစရာ မလိုတော့ပါ။ လူတိုင်းသည် ထိုမှစာအုပ်များကို အလေးအနက် ထားကြလိမ့်မည်။
စွမ်းရည်များ ရယူလိုစိတ်မှာ တောက်လောင်နေပြီဖြစ်သည်။
သူသည် ဆီဘတ်စ်ဘက်သို့ လှည့်လိုက်သည်။
"ဆီဆီးလ်ကို ခေါ်ပေးနိုင်မလား။"
"ဟုတ်ကဲ့၊ အရှင်သခင်။"
"ကောင်းပြီ။ သူ့ကို ဆုပေးဖို့ ရှိတယ်။"
လူစီယန်သည် ဆီဆီးလ်က ထိုဆုကို ဆုဖလားတစ်ခုကဲ့သို့ ဝင့်ကြွားစွာ လျှောက်ပြနေပုံကို မြင်ယောင်နေသည်။ ၎င်းက အခြားသူများကို ပို၍ ပြင်းပြင်းထန်ထန် ကြိုးစားစေလိမ့်မည်။
သို့သော် မည်သည့်ဆု ပေးရမည်နည်း။
သူ မျက်မှောင်ကြုတ်လိုက်သည်။
"ကိုယ်တိုင်ပဲ မေးကြည့်လိုက်တာ ပိုကောင်းမယ်။"
ဒီလိုတိုးတက်မှုမှာ လုံးဝ မမျှော်လင့်ထားခြင်းမျိုး မဟုတ်ပါ။
လူစီယန်သည် စီမံခန့်ခွဲရေးဌာနက စွမ်းရည်တစ်ခုကို ပထမဆုံး နိုးထစေလိမ့်မည်ဟု ခန့်မှန်းထားခဲ့သည်။ သူတို့၏ အလုပ်မှာ ပို၍ ထိန်းချုပ်ရလွယ်ပြီး အခြားဌာနများ၏ ကိုယ်လက်လှုပ်ရှားမှုထက် လိုအပ်ချက်များမှာ ပို၍ လွယ်ကူသည်။
သို့သော်လည်း... လွယ်ကူလှသည်တော့ မဟုတ်ပါ။
ဆီဆီးလ်က ပထမဆုံး ဖြစ်လာလိမ့်မည်ဟု သူ မထင်ထားခဲ့ပါ။
သူ့တွင် အရည်အချင်း အနည်းငယ် ရှိနေရမည်။
လူစီယန်၏ အပြုံးမှာ ပို၍ နက်ရှိုင်းလာသည်။
ဆီဆီးလ် ဘာတောင်းဆိုမလဲဆိုတာကို သူ သိချင်နေသည်။
လူစီယန်သည် ဆီဆီးလ် ရရှိခဲ့သည့် စွမ်းရည်အသေးစိတ်ကို ပြန်ကြည့်ကာ ခေါင်းညိတ်လိုက်သည်။
စွမ်းရည် (တက်ကြွ): ကြယ်နှစ်ပွင့်
ပုံသဏ္ဌာန်: ကလောင်တံကို ကိုင်ထားသည့် လက်တစ်ဖက်၊ စာလုံးတစ်လုံးကို ရေးသားနေသည့် ပုံစံ
အမည်: တည်ငြိမ်သောလက်
ဖော်ပြချက်: သင်၏ လက်မှာ တုန်ယိခြင်း မရှိပေ။ သင်၏ စာရေးသားမှုမှာ မျက်လုံးပိတ်ထားသည်ဖြစ်စေ၊ အဆင်မပြေသော ပုံစံဖြစ်စေ ပြီးပြည့်စုံနေမည်ဖြစ်သည်။
ရရှိနိုင်ပုံ:
• စာသားတစ်ခုတည်းကို စာလုံးတစ်လုံးမျှ မလွဲမချော်ဘဲ အကြိမ် ၁၀၀ ကူးရေးပါ
• မျက်လုံးပိတ်ထားစဉ်တွင် သင့်နာမည်ကို အကြိမ် ၁၀၀ တိကျစွာ ရေးသားပါ
မကြာမီပင် ဆီဘတ်စ် ပြန်ရောက်လာသည်။ ဆီဆီးလ်သည် သူ၏ နောက်သို့ လိုက်ပါလာသည်။
ထိုလူငယ်သည် ဦးညွှတ်လိုက်သည်။
"အရှင်သခင်၊ ကျွန်တော့်ကို ခေါ်တော်မူပါသလား။"
လူစီယန် ခေါင်းအနည်းငယ် ညိတ်ကာ ဆီဆီးလ်က ယဉ်ကျေးမှုကို မည်သို့ သဘာဝကျစွာ လိုက်နာနေသည်ကို ကြည့်လိုက်သည်။
'ဆီဘတ်စ်က သူ့ကို ကောင်းကောင်း လေ့ကျင့်ပေးထားတာပဲ' ဟု သူတွေးလိုက်သည်။
"ဘာဖြစ်ခဲ့လဲဆိုတာ ငါကြားတယ်" ဟု လူစီယန် စတင်ပြောလိုက်သည်။
ချက်ချင်းပင် ဆီဆီးလ် တောင့်တင်းသွားသည်။ သူ၏ မျက်လုံးများ ပြူးကျယ်သွားပြီး ဂုတ်ကို စိုးရိမ်တကြီး ပွတ်သပ်လိုက်သည်။
သူသည် အဆူခံရတော့မည်ဟု ထင်နေပုံရသည်။
လူစီယန်မရယ်ဘဲ မနေနိုင်ခဲ့ပါ။
"စိတ်လျှော့ပါ" ဟု သူ၏ နှုတ်ခမ်းဖျားတွင် အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ "ငါ မင်းကို ခေါ်တာ ဆုပေးချင်လို့ပါ။"
ဆီဆီးလ် မျက်တောင် ခတ်လိုက်သည်။
"ဆု... ဟုတ်လား။"
"ဟုတ်တယ်။ ပြောစမ်းပါဦး..." လူစီယန် အနည်းငယ် ရှေ့သို့ တိုးလိုက်သည်။ "...မင်း လိုချင်တာ တစ်ခုခု ရှိလား။"
တွေဝေမှုမှာ ချက်ချင်း ပျောက်ကွယ်သွားသည်။
ဆီဆီးလ်၏ မျက်လုံးများမှာ ကြယ်များကဲ့သို့ တောက်ပလာသည်။
"အရှင်သခင်၊ တကယ်ပဲ ကျွန်တော် ဘာမဆို တောင်းဆိုလို့ ရပါသလား။"
လူစီယန် သူ့ကို ခဏလောက် စိုက်ကြည့်လိုက်သည်။
ဆီဆီးလ် သည် မဖြစ်နိုင်သည့်အရာတစ်ခုခုကို တောင်းဆိုတော့မည်ကို သူ သိနေသည်။ သူ၏ ခံစားချက်များမှာ မှားလေ့မရှိပါ။
ထို့ကြောင့် သူ စိတ်ကူးယဉ် မလွန်သွားမီ လူစီယန် က ထပ်ပြောလိုက်သည်။
"ငါ လုပ်ပေးနိုင်တဲ့အရာ ဆိုရင်တော့... ရပါတယ်။"
လူစီယန် ၏ စကားကြောင့် ဆီဆီးလ် ၏ စိတ်လှုပ်ရှားမှုမှာ ပေါက်ကွဲထွက်သွားသည်။
"အရှင်သခင်! တကယ်တော့... ကျွန်တော် မှော်ပညာကို သင်ယူချင်ပါတယ်။ ဒါပေမဲ့... ကျွန်တော့်မှာ ဘယ်ဓာတ်မှ မရှိပါဘူး။ ဟူး—"
ဖတ်ခနဲ!
ဆီဆီးလ် ၏ ခေါင်းကို ဆီဘတ်စ်က ညင်သာစွာ ရိုက်လိုက်သည်။
"အရှင်သခင်က တုတ်တစ်ချောင်း ပေးထားတာကို အခု မင်းက တိုင်တစ်တိုင်ပါ တောင်းနေတာလား!"
သူ၏ လေသံမှာ ပြတ်သားသော်လည်း ဆရာတစ်ယောက်က တပည့်ကို ဆူနေသကဲ့သို့ ဖြစ်သည်။
လူစီယန် မရယ်ဘဲ မနေနိုင်ခဲ့ပါ။
ထိုအပြန်အလှန် ဆွေးနွေးမှုမှာ ပျော်စရာကောင်းသလို... ရင်းနှီးနေသည်။
သူသည် ဆီဆီးလ် ၏ မျက်လုံးထဲတွင် အပြစ်ကင်းစင်မှုကို မြင်နေရသည်။ ထိုဆန္ဒမှာ လောဘကြောင့် မဟုတ်ဘဲ မျှော်လင့်ချက်ကြောင့်ဖြစ်သည်။ သူ၏ စိတ်ကူးယဉ်မှုမှာ အလွန်အကျွံ ဖြစ်နိုင်သည်... သို့သော် သူ၏ နှလုံးသားမှာ စင်ကြယ်သည်။
လူစီယန် တစ်ချိန်က ဖြစ်ခဲ့ဖူးသကဲ့သို့ပင်။
လူတိုင်းသည် မှော်ပညာကို အိပ်မက်မက်ကြသောကြောင့် ဖြစ်သည်။
လူစီာန် သိသည်။ ဆီဆီးလ် က သူ့ကံကို စမ်းကြည့်ခြင်းသာ ဖြစ်သည်။ သူသည်လည်း ၎င်းမှာ မဖြစ်နိုင်ကြောင်းကို အတွင်းစိတ်ထဲတွင် သိရှိနေမည်ဖြစ်သည်။ ထို့ကြောင့်ပင် ဆီဘတ်စ်က ချက်ချင်း ဆူပူလိုက်ခြင်း ဖြစ်သည်။
သို့သော် ဆီဆီးလ်၏ အတွင်းစိတ်တွင် တစ်စုံတစ်ခု ပြောင်းလဲသွားခဲ့သည်။ လူစီယန် သည် သူ့ကို စွမ်းရည်တစ်ခု ပေးခဲ့ပြီး ဖြစ်သည်။ ထိုလက်ဆောင်က သူ့စိတ်အားကို ပြန်လည် နိုးထစေခဲ့သည်။
ပြီးတော့ လူစီယန် သည် မဖြစ်နိုင်သည်ကို လိုက်လံရှာဖွေခြင်း၏ ခံစားချက်ကို မည်သူထက်မဆို ပို၍ နားလည်သည်။
သူ ခေါင်းအနည်းငယ် ညိတ်လိုက်သည်။
အရင်ကဆိုလျှင်... ထိုကဲ့သို့ တောင်းဆိုမှုကို သူ ဖြည့်ဆည်းပေးနိုင်မည် မဟုတ်ပါ။
သို့သော် ယခုမူ...
လူစီယန် သည် သူ၏ သိုလှောင်နေရာထဲသို့ လက်လှမ်းလိုက်ပြီး ဖန်ပုလင်းငယ်လေးတစ်ခုကို ထုတ်ယူလိုက်သည်။
အတွင်းတွင် မီးတောက်နေသော နေရောင်ခြည်ကဲ့သို့ အနီရောင် အရည်များ လှည့်ပတ်နေသည်။
၎င်းမှာ နေရောင်ခြည်မုန်လာဥနီမှ စုစည်းထုတ်ယူထားသော အနှစ်သာရ ဖြစ်သည်။