အခန်း (၃၁) - အံ့အားသင့်ဖွယ် တွေ့ရှိချက်
လူစီယန်သည် ကျန်ရှိနေသေးသော ကိုယ်စားလှယ်များကိုလည်း ထိုနည်းအတိုင်းပင် ပြုလုပ်လိုက်သည်။
သူသည် စွမ်းရည်ကတ်များကို တစ်ခုပြီးတစ်ခု သူတို့၏ နဖူးပေါ်သို့ ဖိကပ်လိုက်သည်။
သူတို့ တုန်လှုပ်သွားကြသည်ဆိုလျှင် အနည်းငယ် ပြောလွန်းရာ ရောက်ပေလိမ့်မည်။ သူတို့မှာ ထိတ်လန့်တုန်လှုပ်ခြင်း၊ အံ့ဩခြင်းများဖြင့် ရောထွေးနေကြသည်။
တစ်ခန်းလုံး တီးတိုးစကားသံများဖြင့် ပြည့်နှက်သွားသည်။ ဤကဲ့သို့သော အရာမျိုးကို မည်သူမျှ တစ်ခါမျှ မကြားဖူးခဲ့ကြပေ။
ထိုအတွေ့အကြုံကြောင့် စိတ်ရှုပ်ထွေးနေဆဲဖြစ်သော်လည်း၊ သူတို့သည် မိမိတို့ရရှိလိုက်သော စွမ်းရည်အသစ်များကို ထိုနေရာမှာပင် စတင် စမ်းသပ်ကြည့်ကြသည်။ သူတို့၏ လက်ရှိတာဝန်များနှင့် မည်သို့ ပေါင်းစပ်အသုံးပြုနိုင်မည်ကိုပင် စတင် စဉ်းစားနေကြသည်။
ခဏတာ ငေးမောနေပြီးမှ သတိပြန်ဝင်လာသော ဆီဘတ်စ်စတီယန်က အနည်းငယ် ချောင်းဟန့်လိုက်ပြီး တိုးတိုးလေး ရေရွတ်လိုက်သည်၊ "မျိုးဆက်သစ်တွေက တကယ်ပဲ အရင်မျိုးဆက်တွေကို ကျော်ဖြတ်သွားတာပဲ... လုဒ် သာဆိုရင် ဂုဏ်ယူနေမှာ သေချာတယ်။"(T/N: –ဒီလုဒ်ကMc အဖေပါ)
သို့သော် သူ၏ အသံတွင် မကျေနပ်မှု အရိပ်အယောင် လုံးဝ မရှိပေ။ လောင်းကြေးရှုံးလိုက်ရခြင်းက သူ့ကို စိတ်အနှောင့်အယှက် မဖြစ်စေခဲ့ပါ။
"ငါကတော့... ဆီဘတ်စ်စတီယန် ဖြစ်သွားပြီပေါ့လေ" ဟု သူ ခေါင်းခါရင်း ရယ်မောလိုက်သည်။
လူစီယန်သည် လူတိုင်းကို စွမ်းရည်အသစ်များကို စမ်းသပ်ရန် အချိန်ပေးလိုက်သည်။ ဤအရာအားလုံးမှာ အလွန်တုန်လှုပ်ဖွယ်ေကာင်းသည့်အတွက် သူတို့ အသားကျရန် အချိန်ယူရမည်ကို သူ နားလည်သည်။
ထို့နောက် ကလဲရာ ရှေ့သို့ တိုးလာသည်။ စကားမပြောဘဲ သူမသည် ဒူးတစ်ဖက်ကို မြေပေါ်သို့ ချလိုက်သည်။
သစ္စာရှိကြောင်း အဓိဋ္ဌာန်ပြုခြင်းဖြစ်သည်။
အခြားသူများလည်း သူမနောက်မှ လိုက်ပါ၍ တစ်ယောက်ပြီးတစ်ယောက် ဒူးထောက်လိုက်ကြသည်။
လူစီယန်သည် သူတို့၏ အခြေအနေများကို စစ်ဆေးလိုက်သည်။ ကျန်ရှိသူအားလုံးမှာ သစ္စာရှိမှု ၉၉ အထိ ရောက်ရှိသွားပြီ ဖြစ်သည်။ ဆီဘတ်စ်စတီယန်မှလွဲ၍ ကျန်သူအားလုံး ဖြစ်သည်။ ဆီဘတ်စ်စတီယန်၏ သစ္စာရှိမှုမှာမူ ၁၀၀ အထိ အပြည့်ရှိနေကြောင်း လူစီယန် သိရှိပြီး ဖြစ်သည်။
'၁၀၀ ပြည့်ဖို့က နီးစပ်နေပြီပဲ...' ဟု သူ တွေးလိုက်သည်။ 'ဘာတွေ ထပ်လုပ်ရဦးမလဲ?'
၎င်းမှာ သူ နောက်မှ ထပ်မံ စဉ်းစားရမည့် မေးခွန်းတစ်ခု ဖြစ်သည်။
လူစီယန်က လက်ကို မြှောက်လိုက်သည်။ "အားလုံး ထကြပါ။ ငါ့ရှေ့မှာ ဒူးထောက်နေတာကို ငါ မနှစ်သက်ဘူး။ မင်းတို့ရဲ့ သစ္စာရှိမှုက တည်မြဲနေသရွေ့ အဲဒါက လုံလောက်ပါပြီ။"
"ငါ မေ့တော့မလို့ ...." ဟု လူစီယန်က ပေါ့ပေါ့ပါးပါး လေသံဖြင့် ထပ်ပြောသည်။
သူသည် လျင်မြန်သော လက်ဟန်တစ်ခုဖြင့် နောက်ထပ် စာအုပ်တစ်အုပ်ကို ခေါ်ယူလိုက်သည်။
လေထုမှာ ပြောင်းလဲသွားသည်။
မွန်းစတားဒတ် ပေါ်လာသည်။
၎င်းသည် ယခင်စာအုပ်ထက် ပို၍ ထူထဲ၊ လေးလံပြီး ပို၍ ဩဇာညောင်းပုံပေါက်သည်။ ၎င်း၏ အဖုံးမှာ စွမ်းအင်များနှင့်အတူ အနည်းငယ် တုန်ခါနေသည်။
သူတို့ဆီမှ အံ့ဩသံတုန်လှုပ်သံများ ထွက်ပေါ်လာသည်။ ကိုယ်စားလှယ်များမှာ အလိုအလျောက်ပင် နောက်သို့ တစ်လှမ်း ဆုတ်လိုက်ကြသည်။
ဆီဘတ်စ်စတီယန်သည် သူ၏ မျက်လုံးများကို ပွတ်သပ်လိုက်သည်။ သူသည် စာအုပ်ကို စူးစိုက်ကြည့်နေပြီး စိတ်ရှုပ်ထွေးနေသည်။ သူ၏ မျက်နှာပေါ်တွင် ယခင်က သိရှိခဲ့ဖူးသည့် အရိပ်အယောင် လုံးဝ မရှိပေ။
သို့သော်... ရုတ်တရက် သူ သဘောပေါက်သွားသည်။ သူ၏ မျက်လုံးများ အံ့ဩတုန်လှုပ်စွာ ပြူးကျယ်သွားပြီးနောက် လွမ်းဆွတ်မှုတို့ဖြင့် ပြည့်နှက်နေသည့် အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။
'သခင်ငယ်ေလးက သူတို့ရဲ့ ကလေးပါပဲဆိုတော့ဖြစ်သင့်ပါတယ်လေ...' ဟု သူ တွေးလိုက်သည်။ သူ၏ ရင်ဘတ်ထဲတွင် တိတ်ဆိတ်သော ဂုဏ်ယူမှုတစ်ခု လှုပ်ရှားလာသည်။
လူစီယန်သည် စာအုပ်ကို ပထမဆုံး စာမျက်နှာတွင် ဖွင့်လိုက်သည်။
လှပသော ရှုခင်းတစ်ခုက စာရွက်ပေါ်တွင် ပေါ်လာသည်။ ၎င်း၏ ဗဟိုချက်တွင်... သူ၏ အိမ်မွေးတိရစ္ဆာန် ရှိနေသည်။
လူစီယန်သည် မျှော်လင့်ချက်အပြည့်ဖြင့် ပုံရိပ်ကို လက်ညှိုးဖြင့် ပုတ်လိုက်သည်။
"ခေါ်ယူမည် ။"
အိမ်မွေးတရစ္ဆာန်ပုံစံက တောက်ပလာသည်။
'ဖွတ်' ဟူသော အသံပျော့ပျော့လေးနှင့်အတူ သက်တန့်ရောင် စလိုင်း သည် စာမျက်နှာထဲမှ ခုန်ထွက်လာပြီး ကြမ်းပြင်ပေါ်သို့ ဆင်းသက်လာသည်။
"ပီပီ!"
အခန်းထဲတွင် ထိတ်လန့်သံများ ပေါ်ထွက်လာသည်။
"မွန်းစတားတစ်ကောင်လား!"
"သခင်လေး၊ ကျေးဇူးပြုပြီး နောက်ဆုတ်ပေးပါ!"
"သေချာပြီ! သခင်လေးကို ကာကွယ်ကြ!"
ထိတ်လန့်မှုများ ဖြစ်ပေါ်လာသည်။ ကိုယ်စားလှယ်များမှာ လျင်မြန်စွာ လှုပ်ရှားလိုက်ကြပြီး သခင်လေး လူစီယန်ကို ကာကွယ်ရန် အဆင်သင့် ဖြစ်နေကြသည်။
လူနှစ်ယောက်သာ မလှုပ်ရှားဘဲ နေကြသည်။
တည်ငြိမ်စွာ စောင့်ကြည့်နေသည့် ဆီဘတ်စ်စတီယန်နှင့် မျက်တောင်အမြန်ခတ်နေသော်လည်း ရွေ့လျားခြင်းမရှိသော ကလဲရာတို့ ဖြစ်သည်။
ဆီဘတ်စ်စတီယန်သည် လက်ကို မြှောက်လိုက်ပြီး ကျန်သူတို့ကို တားလိုက်သည်။
"ထိတ်လန့်စရာ မလိုပါဘူး" ဟု သူ တည်ကြည်စွာ ပြောသည်။ "ဒီကောင်ဆီကနေ မကောင်းတဲ့ ရည်ရွယ်ချက်ကို ငါ မခံစားရဘူး။"
ဆီဘတ်စစ်တီယန် ခဏ ရပ်လိုက်သည်။
'ပြီးတော့... ဒါက သခင်လေးရဲ့ စာအုပ်ထဲကနေ ထွက်လာတာလေ။ ဒါဆိုရင်တော့ သူငယ်ချင်းပေါ့' ဟု သူ တွေးလိုက်သည်။
သူတို့၏ တုံ့ပြန်ပုံကြောင့် လူစီယန် ရယ်မောခြင်းကို မထိန်းနိုင်တော့ပေ။
"အားလုံးပဲ၊ စိတ်အေးအေးထားကြပါ" ဟု သူ ပြောသည်။ "စိုးရိမ်စရာ မရှိပါဘူး။ ငါ့ရဲ့ အိမ်မွေးတိရစ္ဆာန်လေးကို မိတ်ဆက်ပေးပါရစေ။ ဒါပေမဲ့... ရန်လိုတဲ့ မွန်းစတားကောင်လို့ ထင်ပြီး မတော်တဆ ထိခိုက်မိအောင် မလုပ်မိကြစေနဲ့ဦး၊ ဟုတ်ပြီလား?"
သူ ခဏ ရပ်လိုက်ပြီး သူ့ခြေထောက်နားမှာ တုန်ခါပျော်မြူးနေသည့် စလိုင်း ကို ငုံ့ကြည့်လိုက်သည်။
"အော် ဟုတ်သားပဲ။ မင်းမှာ နာမည်သေးမရှိသေးဘူး။"
စဉ်းစားတွေးတောရင်း လူစီယန်သည် လက်ကို မေးစေ့အောက် ထားလိုက်သည်။
ထိုစလိုင်းကောင်သည် သူ၏ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေသကဲ့သို့ ဖြည်းဖြည်းချင်း တုန်ခါနေသည်။
ခဏအကြာတွင် သူသည် လက်ကို တောက်လိုက်သည်။
"စကစ်တယ် ။ ဘယ်လိုလဲ ကြိုက်လား? ဟားဟား။"
သက်တန့်ရောင် အကျိအချွဲကောင်သည် သူ့နာမည်သစ်ကို ကြားလိုက်ရသဖြင့် ပျော်ရွှင်စွာ တုန်ခါနေတော့သည်။
၎င်းသည် နာမည်ကို သဘောတူကြောင်း ပြသသည့်အနေဖြင့် စိတ်အားထက်သန်စွာဖြင့် "ပွီ! ပွီ!" ဟု အသံပြုလိုက်သည်။
ထို့နောက်တွင်တော့ ခုန်ပေါက်လိုက်ပြီး လူစီယန်၏ လက်မောင်းများထဲသို့ ခုန်ဝင်ကာ သူ၏ ရင်ဘတ်တွင် နွေးထွေးစွာဖြင့် တိုးဝှေ့နေတော့သည်။
လူစီယန်က ရယ်မောလိုက်ပြီး သူ့ကို တင်းကျပ်စွာ ပွေ့ဖက်ထားလိုက်သည်။ "ဒီနာမည် ဘယ်ကလာတာလဲဆိုတာသာ မင်းသာ သိရင်... မင်း သဘောကျမှာ မဟုတ်ဘူး..."
သူသည် အံ့အားသင့်နေစွာကြည့်ေနေသာသူ၏လက်ေအာက်ငယ်သားများဘက်သို့ ပြန်လှည့်လိုက်သည်။
ထို့နောက် သူသည် လည်ချောင်းကို ရှင်းလိုက်သည်။
"အဟမ်း။ အဟမ်း။"
ယဉ်ကျေးသော ချောင်းဟန့်သံအချို့ ပေါ်ထွက်လာပြီး လူတိုင်း၏ အာရုံစိုက်မှုကို သူ့ဆီသို့ ပြန်လည် ဆွဲခေါ်လိုက်သည်။
လူစီယန်သည် ထိုအခွင့်အရေးကို အသုံးချကာ ဒန်ဂျန် အကြောင်းကို ရှင်းပြပေးလိုက်သည်။ ယခင်က ဘာတွေ ဖြစ်ပျက်ခဲ့သလဲ၊ ဘာတွေ ပြောင်းလဲသွားသလဲ ဆိုသည်ကို ရှင်းပြသည်။ ကိုးလ်ဟတ်တို့အကြောင်း၊ သူတို့၏ ပတ်သက်မှုနှင့် သူတို့ကြောင့် ဖြစ်ပေါ်လာမည့် ခြိမ်းခြောက်မှုများကိုလည်း ပြောပြခဲ့သည်။
သူသည် ရှင်းပြချက်ကို အကျဉ်းချုပ်သော်လည်း ပြည့်စုံအောင် ပြောပြခဲ့ပြီး သူတို့ ရင်ဆိုင်ရမည့် အခြေအနေကို ရှင်းလင်းစွာ မြင်သာစေခဲ့သည်။
"ဒန်ဂျန် ကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း..." ဟု လူစီယန်က ဆက်လက်ပြောသည်။ "လူတွေ အရမ်းများမသွားအောင် ဌာနခွဲတစ်ခုချင်းစီ အလှည့်ကျ ဝင်ရောက်ရမယ်။ မင်းတို့ စုဆောင်းထားတဲ့ မာနာအူတိုင်တွေကို အသုံးပြုပြီး ပိုသန်မာလာအောင် လုပ်ကြပါ။ မင်းတို့ရဲ့ အဆင့်ကို တတ်နိုင်သလောက် မြန်မြန် မြှင့်တင်ကြပါ။"
သူသည် အရေးကြီးတာပြောရန်အတွက် ခဏ ရပ်လိုက်သည်။
"နောက်ပြီးတော့... ဘော့စ် အခန်းထဲကို အဆင့် (T/N: –အဆင်နှစ်ဆိုတာက ၁ကနေ၁၀ကိုအဆင့်တစ်ပါ ၁၁ကနေနှစ်ဆယ်ကိုမအဆင့်နှစ်ပါ)(၂)မရောက်သေးဘဲနဲ့တော့ ဝင်ဖို့ စိတ်တောင် မကူးပါနဲ့။ အဲဒီအကောင်နဲ့ ငါ ကိုယ်တိုင် တိုက်ဖူးတယ်... ငါ့စကားကို ယုံပါ။ အဲဒါက အရုပ်ကစားတာ မဟုတ်ဘူး။ အဆင့် (၂) ရှိတဲ့သူတွေတောင် အသက်ရှင်လျက် ပြန်ထွက်လာနိုင်ဖို့ မသေချာဘူး။"
ထို့နောက် သူသည် ပုလင်းငယ်လေးများကို ထုတ်ယူပြီး ပေးလိုက်သည်။ ၎င်းတို့မှာ စလိုင်းရေမွှေး ဖြစ်သည်။
"ဒါတွေကို အခြားသူတွေနဲ့ ဝေမျှသုံးကြပါ။"
သူသည် စလိုင်းရေမွှေး ၏ အသုံးပြုပုံနှင့် အကျိုးကျေးဇူးများကို ရှင်းပြလိုက်သည်။
"အဆင့်နိမ့်တဲ့သူတွေအတွက် ကိုယ်ပိုင်အရင်းအမြစ်တွေကို ပိုမိုထိရောက်စွာ ရှာဖွေနိုင်ဖို့ ကူညီပေးလိမ့်မယ်။ သေချာစဉ်းစားပြီး သုံးကြပါ။"
သတင်းအချက်အလက်များ နားလည်သဘောပေါက်သွားစေရန် ခဏစောင့်ပြီးနောက် သူ ခေါင်းညိတ်လိုက်သည်။
"အခုတော့ ဒီလောက်ပါပဲ။ အားလုံး သွားလို့ရပြီ။"
ထို့နောက် သူသည် အနည်းငယ် လှည့်လိုက်ပြီး "စတုန်း၊ တံတိုင်းဒီဇိုင်းတွေကို ငါ စောင့်နေမယ်။ မြန်လေ ကောင်းလေပဲ... ဒါပေမဲ့ အလောတကြီးတော့ မလုပ်နဲ့။ ခိုင်ခံ့ဖို့က အဓိကပဲ။" ဟု မှာကြားလိုက်သည်။
ကိုယ်စားလှယ်များမှာ တစ်ပြိုင်တည်း ဦးညွှတ်လိုက်ကြသည်။ တစ်ယောက်ပြီးတစ်ယောက် သူတို့ လှည့်ထွက်သွားကြသည်။
သူတို့ တစ်ဦးစီသည် လူစီယန်၏ မှာကြားချက်များကို သက်ဆိုင်ရာအဖွဲ့များထံသို့ သယ်ဆောင်သွားကြသည်။
လူစီယန်နှင့် ဆီဘတ်စတီယန်သာ ကျန်ရစ်ခဲ့သည်။
"ဆီဘတ်စ်စတီယန်၊ ကျန်တာတွေကို မင်းပဲ တာဝန်ယူထားပေးပါ။ ငါ အပြင်ခဏ ထွက်သွားဦးမယ်" ဟု လူစီယန်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
"သခင်လေး အမိန့်အတိုင်းပါပဲ။ ပြီးတော့ ကျွန်တော်က ဆီဘတ်စ်စတီယာ—"
ဆီဘတ်စ်စတီယန်သည် စကားတစ်ဝက်တစ်ပျက်တွင် ရပ်တန့်သွားသည်။
ပြီးတော့...
လူစီယန်က ပြုံးစစ ဖြစ်နေသည်။
သူ နောက်တစ်ခါ ထပ်လုပ်ပြန်ပြီ။ နာမည်ကို ရည်ရွယ်ချက်ရှိရှိ လဲလှယ်ခေါ်လိုက်ခြင်းဖြစ်သည်။
တိတ်ဆိတ်သော စနောက်မှု။
သူတို့နှစ်ဦးစလုံး အသားကျနေသော ကစားနည်းတစ်ခု။
ဆီဘတ်စ်စတီယန်သည် သက်ပြင်းချလိုက်ပြီး ထိုစနောက်မှုကို လက်ခံလိုက်ရသည်။
လူစီယန်က ရယ်မောလိုက်ပြီး ထွက်ခွာရန် လှည့်လိုက်သည်။ သူ၏ ရယ်သံများမှာ သူ့နောက်တွင် ပဲ့တင်ထပ်နေသည်။
"သခင်လေးက စကားအနိုင်ယူရတာကိုပဲ သဘောကျနေပုံပါပဲ..." ဟု ဆီဘတ်စ်စတီယန်က တိုးတိုးလေး ရေရွတ်လိုက်သည်။
သူ ရှုံးနိမ့်ခြင်းကို လက်ခံသည့်အနေဖြင့် ခေါင်းခါလိုက်သော်လည်း သူ၏ နှုတ်ခမ်းထောင့်တွင် အပြုံးဖျော့ဖျော့လေး တစ်ခု ပေါ်လာသည်။
သူ့နာမည် ပြောင်းသွားသော်လည်း... တကယ်တမ်းတွင် ဘာမှ ပြောင်းလဲမသွားခဲ့ပါ။
•••
လူစီယန်သည် စကစ်တယ်ကို လက်မောင်းတွင် အသာအယာပွေ့ဖက်လျက် ဝင်္ကပါထဲသို့ ခြေချလိုက်သည်။
သူ ဤနေရာသို့ လာရသည့် အကြောင်းအရင်းနှစ်ချက် ရှိသည်။
နောက်ထပ် ပစ္စည်းများ ထပ်မံရရှိရန် ။
ပြီးလျှင် သူ၏ အဖော်အသစ် စွမ်းဆောင်နိုင်စွမ်းကို စမ်းသပ်ရန်။
"စစ်ဆေးမယ် "
နာမည် - စကစ်တယ်
အသက် - ၀
မျိုးနွယ် - စလိုင်း
အလုပ်အကိုင် - ခေါ်ယူထားသော မွန်းစတား
အဆင့် - ၁၀
ဘွဲ့တံဆိပ် -
• လူစီယန်၏ အိမ်မွေးတိရစ္ဆာန်
စွမ်းရည်များ -
• စလိုင်းပေါင်းစပ်ခြင်း
• ခန္ဓာကိုယ် ခွဲထုတ်ခြင်း
• စလိုင်း ပစ်ခတ်ခြင်း
• ခုန်ပေါက်နိုင်သော ခန္ဓာကိုယ်
• ပစ်ပေါက်ခြင်း
• ကပ်ငြိနိုင်သော လက်
• စလိုင်း သိုလှောင်ခြင်း
မှော်စွမ်းအား -
• မရှိ
မှော်သဘောထား -
• ဒြပ်စင်ဆိုင်ရာ မှော်ပညာ
သစ္စာရှိမှု - ၁၀၀
အခြေအနေ - စိတ်လှုပ်ရှားနေသည်
လူစီယန်၏ မျက်လုံးများ တောက်ပသွားသည်။ "ဟား... စွမ်းရည်တွေ အများကြီးပဲ။ ပြီးတော့ စစချင်းမှာတင် အဆင့် (၁၀) လား?"
သူ ခေါင်းညိတ်ကာ သဘောကျကြောင်း ပြလိုက်သည်။
"ကောင်းတယ်... သစ္စာရှိမှုလည်း အပြည့်ပဲ။"
သူသည် ခေါ်ယူထားသော မွန်းစတားကို စစ်ဆေးလိုက်သည့်အခါ တောရိုင်းမွန်းစတားများနှင့် ယှဉ်လျှင် ပိုမို အသေးစိတ်ကျသော အချက်အလက်များကို သိရှိရကြောင်း သတိပြုမိလိုက်သည်။ တောရိုင်းမွန်းစတားများသည် ဤမျှ ပြည့်စုံသော ကိန်းဂဏန်းအချက်အလက်များကို တစ်ခါမျှ မပြသခဲ့ဖူးပေ။
ထိုစဉ် သူ ရုတ်တရက် ရပ်တန့်သွားသည်။ သူ၏ ရှေ့တည့်တည့် စင်္ကြံလမ်း၏ အရိပ်များထဲတွင် စလိုင်း အုပ်စုတစ်စု တရွတ်တိုက် ရွေ့လျားနေကြသည်။
သူ၏ မျက်နှာပေါ်တွင် စနောက်လိုသည့် အပြုံးတစ်ခု ပေါ်လာသည်။
"သွားစမ်း၊ စကစ်တယ်! မင်းကို ငါ ရွေးလိုက်ပြီ!"
တွန့်ဆုတ်ခြင်း မရှိဘဲ သူသည် စကစ်တယ်ကို ဘောလုံးတစ်လုံးပမာ ရှေ့သို့ ပစ်လိုက်သည်။
စိတ်လှုပ်ရှားနေသော စကစ်တယ်သည် လေထဲတွင် ခုန်ပေါက်နေသည်။ ၎င်း၏ ဂျယ်လီကဲ့သို့ ခန္ဓာကိုယ်သည် ပထမဆုံး အစစ်အမှန် တိုက်ပွဲဆီသို့ ဦးတည်သွားစဉ် တုန်ခါနေသည်။
စကစ်တယ်မှာ အဆင့် (၁၀) ဖြစ်နှင့်ပြီးသား ဖြစ်သောကြောင့် ပထမထပ်ရှိ မည်သည့်အရာကိုမျှ ရှုံးနိမ့်မည် မဟုတ်ဟု လူစီယန် ယုံကြည်နေသည်။
သူသည် အနီးနားတွင် နေရာတစ်ခု ရှာကာ အလှပြပွဲတစ်ခုကို ကြည့်ရှုနေသည့်အလား ထိုင်လိုက်သည်။
သူသည် လက်နှစ်ဖက်ကို ရင်ခွင်ပိုက်ကာ စိတ်ဝင်တစား စောင့်ကြည့်နေသည်။
'မင်းမှာ ဘာတွေ ရှိလဲဆိုတာ ကြည့်ရအောင်...' ဟု သူ တွေးလိုက်သည်။
သူ့စိတ်ထဲတွင် စကစ်တယ်သည် အခြားသူများအပေါ် သနားကြင်နာပြမလားဟု တွေးမိသည်။ နောက်ဆုံးတော့ သူတို့သည်လည်း စလိုင်းမျိူးနွယ်တူပဲ မဟုတ်ပါလား။
ဖြစ်နိုင်သည်... သူ တွန့်ဆုတ်နေမလား? ကရုဏာ သက်ပြမလား?
သူ မှားသွားသည်။
စကစ်တယ်သည် ရုတ်တရက် လေထဲသို့ ပစ်လွှတ်လိုက်ပြီး အနီးဆုံးရှိ စလိုင်းအပေါ်သို့ အံ့အားသင့်ဖွယ် ခွန်အားဖြင့် ပြင်းပြင်းထန်ထန် ခုန်အုပ်လိုက်ရာ ထိုကောင်မှာ ချက်ချင်းပင် အရည်ပျော်သွားတော့သည်။
'ဖတ်' ခနဲ အသံမြည်သွားသည်။
စကစ်တယ်သည် တစ်စက္ကန့်လေးတောင် အချိန်မဖြုန်းဘဲ ကျန်ရှိနေသော စလိုင်းများဆီသို့ လှည့်ကာ အကျိအချွဲကျည်ဆန်များကို ပစ်ခတ်လိုက်သည်။ ကျည်ဆန်တစ်ခုချင်းစီတိုင်းမှာ တိကျလွန်းလှသည်။ ပစ်မှတ်ကို အလယ်တည့်တည့် ထိမှန်သော စနိုက်ပါသမားတစ်ယောက်နှယ်ပင်။
ကျည်ဆန်တိုင်းမှာ ပစ်မှတ်၏ မာနာအူတိုင်ကို ခွဲစိတ်ကုသရာတွင် သုံးသည့် ခွဲစိတ်ဓားဖြင့် ထိုးဖောက်လိုက်သကဲ့သို့ တိကျစွာ ထိမှန်သွားသည်။
လူစီယန် မျက်တောင်ခတ်လိုက်သည်။ သူ အမှန်တကယ်ပင် အံ့ဩသွားမိသည်။
"...ဒီကောင်က စလိုင်းတွေကို သတ်တာ ငါ့ထက်တောင် ပိုတော်သေးပါလား။"
စဉ်းစားကြည့်ပြန်တော့လည်း... သူကိုယ်တိုင်ကလည်း စလိုင်းပဲ မဟုတ်လား။
သို့သော် အံ့ဩစရာများမှာ ဤမျှနှင့် မပြီးဆုံးသေးပေ။
စကစ်တယ်က ရန်သူများကို အနိုင်ယူလိုက်သည့်အခါ မြေပြင်ပေါ်တွင် တောက်ပနေသော ကုဗတုံးလေးများ ပေါ်လာသည်။
၎င်းတို့မှာ.. ကျလာသော ပစ္စည်းများပင် ဖြစ်သည်။
လူစီယန်၏ မျက်လုံးများ တောက်ပသွားသည်။
"မဖြစ်နိုင်တာ... တကယ်အလုပ်ဖြစ်တာလား?"
သူ၏ အကြည့်မှာ ပို၍ စူးရှလာသည်။
"ဒါဆိုရင် စကစ်တယ်က ငါ့ရဲ့ ခွန်အားတစ်ခု ဖြစ်လာတာပေါ့... အဲဒီတော့ ပစ္စည်းကျနှုန်း - အမြင့်ဆုံး က ဒီကောင်နဲ့လည်း သက်ဆိုင်နေတာပေါ့?"
သူ၏ မျက်နှာပေါ်တွင် ပြုံးစစ အပြုံးတစ်ခု ပေါ်လာသည်။
ဤအချက်က အရာအားလုံးကို ပြောင်းလဲသွားစေသည်။
သို့သော်လည်း... နောက်ထပ် အံ့ဩစရာတစ်ခု ပေါ်လာသည်။
စကစ်တယ်သည် လူစီယန်ဆီသို့ ချက်ချင်း ပြန်မလာခဲ့ပေ။
၎င်းအစား ၎င်းသည် ပြန့်ကျဲနေသော ပစ္စည်းများဆီသို့ ခုန်ပေါက်သွားသည်။
လူစီယန်သည် ခေါင်းကိုစောင်းကာ စူးစိုက်ကြည့်နေလိုက်သည်။
"...နေပါဦး။ ဒီကောင်ကလည်း ပစ္စည်းတွေကို မြင်နေရတာလား?"
စကစ်တယ်သည် မြေပြင်ပေါ်ရှိ တောက်ပနေသော ကုဗတုံးလေးများဆီသို့ ရည်ရွယ်ချက်ရှိရှိဖြင့် ဦးတည်သွားသည်။
ထို့နောက်...
စကစ်တယ်တို့ ထိမိလိုက်သည်နှင့် ပစ္စည်းများ ပျောက်ကွယ်သွားသည်။
လူစီယန်၏ မျက်လုံးများ ပြူးကျယ်သွားသည်။
"ဟို... ဒီကောင်က ပစ္စည်းတွေကို စားလိုက်တာလား?!"
သူသည် မယုံနိုင်စွာဖြင့် ခေါင်းကို ကိုင်လိုက်သည်။ "သေစမ်း! အလကားဖြစ်ကုန်ပြီ!"
သို့သော် သူ ပို၍ စိတ်ပူမသွားခင်မှာပင် စကစ်တယ်သည် ရုတ်တရက် လှည့်လာပြီး ပျော်ရွှင်စွာဖြင့် သူ့ဆီသို့ ခုန်ပေါက်ပြန်လာသည်။
လူစီယန်၏ ရှေ့တည့်တည့်တွင် ရပ်လိုက်ပြီး စိတ်လှုပ်ရှားစွာဖြင့် တုန်ခါနေသည်။
ထို့နောက် 'ဖွတ်' ဟူသော အသံပျော့ပျော့လေးနှင့်အတူ ၎င်း၏ အကျိအချွဲကိုယ်ထဲမှ တစ်စုံတစ်ခု ကျလာသည်။
လူစီယန် ကြောင်ကြည့်နေမိသည်။
...
၎င်းမှာ... ပစ္စည်းများပင်!
အရင်က ပစ္စည်းအတိုင်းပင်!
သူ၏ မေးရိုးပင် ကျသွားသည်။ ခဏမျှ တိတ်ဆိတ်သွားပြီးနောက်... သူ သဘောပေါက်သွားသည်။
"ဟားဟားဟားဟား!!"
သူ၏ ရင်ဘတ်ထဲမှ ရယ်သံများ ပေါက်ကွဲထွက်လာသည်။ ထိုရယ်သံများမှာ ဝင်္ကပါ နံရံများကြားတွင် ပဲ့တင်ထပ်နေသည်။
"စလိုင်း သိုလှောင်မှု ပဲ!" ဟု သူ အသက်ရှူကြပ်မတတ် ရယ်မောရင်း အော်လိုက်သည်။ "ဒီကောင်က ကျလာတဲ့ပစ္စည်းတွေကို စားလိုက်တာ မဟုတ်ဘူး... သိမ်းဆည်းထားတာပဲ!"
သူသည် ရယ်မောနေရင်း မျက်လုံးထောင့်မှ မျက်ရည်တစ်စက်ကို သုတ်လိုက်သည်။
"ဒီအချက်က... ဒီအချက်က အရာအားလုံးကို ပြောင်းလဲပစ်လိုက်ပြီ!"
သူသည် စကစ်တယ်ကို ဆုဖလားတစ်ခုကို ကိုင်ထားသကဲ့သို့ မြှောက်ချီထားလိုက်ပြီး အရူးတစ်ယောက်ကဲ့သို့ ပြုံးလိုက်သည်။
“အလိုအလျောက် ရိတ်သိမ်းခြင်း” ဆိုတဲ့ ငါ့ရဲ့ အိပ်မက် တကယ်ဖြစ်လာပြီ! ငါတောင် ကိုယ်တိုင် ရှိနေဖို့ မလိုတော့ဘူး။ ငါ့ရဲ့ ပိုကီမွန်တွေကိုပဲ လွှတ်ထားလိုက်ရင် ရပြီ! ဟားဟားဟားဟား!!”