အခန်း(၃) - ပျားရည်
လူစီယန်က အထဲသို့ အလောတကြီး မဝင်သွားပေ။
ဒန်ဂျန်အဝင်ဝရှေ့တွင် ရပ်ရင်း သူ ကြိုတင်ပြင်ဆင်မှုမရှိဘဲ အလျင်စလို မလုပ်သင့်ကြောင်း သူကောင်းကောင်းသိသည်။ အထူးသဖြင့် အခုလိုအချိန်မျိုးတွင် ဖြစ်သည်။ သူ သံသယရှိသလိုသာ အမှန်ဖြစ်ပါက ဘီလူးတွေထက် ပိုအရေးကြီးသည့် ကိစ္စများ ရှိနေသည်။
နယ်မြေထဲတွင် သစ္စာဖောက်တစ်ယောက် ရှိနေရမည်။ မဟုတ်ပါက ကံဆိုးမိုးမှောင်ကျမှုများက ဤမျှမြန်ဆန်စွာ ဆက်တိုက် ဖြစ်ပျက်လာစရာ အကြောင်းမရှိပေ။
သတိပေးချက်မရှိ။
အရိပ်အယောင်မရှိ။
ဟုတ်သည်၊ သတ္တုတွင်းက တန်ဖိုးရှိသည်။ ဒါပေမဲ့ ဒီဒန်ဂျန်ကော? ၎င်းက ပို၍တန်ဖိုးမဖြတ်နိုင်စရာ ကောင်းလှသည်။
အတွင်းရှိ ဘီလူးများမှာ မာနာ ကျောက်တုံးများ၏ အရင်းအမြစ်ဖြစ်သည်။ ၎င်းတို့သည် ခွန်အားကို မြှင့်တင်ရန်၊ မှော်ပစ္စည်းကိရိယာများကို စွမ်းအင်ပေးရန်နှင့် မှော်စက်ပစ္စည်းများကို မောင်းနှင်ရန်အတွက် အရေးကြီးသည်။
ဒန်းဂျန်းသည် အစပျိုးခြင်းသာ ဖြစ်နိုင်သော်လည်း လူစီယန်ကတော့ ဤကိစ္စသည် ပိုမိုနက်နဲသည်ဟု ခံစားရသည်။ အချိန်အခါက တိကျလွန်းနေသည်။ သတ္တုတွင်းကို ဒန်ဂျန်အဖြစ် မပြောင်းလဲမီကပင် တစ်စုံတစ်ယောက်က စီစဉ်ထားသလိုမျိုး ဖြစ်နေသည်။
သူသည် ဒန်းဂျန်းအဝမှ နောက်ဆုတ်လိုက်ပြီး ခဏက သိမ်းဆည်းထားခဲ့သည့် ကျောက်တုံးကြီးကို ပြန်ထုတ်ကာ အဝင်ဝကို ပြန်ပိတ်လိုက်သည်။
နေ့လယ်စာစားချိန်တွင် သူ အိမ်တော်သို့ ပြန်ရောက်သည်။
သူတို့၏ အစာမှာ ရိုးရှင်းသည်။
နယ်မြေက အကျပ်အတည်းနှင့် ကြုံနေရသဖြင့် ခမ်းနားသည့်အရာများကို မျှော်လင့်၍ မရပေ။ အခက်အခဲများကြားမှ ကျန်ရစ်ခဲ့သည့် သစ္စာရှိစားဖိုမှူး ကျေးဇူးကြောင့် အနည်းဆုံးတော့ အရသာရှိနေသည်။
စားပွဲဝိုင်းတွင် ဗီဗီယန်သည် သူမ၏ ထိုင်ခုံပေါ်တွင် တည်ငြိမ်မှုမရှိဘဲ ဟိုရွေ့ဒီရွေ့ ဖြစ်နေသည်။ သူမသည် အစောကြီး ခွင့်တောင်းပြီး သူမ၏ ခရီးဆောင်အိတ်ကို ပြင်ဆင်ရန် ထွက်သွားသည်။
နေ့လယ်စာစားပြီးနောက် လူစီယန်က ဆီဘက်စ် ကို လှည့်ကြည့်သည်။
"ဆီဘက်စ်တီယန်။ ပျားအုံဘယ်မှာရှိလဲဆိုတာ သိလား။"
"ဆီဘက်စ် ပါ၊ သခင်လေး... ဟုတ်ကဲ့၊ ဥယျာဉ်ထဲမှာ တစ်အုံရှိပါတယ်ခင်ဗျ။"
လူစီယန် မျက်ခုံးပင့်လိုက်သည်။ "ဘယ်တုန်းကတည်းကလဲ။ ဖခင် ပန်းပင်တွေကို အကုန်ဖယ်ပစ်ခိုင်းလိုက်တာ မဟုတ်ဘူးလား။ ဘာလို့ ပျားတွေ ရှိနေရတာလဲ။"
"သခင်ကြီးက သီးနှံတွေ စိုက်ခိုင်းတဲ့အခါ ဥယျာဉ်မှူးက ပန်းပင်တွေအတွက် ဥယျာဉ်ရဲ့ သုံးပုံတစ်ပုံကို ချန်ထားခဲ့တာပါ။ ပျားရည်က ဗိုက်ဆာတာကို ဖြေဖျောက်ပေးနိုင်တယ်လို့ သူက ပြောပါတယ်ခင်ဗျ။"
"အော်... ဒါလား..." လူစီယန် တိတ်တဆိတ် တွေးတောလိုက်သည်။ တစ်ခုခုတော့ မကိုက်ညီသလို ခံစားရသော်လည်း လောလောဆယ်တွင် ထိုအတွေးကို ခဏဖယ်ထားလိုက်သည်။
သူသည် ဥယျာဉ်ဆီသို့ ဦးတည်သွားလိုက်သည်။
သူသည် ကြီးကျယ်ခမ်းနားသည့်အရာကို လုပ်ဖို့ စီစဉ်နေခြင်းမဟုတ်ပေ။ ဗီဗီယန်အတွက် အမှတ်တရ လက်ဆောင်လေးတစ်ခုမျှသာ ဖြစ်သည်။ သူမ အကယ်ဒမီသို့ မထွက်ခွာမီ ပေးမည့် ရိုးရှင်းသည့်အရာတစ်ခုပေါ့။
ရှာဖွေပြီးနောက်တွင် ပျားအုံကို သူ တွေ့ရှိသွားသည်။
ပျားရည်စုဆောင်းဖို့ နည်းလမ်းပေါင်းစုံရှိပေမဲ့ အများစုကတော့ ပျားတွေကို သတ်ပစ်ရတဲ့နည်းလမ်းတွေပဲ ဖြစ်တယ်။ ဒါပေမဲ့ လူစီယန်က ပျားတွေကို အကုန်မသတ်ပစ်ချင်ဘူး။ သူက ရေရှည်တည်တံ့စေချင်တာ။
သူသာ ချိန်ဆပြီး ထိန်းသိမ်းထားနိုင်မယ်ဆိုရင် ပျားရည်နဲ့ ငွေကြေးရရှိမှုက အဆုံးမရှိ ဖြစ်လာလိမ့်မယ်။
သူက ပျားအုံတစ်ခုလုံး မလန့်သွားစေဖို့ သတိထားရင်း "အစာရှာပျား " တွေကိုပဲ ပစ်မှတ်ထားဖို့ ဆုံးဖြတ်လိုက်တယ်။ ဖန်ပုလင်းတစ်ခုကို သုံးပြီး ပျား ၉ ကောင်ကို ဖမ်းမိလိုက်ပြီး မီးဖိုချောင်ထဲက မီးခဲလေးတစ်စကို ထည့်လိုက်တယ်။
မီးခိုးငွေ့ အနည်းငယ် ထွက်လာတယ်။
ပျားတွေ သေသွားကြတယ်။
"တောင်းပန်ပါတယ် ကလေးတို့ရေ။ ဒီလောကကြီးက တရားမမျှတဘူး" လို့ သူက နောင်တရသလိုမျိုး ရေရွတ်လိုက်တယ်။
စနစ်ရဲ့ အသံမြည်သံကို သူ့စိတ်ထဲမှာ ကြားလိုက်ရပြီး ပစ္စည်းတွေ ပေါ်လာတယ်။
ပစ္စည်း ၉ ခုထဲမှာ ၈ ခုက ပုံမှန် မီးခိုးရောင် အလင်းဖျော့ဖျော့လေးပဲ ထွက်ပေမဲ့ တစ်ခုကတော့ အစိမ်းရောင် တောက်ပနေတယ်။
<ပစ္စည်းများကို သိုလှောင်နေရာ ထဲသို့ ထည့်သွင်းလိုက်ပါပြီ>
<သင်သည် ပျား ၉ ကောင်ကို သတ်လိုက်သည်။ ကြေးပြား ၉ ပြား ရရှိပါသည်>
သိုလှောင်နေရာပိုင်ဆိုင်မှု:
ငွေပြား ၁ ပြား (ငွေပြား ၁ ပြား = ကြေးပြား ၁၀ ပြား)
သိုလှောင်နိုင်သည့်နေရာ (၁၀):
အရည်အသွေးမြင့် ပျားရည် x၉
ဝတ်ရည်သလင်းကျောက် x၁
လူစီယန်၏ မျက်လုံးများ ပြူးကျယ်သွားသည်။ ဂိမ်းတွေမှာလိုပဲ သူ့ရဲ့ ပစ္စည်းကျမှုတွေမှာ ရှားပါးမှု အဆင့်တွေ ရှိနေတာပဲ။
"မီးခိုးရောင်ဆိုတော့ သာမန် ပေါ့။ ဒါဆို အစိမ်းရောင်က... ရှားပါး လား?"
သူ ခန့်မှန်းရသလောက်ဆိုရင်တော့ ရှားပါးပစ္စည်းတွေက ၁၀ ရာခိုင်နှုန်းလောက်ပဲ ကျတာဖြစ်မယ်... အနည်းဆုံးတော့ ပျားတွေဆီကနေပေါ့။
ဒါပေမဲ့ တစ်ကောင်ချင်းစီ လိုက်သတ်နေရင်တော့ ထိရောက်မှု မရှိဘူး။
'အစီအစဉ်သစ်တစ်ခု လိုအပ်ပြီ။'
သူက ပျားပိုများများ ဆွဲဆောင်ဖို့အတွက် သကြားရည်ကို အမြန်ဖော်စပ်လိုက်တယ်။
အလုပ်ဖြစ်သွားတယ်။
ခဏအကြာတွင် ပျားအကောင်ရေ ရာပေါင်းများစွာ ဝိုင်းအုံလာကြသည်။
သူသည် ပျားကောင်ရေ ၃၀၀ ကျော်ကို ဖမ်းမိလိုက်ပြီး... တစ်ပြိုင်နက်တည်း အကုန်ရှင်းထုတ်လိုက်သည်။
ပစ္စည်း ၃၀၀ ကျော်ထဲမှ လူစီယန်သည် ထူးခြားသော အရောင် ၃ ခုကို ထပ်မံတွေ့ရှိလိုက်သည်။ ကုဗတုံး ၃ ခုသည် ပုံမှန် မီးခိုးရောင် သို့မဟုတ် အစိမ်းရောင်တို့နှင့် မတူဘဲ တောက်ပသော အပြာရောင်ဖြင့် လင်းလက်နေသည်။ ထိုအလင်းရောင်ကို ကြည့်ခြင်းအားဖြင့် ၎င်းတို့မှာ 'ရှားပါး' အဆင့် ဖြစ်မည်ဟု သူ ခန့်မှန်းလိုက်သည်။
သိုလှောင်နေရာပိုင်ဆိုင်မှု:
ရွှေပြား ၃ ပြား (ရွှေပြား ၁ ပြား = ငွေပြား ၁၀ ပြား / ကြေးပြား ၁၀၀)
ငွေပြား ၀ ပြား (ငွေပြား ၁ ပြား = ကြေးပြား ၁၀ ပြား)
ကြေးပြား ၃ ပြား
သိုလှောင်နိုင်သည့်နေရာ (၁၀):
အရည်အသွေးမြင့် ပျားရည် x၉၉
အရည်အသွေးမြင့် ပျားရည် x၉၉
အရည်အသွေးမြင့် ပျားရည် x၇၅
ဝတ်ရည်သလင်းကျောက် x၂၇
နို့ရည်ပျား x၃
လူစီယန် ပြုံးလိုက်သည်။ ဂိမ်းများမှာကဲ့သို့ပင် ပစ္စည်းများကို အများဆုံး ၉၉ ခုအထိသာ စုပုံထားနိုင်သည်။ ၁၀၀ မြောက်ကျမှသာေနရာကွက်အသစ်တစ်ခု ထပ်ပေါ်လာသည်။
ထိုအခါမှသာ လူစီယန်သည် ထင်ရှားသော ပြဿနာတစ်ခုကို သတိပြုမိလိုက်သည်။ သူ့၏ သိုလှောင်နေရာတွင် နေရာကွက်၁၀ ခုသာ ရှိသည်။ ၎င်းကို တိုးချဲ့နိုင်မလား မတိုးချဲ့နိုင်ဘူးလားဆိုတာ သူ လုံးဝ မသိပေ။
မည်သို့ဖြစ်လာမလဲဆိုတာ မသိရသေးခင်အထိ နေရာကွက် တစ်ခုချင်းစီကို စနစ်တကျ စီမံခန့်ခွဲရမည်ဖြစ်သည်။ နေရာကွက် တစ်ခုချင်းစီကို တန်ဖိုးကြီးသော မြေကွက်များကဲ့သို့ သဘောထားရန် သူ ဆုံးဖြတ်လိုက်သည်။
ထူးဆန်းသည်မှာ ပျားရာနှင့်ချီ၍ သတ်ပြီးသည့်တိုင် သူ အဆင့်မတက်လာပေ။
"အဆင့်တက်တာက တိုက်ခိုက်မှုအပေါ်မှာ မူတည်တာမဟုတ်ဘဲ ကြိုးစားအားထုတ်မှုအပေါ်မှာ မူတည်တာလား? ဒါမှမဟုတ် တခြားတစ်ခုခုများ ရှိနေသေးတာလား?"
မည်သို့ပင်ဖြစ်စေ သူ ထိုနေရာတွင် ရပ်လိုက်သည်။ ကံစမ်းပြီး ပျားတွေကို အပိုသတ်နေစရာ အကြောင်းမရှိပေ။
ထိုအခိုက် စနစ်က တစ်ဖန် အသံမြည်လာပြီး စနစ်ထိမ်းချုပ်မှုမျက်နှာပြင် တစ်ခု ပေါ်လာသည်။
အောင်မြင်မှု: ချိုမြိန်သော အာသီသ၊ ခါးသီးသော စိတ်နှလုံး
<ရန်လိုမှုမရှိသော သက်ရှိ ၁၀၀ ကို ပစ္စည်းကျအောင် ပြုလုပ်ခဲ့သည်>
<ဆုလာဘ်: ဘွဲ့အမည်: "လူ့အဖွဲ့အစည်းအတွက် ဘေးအန္တရာယ်"
"ဘာဖြစ်တာလဲ! ဒါ ငါလိုချင်တဲ့ ဘွဲ့အမည် မဟုတ်ဘူး!"
သူသည် ထိုဘွဲ့အမည်၏ အကျိုးသက်ရောက်မှုကို စစ်ဆေးရန် နှိပ်လိုက်သည်။
[လူ့အဖွဲ့အစည်းအတွက် ဘေးအန္တရာယ်]
<ဖော်ပြချက်: အားနည်းပြီး ရန်လိုမှုမရှိသော သက်ရှိများသည် သင့်ရှေ့မှောက်တွင် ကြောက်ရွံ့လန့်ဖြတ်သွားလိမ့်မည်။>
"သောက်ကျိုးနည်း!" သူ ညည်းတွားလိုက်သည်။ " ’ထိရောက်စွာ ရိတ်သိမ်းသူ’ လိုမျိုး ဘွဲ့နာမည်မျိုး မပေးနိုင်ဘူးလား?"
ထိုညနေခင်းတွင် လူစီယန်သည် ဗီဗီယန်၏ အခန်းတံခါးကို ညင်သာစွာ ခေါက်လိုက်သည်။
"အစ်မ? အထဲမှာလား?"
"မောင်လေးလား? ဝင်ခဲ့လေ။" သူမ၏အသံမှာ နူးညံ့သည်။ "ခုနကကိစ္စ... မောင့်ကို ပါးရိုက်မိတဲ့အတွက် တောင်းပန်ပါတယ်။ အစ်မ... အံ့ဩသွားလို့ပါ။"
လူစီယန်သည် ထိုအကြောင်းကို ပြောရန် လာခဲ့ခြင်း မဟုတ်ပေ။
သူသည် ကုတင်ပေါ်တွင် သူမဘေး၌ ထိုင်လိုက်သည်။ "အစ်မ... ကျွန်တော်တို့ ခဏလောက် ဝေးကွာနေကြရတော့မှာပဲ။"
ဗီဗီယန်သည် တံတွေးမြိုချလိုက်ပြီး သူပြောမည့်စကားကို စောင့်ဆိုင်းနေသည်။
"ဒါတွေကို အစ်မ ယူသွားပေးပါ။"
သူ့၏ သိုလှောင်သေတ္တာ ထဲမှ ပျားရည်ပုလင်း ၁၇၅ လုံး၊ ဝတ်ရည်သလင်းကျောက် ၂၀ နှင့် နို့ရည်ပျား ၂ ခုတို့ကို ထုတ်ယူလိုက်သည်။
စနစ် မှ ကျလာသည့်ပစ္စည်းများ၏ အဆင်ပြေသည့်အချက်မှာ ပစ္စည်းတစ်ခုချင်းစီနှင့် လိုက်ဖက်ညီသည့် ကွန်တိန်နာ (ဘူး) များကို စနစ် က အလိုအလျောက် ထည့်ပေးထားခြင်းပင် ဖြစ်သည်။
ရွှေရောင်တောက်ပနေသည့် အတွင်းသားများကို မြင်လိုက်ရသောအခါ ဗီဗီယန်မှာ တံတွေးပင် မြိုချလိုက်မိသည်။
လူစီယန်က ထိုလှပသည့် ဘူးများကို ဘယ်ကရလာသလဲဆိုသည်ကို သူမ ဂရုမစိုက်နိုင်တော့ပေ။ သူမ၏ အာရုံစိုက်မှုမှာ ပိုမိုအံ့ဩစရာကောင်းသည့် အရာတစ်ခုဆီသို့ ရောက်သွားသည်။
"ဒါ!... သိုလှောင်သေတ္တာ လား!? မောင်လေး၊ သိုလှောင်စွမ်းရည်ကို ပွင့်သွားတာလား? ပြီးတော့ ဒါက အတော်လေး ကျယ်ဝန်းတဲ့ပုံပဲ!"
ဤလောကတွင် စွမ်းရည်များရရှိလာခြင်း၏ အရင်းအမြစ်မှာ နားလည်ရခက်သော လျှို့ဝှက်ချက်တစ်ခု ဖြစ်သည်။ အချို့က ကံကောင်းခြင်းသက်သက်ကြောင့် ရရှိသည်ဟု ဆိုကြပြီး အချို့ကမူ မဆုတ်မနစ် ကြိုးစားအားထုတ်မှုကြောင့် ရသည်ဟု ဆိုကြသည်။ အချို့မှာ သွေးကြောထဲမှတစ်ဆင့် အမွေရလာကြပြီး၊ အချို့သော ဘာသာရေးအဖွဲ့အစည်းများကမူ စွမ်းရည်များသည် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများဟု ယုံကြည်ကြသည်။
မှော်ပညာကဲ့သို့ ပုံစံတကျ လေ့လာရသည့် နည်းလမ်းမျိုးနှင့် မတူပေ။ မှော်ပညာကိုတော့ သင့်လျော်သည့် အစွမ်းအစရှိသူတိုင်းသည် လေ့လာမှုနှင့် လေ့ကျင့်မှုဖြင့် သင်ယူနိုင်ကြသည်။
လူသိများသည့် ရှားပါးစွမ်းရည်များထဲတွင် သိုလှောင်စွမ်းရည် လည်း ပါဝင်သည်။ ၎င်းသည် များသောအားဖြင့် 'အာကာသမှော်ပညာ' နှင့် ဆက်စပ်နေလေ့ရှိပြီး လူတိုင်း တပ်မက်ကြသည့် စွမ်းရည်တစ်ခုဖြစ်သည်။ ထို့ကြောင့် ဗီဗီယန် အံ့အားသင့်သွားခြင်းမှာ မဆန်းပေ။
လူစီယန်သာ အကယ်ဒမီသို့ ရောက်ရှိချိန်တွင် ဤစွမ်းရည်ကို ထုတ်ပြခဲ့မည်ဆိုလျှင် သူသည် အလွန်အလေးထား ဆက်ဆံခံရမည်မှာ အသေအချာပင်။
"ဟုတ်တယ် အစ်မ။ ဒါကြောင့် ကျွန်တော့်အတွက်ရော၊ နယ်မြေအတွက်ပါ စိတ်မပူပါနဲ့။ အစ်မရဲ့ အကယ်ဒမီ ပညာရေးကိုပဲ အာရုံစိုက်ပါ။ ဒီမှာတော့ ကျွန်တော် အားလုံး တာဝန်ယူပေးပါမယ်။" သူ ခဏနားပြီးနောက် စိတ်ချစေမည့် အပြုံးဖြင့် ဆက်ပြောလိုက်သည်။ "ပြီးတော့... ဒီ သိုလှောင်သေတ္တာ တစ်ခုတည်း ကျွန်တော့်မှာ ရှိတာမဟုတ်ဘူး။ နောက်တစ်ခါကျမှ အသေးစိတ် ပြောပြမယ်။ ဒါကြောင့် ဘေးကင်းအောင် ပြန်လာခဲ့ဖို့ ကတိပေး၊ ဟုတ်ပြီလား?"
ဤအချိန်လေးသည် လူစီယန် သူမကို လာတွေ့ရသည့် အကြောင်းရင်းတစ်ခု ဖြစ်သည်။ သူမ မထွက်ခွာမီ စိတ်အေးချမ်းသွားစေရန်အတွက် ဖြစ်သည်။
"အင်း!" ဗီဗီယန် ခေါင်းကို ပြင်းပြင်းထန်ထန် ငြိမ့်လိုက်သည်။ သူမ၏ မျက်ဝန်းများတွင် မျက်ရည်များ ဝဲတက်လာပြီး လူစီယန်ကို တင်းကျပ်စွာ ပွေ့ဖက်လိုက်သည်။ သူမ ထပ်မေးမနေတော့ပေ။ သူမ လူစီယန်ကို အကြွင်းမဲ့ ယုံကြည်သည်။
သေသပ်စွာ စီရီထားသော ဘူးများကို မြင်လိုက်ရသောအခါ သူမ အသက်ရှူမှားသွားသည်။ "ဒါ... ပျားရည်တွေမလား? မောင်လေး ပျားတွေနဲ့ သတ်... ကစားနေတယ်လို့ ဆီဘက်စ် ပြောတာ မဆန်းပါဘူး။" သူမ မျက်တောင်ခတ်ရင်း အံ့ဩလွန်ပြီး ပြောလိုက်သည်။ "ဒါပေမဲ့ ဒါတွေက အစ်မအတွက်တော့ များလွန်းနေပြီ။ ပြည်သူတွေနဲ့ ဝေမျှသင့်တယ် မောင်လေး။"
"စိတ်မပူပါနဲ့ အစ်မ။ ကျွန်တော့်မှာ အများကြီး ကျန်ပါသေးတယ်။ ပြီးတော့..." လူစီယန် အပြုံးစစဖြင့် ပြောလိုက်သည်။ "ပျားရည်က အသားအရေအတွက် အရမ်းကောင်းတယ်လို့ ကြားဖူးတယ်။"
သူ စကားမဆုံးခင်မှာပင် ဗီဗီယန်က ပျားရည်ဘူးများကို ရတနာများပမာ ပွေ့ဖက်ထားပြီး သူမ၏ မျက်ဝန်းများက တောက်ပနေသည်။
လူစီယန် တိတ်တဆိတ် ရယ်မောလိုက်မိသည်။ 'ငါ့ရဲ့အစ်မတောင် အလှအပကို စွဲလမ်းနေတာပဲ။'
သူမ အထုတ်အပိုးများ သိမ်းဆည်းနေစဉ် လူစီယန်က ပစ္စည်းများ၏ အာနိသင်များကို ရှင်းပြပေးလိုက်သည်။
<အရည်အသွေးမြင့် ပျားရည်>
အမျိုးအစား: စားသုံးနိုင်သောပစ္စည်း
ရှားပါးမှုအဆင့်: သာမန်
ဖော်ပြချက်: ကျန်းမာရေးနှင့် ခွန်အားကို တိုးတက်စေသည် (ဆက်တိုက် စားသုံးပေးပါက ရေရှည်တွင် အကျိုးကျေးဇူးများ ရရှိမည်)
<ဝတ်ရည်သလင်းကျောက်>
အမျိုးအစား: စားသုံးနိုင်သောပစ္စည်း
ရှားပါးမှုအဆင့်: ရှားပါး
ဖော်ပြချက်: မာနာ နှင့် စွမ်းအင်ပြန်လည်ပြည့်ဖြိုးမှုကို မြန်ဆန်စေသည် (စွမ်းရည်များ သုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာသည့် ပင်ပန်းနွမ်းနယ်မှုကို သက်သာစေသည်)
<နို့ရည်ပျား >
အမျိုးအစား: စားသုံးနိုင်သောပစ္စည်း
ရှားပါးမှုအဆင့်: အလွန်ရှားပါး
ဖော်ပြချက်: အိုမင်းရင့်ရော်မှုကို နှေးကွေးစေပြီး မာနာထိန်းချုပ်မှုကို မြှင့်တင်ပေးသည့် အဖိုးတန်ပစ္စည်း (အမျိုးသမီးများတွင် ပုန်းကွယ်နေသည့် စွမ်းရည်များကို နိုးထစေနိုင်သည်)
လူစီယန်သည် နို့ရည်ပျား ၏ အကျိုးသက်ရောက်မှုများကို အထူးစိတ်ဝင်စားနေမိသည်။
သူသိထားသလောက်ဆိုလျှင် သူ့အစ်မမှာ မည်သည့်စွမ်းရည်မျှ မရှိသေးပေ။ ပျားတစ်ကောင်သည် နို့ရည်ပျားကို စားသုံးပြီးနောက် ဘုရင်မပျားအဖြစ် ပြောင်းလဲသွားသကဲ့သို့ပင်... သူမအတွင်းတွင် ပုန်းကွယ်နေသည့် တစ်စုံတစ်ခုကို ဤအရာက နိုးထလာစေရန် ကူညီပေးနိုင်ကောင်းပါ၏။
သူသည် ပစ္စည်းများ၏ အပြည့်အစုံဖော်ပြချက်ကို၊ အထူးသဖြင့် ကွင်းစကွင်းပိတ်အတွင်းရှိ အချက်အလက်များကို သူမအား ထုတ်မပြောပြရန် ဆုံးဖြတ်လိုက်သည်။ ဗီဗီယန်သာ ဤပစ္စည်းများ၏ အစစ်အမှန် တန်ဖိုးကို သိသွားပါက သူမသည် စားသုံးရန် တွန့်ဆုတ်နေလိမ့်မည်ဖြစ်ပြီး၊ အခြားသူများကို ကူညီရန်အတွက်ပင် ရောင်းချပစ်လိုက်မိဖွယ် ရှိနေသည်။
လူစီယန်ကမူ ထိုသို့ ဖြစ်လာသည်ကို မလိုလားပေ။
ဒါတွေက သူမအတွက်ပဲ ဖြစ်သည်။
ဗီဗီယန် အထုပ်အပိုးသိမ်းပြီးနောက် သူ့ကို ကြည့်ကာ နူးညံ့စွာ ပြုံးပြလိုက်သည်။
"မောင်လေး၊ အစ်မတို့ အတူတူ အိပ်ဖြစ်တာ ကြာပြီနော်။ ဒီည အစ်မနဲ့အတူတူ အိပ်ပါလား။ အစ်မ မောင့်ကို အရမ်း လွမ်းနေမှာ..."
လူစီယန် ချက်ချင်းပင် "ဟုတ်ကဲ့ပါ အစ်မ" ဟု ပြန်ဖြေလိုက်သည်။
ဒါကလည်း သူ အစ်မဆီ လာခဲ့ရသည့် အကြောင်းရင်းတစ်ခုပင် ဖြစ်သည်။
သူသည် ဗီဗီယန်ဘေးတွင် လှဲလျောင်းရင်း အိပ်ပျော်သွားသည့် သူမကို စောင့်ကြည့်နေမိသည်။ သူမ၏ မျက်နှာလေးမှာ ငြိမ်းချမ်းနေသော်လည်း လောကကြီးကတော့ သူမလိုမျိုး စိတ်သဘောထား နူးညံ့သူအတွက် မငြိမ်းချမ်းလှပေ။
ရုတ်တရက် သူ့စိတ်ထဲတွင် စနစ်သံ ထွက်ပေါ်လာပြီး စနစ်ထိမ်းချုပ်မှုမျက်နှာပြင် တစ်ခု ပေါ်လာသည်။
[အခြေအနေ ပြည့်မီသည်]
• တစ်စုံတစ်ဦးကို သူတို့မသိစေဘဲ တစ်နာရီကြာအောင် စူးစိုက်ကြည့်ခြင်း။
၅ မိနစ်ကြာအောင် မျက်တောင်မခတ်ဘဲ ကြည့်ခြင်း။
လူတစ်ယောက်၏ စိတ်ခံစားချက်ကို သုံးကြိမ်ဆက်တိုက် မှန်ကန်စွာ ခန့်မှန်းခြင်း။
[စွမ်းရည်: (စကင်န်ဖတ်ခြင်း) ရရှိပါသည်]
"ဘာတွေဖြစ်ကုန်တာလဲ၊ စနစ်ရယ်?! ဒီလောက်တောင် ကြောက်စရာကောင်းအောင် မလုပ်စမ်းပါနဲ့!"
လူစီယန် အော်ဟစ်လိုက်ပြီးနောက် ဗီဗီယန် အိပ်ပျော်နေသည်ကို သတိရသွားကာ ပါးစပ်ကို ချက်ချင်း လက်ဖြင့် အုပ်လိုက်သည်။ ဤအောင်မြင်မှု ရရှိသည့် အခြေအနေများကြောင့် သူ ရယ်ရမလား၊ စိတ်ရှုပ်ရမလားပင် မသိတော့ပေ... သို့သော်လည်း စွမ်းရည်သစ်တစ်ခုရလာသည်မှာ အမြတ်ပင် ဖြစ်၍ သူ မညည်းညူတော့ပေ။
သိချင်စိတ်ကြောင့် သူသည် စကင်န်
စွမ်းရည်ကို ဖွင့်လိုက်ပြီး ဗီဗီယန်ဆီသို့ အာရုံစိုက်လိုက်သည်။
အမည်: ဗီဗီယန် လူ့ဝဲလ် ♀
အသက်: ၁၅ နှစ်
လူမျိုး: လူသား
အလုပ်အကိုင်: အလင်းမှော်ဆရာ
အဆင့်: ၃
ဘွဲ့အမည်:
လူ့ဝဲလ်၏ နတ်သမီး
စွမ်းရည်:
ပိတ်ထားသည်
မှော်ပညာ:
အိမ်တွင်းသုံး မှော်ပညာ
နှစ်သက်မှုနှုန်း: ၉၀
အခြေအနေ: မျှော်လင့်ချက်ရှိနေသည်/အိပ်ပျော်နေသည်/ပင်ပန်းနွမ်းနယ်နေသည်
"ကိုးဆယ်?! ဒါက အန္တရာယ်များတဲ့ အဆင့်ပဲ..." လူစီယန် တိုးတိုးလေး ရေရွတ်လိုက်သည်။ 'မဖြစ်ဘူး။ ဒီအတိုင်းပဲ ထားရမယ်။ ပိုမတက်လာစေရဘူး။'
ဗီဗီယန် အိပ်ပျော်နေပြီဟု သေချာသွားသောအခါ လူစီယန်သည် တိတ်တဆိတ် ထလိုက်ပြီး သူမ၏ ခရီးဆောင်အိတ်ဆီသို့ လျှောက်သွားလိုက်သည်။
သူ့၏ သိုလှောင်နေရာ ထဲမှ ရွှေပြား ၃၀ ပါသည့် အိတ်ငယ်လေးတစ်ခုကို ထုတ်လိုက်သည်။ ၎င်းမှာ မိသားစု ဘဏ္ဍာတိုက်တွင် ကျန်ရှိနေသည့် နောက်ဆုံးသော ရွှေပြားများ ဖြစ်သည်။ သူသည် ၎င်းကို အစောပိုင်းက ရေးသားထားသည့် စာလွှာခေါက်လေးနှင့်အတူ သူမ၏ ခရီးဆောင်အိတ်ထဲသို့ ထည့်ပေးလိုက်သည်။
သူ တွေဝေမနေခဲ့ပေ။
သူ တွေဝေစရာလည်း မလိုပေ။
သူ့တွင်ရှိသည့် ခိုးေဆာ့စွမ်းရည် နှင့်တူသော စွမ်းရည်များကြောင့် ငွေကြေးအတွက် သူ စိုးရိမ်စရာ မလိုတော့ပေ။
သူ အိပ်စက်ရန် လှည့်လိုက်ချိန်တွင် မျက်လုံးထဲသို့ စူးရှသော နာကျင်မှုတစ်ခု ဖြတ်ပြေးသွားသည်။
"သေရော... ဒါက စွမ်းရည်တွေ သုံးရင် ဖြစ်တတ်တဲ့ ဘေးထွက်ဆိုးကျိုးထဲကတစ်ခုလား? အရမ်းစပ်တယ်ကွာ!"
စကင်န် ကို သုံးလိုက်သည့်အတွက် ဖြစ်ပေါ်လာသော နာကျင်မှုကို ခံစားရင်း လူစီယန် မျက်လုံးကို ပွတ်သပ်လိုက်သည်။ မာနာ ကို သုံးစွဲရသည့် မှော်ပညာနှင့် မတူဘဲ အချို့သော စွမ်းရည်များတွင် ဘေးထွက်ဆိုးကျိုးများ ရှိတတ်သည်။
အချို့က ခန္ဓာကိုယ်ကို ဖိစီးစေသည်။ အချို့က ခွန်အားကို စုပ်ယူသည်။ ရက်ပေါင်းများစွာ ကုတင်ပေါ် လဲလျောင်းနေရစေသည့် စွမ်းရည်များ ရှိသလို အလွန်အမင်း နာကျင်စေသည့် စွမ်းရည်များလည်း ရှိသည်။
စွမ်းရည်များကို နှစ်ပေါင်းများစွာ သုံးစွဲပြီးနောက်တွင် မည်သည့် ခံစားချက်မျှ မရှိတော့သူများအကြောင်းလည်း ကြားဖူးသည်။ ဖြစ်နိုင်သည်မှာ သူတို့၏ ခန္ဓာကိုယ်များက အချိန်ကြာလာသည်နှင့်အမျှ လိုက်လျောညီထွေ ဖြစ်သွားခြင်း ဖြစ်ပေမည်။
လူစီယန်၏ ကိစ္စတွင်တော့ ဤစွမ်းရည်က သူ့အမြင်အာရုံကို ဖိစီးစေခြင်းဖြစ်သည်။
သူ ပို၍ သန်မာလာသောအခါ ထိုဖိစီးမှု လျော့ကျသွားနိုင်သည်ဟု လူစီယန် တွေးမိသည်။ ထို့အပြင် သူ့ထံမှ ရရှိသော ပစ္စည်းများက ထိုအကျိုးသက်ရောက်မှုများကို သက်သာစေရန် ကူညီပေးနိုင်ကြောင်းလည်း သူ သဘောပေါက်သွားသည်။
လူစီယန် အမြန်ပင် ဝတ်ရည်သလင်းကျောက်တစ်ခုကို ထုတ်ယူကာ ပါးစပ်ထဲ ပစ်ထည့်လိုက်သည်။ ချက်ချင်းဆိုသလိုပင် သက်သာရာရသွားသည့် ခံစားချက်က သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံသွားသည်။
’ဒါတွေကို ပိုပြီး စုဆောင်းထားဖို့ လိုအပ်နေပြီ...’ ဟု သူ တွေးလိုက်သည်။
လူစီယန် သိချင်စိတ်ကို မထိန်းနိုင်တော့ပေ။ သူ့ရဲ့ တခြားစွမ်းရည်တစ်ခုဖြစ်တဲ့ ’ပစ္စည်းကျနှုန်း : အများဆုံး ’ မှာကော ဘေးထွက်ဆိုးကျိုး လုံးဝ မရှိဘူးလား?
တိတ်ဆိတ်စွာ အသက်ရှူထုတ်လိုက်ပြီးနောက် သူသည် ကုတင်ဆီသို့ ပြန်သွားကာ သူ့အစ်မဘေးတွင် လှဲအိပ်လိုက်သည်။ တစ်နေ့တာ၏ ပင်ပန်းမှုများ နောက်ဆုံးတွင် အိပ်စက်ခြင်းသို့ အညံ့ခံလိုက်ရသည်။
နောက်တစ်နေ့ မနက်ခင်း။
အိမ်တော်တံခါးဝတွင် ဗီဗီယန်အတွက် လှည်းတစ်စီး စောင့်ဆိုင်းနေသည်။ နောက်ဆုံးအကြိမ် မျက်ရည်များဖြင့် ပွေ့ဖက်နှုတ်ဆက်ပြီးနောက် သူမ လှည်းထဲသို့ တက်သွားသည်။
လူစီယန် မလှုပ်မယှက် စောင့်ကြည့်နေလိုက်သည်။...
လှည်းကို မမြင်ရတော့သည့်တိုင်အောင်မှ သူ နောက်လှည့်လာခဲ့သည်။
သို့သော် သူ့မျက်နှာအမူအရာ ပြောင်းလဲသွားပြီဖြစ်သည်။
နွေးထွေးမှုတွေ ပျောက်ကွယ်သွားပြီး အေးစက်ခက်ထန်သော ဆုံးဖြတ်ချက်များဖြင့် အစားထိုးလိုက်သည်။
"သစ္စာဖောက်ကို ရှာပြီးတော့... ဒီပျက်စီးနေတဲ့ နယ်မြေကို ပြန်ပြင်ရမယ့် အချိန်ရောက်ပြီ။"
သူ့နောက်တွင် ရပ်နေသည့် ဆီဘက်စ်ပင်လျှင် သူ၏ စကားသံထဲမှ စူးရှသော အငွေ့အသက်ကြောင့် တုန်ရီသွားသည်။