အခန်း ၁၇ - နတ်ဆိုးများ
ရုတ်တရက် လူစီယန် တောင့်ခဲသွားသည်။
တစ်စုံတစ်ယောက်က သူ့ကို စောင့်ကြည့်နေသည်။
ချုံပုတ်ကြားမှ တိုးညှင်းသော အသံကို ကြားလိုက်ရသည်နှင့် သူ၏ အာရုံခံစားမှုများက အလုပ်လုပ်လာသည်။ လျင်မြန်သော ခြေသံများက ချုံနွယ်များကြားထဲသို့ နောက်ဆုတ်သွားသည်။
တွန့်ဆုတ်မနေဘဲ လူစီယန် လိုက်သွားလိုက်သည်။
သူ ရှေ့သို့ ရွေ့လျားလိုက်သည်နှင့် ရင်းနှီးပြီးသား ခံစားချက်က မှေးမှိန်သွားသည်။ စလိုင်းသားရဲပုံစံ ဖြစ်နေစဉ်အတွင်း သူ၏ခန္ဓာကိုယ်ထဲသို့ စီးဆင်းနေသော ထူးဆန်းသည့် စွမ်းအားက တဖြည်းဖြည်း လျော့ပါးသွားသည်။ သူ၏ ခန္ဓာကိုယ်သည် ပုံမှန်အတိုင်း ခိုင်မာသော အသွင်သို့ ပြန်ရောက်သွားသည်။
အရည်ကြည်ပုံစံကဲ့သို့ မဟုတ်တော့ပါ။
ပိုမိုကောင်းမွန်သော စွမ်းအားများလည်း မရှိတော့ပါ။
ထိုအကျိုးသက်ရောက်မှုသည် ၁၀ မိနစ်ခန့်သာ ကြာမြင့်သည်။
တစ်ချိန်တည်းမှာပင် သူ တစ်ခုခုကို သဘောပေါက်လိုက်သည်။ သူသည် သက်တန့်ရောင် စလိုင်းသခင် ရုပ်တု၏ အတိုင်းအတာအတွင်း၌ မရှိတော့ပေ။
ပင်ပန်းနွမ်းနယ်မှုများ တိုးဝင်လာသည်။ သို့သော် သူ၏ သွေးကြောထဲတွင် စီးဆင်းနေသော အက်ဒရီနယ်လင်ဓာတ်က ထိုပင်ပန်းမှုကို လျော့ပါးစေသည်။ သူ ရှေ့ဆက်တိုးလိုက်သည်၊ နောက်ထပ် မရေရာသောအခြေအနေမျိုး ကို ထပ်မဖြစ်စေချင်ပေ။
အကွေ့အကောက်များစွာကို ဖြတ်ကျော်ကာ သစ်ပင်များကြားတွင် လျင်မြန်စွာ ရွေ့လျားပြီး သစ်ပင်အမြစ်များကို ခုန်ကျော်ရင်း နောက်ဆုံးတွင် ထွက်ပြေးနေသည့် လူကို ဖမ်းမိလိုက်သည်။
သူ အံ့အားသင့်သွားရသည်မှာ ၎င်းသည် အဆင့် ၂ ရန်သူဖြစ်နေခြင်းပင်... အစောပိုင်းက အိမ်ကြီးအပြင်ဘက်တွင် တာဝန်ကျနေသူ ဖြစ်သည်။
"မိပြီ!" လူစီယန် ဟိန်းလိုက်ပြီး ထွက်ပြေးနေသည့် လူဆီသို့ စလိုင်းအပစ်များကို တရစပ် ပစ်လွှတ်လိုက်သည်။
"!! မ-မွန်းစတား !! မ-မင်း–မင်းက—ဘယ်လိုလုပ်ပြီး!!" အဆင့် ၂ ပစ်မှတ်သည် စလိုင်းအပစ်များ သူ့ခြေရင်းတွင် ပေါက်ကွဲသံနှင့်အတူ ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
လူစီယန် ပြုံးလိုက်သည်။ "ဘာလို့ လူမိုက်လိုမျိုး တုန်တုန်ရီရီနဲ့ စကားထစ်နေတာလဲ? ရုပ်ချောတဲ့ မွန်းစတားကို အရင်က တစ်ခါမှ မမြင်ဖူးဘူးလား?"
ထိုသူ၏ တုန်ရီမှုက ပို၍ ဆိုးရွားလာသည်။ "ဘ-ဘယ်လိုလုပ်ပြီး မွန်းစတားတစ်ကောင်ရဲ့ ကျွမ်းကျင်မှု ကို သုံးနိုင်ရတာလဲ?!"
လူစီယန် မျက်မှောင်ကျုံ့လိုက်သည်။
ဒါက မတော်တဆ ထင်မြင်ချက်တစ်ခု မဟုတ်ပေ။
အချိန်မဖြုန်းဘဲ သူ စကင်န် ကို အသက်သွင်းလိုက်သည်... ထိုအခါ အမှန်တရားက ချက်ချင်း ပေါ်လာသည်။
“အကဲဖြတ်ခြင်းကိုး”... ဘယ်လောက်တောင် စိတ်အနှောင့်အယှက်ဖြစ်ဖို့ ကောင်းတဲ့ ကျွမ်းကျင်မှုလဲ" ဟု လူစီယန် ရေရွတ်လိုက်သည်။
အဆင့် ၂ သည် တိုက်ခိုက်ရေးသမား မဟုတ်ပေ။ သူ၌ တိုက်ခိုက်ရေး ကျွမ်းကျင်မှု မရှိပါ။ သို့သော် အခြားအရာတစ်ခုက ထူးခြားနေသည်... ပို၍ စိတ်ဝင်စားစရာကောင်းသော အရာတစ်ခုပင်။
လူစီယန်၏ အမူအရာမှာ အေးစက်သွားတော့သည်။
"ဒါဆို မင်းက အဲဒီ ကိုလ်းဟတ် မျိုးမစစ်ရဲ့ သား ဒုတိယမြောက်ပေါ့"
သူသည် အသံတွင် အမည်းစက်တစ်ခု ပါဝင်သကဲ့သို့ ခက်ထန်စွာ ပြုံးလိုက်သည်။
"ဂါဟားဟား... ကောင်းတယ်။ အရမ်းကောင်းတယ်။ အခု မင်းကို ငါဘာလုပ်မလဲဆိုတာ ကြည့်လိုက်ဦး"
အရာအားလုံးက အခုမှ အဓိပ္ပာယ်ရှိသွားသည်။
ကိုလ်းဟတ် နယ်မြေတွင် ကျွမ်းကျင်မှု ပိုင်ရှင်များ ပေါများနေခြင်း...
အလွန်ထိရောက်သော လူသစ်စုဆောင်းခြင်း...
လူစီယန်သည် တုန်ရီနေသော ထိုလူကို အကြည့်မလွှဲဘဲ ခေါင်းကို စောင်းလိုက်သည်။
"ဟဲ... အဲဒီလိုကိုး" သူသည် အသံနက်ဖြင့် ရယ်မောလိုက်သည်။
အကဲဖြတ်ခြင်း ။
စကန် လောက် မတိကျသော်လည်း အန္တရာယ်ရှိသော စွမ်းရည်တစ်ခုဖြစ်သည်။
လူစီယန်သည် တစ်စုံတစ်ခုကို သဘောပေါက်လိုက်ချိန်တွင် သူ၏ အမူအရာမှာ ပို၍ မှောင်မိုက်သွားသည်။
'သူတို့ ဒီကောင်ကို ခေါ်လာတာပဲ။ သူတို့ရဲ့ တန်ဖိုးရှိတဲ့ အရည်အချင်းရှိသူလေး။ ဒါဆိုရင်...'
"ငါ သေမှာကို သူတို့ အဲဒီလောက်တောင် ယုံကြည်နေတာပဲ" ဟု လူစီယန်က တည်ငြိမ်အေးစက်သော အသံဖြင့် ရေရွတ်လိုက်သည်။ "သူတို့နိုင်မယ်လို့ အဲဒီလောက်တောင် သေချာနေတာပဲ၊ ငါ့နေရာကို ဆက်ခံဖို့ နောက်ထပ် ကပ်ပါးကောင်ကိုတောင် ခေါ်လာနှင့်နေပြီ"
သူ ရှုံးနိမ့်သွားခဲ့လျှင် ဖြစ်လာမည့် နောက်ဆက်တွဲများကို သူ မြင်ယောင်နေသည်။
သူသာ အစောပိုင်းက သေဆုံးသွားခဲ့လျှင် ဤလူသည် နယ်မြေ၏ အရှင်သခင်နေရာကို ရယူသွားမည်မှာ သေချာသည်။
ထို အကဲဖြတ်ခြင်း စွမ်းရည်ဖြင့် သူသည် ပုန်းကွယ်နေသော ကျွမ်းကျင်မှု
ပိုင်ရှင်များကို အလွယ်တကူ ရှာဖွေနိုင်မည်... ထို့နောက် သူတို့ကို သတင်းပေးပို့မည်၊ စုဆောင်းမည်... သို့မဟုတ် ပိုဆိုးသည်များ လုပ်မည်။
ဦးနှောက်ဆေးကြောမည်။
ခြိမ်းခြောက်မည်။
ထိန်းချုပ်မည်။
ထိုလူသတ်သမားများအတိုင်းပင်။
"မျိုးမစစ်တွေ..." လူစီယန်က သွားကြားထဲမှ တိုးတိုးလေး ဆဲဆိုလိုက်သည်။ "သူ ဒီကို တိုက်ခိုက်ဖို့ သက်သက်လာတာ မဟုတ်ဘူး။ သူက ငါ့နောက်က အညစ်အကြေးတွေကို ရှင်းပေးဖို့ လာတာ"
ကျန်ရှိနေသည်များကို ရိတ်သိမ်းရန်။
လူများ။
စွမ်းအား။
အလားအလာများ။
အားလုံးက ကိုလ်းဟတ် တို့၏ အလံအောက်တွင်သာ။
လူစီယန်၏ အမူအရာမှာ တင်းမာသွားသည်။
သူ ဤလူကို အသက်ရှင်ခွင့် မပေးနိုင်။
ကိုလ်းဟတ် ၏ သားဖြစ်နေလို့တင် မဟုတ်ပါ။
အခုအချိန်မှာတော့... သူ သိသင့်သည်ထက် ပိုသိသွားပြီမို့ ဖြစ်သည်။
ထိုလူသည် ကြောက်လန့်တကြားဖြင့် ဆီးပင် ထွက်ကျသွားသည်။
အသက်လု၍ အော်ဟစ်ရင်း သူသည် ထွက်ပြေးရန် မြေပြင်ပေါ်တွင် လူးလှိမ့်လိုက်သည်။
လူစီယန်က သူ့ကို မတားဆီးပါ။
ယင်းအစား... တစ်ချက်တည်း ရှင်းရှင်းလင်းလင်းဖြင့်... သူ ဓားကို ဝှေ့ယမ်းလိုက်သည်... ထိုလူ၏ ခြေထောက်နှစ်ဖက်ကို ဖြတ်တောက်လိုက်သည်။
"အားးး!! မျိုးမစစ်ကောင်! ငါဘယ်သူလဲဆိုတာ မင်းသိလား?!"
လူစီယန်က ခေါင်းကိုစောင်းကာ လှောင်ပြုံးပြုံးလိုက်သည်။
"ချူ ချူ ချူ။ ဗီလိန်တွေရဲ့ ပုံစံအိုကြီးပါလား။"
သူသည် ထိုလူ၏ အနီးသို့ ကပ်သွားပြီး အသံကို နိမ့်ချ၍ လှောင်ပြောင်လိုက်သည်။
"ငါသိတာပေါ့။ မင်းက ကိုလ်းဟတ် ရဲ့ ခွေးကောင်ပဲလေ။ မင်းကို ငါသတ်လိုက်ရင် အဲဒီ အမှိုက်ကောင်ကြီး ပြေးလာတော့မှာ မဟုတ်လား?" သူသည် ရက်စက်စွာ ပြုံးလိုက်သည်။ "...မင်းခေါင်းကိုပဲ သူ့ဆီ ပြန်ပို့လိုက်ရင်ရော ဘယ်လိုနေမလဲ?"
ထိုလူ၏ မျက်နှာမှာ သွေးရောင်မရှိတော့ဘဲ ဖျော့တော့သွားသည်။
လူစီယန်က သူ့ကို ပြန်ပြောခွင့် မပေးလိုက်ပါ။
သူ အဲဒီလို စိတ်မရှည်ပါ။ အကြောင်းမှာ နောက်ထပ် ရန်သူတစ်ယောက်ကို မရှင်းရသေး၍ ဖြစ်သည်။
စက်ရုပ်ကဲ့သို့ တိကျသော အပြုအမူဖြင့် လူစီယန်သည် ထိုလူ၏ ကိုယ်လက်အင်္ဂါများကို တစ်ခုပြီးတစ်ခု ဖြတ်တောက်လိုက်သည်။ ထို့နောက် နောက်ဆုံးတွင် ခေါင်းကို ဖြတ်လိုက်သည်။
သူသည် စကားတစ်ခွန်းမျှ မပြောဘဲ ခေါင်းကို သူ၏ သိုလှောင်နေရာ ထဲသို့ သိမ်းလိုက်သည်။
သူ့တွင် အစီအစဉ်တစ်ခု ရှိနှင့်ပြီးသားဖြစ်သည်။
•••
လူစီယန်သည် အိမ်ကြီးဆီသို့ အမြန်ပြေးပြန်လာသည်။
ထိုနေရာတွင် ဆီဘတ်စ် ၏ လက်ချက်ကြောင့် ဖြစ်ပေါ်လာသည့် ရလဒ်ကို သူ မြင်လိုက်ရသည်။
ယခင်က ယုံကြည်မှုအပြည့်နှင့် လူကောင်ထွားထွားကြီး ဖြစ်ခဲ့သော ထိုလူ... အခုတော့ မြေပြင်ပေါ်တွင် ပုံလျက်သား ဖြစ်နေပြီး အသက်ငွေ့ငွေ့သာ ကျန်တော့သည်။ သူ၏အောက်တွင် သွေးများ စုပုံနေသည်။ သူ၏ ခန္ဓာကိုယ် တစ်လက်မချင်းစီတွင် ဒဏ်ရာများဖြင့် ပြည့်နှက်နေပြီး အဆစ်များမှာလည်း ပုံမှန်မဟုတ်ဘဲ လိမ်ကောက်နေကာ ကိုယ်လက်အင်္ဂါများမှာ ကျိုးကျနေသော အကိုင်းအခက်များကဲ့သို့ တွဲလောင်းကျနေသည်။
လူစီယန် မျက်နှာရှုံ့သွားသည်။ ထိုလူ ခံစားခဲ့ရမည့် တိတ်ဆိတ်သော ညှဉ်းပန်းနှိပ်စက်မှုကို သူ စိတ်ကူးပင် မယဉ်နိုင်ပေ။
နောက်ဆုံးတော့ ဆီဘတ်စ် ထက် ပိုပြီး ရက်စက်စွာ တိုက်ခိုက်နိုင်သူ မရှိပေ။
ထိုလူကောင်ထွားကြီးအတွက်တော့ တစ္ဆေတစ်ကောင်နှင့် တိုက်ခိုက်နေရသလို ခံစားခဲ့ရမှာ အသေအချာပင်။ အသံမကြားရဘဲ၊ ကရုဏာတရားမရှိဘဲ တိုက်ခိုက်တတ်သည့် တစ္ဆေမျိုး။ ဆီဘတ်စ်၏ တိတ်ဆိတ်သောခြေလှမ်းကြောင့် သူ မမြင်နိုင်အောင် ပုန်းကွယ်နေနိုင်ခဲ့ပြီး တိုက်ခိုက်မှုများမှာလည်း ထောင့်ပေါင်းစုံမှ ရောက်လာခဲ့သည်။
လူစီယန်က ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။ အရာအားလုံးက အစီအစဉ်အတိုင်း ဖြစ်သည်။
သူပြင်ဆင်ထားသော ထောင်ချောက်များ အလုပ်မလုပ်ခဲ့လျှင်လည်း ကိစ္စမရှိပါ။ ရလဒ်မှာ အငြင်းပွားစရာမလိုအောင် အောင်မြင်မှုတစ်ခုပင် ဖြစ်သည်။
ဆီဘတ်စ် တိတ်ဆိတ်စွာ ရပ်စောင့်နေသည့် အမှောင်ထုဆီသို့ သူ လျှောက်သွားလိုက်သည်။
"ကောင်းတယ် ဆီဘတ်စ်" လူစီယန်က အသက်ရှူရုံမျှသာ ကျန်တော့သည့် ပစ်မှတ်ကို ကြည့်ရင်း ပြောလိုက်သည်။ "ငါ့ကို အဆုံးသတ်ခွင့်ပြုပါ"
ဆီဘတ်စ်က ဦးညွတ်လိုက်ပြီး လေးစားစွာဖြင့် မျက်လုံးများကို မှိတ်ထားလိုက်သည်... နောက်ဆုံးအဆင့်ကို သူ့သခင်လက်ထဲသို့ လွှဲအပ်လိုက်ခြင်းဖြစ်သည်။
ထိုစကားကို ကြားလိုက်ရသယောင်ဖြင့် လူကောင်ထွားကြီး၏ မျက်လုံးများ ပွင့်လာသည်။ သူ၏ အသိစိတ်က ပြန်လည် နိုးထလာသည်။
ဆီဘတ်စ်၏ တင်းကျပ်စွာ ချည်နှောင်ခြင်းကို ခံထားရသည့်အတွက် သူသည် ခြိမ်းခြောက်မှု မရှိတော့ပေ။ သူ၏ ခန္ဓာကိုယ်မှာ ကျိုးပဲ့နေပြီး စိတ်ဓာတ်မှာလည်း ပိုလို့တောင် ဆိုးရွားနေသည်။
"ယ-ယော လော့ရှစ်... ပလိစ်... လက် မီး လိုက်... အိုင်-အိုင်လ် ဆာ့ဗ် ယူ... ဖရမ် နော... အွန်..."(T/N : သခင်လေး ကျေးဇူးပြုပီးငါ့အသက်ရှင်ခွင့်ေပးပါငါမင်းရဲ့လက်ရှိအခြေအနေကိုကာကွယ်ပေးနိုင်တယ်)
သူ့အသံမှာ အားမရှိဘဲ စကားလုံးများမှာလည်း ဝါးနေသည်။ ပါးစပ်ထဲတွင် သွေးများ ပြည့်နှက်နေပြီး လျှာမှာလည်း စကားကောင်းကောင်း မပြောနိုင်တော့ပေ။ သို့သော် လူစီယန်မှာတော့ သူ့စကားကို အကုန်လုံး နားလည်နေသည်။
ထိုလူကောင်ထွားကြီးသည် အခြေအနေတွေ ဒီလိုမျိုး ဖြစ်လာလိမ့်မည်ဟု ဘယ်တုန်းကမှ မထင်ခဲ့ဖူးပေ။
တိုက်ပွဲတစ်လျှောက်လုံး ဆီဘတ်စ် ရှိနေသည့်နေရာကို သူ တစ်ကြိမ်မျှပင် ရှာမတွေ့ခဲ့ပေ။ ဆီဘတ်စ်သည် အမှောင်ထဲတွင် တစ္ဆေတစ်ကောင်ကဲ့သို့ ဖြစ်နေသည်။ ဖုံးကွယ်ထားသော လက်နက်များက ဘယ်ကမှန်းမသိဘဲ ရောက်လာကာ တိကျပြီး နက်ရှိုင်းစွာ ထိုးစိုက်သွားသည်။ ဒဏ်ရာများမှာ တဖြည်းဖြည်း စုပုံလာပြီး သူ၏ အစွမ်းအစများကို ကုန်ဆုံးသွားစေသည်။
သူတို့ ရရှိထားသော သတင်းအချက်အလက်များမှာ လုံးဝ မှားယွင်းနေသည်။ လူစီယန်ပင် ထိခိုက်မှုမရှိဘဲ ပြန်ရောက်လာခဲ့သည်။ သူတို့၏ ပြင်ဆင်မှုများ၊ နည်းဗျူဟာများနှင့် အချိန်ကိုက်ခြင်းများမှာ... လုံးဝ အဓိပ္ပာယ်မဲ့သွားခဲ့သည်။
သူတို့သည် ပိုမိုသာလွန်သောသူများနှင့် ယှဉ်ပြိုင်မိခြင်းဖြစ်သည်။
မွန်စတားများ။
သူ့ခေါင်းထဲတွင် ပေါ်လာသည့် တစ်ခုတည်းသော စကားလုံးဖြစ်သည်။
သူ့မျက်လုံးထဲတွင် မျက်ရည်များ ဝဲလာပြီး နှာရည်များပါ စီးကျလာသည်။ သူသည် ပိုမိုသန်မာလာစေရန် အကြီးအကျယ် ရုန်းကန်ခဲ့ရပြီး အရင်းအမြစ်များ ရရှိရန်အတွက် ကိုလ်းဟတ် တို့ထံတွင်ပင် သူ၏ ဝိညာဉ်ကို ရောင်းချခဲ့ရသည်။ ယခုမူ သူသည် အသက်တောင်းခံနေရပြီဖြစ်သည်။
လူစီယန်သည် သူ့အပေါ်တွင် မတ်တတ်ရပ်လျက် တိတ်ဆိတ်စွာ စဉ်းစားနေသည်။ စက္ကန့်အနည်းငယ် ကြာပြီးနောက် သူ နောက်ဆုံးတွင် သက်ပြင်းချလိုက်သည်။
"ငါ့အမလိုမျိုး စိတ်သဘောထား နူးညံ့တဲ့ သူသာဆိုရင်တော့..." ဟု လူစီယန်က ရေရွတ်လိုက်သည်။ "မင်းကို ခွင့်လွှတ်ပေးလိမ့်မယ်။ အသစ်ပြန်စဖို့ ပြောလိမ့်မယ်..."
လူစီယန်၏ စကားကို ကြားလိုက်ရသောအခါ ထိုလူကောင်ထွားကြီး၏ မျက်လုံးထဲတွင် မျှော်လင့်ချက်အရိပ်အယောင်လေး တစ်ခု ပေါ်လာသည်။
သို့သော် ချက်ချင်းပင် ပျက်သုဉ်းသွားတော့သည်။
"...ဒါပေမဲ့ မင်းက မှားတဲ့သူဆီ လာတောင်းပန်မိတာပဲ" ဟု လူစီယန်က ကြက်သီးထစရာကောင်းလောက်အောင် ပြုံးလျက် ပြောလိုက်သည်။ "ငါက စိတ်သဘောထား နူးညံ့တဲ့သူ မဟုတ်ဘူး။"
သူသည် အနည်းငယ် ကိုင်းညွတ်လိုက်ပြီး အသံကို နိမ့်ချ၍ အဆုံးသတ်လိုက်သည်။
"ဟဲဟဲ... ငရဲမှာ တွေ့ကြတာပေါ့။"
တွန့်ဆုတ်မနေဘဲ လူစီယန်သည် သူ၏ ဓားကို ထိုလူ၏ ရင်ဘတ်ထဲသို့ ထိုးစိုက်လိုက်သည်။ လူကောင်ထွားကြီး၏ မျက်လုံးများမှာ ဝေဒနာနှင့်အတူ ပြူးကျယ်သွားပြီး... ထို့နောက် မှေးမှိန်သွားသည်။
အိမ်ကြီးတစ်ခုလုံးပေါ်တွင် တိတ်ဆိတ်ခြင်းမှာ လွှမ်းခြုံထားသကဲ့သို့ ဖြစ်သွားသည်။
တောင်းပန်သံများ မရှိတော့ပါ။
ခြေသံများလည်း မရှိတော့ပါ။
ကျန်ရှိနေသည်မှာ ပြတင်းပေါက်များမှတစ်ဆင့် တိုးဝင်လာသော လေတိုးသံသာ ဖြစ်သည်။
လူစီယန် ဖြည်းဖြည်းချင်း သက်ပြင်းချလိုက်သည်။
ဆီဘတ်စ် သည် အမြဲအတိုင်းပင် တိတ်ဆိတ်စွာဖြင့် အမှောင်ထုထဲမှ ထွက်ပေါ်လာပြီး သူ၏ မျက်နှာအမူအရာကို ဖတ်၍မရပေ။
တိုက်ပွဲ ပြီးဆုံးသွားပြီဖြစ်သည်။
လောလောဆယ်တော့ပေါ့။
ညဉ့်ယံ၏ တိတ်ဆိတ်မှုထဲတွင် သူတို့နှစ်ယောက် နောက်ဆုံးတွင် အသက်ရှူရန်အတွက် ခဏတာ အနားယူလိုက်ကြသည်။
ရုတ်တရက် လူစီယန်သည် စားပွဲခုံဆီသို့ လျှောက်သွားပြီး ဝှက်ထားသော စင်တစ်ခုကို ဆွဲထုတ်လိုက်ရာ အတွင်း၌ သိမ်းထားသည့် သားရေမှတ်စုစာအုပ်တစ်အုပ် ပေါ်လာသည်။
"ဟဲဟဲ... ငရဲမှာ တွေ့ကြတာပေါ့..." ဟု သူသည် မိနစ်အနည်းငယ်က အလွန်တည်ကြည်သော အမူအရာဖြင့် ပြောခဲ့သည့် စကားကို ပြန်လည်ရေရွတ်လိုက်သည်။
သူသည် စာမျက်နှာများကို လှန်လှောကြည့်ရင်း ရင်းနှီးပြီးသား စာမျက်နှာတစ်ခုတွင် ရပ်တန့်လိုက်သည်။ "မိုက်မဲလှသော နောက်ဆုံးစကားများ - လူသတ်စာရင်းဗားရှင်း"။
ကျေနပ်အားရစွာ ပြုံးလိုက်ပြီးနောက် ဝါကျတစ်ခုကို မျဉ်းကြောင်းအထူဖြင့် ခြစ်ထုတ်လိုက်သည်။
"ကောင်းပြီ။ နောက်ထပ် လုပ်ဆောင်ရမယ့် စာရင်းတစ်ခု ပြီးဆုံးသွားပြီ။ အော် ဟုတ်သားပဲ၊ အစောပိုင်းက တခြားစကားလုံး အချို့လည်း သုံးလိုက်သေးတယ်... 'ငါ့ရဲ့ ပျစ်ချွဲချွဲအရည်တွေကို မြည်းစမ်းကြည့်ပါဦး' ပြီးပြီ။ 'ဘယ်လောက်တောင် ပျစ်ချွဲတဲ့ အခြေအနေလဲ' ပြီးပြီ..."
သူသည် စာကြောင်းများ ရေးခြစ်ထားပြီး ဒရမ်မာဆန်သော စကားစုများဖြင့် ပြည့်နှက်နေသည့် နောက်စာမျက်နှာသို့ လှန်ရင်း ကိုယ့်ကိုယ်ကိုယ် ခေါင်းညိတ်လိုက်သည်။
"စစ်မှန်တဲ့ ဇာတ်လိုက်တစ်ယောက်က သူ့ရဲ့ စကားကြမ်းတွေကို တစ်ခါပဲ သုံးရတာ... ဟမ်..."
သူသည် ဘောပင်ဖြင့် မေးစေ့ကို ခေါက်ရင်း စဉ်းစားခန်းဝင်နေသည်။ "မင်းမှာ ကောင်းကင်ဘုံဆီ သွားဖို့ တံခါးရှိပါလျက်နဲ့ ငရဲကို အတင်းတိုးဝင်ချင်နေတာလား၊ ဟမ်... နည်းနည်းတော့ ကဗျာဆန်တယ်။ ဒါမှမဟုတ်... နတ်ဆိုးတောင် မင်းကို စွန့်ပစ်သွားပြီ... အွမ်း အွမ်း၊ မှောင်မိုက်ပေမယ့် ဂုဏ်ရှိတယ်။"
နောက်စာမျက်နှာတစ်ခုကို သူ ထပ်လှန်လိုက်ပြန်သည်။ သူသည် နောက်ထပ် လူသတ်ခန်းတစ်ခုအတွက် ပြင်ဆင်နေသည့် ဇာတ်ညွှန်းရေးဆရာတစ်ယောက်လိုပင် သူ၏ "အန္တရာယ်ရှိတဲ့ စကားစုများ" ထဲတွင် အားသာချက်၊ အားနည်းချက်များကို ရေရွတ်ရင်း အာရုံစိုက်နေသည်။
အမှောင်ထဲမှ စောင့်ကြည့်နေသော ဆီဘတ်စ် သည် နောက်ဆုံးတွင် တိုးညှင်းစွာ ရယ်မောလိုက်သည်။ သူသည် မယုံနိုင်သည့်ပုံစံဖြင့် ခေါင်းကို ခါယမ်းလိုက်သည်။
လေ့ကျင့်ထားသည့် လူသတ်သမားများကို မည်သို့မျှ တွန့်ဆုတ်ခြင်းမရှိဘဲ သတ်ဖြတ်ခဲ့သည့် လူငယ်တစ်ယောက်သည်... အခုတော့ပြဇာတ်ကျောင်းသားတစ်ယောက်လို ဒရမ်မာဆန်သော စကားစုများကို
ငြင်းခုံနေသည်။
ထိုအချိန်တွင် ဆီဘတ်စ်သည် လူစီယန်၏ အေးစက်စက် လုပ်ဆောင်ချက်များထက် ကျော်လွန်၍ မြင်လိုက်ရသည်။ ထိုအရာအားလုံးအောက်တွင် လူစီယန်သည် ကောင်လေးတစ်ယောက်သာ ရှိနေသေးသည်။
ဉာဏ်ကောင်းပြီး၊ ရှုပ်ထွေးကာ၊ နည်းနည်းလေး စိတ်ဖောက်ပြန်နေတတ်သည့် ကောင်လေးတစ်ယောက်။
ဆီဘတ်စ်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။
"...လုဒ် သာဆိုရင် အရမ်းဂုဏ်ယူနေမှာ..." သူသည် အမှတ်တရများဖြင့် ပြည့်နှက်နေသော ရယ်သံနှင့်အတူ တိုးတိုးလေး ရေရွတ်လိုက်သည်။ "ဖူဖူဖူ…”(T/N: လုဒ်သည်mcရဲ့အဖေအရင်းကိုပြောတာပါ…)
ထိုအချိန်တွင်ပင် တံခါးက တံခါးသံမြည်လျက် ပွင့်သွားသည်။
ကေးလ် အထဲသို့ ခြေချလိုက်သည်။
သူ့မျက်လုံးများက တိတ်ဆိတ်စွာ ရယ်မောနေသော ဆီဘတ်စ်အပေါ်သို့ ချက်ချင်း ကျရောက်သွားသည်။
ထို့နောက် မိမိဘာသာ ရယ်မောနေသော လူစီယန်။
နောက်ဆုံးတွင်တော့...
ကြမ်းပြင်ပေါ်တွင် သွေးအိုင်ထဲ၌ လဲကျနေသည့် ခေါင်းမပါသော ရုပ်အလောင်း။
လေထုထဲတွင် သွေးညှီနံ့များက ထူထပ်စွာ ရှိနေဆဲဖြစ်သည်။ ကိုယ်လက်အင်္ဂါများ ပုံမှန်မဟုတ်ဘဲ လိမ်ကောက်နေသည့် ထို
ရုပ်အလောင်း၏ အောက်တွင် သွေးနီရောင်များက ပျံ့နှံ့နေသည်။
ကေးလ် တောင့်ခဲသွားသည်။
"သူတို့တွေက မွန်စတားတွေလား?" ဟု သူ မတွေးမိဘဲ မနေနိုင်ပေ။