အခန်း (၂၁) - မြင့်မြတ်သော စွမ်းအင်
လူစီယန်မှာ ဘာလုပ်ရမှန်း မသိဖြစ်နေသည်။
ကလဲရာ၏ သစ္စာရှိမှုနှုန်းမှာ ၉၀ ဖြစ်နေသော်လည်း သူမသည်... အန္တရာယ်များလှသည်။ ခန့်မှန်းရခက်သည့်အပြင် ထိုကိန်းဂဏန်းသည် တက်လာသကဲ့သို့ပင် မြန်ဆန်စွာ ကျဆင်းသွားနိုင်ကြောင်း သူသိသည်။
မိန်းမသားတို့၏ ခံစားချက်ကဲ့သို့သော မတည်ငြိမ်သည့်အရာကို အားကိုးခြင်းမှာ အမှားကြီးဖြစ်ကြောင်း သူသိသည်။သူ့အတွေ့အကြုံအရ သူတို့၏ စိတ်ခံစားမှုတို့သည် မုန်တိုင်းထဲရှိ နာရီလက်တံထက်ပင် ပိုမိုပြင်းထန်စွာ ယိမ်းယိုင်တတ်ကြသည်။
“ဟူးးး... မိန်းမတွေ။ " ဟု သူက တိုးတိုးလေး ရေရွတ်လိုက်ပြီးနောက် အနည်းငယ် ပြုံးစစဖြင့် "ငါ့အမတစ်ယောက်ပဲ တကယ်ထူးခြားတာပါ။"
ယခုတော့ သူမထံမှ လွတ်မြောက်လမ်း မရှိတော့ပေ။ သူမ၏ စိတ်တွင် လူစီယန်သည် သူမ၏ အရှင်သခင် ဖြစ်နှင့်ပြီးဖြစ်သည်။ ထိုအထောက်အထားကို သူမ၏ ရူးသွပ်သော ဦးနှောက်အခြမ်းတစ်ခုတွင် နက်နက်ရှိုင်းရှိုင်း စွဲမှတ်ထားပြီး ဖြစ်သည်။
အကောင်းဆုံး လုပ်ဆောင်နိုင်သည့်အချက်မှာ... အနည်းဆုံးတော့ ယခုအချိန်တွင် သူမနှင့်အတူ ဟန်ဆောင်လိုက်ရန်ပင် ဖြစ်သည်။
သူသည် သူမကို ထရန် လက်ဟန်ဖြင့် ပြလိုက်သည်။ "ကောင်းပြီ။ စကားပြောရအောင်။ နင်က ဘယ်သူလဲ၊ ပြီးတော့ ဒီနေရာကို ဘာလို့ တိတိကျကျ ရောက်လာတာလဲ?"
လူစီယန်က စကားပြောလိုက်သည့်အခိုက် ကလဲရာ၏ မျက်ဝန်းများမှာ ပီတိများဖြင့် တောက်ပသွားသည်။ သူမ၏ စိတ်တွင် ဤသည်မှာ စမ်းသပ်မှုတစ်ခု... သစ္စာရှိမှုကို စမ်းသပ်သည့် မြင့်မြတ်သော စမ်းသပ်မှုတစ်ခုဟု ယူဆလိုက်သည်။ သူ့စကားထဲတွင် သူမ မည်သည့် သံသယကိုမျှ မတွေ့ရှိခဲ့ပေ။
"အရှင်သခင်… ဒီအစေခံငယ်သည် သန့်ရှင်းသော အင်ပါယာမှ လာခဲ့ခြင်းဖြစ်ပါသည်။ အရှင်သခင်က ကျွန်ုပ်ကို ထိုမြင့်မြတ်သော ကျွမ်းကျင်မှုတစ်ခု ပေးသနားခဲ့သည့်အချိန်ကတည်းက ဤလောက၏ အမှန်တရားကို သိမြင်ခဲ့ရပါပီ။ ယခု ကျွန်မ နားလည်ပါပြီ။ ကျွန်မ ယခင်က ကိုးကွယ်ခဲ့သော ဘုရားသခင်မှာ စိတ်ကူးယဉ်မှုတစ်ခုသာ ဖြစ်ပါသည်။ အစကတည်းက အရှင်သခင်တစ်ဦးတည်းသာ ဖြစ်နေခဲ့တာပါ။ အရှင်သခင်ရဲ့ မြင့်မြတ်သော အရိပ်အယောင်နောက်ကို မတွန့်မဆုတ်ဘဲ လိုက်လံရှာဖွေခဲ့ရာမှ ဒီနေရာသို့ ရောက်ရှိလာခြင်း ဖြစ်ပါတယ်။ ကျေးဇူးပြု၍... အရှင်သခင်ကို အစေခံရမည့် ဂုဏ်ပြုမှုကို ပေးသနားတော်မူပါ။"
လူစီယန် မျက်တောင်ခတ်မိသည်။
'ငါက ဘယ်တုန်းက နင့်ကို ကျွမ်းကျင်မှုတစ်ခု ပေးခဲ့တာလဲ?' သူသည် သူမကို နားမလည်နိုင်စွာ စိုက်ကြည့်နေမိသည်။ ဒီမိန်းကလေး... သူ့ကို ဘုရားသခင်တစ်ပါးဟု စိတ်ရင်းအတိုင်း ယုံကြည်နေသည်။
သူသည် သေချာစေရန်အတွက် စကင်န် ကို ထပ်မံဖွင့်လိုက်သည်။
အမည်: ကလဲရာ (မ)
အသက်: ၁၅ နှစ်
လူမျိုး: လူ
အလုပ်အကိုင်: သူတော်စင်မယ်
အဆင့်: ၃
ဘွဲ့နာမ:
• ဘုရားကျောင်း၏ သစ္စာရှိနောက်လိုက်
• ဘုရားသခင်ကို ရှာဖွေသူ
ကျွမ်းကျင်မှု:
• မြင့်မြတ်သော အာရုံ
မှော်ပညာ:
• အလင်းမှော်ပညာ
• အိမ်တွင်းမှော်ပညာ
သစ္စာရှိမှု: ၉၀
အခြေအနေ: အစွဲလမ်းကြီးသူ/အစွဲလမ်းကြီးသူ/အစွဲလမ်းကြီးသူ
"ဒီအရူးမ..." လူစီယန် တွန့်သွားသည်။ ဘာလို့ 'အစွဲလမ်းကြီးသူ' ဆိုတာကို သုံးခါတောင် ရေးထားရတာလဲ? ဒါ ဘယ်လိုမျိုး ချို့ယွင်းနေတဲ့ သစ္စာရှိမှုမျိုးလဲ?!
သို့သော် တခြားအရာတစ်ခုက သူ့အာရုံကို ဖမ်းစားသွားသည်။
ကျွမ်းကျင်မှု (အလိုအလျောက်): ကြယ်ငါးပွင့်
သရုပ်ဖော်ပုံ:သက်ရှိအားလုံးကိုထွင်းဖောက်ကြည့်နိုင်သော ရွှေရောင်မျက်လုံးတစ်လုံး
အမည်: မြင့်မြတ်သော အာရုံ
ဖော်ပြချက်: အသုံးပြုသူကို ကမ္ဘာကြီး၏ ဆန္ဒနှင့် လိုက်လျောညီထွေဖြစ်စေပြီး မြင့်မြတ်သော စွမ်းအင်များကို သိမြင်နိုင်ကာ ကောင်းခြင်းနှင့် ဆိုးခြင်းကြားရှိ သိမ်မွေ့သော ဟန်ချက်ကို ခံစားနိုင်စေသည်။
'ကြယ်ငါးပွင့်?! နေပါဦး... ဒါက—'
လူစီယန် ခုန်ပေါက်မိမတတ် ဖြစ်သွားသည်။ သူမြင်ဖူးသမျှ ဒုတိယမြောက် ကြယ်ငါးပွင့်အဆင့် ကျွမ်းကျင်မှုဖြစ်ပြီး ဒီတစ်ခုက သူ့အတွက် လုံးဝမရင်းနီးသော စွမ်းအင်တစ်ခုနဲ့ ဆက်စပ်နေသည်။
မြင့်မြတ်သော စွမ်းအင်။
သူသည် အမြန်ပင် စိတ်ကို ပြန်ထိန်းပြီး အံ့အားသင့်မှုကို ဖုံးကွယ်လိုက်သည်။ ကလဲရာက သူ့ကို ဘုရားသခင်တစ်ပါးပါဟု ယုံကြည်နေပြီးသားဖြစ်ရာ သူလည်း ဟန်ဆောင်လိုက်လျှင် ကောင်းလိမ့်မည်။ ထိုသို့လုပ်ခြင်းဖြင့် အန္တရာယ်မရှိသလို သူသိလိုသည့် အဖြေအချို့ကိုလည်း ရနိုင်ပေလိမ့်မည်။
"ဒါကို 'မြင့်မြတ်သော အာရုံ' လို့ ခေါ်တာမလား?" လူစီယန်က အသံကို တည်ငြိမ်အောင် ထိန်းကာ ပြောလိုက်သည်။ "ကလဲရာ၊ အဲ့ဒီအရာနဲ့ နင် ဘာတွေကို တိတိကျကျ မြင်ရလဲဆိုတာ ငါ့ကို ပြောပြ... ပြီးတော့ သူက ဘယ်လို ဘေးထွက်ဆိုးကျိုးတွေ ပေးလဲဆိုတာပါ ပြောပြ။"
ကလဲရာ၏ အမူအရာမှာ ချက်ချင်းပင် တောက်ပလာပြီး သူမ၏ မျက်ဝန်းများမှာ ရိုသေလေးစားမှုဖြင့် အရောင်လက်လာသည်။
"ကျွန်မရဲ့အရှင်သခင်ကေမျှာ်လင့်ထားတဲ့အတိုင်းပါပဲ! အရှင်သခင်က ဒီလို မထိုက်တန်တဲ့သူရဲ့ နာမည်ကိုတောင် သိနေတာပဲ..." သူမက အသက်ရှူပင် ရပ်မတတ်အောင် တုန်လှုပ်စွာ ဖြင့် ပြောလိုက်သည်။(T/N : -စိတ်လှုပ်ရှားလွန်း၍အသက်ရှုရမာမေ့နေ့ပီးပြောတာလို့ထင်တာပဲ )"မြင့်မြတ်သော အာရုံက ကျွန်မကို ကမ္ဘာကြီးကို အရောင်တွေနဲ့ မြင်ရစေတယ်။ စွမ်းအင်တွေကိုလို့ ပြောရင် ပိုမှန်မယ်။ တစ်ခုချင်းစီက အမှန်တရားကိုေပြာပြပေးတယ်။ မြင့်မြတ်သော စွမ်းအင်ကတော့ အားလုံးထဲမှာ အတောက်ပဆုံးပါပဲ... မျက်စိကျိန်းလောက်တဲ့ ရွှေရောင်အလင်းတန်းပေါ့။ ကျွန်မကို အရှင်သခင်ဆီ လမ်းညွှန်ပေးခဲ့တာ အဲ့ဒီအလင်းတန်းပါပဲ။”
သူမသည် ခဏရပ်တန့်လိုက်ပြီး သူမ၏ အမူအရာမှာ ပိုမိုလေးနက်တည်ငြိမ်လာသည်။
"တစ်ခုတည်းသော ဘေးထွက်ဆိုးကျိုးကတော့... ကျွန်မ အရာဝတ္ထုတွေကို ပုံမှန်အတိုင်း မမြင်နိုင်တော့တာပါပဲ။ မျက်နှာတွေကို မမြင်ရတော့သလို ပုံသဏ္ဍာန်တွေကိုလည်း မမြင်ရတော့ပါဘူး... တစ်စုံတစ်ယောက်ရဲ့ အနှစ်သာရအရောင်တွေကိုပဲ မြင်ရတော့တယ်။ ဒါပေမဲ့ ကျွန်မ ကျေးဇူးတင်မိတယ်။ ဒီလောကကြီးက ညစ်ပတ်နေပါတယ်... ပြီးတော့ အမြင်အာရုံ... သာမန်မျက်စိနဲ့ မြင်ရတဲ့ အမြင်အာရုံတွေက လိမ်ညာမှုေတွချည်းများတယ်။ ကျွန်မက လိမ်ညာခြင်းကို ခံရတာထက် စွမ်းအင်တွေကို ဖောက်ထွင်းမြင်ရတာကိုပဲ ပိုလိုလားပါတယ်။ ကျွန်မရဲ့ တစ်ခုတည်းသော နောင်တကတော့..." သူမ၏ အသံမှာ အနည်းငယ် တုန်ရီသွားသည်၊ "...အရှင်သခင်ကို မမြင်နိုင်တာပါပဲ။"
သူမ၏ မျက်နှာတွင် တိတ်ဆိတ်သော ဝမ်းနည်းမှုတို့ လွှမ်းခြုံသွားသည်။ လူစီယန် လုံးဝ ကြိုမပြင်ဆင်ထားခဲ့ရသည့် ကြည်ညိုလေးစားမှုမျိုး ဖြစ်သည်။
သူ၏ လောကတစ်ခုလုံးသာ အရောင်များနှင့် အရိပ်များအဖြစ် ပျော်ဝင်သွားမည်ဆိုလျှင် သူလည်း ရူးသွပ်သွားနိုင်လောက်သည်။ သူမသည် အစွန်းရောက်ရုံတင်မကဘဲ သူ အခုမှ စတင်နားလည်လာသည့် နည်းလမ်းဖြင့် စိတ်ပိုင်းဆိုင်ရာတွင် ပျက်စီးနေသူ ဖြစ်သည်။
သူမကို ကြည့်လိုက်သောအခါ သူမ၏ ပိန်လှီမှုအား သတိပြုမိလိုက်သည်။ ပင်ပန်းနွမ်းနယ်နေပြီး၊ ဦးခေါင်းမှ ခြေဖဝါးအထိ ခြောက်သွေ့နေသော စလိုင်းအချွဲများ ပေကျံနေသည်... သို့သော် သူမသည် အသက်ဝင်နေဆဲပင်။
ရည်ရွယ်ချက်တစ်ခုကို မဆုတ်မနစ် လက်မလွှတ်တမ်း ဆုပ်ကိုင်ထားသူ
"ဒါကို စားလိုက်။"
လူစီယန်သည် သူ့အိတ်ကပ်ထဲမှ ဝတ်ရည်သလင်းကျောက်တစ်ခုကို ထုတ်ယူကာ ကလဲရာအား ပေးလိုက်သည်။ ၎င်းမှာ သိပ်အရေးမပါသော်လည်း သူမ၏ ပင်ပန်းနွမ်းနယ်မှုကို သက်သာစေလိမ့်မည်။
ကလဲရာသည် ထိုအရာကို မြင်လိုက်သည့်အချိန်တွင် ကြက်သေသေသွားသည်။ သူမသည် တုန်ရီသွားပြီးနောက် မြင့်မြတ်သော ပစ္စည်းတစ်ခုကဲ့သို့ ထိုကျောက်မျက်ကို စိုက်ကြည့်ရင်း ဖြည်းညှင်းစွာ လက်လှမ်းယူလိုက်သည်။
"အရှင်သခင်
ပေးသနားေသာပစ္စည်းဆိုတဲ့အတိုင်း… ဒီလောက်သေးငယ်တဲ့ အရာလေးမှာတောင် မြင့်မြတ်သော စွမ်းအင်တွေ ပါဝင်နေတာပဲ။ ဤမျှမြင့်မြတ်သော ကျေးဇူးတော်ဖြင့် မထိုက်တန်သူအား ချီးမြှင့်ပေးသည့်အတွက်...
ကျေးဇူးတင်လှပါသည်။"
သူမသည် နောက်မတွန့်ဘဲ ချက်ချင်းပင် စားလိုက်သည်။ သူမ၏ မျက်နှာအမူအရာမှာ ကယ်တင်ခြင်းကို အရသာခံနေရသကဲ့သို့ ပီတိဖြစ်သွားသည်။ တစ်စက်ကလေးမျှ အလဟဿ မဖြစ်စေရပေ။ သူမသည် နောက်ဆုံးအေနဖြင့်စားရသော အစာကဲ့သို့ပင် အလွန်တရာ အရသာခံ၍ စားသောက်လိုက်သည်။
လူစီယန် ငြိမ်သက်စွာ ရပ်နေမိသည်။ သူမ၏ ပီတိဖြစ်နေသော မျက်နှာအမူအရာကြောင့် သူ အံ့အားသင့်သွားခြင်းမဟုတ်ပါ... သူမ ပြောသွားသည့် စကားကြောင့်သာ ဖြစ်သည်။
'မြင့်မြတ်သော စွမ်းအင်... ငါ့ရဲ
ကျလာတဲ့ပစ္စည်းတွေမာလား?'
ထိုအချက်က အရာအားလုံးကို ပြောင်းလဲသွားစေသည်။
သူ ခန့်မှန်းရသလောက်ဆိုလျှင် မြင့်မြတ်သော စွမ်းအင်ဆိုသည်မှာ သာမန်မန်နာစွမ်းအင်များထက် အဆပေါင်းများစွာ သာလွန်သည်။ ရှားပါးပြီး အစွမ်းထက်ကာ ရွေးချယ်ခံရသူများသာ အသုံးပြုနိုင်မည့်အရာ ဖြစ်နိုင်သည်။ ကံမကောင်းစွာဖြင့် စနစ်က ဘာကိုမျှ ရှင်းပြမထားပေ။ သူ့လက်ထဲသို့ စွမ်းအားများကို ပုံပေးလိုက်ပြီး သူ့ဘာသာ သူ နားလည်အောင် လုပ်ခိုင်းထားခြင်းသာ ဖြစ်သည်။
သို့သော် ယခုမူ သူ၏ ဦးနှောက်မှာ အလုပ်စလုပ်နေပြီ ဖြစ်သည်။
သူသည် သူ့အိတ်ကပ်ထဲသို့ လက်ပြန်ထည့်ကာ အခြားပစ္စည်းတစ်ခုကို ထုတ်ယူလိုက်သည်။ "ဒါကို ကြည့်လိုက်ဦး၊" ဟု ပြောကာ သူမအား ပေးလိုက်သည်။
ယခင်ကကဲ့သို့ပင် ကလဲရာ တုန်ရီသွားသည်။
သူမကို ပစ္စည်းတစ်ခုချင်းစီ ပြသတိုင်း သူမသည် ရိုသေလေးစားမှုဖြင့် တုံ့ပြန်သည်။ ထိုပစ္စည်းများထဲတွင် ပါဝင်နေသည့် မြင့်မြတ်သော စွမ်းအင်များကို ချီးကျူးဂုဏ်ပြုပြီး အံ့ဩနေရှာသည်။
လူစီယန်သည် စူးစိုက်ကြည့်နေသည်။
ပုံစံတစ်ခုကို သူ တွေ့လိုက်ရသည်။
ပစ္စည်းတစ်ခု၏ ရှားပါးမှုနှုန်း မြင့်မားလေ၊ ကလဲရာက ထိုပစ္စည်းထဲတွင် မြင့်မြတ်သော စွမ်းအင်ပိုမိုပါဝင်သည်ဟု ဆိုလေပင်။
'ဒါဆို ရှားပါးမှုနှုန်းက မြင့်မြတ်သော စွမ်းအင်ထွက်ရှိမှုကို သက်ရောက်မှုရှိတာပေါ့? ဒါဆို... ငါ ဘယ်လောက်တောင် စွမ်းအင်ကြီးကို ပိုင်ဆိုင်ထားမိတာလဲ?'
လူစီယန်သည် ဤအခွင့်အရေးကို အသုံးချကာ ကလဲရာကို မေးခွန်းအချို့ ထပ်မံမေးမြန်းလိုက်သည်။ သူ အံ့အားသင့်ရသည်မှာ သူမသည် မေးခွန်းတစ်ခုချင်းစီကို အလွန်ရှင်းလင်းပြတ်သားစွာနှင့် စေ့စပ်သေချာစွာ ဖြေကြားပေးခြင်းပင်။ သူမ၏ ထူးဆန်းသော စွဲလမ်းမှုများ ရှိနေသော်လည်း သူမသည် စကားပြောဆိုရာတွင် ထက်မြက်ပြီး ပညာတတ်တစ်ဦးကဲ့သို့ ရှင်းပြနိုင်သည်။
'သူမသာ အစွန်းရောက်ပြီး စိတ်မနှံ့တာမျိုး မဟုတ်ခဲ့ရင်တော့... သူဟာ လူကောင်းတစ်ယောက် ဖြစ်နိုင်တာပဲ၊' ဟု လူစီယန် တွေးမိသည်။
သို့သော်လည်း သူသည် သူမကို သူ့စိတ်ထဲတွင် 'အသုံးဝင်ပေမဲ့ ထူးဆန်းတဲ့ မိန်းမတစ်ယောက်' ဟု သတ်မှတ်ပြီးသား ဖြစ်သည်။
စကားပြောဆိုမှုများ ဆက်လက်ဖြစ်ပေါ်နေစဉ်မှာပင် အခြားသော အတွေးတစ်ခုက သူ့စိတ်ထဲတွင် ပေါ်လာပြီး စိုးရိမ်လာစေသည်။
'ငါ့ရဲ့ စနစ်က ဘယ်ကလာတာလဲ? ပြီးတော့ ဒီပစ္စည်းတွေက တကယ်ပဲ ဘယ်ကနေ ရလာတာလဲ?'
"မြင့်မြတ်သော စွမ်းအင်..." ဟု သူ တိုးတိုးလေး ရေရွတ်မိသည်။ "ဒါကြောင့်များ ငါ မှော်ပညာကို မသုံးနိုင်တာ ဖြစ်မလား?"
သူ ခေါင်းခါလိုက်သည်။ 'မဟုတ်ဘူး... ဒါက မန်နာနဲ့ မတူဘူး။ ကလဲရာ ပြောပြထားတာပဲ။ ဒါဆိုရင် အထက်က အမြင့်မြတ်ဆုံး ပုဂ္ဂိုလ်တစ်ဦးဦးနဲ့ ပတ်သက်နေတာလား?'
'ဒါလည်း မဖြစ်နိုင်ဘူး။ သန့်ရှင်းသော အင်ပါယာရဲ့ ဘုရားသခင်ဆိုတာ လုံးဝမရှိဘူးလို့ ကလဲရာက တန်းပြောခဲ့တာပဲ။'
သူ့လိုမျိုး အခြားသော သက်ရှိမျိုး မရှိကြောင်းနှင့် မြင့်မြတ်သော စွမ်းအင်နှင့် ဆက်စပ်နေသည့် အခြားအရာမျိုး မရှိကြောင်း ကလဲရာက ပြောခဲ့သည်။ သို့သော်... သူမ ခေါ်ဝေါ်သည့် 'ကမ္ဘာလောက၏ ဆန္ဒ' ဆိုသည့်အရာတွင် သူ့နှင့် သူ့၏ ကျလာသောပစ္စည်းများအပြင် မြင့်မြတ်သော စွမ်းအင်များ ပါဝင်နေသေးသည်။
"ကမ္ဘာလောက၏ ဆန္ဒ..."
ထိုစကားလုံးမှာ သူ၏စိတ်ထဲတွင် ပဲ့တင်ထပ်နေပြီး ကြောက်မက်ဖွယ်ကောင်းသလို လျှို့ဝှက်ဆန်းကြယ်လှသည်။
'ကမ္ဘာကြီးကိုယ်တိုင်က အသိစိတ်ရှိနေတာလား? အသက်ရှင်နေတာလား? ငါ့ကို ကြည့်နေတာလား?...'
သူ မျက်မှောင်ကြုတ်လိုက်သည်။
အမှန်တရားကို သိနိုင်မည့် နည်းလမ်း မရှိပေ။ စနစ်က ပေးချင်စိတ်မရှိသည့် အဖြေတွေကို လိုက်ရှာပြီး ကိုယ့်ကိုယ်ကိုယ် ရူးသွပ်အောင် လုပ်နေဖို့လည်း အဓိပ္ပာယ်မရှိပေ။
ယခုလောလောဆယ်တွင် သူလုပ်နိုင်သည်မှာ သဲလွန်စများကို စုဆောင်းပြီး နောက်ကွယ်မှ အကြောင်းတရားများကို လိုက်နာရန်သာ ဖြစ်သည်။
ထိုစဉ်တွင် သူတစ်ခုကို သတိရသွားသည်။
လူစီယန်၏ အကြည့်များသည် 'သက်တန့်ရောင် စလိုင်းရုပ်တု' ထံသို့ ဖြည်းညှင်းစွာ ရောက်သွားပြီးမှ သူ၏ မွန်းစတားသတ်ရာမှကျလာသောပစ္စည်းသိမ်းထားသည့် သိုလှောင်အိတ်ထဲသို့ ရောက်သွားသည်။
'ကလဲရာပြောတာ မှန်တယ်ဆိုရင်... ငါ့ရဲ့ ပစ္စည်းတွေထဲမှာ မြင့်မြတ်သော စွမ်းအင်တွေ တကယ်ပါဝင်နေပြီး... အဲ့ဒီရုပ်တုကလည်း အဲ့ဒီစွမ်းအင်မျိုးကိုပဲ ထုတ်လွှတ်နေတယ်ဆိုရင်...'
ဒါဆိုလျှင် ကောက်ချက်တစ်ခုတည်းသာ ရှိတော့သည်။
'အဲ့ဒီရုပ်တုက ငါ့ရဲ့ ပစ္စည်းတွေကနေ ဖြစ်လာတာပဲ။'
ကလဲရာက အဲ့ဒီရုပ်တုကို သန့်ရှင်းသော ပစ္စည်းတစ်ခုအဖြစ် ဒူးထောက်ကိုးကွယ်ခဲ့သည်ကို စဉ်းစားကြည့်လျှင် ၎င်းမှာ မြင့်မြတ်သော စွမ်းအင်များဖြင့် ပြည့်နှက်နေရမည်မှာ အသေအချာပင်။
လူစီယန် မျက်လုံးကို ကျဉ်းမြောင်းလိုက်သည်။
'ငါ ပစ္စည်းအများအပြား စွန့်ပစ်ခဲ့ဖူးတဲ့အရာတစ်ခုပဲ ရှိတယ်...'
စလိုင်းအရုပ်ပျော့ တွေ
သူသည် ၎င်းတို့ကို အမှိုက်ဟု သတ်မှတ်ကာ စွန့်ပစ်ခဲ့သည်။ နေရာယူသည့် အသုံးမဝင်သော အမွေးအတောင်များဟုသာ သူထင်ခဲ့သည်။ သို့သော် ယခုမူ? ထိုအရုပ်ပျော့များသည် အသုံးမဝင်ဆုံး၊ အပျော့ဆုံးနှင့် တန်ဖိုးမရှိဆုံးဟု ထင်ရသည့်အရာများထဲမှ အစွမ်းထက်ဆုံး အကျိုးသက်ရောက်မှု ရှိနေသည်မှာ ထင်ရှားနေသည်။
စကားတစ်ခွန်းမျှ မဆိုဘဲ လူစီယန်သည် သူ့အိတ်ကပ်ထဲမှ အရုပ်တစ်ရုပ်ကို ထုတ်ယူလိုက်သည်။
သူက အဲ့ဒီအရုပ်ကို ကလဲရာဆီ ပေါ့ပေါ့ပါးပါး ပစ်ပေးလိုက်သည်။
သူမက ဖမ်းမိသွားပြီး ရင်ခွင်ထဲသို့ ပွေ့ဖက်လိုက်ကာ ပီတိဖြစ်စွာဖြင့် တခစ်ခစ် ရယ်မောလိုက်သည်။
"အရှင်သခင်! ဒါက ဘာပါလဲ? ဟီးဟီးဟီး~ အရမ်းပျော့တာပဲ! တိမ်တိုက်ကြီးကို ပွေ့ဖက်ထားရသလိုပဲ!"
လူစီယန် မျက်တောင် ခတ်မိသည်။ ဒီအရုပ်ကို ကိုင်ထားရုံနဲ့တင် ကလဲရာက ပိုပြီး အားအင်ပြည့်ဝလာသလို ဖြစ်သွားသည်။
"ဒီမြင့်မြတ်တဲ့ ပစ္စည်းက... ကျွန်မကို အာဟာရဖြည့်ပေးနေသလိုပဲ! ကျွန်မရဲ့ ပင်ပန်းနွမ်းနယ်မှုတွေ ပျောက်ကွယ်သွားတာကို ခံစားမိတယ်!"
လူစီယန် ဘာမှ ပြန်မပြောခဲ့ပေ။
'သူမကတော့ ပစ္စည်းတွေကို မြင့်မြတ်သယောင် ပြောတတ်တာပဲ...' ဟု သူမက အရုပ်ကို အဖိုးတန်ရတနာတစ်ခုလို ပွေ့ဖက်ထားသည်ကို ကြည့်ရင်း သူ တွေးလိုက်သည်။ 'စိတ်ကူးယဉ် အာနိသင်သက်သက် ဖြစ်မှာပါ။ ပစ္စည်းရဲ့ အချက်အလက်မှာတော့ အဲ့လိုမျိုး ဘာမှ မရေးထားဘူး။'
"အဟမ်း။" လူစီယန် ချောင်းဟန့်လိုက်ပြီး ရုပ်တုဆီသို့ လက်ညှိုးထိုးလိုက်သည်။ "ဒီရုပ်တုက ဒီလိုပစ္စည်းမျိုးတွေကနေ ဖြစ်လာနိုင်မယ်လို့ နင် ထင်လား?"
ကလဲရာ တိတ်ဆိတ်သွားသည်။
သူမ မျက်ခုံးများ ပူးကပ်သွားပြီး နက်နက်ရှိုင်းရှိုင်း တွေးတောနေသည်။ ခဏတာ တုံ့ဆိုင်းပြီးနောက် သူမက ခေါင်းကို ဖြည်းညှင်းစွာ ခါယမ်းလိုက်သည်။
"အရှင်သခင်...ဒီကျွန်မက မလိမ္မာတဲ့သူပါ။ အရှင်သခင် ချီးမြှင့်တော်မူတဲ့ ကျွမ်းကျင်မှုကို ရရှိတဲ့အခါ ဗဟုသုတအပိုင်းအစတွေက ကျွန်မရဲ့ စိတ်ထဲကို စီးဝင်လာခဲ့ပေမယ့် ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ ဘာမှ မသိရပါဘူး။ ကျွန်မ နားလည်တာတစ်ခုကတော့ မြင့်မြတ်တဲ့ စွမ်းအင်တွေ စုစည်းပြီး အလွန်အမင်း ထူပြောလာတဲ့အခါ စွမ်းအားကြီးတဲ့ ရလဒ်တွေ ထွက်ပေါ်လာနိုင်တယ်ဆိုတာပါပဲ။ ဖြစ်နိုင်တာကတော့... ဒီလို မြင့်မြတ်တဲ့ ပစ္စည်းမျိုးတွေ အများကြီးကို နေရာတစ်ခုမှာ စုပုံထားမယ်ဆိုရင်…”
ဒီရှင်းပြချက်ဆိုရင် လုံလောက်ပါပြီ။
လူစီယန် နောက်ထပ် နားထောင်စရာ မလိုတော့ပေ။
သူ၏ မှတ်ဉာဏ်ထဲတွင် စလိုင်းအရုပ်ပျော့ ရာပေါင်းများစွာကို ချောက်ကမ်းပါးအောက်သို့ ဘာမှမတွေးဘဲ ပစ်ချခဲ့စဉ်က အဖြစ်အပျက်ကို ပြန်မြင်ယောင်လာသည်။
ယခုအခါတွင်မူ ထိုနေရာ၌ပင်... သက်တန့်ရောင် စလိုင်းရုပ်တုကြီး ရှိနေသည်။
'ဒါဆိုရင် အသုံးမဝင်ဘူးလို့ ထင်ရတဲ့ အရုပ်ပျော့တွေက တကယ်ပဲ ပေါင်းစပ်ပြီး ဒီရုပ်တုကြီး ဖြစ်သွားတာပေါ့...'
သူ့မျက်နှာပေါ်တွင် ပြုံးစစအမူအရာတစ်ခု ပေါ်လာသည်။
ဒါဟာ... သူ ဒီထက်ပိုပြီး ဖန်တီးနိုင်သေးတယ်ဆိုတာကို ဆိုလိုနေတာပဲ။
စကားတစ်ခွန်းမှ မဆိုဘဲ သူသည် သိလိုစိတ် ပြင်းပြစွာဖြင့် ရုပ်တုဆီသို့ လျှောက်သွားလိုက်သည်။ သူသည် ရုပ်တု၏ ချောမွေ့တောက်ပသော မျက်နှာပြင်ပေါ်တွင် လက်တင်လိုက်ပြီးနောက် စကင်န်ကို ဖွင့်လိုက်သည်။
<သက်တန့်ရောင် စလိုင်းရုပ်တု>
အမျိုးအစား: မြင့်မြတ်သော အထိမ်းအမှတ်ပစ္စည်း
ရှားပါးမှု: ဒဏ္ဍာရီအဆင့်
ဖော်ပြချက်:
• စလိုင်းအခြေခံ ကျွမ်းကျင်မှုအားလုံး၏ ထိရောက်မှုကို နှစ်ဆတိုးပေးသည်
• သင့်လျော်သော ပူဇော်ပသမှုပြုလုပ်သောအခါ ကောင်းချီးမင်္ဂလာ ရရှိရန် အခွင့်အရေးပေးသည်
"ဟင်? ဒဏ္ဍာရီအဆင့် ဟုတ်လား?!" လူစီယန် အော်ဟစ်လိုက်သည်။ "ဒီချေးပုံသဏ္ဍာန် အရုပ်ကြီးက ဒဏ္ဍာရီအဆင့် ရှားပါးပစ္စည်း ဟုတ်လား?!"
သူသည် ထိုရုပ်တုက သူ့ကို စော်ကားလိုက်သည့်အလား မယုံကြည်နိုင်စွာ စိုက်ကြည့်နေမိသည်။
မျက်စိကို ပွတ်သပ်လိုက်ပြီးနောက် သူသည် စကင်န်ကို ထပ်မံဖွင့်လိုက်သည်။
ရလဒ်က အတူတူပါပဲ။
သူ ထပ်စမ်းကြည့်ပြန်သည်။
ထပ်ပြီးတော့လည်း အတူတူပါပဲ။
ဒါက မဖြစ်နိုင်ဘူး။ ကလဲရာလိုမျိုး သူ မြင့်မြတ်တဲ့ စွမ်းအင်တွေကို မခံစားနိုင်တာကြောင့် သူမြင်ရတာက ရယ်စရာကောင်းတဲ့ သက်တန့်ရောင် အဖတ်ကြီးပဲ ဖြစ်နေတယ်။ သူ့အတွက်တော့ ဒါဟာ စလိုင်းချေးပုံကြီးတစ်ခုကို အလှဆင်ထားသလိုပဲ။
ဒါပေမဲ့...
[တင် !]
[စလိုင်းအရှင်က သင့်အား ကောင်းချီးတစ်ခု ပေးသနားလိုက်ပါသည်။]
[ကျွမ်းကျင်မှုတစ်ခု ကျပန်းဆင့်ကဲပြောင်းလဲပါမည်။]
[...]
[စကင်န် သည် စစ်ဆေးခြင်း အဖြစ်သို့ ပြောင်းလဲသွားပါသည်။]
လူစီယန် တောင့်သွားသည်။
"ဒီရုပ်တုကြီးက စိတ်တိုပြီး ငါ့ကို ဒေါသနဲ့ ကောင်းချီးပေးလိုက်တာလား?"
သူ တိတ်ဆိတ်သွားသည်။ အလွန်ပင် တိတ်ဆိတ်သွားသည်။
ထို့နောက် သူသည် တွန့်ဆုတ်တွန့်ဆုတ်နှင့်ပင် စစ်ဆေးခြင်းကို အသုံးပြုလိုက်သည်။
သူ မြင်လိုက်ရသည့်အရာကြောင့် သူ၏ သွေးများပင် အေးခဲသွားသလို ခံစားလိုက်ရသည်။
"မန်နာ...? အဲ့ဒါ... အဲ့ဒါ တကယ်ပဲ မန်နာ ဟုတ်လား?!”