အခန်း(၁၅) –တိုက်ပွဲ
ရန်သူများမှာ တောအစပ်တွင် ခြေကို ရုတ်တရက် ရပ်လိုက်ကြပြီး ထူထပ်သော အရိပ်များကြားထဲသို့ မျက်စိဖြင့် လိုက်လံစစ်ဆေးနေသည်။
တောအုပ်မှာ ဝေဝါးသော လမ်းကြောင်းများဖြင့် ပြည့်နှက်နေသည့် ပဟေဠိတစ်ခုနှင့် တူသည်။
ကောက်ကွေးနေသော လမ်းကြောင်းများ။
မြင့်မားသော မြက်ပင်များ။
ညီညာမှုမရှိသော မြေပြင်။
သူတို့သည် လူစီယန် ဘယ်ဘက်သို့ သွားသည်ကို မခန့်မှန်းနိုင်ကြပေ။
စိတ်ပျက်လက်ပျက်ဖြစ်သွားကြသည့် လူသုံးယောက်မှာ သူ့ကို ရှာဖွေရန် နောက်ဆုံးတွင် လမ်းခွဲလိုက်ကြသည်။
ဓားကို ကိုင်ဆောင်ထားသည့် အဆင့် ၃ ရန်သူတစ်ယောက်မှာ လူစီယန် ပုန်းအောင်းနေသည့် နေရာအနီးသို့ တိုးကပ်လာသည်။ သူ၏ ခြေလှမ်းများမှာ သတိကြီးစွာဖြင့် တည်ငြိမ်နေပြီး တောအုပ်အတွင်းကို စူးရဲသော မျက်လုံးများဖြင့် အကဲခတ်နေသည်။
သို့သော်...
"ဒုန်း!"
သူ၏ ခြေထောက်အောက်မှ မြေကြီးမှာ ပွင့်ထွက်သွားသည်။ သူ အော်ဟစ်လိုက်စဉ်မှာပင် လျှို့ဝှက်ထားသော ကျင်းတစ်ခုထဲသို့ တန်းမတ်ကြီး ပြုတ်ကျသွားသည်။
သူသည် ကျင်းထဲသို့ ရောက်သွားပြီးနောက် အသံတစ်ချက် ညည်းညူလိုက်ကာ အမြန်ဆုံး ပြန်တက်ရန် ကြိုးစားလိုက်သည်။ သို့သော် သူ တစ်စုံတစ်ခု လွဲမှားနေကြောင်း ရိပ်မိလိုက်သည်။
ဒါက သာမန်ထောင်ချောက်တစ်ခု မဟုတ်ပေ။
ဒါက စလိုင်းပစ်လွှတ်ခြင်း ထောင်ချောက်ကျင်း ဖြစ်သည်။ ထူထဲပြီး စေးကပ်နေသော စလိုင်းအချွဲများမှာ သူ့ပတ်လည်တွင် သဲစုပ်မြုံကဲ့သို့ ဝဲပျံနေသည်။ သူ လှုပ်ရှားလေလေ ပိုပြီး နစ်ဝင်လေလေ ဖြစ်သည်။
အမှောင်ရိပ်ထဲမှ လူစီယန် ထွက်ပေါ်လာသည်။
မတုံ့ဆိုင်းဘဲ သူသည် လှီးဖြတ်ခြင်း ကို အသုံးပြုလိုက်သည်။
"ကလန်!"
သို့သော်... ၎င်းမှာ ထိရောက်မှု မရှိလှပေ။
ထိုလူသည် လက်တစ်ဖက်တည်းဖြင့် ကာကွယ်လိုက်ပြီး ကျန်တစ်ဖက်ဖြင့် ပြန်လည် တိုက်ခိုက်လိုက်သည်။
လူစီယန်သည် နောက်သို့ ခုန်ဆုတ်လိုက်ရာ ထိုတိုက်ခိုက်မှုမှာ သူ့ကို မထိမမှန်ဘဲ လွဲသွားသည်။ ထို့နောက် သူသည် စလိုင်းပစ်လွှတ်ခြင်း ကို ထပ်မံအသုံးပြုလိုက်ပြန်သည်။ယခုတစ်ကြိမ်တွင်မူ ထိုလူ၏ လက်မောင်းများနှင့် ရင်ဘတ်ကို တည့်တည့်ချိန်ရွယ်လိုက်သည်။
စေးကပ်နေသော စလိုင်းအချွဲများမှာ ထိုလူ၏ လက်တံများပေါ်သို့ ပတ်ရစ်သွားပြီး သူ၏ လှုပ်ရှားမှုများမှာ နှေးကွေးသွားသည်။ သူသည် ထောင်ချောက်ထဲသို့ ပို၍ နစ်ဝင်သွားသဖြင့် မျက်လုံးထဲတွင် စိုးရိမ်စိတ်များ ဖြတ်ပြေးသွားသည်။ သူ၏ ဓားမှာလည်း တစ်ဝက်ခန့် နစ်မြုပ်သွားပြီး အသုံးမဝင်တော့ပေ။
လူစီယန်သည် နောက်ထပ် မတုံ့ဆိုင်းတော့ပါ။ သူသည် သိုလှောင်နေရာထဲမှ ဧရာမ ကျောက်တုံးကြီးတစ်ခုကို ထုတ်ယူလိုက်ပြီး ထိုကျင်းထဲသို့ တန်းမတ်ကြီး ပစ်ချလိုက်သည်။
"ဒုန်း!"
"အာ့ခ်... အား!" ထိုလူမှာ ရုတ်တရက် အပေါ်မှ ဖိချလာသော အလေးချိန်ကြောင့် အော်ဟစ်လိုက်သည်။
"ဖက်ပဲ” “ဘာလို့ ဒီလောက်တောင် ဇွဲကောင်းနေရတာလဲ! သေလိုက်တော့လေ!" လူစီယန်သည် ရုန်းကန်နေသော ရန်သူကို စူးစိုက်ကြည့်ရင်း ဒေါသတကြီး ပြောလိုက်သည်။
သူသည် စနစ်ထံမှ အကြောင်းကြားချက်ကို မကြားရသေးပေ။ ဆိုလိုသည်မှာ ထိုလူမှာ မသေသေးဟု ဆိုလိုသည်။
မိမိ၏ အန္တရာယ်ကို သတိပြုမိသွားသည့် ထိုလူသည် ကျောက်တုံးကို သူ၏ ခွန်အားရှိသမျှ အသုံးပြု၍ တွန်းဖယ်လိုက်ပြီး အသက်ရှူမှားသွားသည့်အထိ ရုန်းကန်လိုက်သည်။ ထို့နောက်တွင်တော့ သူသည် ကျန်ရှိနေသော ခွန်အားအကုန်သုံးကာ "ကယ်ကြပါ! ငါ့ကို ကယ်ကြပါ! သူ ဒီမှာ ရှိနေတယ်!!" ဟု အော်ဟစ်လိုက်သည်။
လူစီယန်၏ မျက်လုံးများမှာ ထိတ်လန့်သွားသည်။
"ခွေးကောင်၊ လူကြီးလူကောင်းလိုမျိုး ငါနဲ့ ၁ယောက်ချင်းမတိုက်နိုင်ဘူးလား!"
သူသည် ထိုလူက ဤမျှ ရှက်စရာကောင်းအောင် အကူအညီတောင်းလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
စိတ်ပျက်လက်ပျက်ဖြစ်သွားသော လူစီယန်သည် သူ့ဓားကို ကျောက်တုံးများကြားရှိ အပေါက်များထဲသို့ ထိုးသွင်းကာ ထိုလူကို အကြိမ်ကြိမ် အဆက်မပြတ် ထိုးစိုက်လိုက်သည်။
ထို့နောက် ကျောက်တုံးကြီးများစွာကို ထပ်မံ၍ တစ်ခုပြီးတစ်ခု အပေါ်မှ တင်ပေးလိုက်သည်။
နောက်ဆုံးတွင်မူ... လူစီယန်သည် ရန်သူသေဆုံးသွားကြောင်း အတည်ပြုပေးသည့် စနစ်၏ အကြောင်းကြားသံကို ကြားလိုက်ရတော့သည်။
လူစီယန်သည် နဖူးမှ ချွေးစက်များကို သုတ်ရင်း အသက်ကို ပြင်းပြင်းရှူထုတ်လိုက်သည်။
"တစ်ယောက် ရှင်းသွားပြီ..."
ကျန်နှစ်ယောက် ရောက်မလာခင်မှာပင် လူစီယန်သည် တောအုပ်အတွင်းသို့ ပို၍နက်ရှိုင်းစွာ ပြေးဝင်သွားပြီး နောက်ထပ်ပြင်ဆင်ထားသော ထောင်ချောက်များဆီသို့ ဦးတည်လိုက်သည်။
သို့သော် ထိုနှစ်ယောက်မှာ သူ့နောက်သို့ အမှီနီးပါး ရောက်နေပြီဖြစ်သည်။
တစ်ယောက်မှာ အဆင့် ၃ မှော်ဆရာဖြစ်ပြီး နောက်တစ်ယောက်မှာ တူလက်နက်ကို ကိုင်ဆောင်ထားသည့် အဆင့် ၄ တိုက်ခိုက်ရေးသမား ဖြစ်သည်။
လူစီယန်သည် ထိုနေရာ၏ မြေပြင်အနေအထားကို မည်သူ့ထက်မဆို ပိုသိသည်။ ဤနေရာမှာ သူ့၏ နယ်မြေပင်။ သူသည် ထိုနှစ်ယောက်ကို အဆက်မပြတ် နောက်ပြန်လှည့်ကြည့်ရင်း ပြေးနေသည်။ သူတို့ကို သူ လွတ်မြောက်နိုင်သင့်သည်။
သို့သော်...
"ဝှစ်!"
မျှော်လင့်မထားသည့်အရာတစ်ခု ဖြစ်ပျက်သွားသည်။
မှော်ဆရာသည် မှော်မန္တန်ရွတ်ရန်အတွက် ရပ်မနေပေ။ သူသည် သူ၏ ကျွမ်းကျင်မှုကို သုံးရန်အတွက် တုတ်ကောက်ကိုပင် မမြှောက်ခဲ့ပေ။
ယင်းအစား သူသည် အင်္ကျီအတွင်းမှ ဓားမြှောင်တစ်လက်ကို ထုတ်ယူလိုက်ပြီး လေ့ကျင့်ထားသည့်အတိုင်း တိကျစွာဖြင့် ပစ်လွှတ်လိုက်သည်။
လူစီယန်၏ မျက်လုံးများ ပြူးကျယ်သွားသည်။
ကျွမ်းကျင်မှုအသုံးပြုကြောင်း ပြသသည့် အရိပ်အယောင် လုံးဝမရှိ။
မှော်အသုံးပြုသည့် လက္ခဏာလည်း မရှိ။
ရှိသည်မှာ အေးစက်စက်နှင့် သေစေနိုင်လောက်အောင် တိကျသည့် လက်ရည်တစ်ခုသာ။
"ဘ-ဘာ?! ကျွမ်းကျင်မှု မသုံးဘူးလား? ဘာအချက်ပြမှလည်း မပေးဘူးလား?"
ဓားမြှောင်သည် လေကိုခွဲကာ သူ့ရင်ဘတ်ကို တည့်တည့်ရည်ရွယ်၍ ပျံသန်းလာသည်။
'သေပြီ။ ငါ မှားသွားပြီ။ ကျွမ်းကျင်မှုမှော်တစ်ခု သုံးဖို့အတွက် ကျွမ်းကျင်ဖို့လိုတယ်လို့ ဘယ်သူပြောလဲ?' လူစီယန်၏ အတွေးများ လျင်မြန်စွာ လည်ပတ်နေသည်။ 'ဘယ်လောက်တောင် ပေါ့ဆလိုက်တဲ့ အမှားလဲ...'
သူ ထိတ်လန့်သွားသည်။
ရှောင်တိမ်းဖို့ အချိန်မရှိတော့ပါ။
လူစီယန် နောက်ပြန်ကြည့်လိုက်သောအခါ သူဓားမြှောင်ကို မြင်လိုက်ရသည်။
လေကို ထိုးခွဲကာ အရှိန်ပြင်းစွာ လာနေသည်။
ဓားမြှောင်က အလွန်နီးကပ်နေပြီ။
လူစီယန်၏ အာရုံခံနိုင်စွမ်းများက အချက်ပေးနေသည်။ သူ မရှောင်နိုင်တော့ပေ။
လုံခြုံရေးအတွက် ကြိုတင်ပြင်ဆင်မှုများ ရှိထားသော်လည်း သေရတော့မည့် အသိစိတ်က သူ့ကျောရိုးတစ်လျှောက် အေးစက်သွားစေသည်။
အမှတ်တရတစ်ခုက ခေါင်းထဲသို့ ရုတ်တရက် ပေါ်လာသည်။
သူ့အရင်ဘဝက အပိုင်းအစတစ်ခု။
မျှော်လင့်ချက်မဲ့ခြင်း။
အဆုံးသတ်။
သူ့စိတ်ထဲတွင် အဖြေတစ်ခုကို အသည်းအသန် ရှာဖွေနေမိသည်။
ထိုအခိုက်...
သူ့၏ ယုတ္တိဗေဒထက် အသက်ရှင်လိုသည့် အာရုံက ဦးဆောင်သွားသည့်အလား သူ့နှုတ်ခမ်းများက သူ့အလိုလို လှုပ်ရှားသွားသည်။
"အော်တို-ကောက်ယူမယ် !"
"ဝှစ်!"
ဓားမြှောင်မှာ လေထဲတွင်ပင် ပျောက်ကွယ်သွားသည်။
လူစီယန်မှာ မူးဝေယိုင်နဲ့သွားကာ အသက်ကို ပြင်းပြင်းရှူလိုက်ရသည်။ ၎င်းမှာ အလုပ်ဖြစ်သွားလိမ့်မည်ဟု သူ ကိုယ်တိုင်ပင် မယုံကြည်နိုင်ပေ။
သို့သော် ထိုခေတ္တရပ်တန့်သွားမှုကပင် အချိန်တစ်ခုကို ဖြုန်းတီးလိုက်သလို ဖြစ်သွားသည်။
"ဘုန်း!"
အဆင့် ၄ တိုက်ခိုက်ရေးသမားမှာ သူ၏ တူလက်နက်ကို လူစီယန်ထံသို့ ဝှေ့ယမ်းလိုက်ပြီဖြစ်ပြီး ဘေးတစ်ဖက်မှလည်း မီးမှော်စွမ်းအားများမှာ သစ်ပင်များကို ဖောက်ထွက်ကာ သူ့ဆီသို့ ဟိန်းဟောက်ပြီး လွင့်စင်လာသည်။
သူတို့မှာ အမီရောက်လာကြပြီ။
"သေစမ်း” ! တစ်စက္ကန့်လောက်တောင် နားခွင့်မပေးနိုင်ဘူးလား!”
လူစီယန်သည် နောက်ထပ် အချိန်မဖြုန်းတော့ဘဲ သူ၏ “ဂျယ်လီကာကွယ်ရေးဒိုင်း" ကို ဆင့်ခေါ်လိုက်သည်။
"ဘုန်း!"
ဧရာမအကာအကွယ်ကြီး ပေါ်လာပြီး လာသမျှ တိုက်ခိုက်မှုတွေကို ရေမြှုပ်တစ်ခုလို စုပ်ယူလိုက်သည့်အခါ ထူးဆန်းသော ရော်ဘာပစ္စည်းကဲ့သို့ အသံမျိုး ပဲ့တင်ထပ်သွားသည်။
ရန်သူနှစ်ယောက်စလုံးမှာ ငြိမ်သက်သွားကြပြီး... ခေတ္တမျှ ကြောင်အသွားကြသည်။
တိုက်ခိုက်ရေးသမား၏ ပြင်းထန်သော တိုက်ခိုက်မှုမှာ အကာအကွယ်ကို ထိမိချိန်တွင် ပြန်ကန်ထွက်သွားပြီး မှော်ဆရာ၏ မီးမှော်စွမ်းအားမှာလည်း အကာအကွယ်၏ မျက်နှာပြင်ပေါ်တွင် အငွေ့ပျံသွားသည်။
သို့သော် အဆင့် ၄ တိုက်ခိုက်ရေးသမားမှာ အရှုံးမပေးသေးပေ။
သူသည် ညည်းညူသံတစ်ချက်နှင့်အတူ ရှေ့သို့တိုးဝင်လာပြီး ထိုအကာအကွယ်ကို ခွန်အားအပြည့်ဖြင့် ကန်ထုတ်လိုက်သည်။ လူစီယန်၏ လက်ဆုပ်မှာ ပြေလျော့သွားပြီး... ထိုအချိန်တွင်ပင် ဂျယ်လီအကာအကွယ်မှာ လွင့်စင်သွားတော့သည်။
လူစီယန်မှာ ယိုင်နဲ့သွားသည်။
သူ အခြေအနေပြန်ထိန်းနိုင်ရန် မကြိုးစားရသေးခင်မှာပင် တူလက်နက်မှာ ဝှေ့ယမ်းလာနှင့်ပြီ ဖြစ်သည်။
သံမဏိနှင့် ဒေါသတို့ ပေါင်းစပ်ထားသော အရိပ်တစ်ခုပင်။
သို့သော်လည်း...
"!နူးညံ့သောကိုယ်ခန္ဓာ"
တူလက်နက်မှာ လူစီယန်၏ ဘေးဘက်ကို အားပြင်းစွာ ရိုက်ခတ်သွားသော်လည်း နာကျင်မှုကြောင့် အောက်သို့ ပြိုလဲသွားမည့်အစား... သူ၏ ခန္ဓာကိုယ်မှာ ရော်ဘာဘောလုံးတစ်ခုကဲ့သို့ လွင့်စင်သွားသည်။
"ဘုန်း!" သူသည် သစ်ပင်တစ်ပင်ကို တိုက်မိသွားသည်။
"ဘုန်း!" သူသည် မြေပြင်မှ ပြန်ကန်ထွက်သွားသည်။
"ဘုန်း!" နောက်ထပ် သစ်ပင်တစ်ပင်။
"ဘုန်း!" တစ်ကြိမ်ပြီး တစ်ကြိမ်...
ရန်သူနှစ်ယောက်မှာ မယုံနိုင်စရာအဖြစ်ကို ကြည့်ကာ မျက်တောင်ခတ်မိသွားကြသည်။
"ဒါက... ဘာဖြစ်တာလဲ?"
"ဒါ... ပုံမှန်မဟုတ်ဘူး" ဟု မှော်ဆရာက အံ့အားသင့်စွာဖြင့် တိုးတိုးလေး ညည်းတွားလိုက်သည်။
သို့သော် သူတို့သည် ထိုအဖြစ်အပျက်၏ ထူးဆန်းမှုကို အချိန်ယူ အံ့ဩနေခြင်း မရှိကြပေ။ လူစီယန် သေဆုံးသွားကြောင်း အတည်ပြုရန်အတွက် သူတို့နောက်သို့ အမီလိုက်လာကြသည်။
ထိုအချိန်တွင် လူစီယန်မှာ လေထဲတွင် လွင့်စင်နေပြီး သူစီစဉ်ထားသည့် လမ်းကြောင်းမှ လုံးဝသွေဖည်သွားခဲ့သည်။ သူသည် မိမိကိုယ်တိုင် ဂရုတစိုက် ပြင်ဆင်ထားသည့် ထောင်ချောက်များ ရှိသော နေရာနှင့် အတော်လေး ဝေးကွာသွားပြီဖြစ်သည်။
"အော့... ငါအန်တော့မယ်..." ဟု အဆက်မပြတ် လှုပ်ရှားနေရသည့် ဒဏ်ကြောင့် ဗိုက်အောင့်လာကာ သူ တိုးတိုးလေး ညည်းတွားလိုက်သည်။
ခန္ဓာကိုယ်တစ်ခုလုံးမှာ နာကျင်ကိုက်ခဲနေသည်။
နံရိုးများ။
ခြေထောက်များ။
သူ၏ ဝိညာဉ်ပင်လျှင် နာကျင်နေသလိုပင်...
ကံကြမ္မာ၏ အလှည့်အပြောင်းကြောင့် သူသည် အတော်လေး ဝေးသောနေရာသို့ လွင့်စင်သွားခဲ့သည်။ အစောပိုင်းက သူ ပစ်ချထားခဲ့သည့် အရုပ်များအနီးသို့ ရောက်ရှိသွားသည်။
အချိန်ကို အမိအရ ဖမ်းဆုပ်လိုက်ပြီးနောက် သူသည် လေထဲတွင် လွင့်စင်နေစဉ်အတွင်း နူးညံ့သောကိုယ်ခန္ဓာ ကျွမ်းကျင်မှုကို ပိတ်လိုက်သည်။ ထို့နောက် မြေပြင်ပေါ်သို့ လိမ့်ကျသွားပြီး အားတင်းကာ မတ်တပ်ရပ်လိုက်သည်။
ထို့နောက်... သူ ပြေးသည်။
နောက်တစ်ကြိမ်။
သူ၏ အသက်ရှူသံများမှာ ပြတ်တောင်းပြတ်တောင်း ဖြစ်နေသည်။
တစ်ကိုယ်လုံးမှာလည်း နာကျင်လွန်း၍ အော်ဟစ်ချင်စိတ်ကိုသည်းခံထားတယ်။
သူ၏ ခန္ဓာကိုယ်မှာ အစွမ်းကုန် ကန့်သတ်ချက်သို့ ရောက်နေပြီဖြစ်ကြောင်း သူ ခံစားလိုက်ရသည်။
အဒရီနယ်လင်ဓာတ်များ လျော့နည်းလာသည်။
မောပန်းနွမ်းနယ်မှုများ ဝင်ရောက်လာသည်။
"အခုသာ ငါ ရပ်လိုက်ရင်... ငါသေပြီပဲ။"
သို့သော် သူ မရပ်ခဲ့ပေ။
အသက်ဆက်ဆွဲဆောင်မှု ရှိနေသေးသည် ဆိုဦးတော့၊ ၎င်းမှာ အန္တရာယ်မှ တစ်ကြိမ် လွတ်မြောက်နိုင်မည့် ကဒ်တစ်ခုသာ ဖြစ်သည်။
သူသည် ထောင်ချောက်များရှိရာသို့ ပြန်သွားနိုင်မှသာ ဖြစ်မည်။ အဆင့်မြင့်သော ရန်သူများကို ရင်ဆိုင်နိုင်ရန်အတွက် သူ၏ တစ်ခုတည်းသော အခွင့်အရေးမှာ ထိုနေရာပင် ဖြစ်သည်။
သို့သော်... နောက်ထပ် ခြေလှမ်းအနည်းငယ် ပြေးပြီးနောက်တွင်—
လူစီယန်ကို ရပ်တန့်သွားစေမည့် မမျှော်လင့်ထားသော အဖြစ်အပျက်တစ်ခု ဖြစ်ပေါ်လာသည်။
<သင်သည် "သက်တံရောင် စလိုင်းဘုရင် ရုပ်တု" ၏ အကျုံးဝင်သည့် နယ်မြေအတွင်းသို့ ရောက်ရှိနေပါသည်>
[တင်!]
[သင့်လျော်သော ပူဇော်ပဏ္ဍာကို တွေ့ရှိပါပြီ]
<ရှေးဟောင်း စလိုင်းရုပ်ကြွင်းကို ပူဇော်မည်လော?>
<Yes/No>
လူစီယန်၏ မျက်လုံးများ ပြူးကျယ်သွားပြီးနောက် ပြင်းထန်သော အလင်းရောင်များဖြင့် တောက်ပလာသည်။
ဘာဖြစ်ပျက်နေမှန်း သူ အတိအကျ မသိသော်လည်း... ဂရုမစိုက်တော့ပေ။
သူသည် အခြေအနေကို ပြောင်းပြန်လှန်နိုင်မည့် နည်းလမ်းကို ရှာတွေ့သွားပြီဖြစ်သည်။
"ဖက် ပဲ၊ Yes…!" ဟု သူ ဟိန်းဟောက်လိုက်သည်။
ထိုအချိန်တွင်ပင် ရှေးဟောင်း စလိုင်းရုပ်ကြွင်းသည် လူစီယန်၏ သိုလှောင်နေရာထဲမှ သူ့အလိုလို ပေါ်ထွက်လာသည်။
၎င်းသည် လေထဲတွင် ဝဲပျံနေပြီး တောက်ပသော အလင်းရောင်များ ထွက်ပေါ်နေသည်။
အိုမင်းရင့်ရော်နေသော မျက်နှာပြင်ပေါ်တွင် အက်ကြောင်းများ ဖြစ်ပေါ်လာပြီး နူးညံ့စွာ ကွဲအက်သွားသည့်အခါ ရုပ်ကြွင်း၏ အခွံများမှာ ပျက်စီးသွားပြီး... အလယ်ဗဟိုမှ တောက်ပနေသော ရွှေရောင်နှင်းစက်တစ်ခု ထွက်ပေါ်လာသည်။
တောက်ပနေသော အနှစ်သာရမှာ တစ်ချက်ခုန်ပေါက်ပြီးနောက် လူစီယန်ဆီသို့ အရှိန်ပြင်းစွာ တိုးဝင်လာသည်။
"ခ-ခဏ—!"
သူ လက်ကိုပင် မမြှောက်နိုင်လိုက်ခင်မှာပင် ရွှေရောင်နှင်းစက်သည် ရှေ့သို့ ပျံသန်းလာပြီး သူ၏ နဖူးအတွင်းသို့ စိမ့်ဝင်သွားသည်။
ပြင်းထန်သော လျှပ်စစ်ဓာတ်တစ်မျိုးမှာ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် ဖြတ်သန်းသွားသည်။
ထို့နောက်...
[တင်!]
<ကျွမ်းကျင်မှု- စလိုင်းသားရဲပုံစံကို ရရှိပါပြီ>